အပိုင်း၉၃ [U]

1K 168 4
                                    

一个钢镚儿(A lucky coin)

အပိုင်း၉၃

အစက သူ စူးပင်းကို ဘာမှ ထပ်မလုပ်ချင်တော့ပေ။သို့သော်လည်း စူးပင်းက ရန်မဖြစ်ဖြစ်အောင် အတင်း ကြိုးစားနေသည်။ကုတင်သံတိုင်နှင့် တိုက်မိလိုက်ခြင်းကြောင့် ၊ သူ့မျက်နှာပေါ်ရှိ အညိုအမည်းများ ထပ်တိုးလာခဲ့ကာ ၊ ဘယ်ဒဏ်ရာက အရင်ရပြီး ၊ ဘယ်ဒဏ်ရာက နောက်မှရသလဲ ဆိုသည်ကို ခွဲခြားလို့ပင် မရတော့ပေ။စူးပင်းမှာ ဒီအတိုင်းသာ တောင့်ခံနေရုံသာ တတ်နိုင်တော့သည်။

ကောင်းတာတစ်ခုက ထိုကိစ္စဖြစ်ပြီးသွားသည့် နောက်တွင် စူးပင်းမှာ အရင်တုန်းက ပုံစံလိုမျိုး ပြန်ဖြစ်သွားခဲ့သည်။အထူးသဖြင့် မျက်နှာပေါ်ရှိ ဒဏ်ရာများ နည်းနည်း ပြန်ကောင်းသွားသည့် နောက်တွင် ၊ ဘာကိစ္စမှ မဖြစ်ခဲ့သလို ပုံစံမျိုး ဖြစ်သွားခဲ့သည်။

စူးပင်းအတွက်ကတော့ အကျ်ိုးရှိသွားသည်ဟု ပြော၍ ရသည်ပင်။ဘယ်လ်ိုပဲဖြစ်ဖြစ် ချူးယိ၏ ထောက်ခံပေးခံရမှုက ပယ်ဖျယ်သွားပြီ ဖြစ်ပြီး ၊ နောက်တစ်ခေါက် ထောက်ခံမပေးခံရတော့ပေ။စူးပင်းကိုယ်တိုင်လည်း ထောက်ခံမှု မရခဲ့ဘူး ဆိုလျှင်တောင် ၊ ညီမျှသွားသည်ပင်။တစ်ချ်ို့လူများက ဒီလိုပင် လွယ်လွယ်နှင့် ကျေနပ်လွယ်တတ်ကြသည်။ရရမည်ဆိုလျှင် ကိုယ်တစ်ယောက်သာ ရတာမျိုး လိုချင်ကြပြီး ၊ မရဘူးဆိုပါက အကုန်လုံးကိုပါ မရစေချင်ကြပေ။

ချူးယိကတော့ ဘာခံစားချက်မှ ရှိမနေပေ။သူက အစကတည်းက ထိုထောက်ခံပေးမှုကို အရမ်း ဂရုစိုက်နေတာမျိုး မဟုတ်ပေ။ဒေါသကိုလည်း ​ဖြည်ပြီးသွားပြီပင်။

သူ့အတွက်ကတော့ ၊ နှစ်စပိုင်း ဒီအချ်ိန်က အလုပ်ရှုပ်ရမည့် ကိစ္စတွေ အရမ်းကို များလွန်းလှသည်။

ရှောင်ရှန်းကျဲက ကမ္ဘာအနှံ့ ခရီးတွေ လျှောက်သွားမလို့ဟု ပြောပြီး ၊ ကော်ဖီဆိုင်ကို တစ်ခြားသူဆီ လွှဲအပ်သွားခဲ့သည်။သို့ဖြစ်ရာ ချူးယိမှာ အချိန်ပိုင်း အလုပ် မရှိတော့ပေ။၀င်ငွေကလည်း ချက်ချင်းပင် 0 ဖြစ်သွားခဲ့သည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now