အပိုင်း၇၀[U]

1.8K 344 26
                                    

一个钢镚儿(A lucky coin)

အပိုင်း၇၀

ယမ့်ဟန်မှာ ထိုထောင့်ချိုးအကွေ့နားသို့ ပြေးလိုက်လာသည့် အချိန်၌ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ထိုလူကို ဖမ်းရမည်ဟူ၍ပင်။

ဓားနဲ့ထိုးခံလိုက်ရလို့ လက်စားချေရန်တော့ မဟုတ်ပေ။

ထိုလူမှာ အခုလောလောဆယ်၌ သူ ဆက်စပ်လို့ရသည့် တစ်ခုတည်းသော သဲလွန်စ ဖြစ်နေလို့ပင်။ဤလူက ထ်ိုနှစ်တုန်းက ကိစ္စနှင့် တိုက်ရိုက်ပတ်သတ်နေသလားဆိုတာ မသေချာသေးသော်လည်း ၊ သူ့ ပတ်၀န်းကျင်တွင် ပေါ်ထွက်လာသည်မှာ သုံးကြိမ်ပင် ရှိနေပြီဖြစ်သည်။ထိုလူကို ဖမ်းမိသွားပါက အနည်းနှင့်အများတော့ အသုံး၀င်မှာပင်။

သူရော ချူးယိပါ အလျင်အမြန် ပြေးလိုက်လာခဲ့ကြသည်။ထောင့်ချိုးအကွေ့နား ရောက်လာသည့် အချိန်၌ အန္တရာယ်ကင်းကင်း ရင်ဆိုင်နိုင်ရန်အတွက် သူ ခြေလှမ်းကို အရှိန်လျော့ချလိုက်သည်။သို့သော်လည်း ချူးယိကတော့ တရှိန်ထိုးဖြင့် လမ်းထောင့်ချိုးထဲ ပြေး၀င်သွားခဲ့သည်။

"ဖြည်းဖြည်း ! "

ယမ့်ဟန်က အသံကို ဖ်ိ၍ အော်ပြောလိုက်ကာ ၊ မမျှော်လင့်တာ တစ်ခုခု ဖြစ်လာမည်ကို ကာကွယ်နိုင်ရန် မျက်လုံးက တံတိုင်းအကွေ့နားကို စိုက်ကြည့်နေလိုက်သည်။

ချူးယိ၏ စကားပြောနိုင်သည့်အမြန်နှုန်းသာ ၊ လှုပ်ရှားသည့် အချိန်၌ ဖြစ်ပေါ်လာသည့် အမြန်နှုန်းလောက် ရှိလာပါက ၊ ငါးကြင်းနီနဲ့ ငါးကြင်းစိမ်းကို အကြိမ်တစ်ရာလောက် အထစ်အငေါ့မရှိ ရွတ်ပြနိုင်မှာ သေချာလေသည်။

[T/N : 红鲤鱼与绿鲤鱼=ဟုန်လီယွိီ ယွီ လွိလီယွိီ(ငါးကြင်းနီနဲ့ ငါးကြင်းစိမ်း)။အသံထွက်တွေက အကုန်လုံး ဆင်တူနေလို့ပါ။]

ယမ့်ဟန် လှမ်းပြောလိုက်သည့် အချိန်မှာပင် ၊ ချူးယိက ခြေလှမ်းကို နှေးချလိုက်သည်။ထို့အပြင် အရှိန်ကို လျှော့ချနိုင်ရန်အတွက် သူ အကျင့်ပါနေသည့်အတိုင်း တံတိုင်းပေါ်ကို ခြေထောက်ဖြင့် တစ်ချက် လှလှပပ ကန်၍ ထောက်လိုက်ကာ ၊ ထောင့်ချိုးတည်း တစ်ခါတည်း ကွေ့မ၀င်သွားနိုင်အောင် ကာကွယ်လိုက်ပြီး ၊ အကွာအဝေးတစ်ခု ထိန်းထားလိုက်သည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now