一个钢镚儿(A lucky coin)
အပိုင်း၈၉
တစ်ခါတစ်လေ ချူးယိက ခြေထောက်ကို ယမ့်ဟန်ကိုယ်ပေါ် တင်ထားလျှင် ၊ ယမ့်ဟန်က အလျင်းသင့်သလို အချက်အနည်းငယ်လောက် ခြေထောက်ကို ဖိနှိပ်ပေးတတ်သည်။
ဖိနှိပ်ပေးနေသည့် အချိန်ဆိုလျှင် မိမိမှာ ကောင်းကင်ပေါ် ရောက်သွားတော့မလို(သေတော့မလို)မျိုး ခံစားနေရသည်။အရမ်းကို သက်သောင့်သက်သာ ရှိပြီး ၊ စိတ်ထဲတွင် ယားယံနေမိသည်။နောက်ပိုင်းကျမှသာ သတိထားမိသည်။ယမ့်ဟန်က ခွေးကိုပွတ်ပေးသည့် အချိန်ကမှ ကောင်းကင်ပေါ် ရောက်တာပင်။အသက်ပင် မရှူနိုင်တော့ပေ။
ထို့အပြင် အခုဒီစက္ကန့်အတွင်းတွင် မိမိမှာ ဘာအတွေ့အကြုံမှ မရှိသည့် ခွေးအ ဖြစ်ကြောင်းက်ို သူ နက်နက်နဲနဲကို ကိုယ်တွေ့ ကြုံတွေ့လိုက်ရသည်။အလွယ်တကူဖြင့် ကောင်းကင်ပေါ် ရောက်တော့မည်ဖြစ်ပြီး ၊ တကယ်ကြီး ကောင်းကင်ပေါ်ရောက်တော့မည့် အချိန်၌ စကားလုံးပင် ရှာမရတော့ပေ။
ဖော်ပြနိုင်သည့် စကားလုံး တကယ်ကြီး ရှိနေသည်ဆိုလျှင်တောင်မှ ၊ သူ အခု ဂရုမစိုက်နိုင်တော့ပေ။
ယမ့်ဟန်က သူ၏ရင်ဘတ်မှတစ်ဆင့် ၀မ်းဗိုက်ဆီ တစ်လျှောက်လုံး နမ်းသွားသည့် အချိန်အတွင်းတွင် ၊ သူ့ခေါင်းထဲ၌ ကျောက်ရည်ပူများသာ ရှိတော့သည်။စိတ်လှုပ်ရှားမှုများ မြှင့်တက်လာသည်မှလွဲ၍ ၊ တစ်ခြား ဘာအတွေးမှ မရှိတော့ပေ။
ဤသည်မှာ သူ တစ်ခါမှ မကြုံဖူး ၊ တွေးလည်း မတွေးမိဖူးခဲ့သည့် ခံစားချက်ပင်။ခေါင်းက မတွေးနိုင်တာက်ို မပြောနှင့် ၊ အသက်ရှူနှုန်းပင် ပျောက်ဆုံးသွားခဲ့သည်။သူ အသက်ရှူဖို့ပင် မလိုတော့ပေ။
သူ၏ အရေပြားတစ်နေရာချင်း ၊ ချွေးပေါက် တစ်ခုချင်း ၊ ဆဲလ်တစ်ခုချင်း ၊ အားလုံးမှာ အပြင်းအထန် လှု့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုများဖြင့် ရစ်ပတ်သွားခဲ့သည်။အာရုံခံအင်္ဂါအားလုံးမှာ ယမ့်ဟန်ဆိုသည့် အာရုံမှလွဲ၍ အားလုံးပျောက်ကွယ်သွားခဲ့သည်။