一个钢镚儿(A lucky coin)
အပိုင်း၁၀၈
အချပ်ပို၃
စနေတနင်္ဂနွေ ရက်တွင် ၊ အဖေက စီးပွားရေးကိစ္စ သွားဆွေးနွေးပြီး ၊ အမေက ညီအစ်မတစ်စုနှင့် အိမ်တွင် ချိန်းဆိုကာ လက္ဖက်ရည်သောက်ရင်း ၊ အလျင်းသင့်သလို အလှချင်း ယှဥ်ပြိုင်နေကြသည်။ကျိုးချွမ်းရန်မှာ ကုတင်ပေါ်တွင် လှဲနေပြီး ပျင်းတိပျင်းရွဲ့ဖြင့် ဖုန်းကြည့်နေလိုက်သည်။
ပုံမှန်အချိန်များတွင် ဂိမ်းအတူတူ ဆော့ကြသည့် လူများက ၊ အကုန်လုံး လိုင်းပေါ် မရှိကြပေ။သူ တစ်ယောက်တည်း ဆော့လျှင်လည်း စိတ်၀င်စားစရာ မကောင်းပြန်ပေ။အလယ်တန်းကျောင်း၏ အတန်းဖော်များ ၊ အဖွဲ့ထဲတွင် စကားပြောနေကြသည်က်ို ကြည့်နေလိုက်မိသည်။
စကားပြောနေကြရင်း ဘယ်ကနေ ဘယ်လို ဆုံကြမည့် အကြောင်းဆီ ရောက်သွားလဲ မသိပေ။
ဆုံကြမည်ဟု ပြောလိုက်သည်နှင့် ၊ လူ တော်တော်များများ ချက်ချင်းပင် ထွက်ပေါ်လာကြကာ ၊ မတွေ့ရတာ တော်တော်ကြာနေပြီ ၊ အကုန်လုံး ဘယ်လိုပုံစံ ဖြစ်နေပြီလဲ မသိတော့တာကြောင့် တစ်ခေါက်လောက်တော့ ဆုံသင့်သည်ဟု ပြောလာကြသည်။
မတွေ့ရတာ အရမ်း ကြာနေပြီလား?
ကျိုးချွမ်းရန်ကတော့ ဘာမှ မခံစားရပေ။သူ့ မှတ်ဥာဏ်က အရမ်း ကောင်းနေတာကြောင့် ဖြစ်နိုင်သည်ပင်။ဒီအတန်းဖော်တွေကို မနေ့ကမှ တွေ့ခဲ့ရသလိုမျိုး သူ ခံစားနေရသည်။"အရမ်းကြာနေပြီ"ဆိုသည့် အတွေးမျိုး လုံး၀ မခံစားရပေ။သူနှင့် ချူးယိ ၊ ယမ့်ဟန်တို့ စားသောက်ဆိုင်တွင် "ဆုံးဖြတ်ချက်ချရန် ပြောဆိုခဲ့"သည်ကပင် မနေ့ကလို့ သူ ထင်နေမိသည်။
အရမ်း အထီးကျန်နေတာကြောင့် ဖြစ်နိုင်သည်ပင်။နေ့ရက်တိုင်းက ဖြတ်သန်းရတာ တစ်ပုံစံတည်းလို ဖြစ်နေရာ မကုန်ဆုံးသွားသလိုပင်။
တစ်ခုတည်းသော အသစ်အဆန်းမှာ ကျောင်းအသစ်ကို ရောက်သွားပြီး နောက်တွင် ယမ့်ဟန်နှင့် ဆုံတွေ့လိုက်ရခြင်းပင်။အရမ်း ချောတာကြောင့် သူ့အကြိုက်ဟု တွေးလိုက်မိသည်။အဆုံးသတ်တွင်တော့ ချူးယိ၏ ခွင့်မပြုမှုကြောင့် ဘာမှ အောင်မြင်အောင် မလုပ်လိုက်နိုင်ပေ။