一个钢镚儿(A lucky coin)
အပိုင်း၆၇
စောင်အခင်းက အရမ်းမွှေးနေသည်။ခြောက်သွေ့နေအောင် နေလှန်းထားသည့်အပြင် အ၀တ်ဘီရိုထဲက ရေမွှေးနံ့ပါ ရောနေသည့် အနံ့မျိုးပင်။
မိမိမှာ ယမ့်ဟန်ဖိတာ ခံထားရတာကြောင့် လူတစ်ကိုယ်လုံး စောင်ထဲ နစ်၀င်နေသလိုမျိုး ခံစားနေရသည်။ဘာကိုမှ မမြင်ရတော့ပေ။အထိအတွေ့အာရုံနှင့် အကြားအာရုံသာ ကျန်ရှိနေတော့သည်။
အမြင်အာရုံ ဖုံးခံထားရတာကြောင့် ၊ အသံများကို သူ ပိုပြီး ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။ယမ့်ဟန်၏ အသံရှူသံက သူ့နားနောက်ကနေ ထွက်ပေါ်လာနေသည်။
အထိအတွေ့ သေးသေးလေး တစ်ခုချင်းစီတိုင်းကလည်း ပိုပြီး သိသာလာသလိုပင်။
ဂုတ်ပိုးနောက်ကိုထိတွေ့နေသည့် ပူပူနွေးနွေးလေ ၊ နားဖျားကို ဖြတ်ထိသွားသည့် လျှာ ၊ ထို့အပြင် သူ့ဘောင်းဘီထဲရှိ ထ်ို ကြောက်စရာအကောင်းဆုံး လက်။ထိုလက်တွင် ရှည်သွယ်သွယ် လက်ချောင်းများနှင့် ၊ လှပသည့် လက်ဆစ်များ ရှိနေသည်။ဘာပဲလုပ်လုပ် ဖြတ်လတ်ပြီး ပေါ့ပါးသွက်လတ်ကာ အသက်၀င်နေသည့် ယမ့်ဟန်၏ လက်ပင်။
ထိုလှုံ့ဆော်မှုများက အကြိမ်တိုင်း ဒီလို ရုတ်တရက် ဆန်လွန်းလှသည်။သို့သော် မိမိ၏ တုံ့ပြန်မှုများကလည်း အရမ်းကို မြန်လွန်းသည့်ဟု ချူးယိ တွေးလိုက်မိသည်။ဘယ်လိုပဲဖြစ်ဖြစ် သူက အရမ်းကို ငယ်ရွယ်သေးသည့် ခွေးအလေးပင်။၀ှစ် ၀ှစ် !
ထောင်လာခဲ့သည်။
သို့သော်လည်း လူတစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုထဲ နစ်မြှုပ်နေသည့် အချိန်မှာပင် ၊ အသံတစ်ခုက သူ့ခေါင်းထဲရှိ ထောင့်တစ်နေရာကနေ အားကုန်အော်ဟစ်နေသည်။
တောင့်ခံထားနော် ကုန်ကော ! စက္ကန့်ပိုင်းလေးမဖြစ်စေနဲ့ !
ချူးယိမှာ တိုးတိုးလေးဖြင့် ဟင်း ဟု အသံတစ်ခု ပြုလိုက်မိသည်။အမှန်မှာတော့ အသံကို မထိန်းချုပ်နိုင်လိုက်ပေ။သူ ယမ့်ဟန်၏ လက်ကောက်၀တ်ကို ဖမ်းဆုပ်လိုက်သည်။