一个钢镚儿(A lucky coin)
အပိုင်း၅၄
ဖျားနေပြီဖြစ်သည်။
ချွေးယိက သာမိုမီတာပေါ်တွင် 38.4ဒီဂရီ ပြနေသည်ဟု သူ့အား ပြောပြလာသည့် အချိန်၌ ၊ သူ အစက ကြောင်အသွားမိပြီး ၊ တစ်ဆက်တည်းမှာပင် နည်းနည်းတော့ ရယ်ချင်မိသွားသည်။
လှောင်ရယ်ရယ်မိခြင်းပင်။
အထိတ်တလန့်ဖြစ်၍ ဖျားသွားသည့်သူမှာ ကမ္ဘာပေါ်တွင် သူ တစ်ယောက်သာ ရှိတာ ဖြစ်နေလောက်မလား?
"အရင်ဆုံး အပူချိန်ကျသွားအောင် ဒါကို သုံးထားလိုက်"
သူနာပြုက ရေခဲအိတ်တစ်အိတ် သူ့အား ပေးလာပြီး
"အပူချိန် မကျလာဘူးဆ်ိုရင်တော့ အဖျားပျောက်ဆေး ထပ်လာယူလှည့်"
"ကျေးဇူးတင်ပါတယ်"
ချူးယိမှာ အားတုံ့အားနာဖြင့်ပင် ရေခဲအိတ်ကို လှမ်းယူ၍ နဖူးပေါ်တွင် အုပ်ထားလိုက်သည်။
"ဒါမှမဟုတ်ရင်လည်း ဒီနေ့ညကိုတော့ မင်း ပြန်ပြီးအနားယူလိုက်လေ"
ချွေးယိက ပြောလာသည်။
"လူနာစောင့် တစ်ယောက်လောက် ငှါးလို့ ရ မရကို ဦးလေး တစ်ချက် စုံစမ်းကြည့်....."
"ဟင့်အင်း"
ချူးယိက အလန့်တကြားဖြင့် ၊ ချက်ချင်းပင် ခေါင်းကို တရစပ် ယမ်းခါပြလိုက်ပြီး
"ဟင့်အင်းဟင့်အင်းဟင့်အင်းဟင့်အင်းဟင့်အင်း"
ချွေးယိက သူ့ကိုကြည့်ကာ ရယ်လိုက်ပြီး :
"ဒါက စကားထစ်နေတာလား ဒါမှမဟုတ် စကားကို ထပ်တလဲလဲ ပြောနေတာလား?"
"ထပ်တလဲလဲ ပြောနေတာ"
ချူးယိက ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဘာ,ဘာမှမဖြစ်ဘူး"
အခုက အရမ်းမိုးချုပ်နေပြီဖြစ်တာကြောင့် ၊ လူနာစောင့်ကို သေချာပေါက် ငှါးလို့ ရတော့မည် မဟုတ်ပေ။အကယ်၍ သူ အိမ်ကိုပြန်အိပ်ပါက ၊ ဒီမှါစောင့်ဖို့ ချွေးယိတစ်ယောက်ပဲ ကျန်ခဲ့တော့မည်ဖြစ်သည်။ချွေးယိမှာ ရှေ့နေတစ်ယောက်ဖြစ်တာကြောင့် ၊ တစ်နေ့တစ်နေ့ အလုပ်များလှသည်မှာ ဂျင်တစ်ခုလိုပင်။