အပိုင်း၉၄[U]

1.1K 160 8
                                    

一个钢镚儿(A lucky coin)

အပိုင်း၉၄

အချိန်ပိုင်းအလုပ်ကို ဆက်လုပ်နိုင်ပြီး နောက်တွင် ချူးယိမှာ တော်တော်လေး စိတ်အေးသွားမိသည်။သူ အိမ်ကနေ ထွက်လာခဲ့ပြီး နောက်ပိုင်းတွင် ကိုယ့်ကိုကိုယ်သာ အားကိုးရတော့မည်မှန်း သိပြီးသားပင်။အချိန်ပိုင်း အလုပ်ကို ရပ်လိုက်လို့ မဖြစ်ပေ။ဒီအရာကို သူ ဆုပ်ကိုင်ထားရမည်။ယမ့်ဟန်က သူ့ကို အငတ်ထားမည် မဟုတ်မှန်း သိနေလျှင်တောင် ၊ ၀င်ငွေမရှိတော့ခြင်းက ၊ ကျောင်းက သူ့ကို ပယ်ထားခြင်းထက် သူ့ကို ပို၍စိတ်မအေးစေပေ။

သို့သော်လည်း ၊ ယမ့်ဟန်ကို သူ အရမ်း ကျေးဇူးတင်မိသည့် အချက်တစ်ချက်မှာ ၊ ယမ့်ဟန်က မင်း ငါ့ပိုက်ဆံသုံးလေဟု တစ်ခါမှ မပြောလာခြင်းပင်။ချေးပေးမယ်ဟုသာ ပြောတတ်သည်။ထို့အပြင် ပြန်ဆပ်ရမည့် အချိန်ကိုလည်း ရှင်းရှင်းလင်းလင်း ပြောတတ်သေးသည်။

တစ်ခါတစ်လေဆိုလျှင် အကြောင်းပြချက် မရှိပဲ သူ့အား လက်ဆောင်၀ယ်ပေးဖို့နှင့် ထမင်း ၀ယ်ကျွေးဖို့ အတင်း ဖိအားပေးကာ ခိုင်းတတ်သည်။မိမိ၏ ပိုက်ဆံများမှာ ယမ့်ဟန်ကြောင့် အကြောင်းအရင်းမရှိ ကုန်ဆုံးသွားတတ်၍ နှမြောမိသော်လည်း ၊ တစ်ချိန်တည်းမှာပင် စ်ိတ်ကျေနပ်သလို ခံစားနေရပြန်သည်။

နှစ်သစ်ကူးရောက်လျှင် အဆောင်ရှိ လူများက ဆရာများအတွက် လက်ဆောင်၀ယ်​ပေးကြဖို့ ပိုက်ဆံစုကြသည့် အချိန်တွင် ၊ ချူးယိမှာ ရက်ရက်ရောရောဖြင့် ယွမ်တစ်ရာ ထုတ်ပေးလိုက်သည်။

အရင်ကဆိုလျှင် ဆယ်ယွမ်လောက်တန်သည့် အပူလောင်ပျောက်လိမ်းဆေးအား ၀ယ်ဖို့ရန် နှမြောတတ်ခဲ့သည့် သူက ၊ အခုဆိုလျှင် ယွမ်ငါးဆယ်လောက်မှ မထုတ်ပါက ပိုက်ဆံဟု မသတ်မှတ်တော့ပေ.......မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ယွမ်ငါးဆယ်က တော်တော်တော့ တန်ဖိုးရှိသေးသည်ပင်......

စူးပင်းက အဆောင်ရှိလူတွေ လက်ဆောင်၀ယ်ပေးကြမည့် လှုပ်ရှားမှုထဲ မပါ၀င်ပေ။အကုန်လုံးကလည်း သူ့ကို ဂရုစ်ိုက်မနေကြပေ။တစ်ချို့လူများက ပိုက်ဆံစိုက်ထုတ်ပေးလိုက်ကြပြီး ၊ လက်ဆောင်၀ယ်မည့် ကိစ္စကိုတော့ ကျိုးချွမ်းရန်ထံ လွှဲအပ်လိုက်ကြသည်။ကျိုးချွမ်းရန်က ဒီလိုကိစ္စမျိုးတွင် အတွေ့အကြုံ တော်တော်ရှိသည်ပင်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now