အပိုင်း၁၀၇-Extra2[U]

1.3K 196 2
                                    

一个钢镚儿(A lucky coin)

အပိုင်း၁၀၇

အချပ်ပို၂

ဆောင်း၀င်လာသည့် နောက်တွင် လူများက ဆောင်းခိုသွားခဲ့ကြသလိုပင်။ညနေ ခြောက်နာရီ ထိုးပြီဆိုတာနှင့် လူ သိပ်မရှိတော့ချေ။

လမ်းဘေးနားရှိ စျေးဆိုင်များမှာ ရှစ်နာရီ ထိုးသည်အထိ အားတင်းဖွင့်ကြပြီး ၊ အကုန် ပိတ်သွားကြသည်။ဒီလိုအချိန်မျိုးတွင် လူကို နွေးထွေးပြီး စိတ်အေးသလို ခံစားရစေသည်မှာ ထမင်းဆိုင်ပင် ဖြစ်သည်။

လိုက်ကာကို တစ်ချက် ဆွဲဖွင့်လိုက်သည်နှင့် ၊ ဟင်းရနံ့များ ရောနှောနေသည့် နွေးထွေးသော လေထု ၊ လင်းထိန်နေသည့် မီးအလင်းရောင် ၊ နားအပြည့်ဖြစ်နေသော လူသံများ ၊ ထို့အပြင် အရက်သောက်ထား၍ မျက်နှာများ နီရဲနေသည့် အခန်းထဲအပြည့်ဖြစ်နေသော လူများ ရှိနေသည်။

သို့သော်လည်း ယမ့်ကျိယွမ်မှာ စားဖိုလ်ဆောင် အနောက်ဘက်ရှိ လိုက်ကာကို ဆွဲဖွင့်၍ ၀င်လာတာကြောင့် ၊ နှိုင်းယှဥ်ကြည့်လိုက်လျှင် ၊ တစ်ခြား မြင်ကွင်း တစ်မျိုးဖြစ်ကာ ၊ ရှုပ်ပွနေသည်။

ဆီတွေ ပေပွနေသည့် ကြမ်းပြင် ၊ စုပုံချထားသည့် လှီးပြီးသား ဟင်းရွက်များ ၊ မီးဖိုထဲမှ ထိုးထွက်နေသည့် မီးတောက် နှင့် ဆေးလိပ်ခဲကာ ဟင်းချက်နေသည့် စားဖိုလ်မှူး ၊ ထို့အပြင် စိတ်မရှည်သည့် မျက်နှာဖြင့် သူဌေးလည်း ရှိနေသေးသည်။

"ဒီနေ့ ဘာလို့ ဒီလောက်နောက်ကျနေတာလဲ ! "

သူဌေးက အနားက်ို လျှောက်လာသည်။

ယမ့်ကျိယွမ် ဒီထမင်းဆိုင်ကို ဟင်းခတ်အမွှေးအကြိုင်တွေ ဘာတွေ လာပ်ို့ပေးနေတာ အချိန် အတော်ကြာနေပြီ ဖြစ်သည်။သူဌေးနှင့် ရင်းနှီးသည်ဟု ပြောလို့တော့ မရပေ။သူဌေးမျက်နှာပေါ်ရှိ စိတ်မရှည်ဖြစ်နေသလို အမူအယာမှာ ၊ သူ့အရှေ့နား လျှောက်လာပြီး နောက်တွင်တော့ တစ်ချက် ပြင်လိုက်ရာ ၊ အဲ့လောက်ကြီး မသိသာတော့ပေ။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now