အပိုင်း၁၀၃[U]

1.4K 214 2
                                    

一个钢镚儿(A lucky coin)

အပိုင်း၁၀၃

မနက်တွင် ချူးယိမှာ ပုံမှန်အချိန်အတိုင်း အိပ်ရာမထနိုင်ခဲ့ပေ။ယမ့်ဟန် အိပ်ရာထပြီး ၊ လေသာဆောင်ဆီ သွားသည့်အချိန်၌ ၊ တံခါးဆွဲဖွင့်လိုက်သည့် အသံကြောင့် သူ လန့်နိုးလာခဲ့ခြင်း ဖြစ်သည်။

သူ ဖုန်းကို ယူ၍ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။စောနေသေးသည်ပင်။

ခေါင်းအုံးဘေးနားရှိ လင်းပိုင်နှိပ်စက်လေးကို မြင်လိုက်ရသည့် အချိန်၌ .....ဒါက ဝေလငါးမဟုတ်ပဲ လင်းပိုင်ဟု ယမ့်ဟန်က သူ့အား ပြောပြခဲ့သည်ပင်......သူ လင်းပိုင်လေးကိုမြင်လိုက်ရသည့် အချိန်၌ မနေ့ညက ကိစ္စကို ပြန်သတိရလာခဲ့ပြီး ၊ ဖုန်းကို ချက်ချင်း ပြန်ပစ်လိုက်ကာ ၊ မျက်လုံးကို မှိတ်ချလိုက်မိသည်။

မနေ့ညက သူ လင်းပိုင်လေးအပေါ် ထိတ်လန့်မှုကြားထဲ အရှက်မရှိသည့် အတွေးမျိုး ဖြစ်ခဲ့သည်ပင်။သို့သော်လည်း ယမ့်ဟန်က ထိုအရာဖြင့် သူ၏ နောက်ကျောနှင့် ခြေထောက်ကို နှိပ်ပေးလိမ့်မည်ဟုတော့ မထင်ထားမိခဲ့ပေ။

ဒီလ်ို အရှေ့နှင့် အနောက် ကွာခြားမှု အရမ်းကြီးမားနေမှုကြောင့် ၊ သူ ထိုအချ်ိန်က အသေးစိတ် ခံစားဖ်ို့ ဂရုမစိုက်နိုင်ခဲ့ပေ။ထိုအချိန်တုန်းက ဘယ်နေရာပဲဖြစ်ဖြစ် နည်းနည်းလောက် တုန်ခါသွားသည်နှင့် ၊ တူညီသည့် အကျိုးရလဒ်ကို ထွက်ပေါ်လာစေသည်ပင်။သို့သော်လည်း အခု ပြန်စဥ်းစားလိုက်သည့် အချိန်၌.......

မျက်လုံးကိုပင် နောက်တစ်ကြိမ် ထပ်မဖွင့်ချင်တော့ပေ။

ချူးယိမှာ ခေါင်းအုံးကိုဖက်၍ ကိုယ်ကို တစ်ချက် လှ်ိမ့်လိုက်မိသည်။

အစက နည်းနည်း ဝေဝေဝါးဝါး ဖြစ်နေသေးသည်။လင်းပိုင်လေး၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ၊ သူ ရုတ်တရက်ဆိုသလို လုံး၀ ကြည်ကြည်လင်လင် ဖြစ်လာပြီး ၊ ခေါင်းထဲတွင် မနေ့ညက အခြေအနေများသာ ပြည့်နှက်လာခဲ့သည်။

ထို့အပြင် ဘယ်မြင်ကွင်းကိုပဲ မြင်ယောင်မိသည်ဖြစ်စေ ၊ ထိုအချိန်ကလို ခံစားချက်ကို အတိအကျပင် ပြန်မှတ်မိလာခဲ့သည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now