အပိုင်း၈၁[U]

1.1K 166 2
                                    

一个钢镚儿(A lucky coin)

အပိုင်း၈၁

ယမ့်ဟန်က တကယ်ကို ငိုခဲလှသည့် သူပင်။မိမိလ်ို ဘာမှမဟုတ်လဲ ငိုတတ်သည့် သူနှင့် ယှဥ်လိုက်လျှင် ၊ ယမ့်ဟန်က အရမ်းကို သန်မာသည်ဟု ချူးယိ တစ်လျှောက်လုံး တွေးမိခဲ့သည်။ဦးလေးယမ့်က တိတ်ဆိတ်ငြိမ်သက်သည့် မြေခွေးအိုကြီး ဖြစ်ပြီး ၊ ယမ့်ဟန်ကတော့ အရမ်းကို သန်မာသည့် မြေခွေးလေးဟုပင်။

ယမ့်ဟန်က ခံစားချက်ကို မထိန်းချုပ်ထားနိုင်တော့ပဲ ငိုချလာသည့် အချိန်ကျမှသာ ၊ ယမ့်ဟန်မှာ ထင်ထားသလောက် မသန်မာ​ဘူးပဲဟု ချူးယိ တွေးလိုက်မိသည်။

ယမ့်ဟန်က မြိုသိပ်ဖုံးကွယ်ထားခြင်းဖြစ်သည်။

ချူးယိမှာ အုတ်ဂူကျောက်တိုင်အရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်သည်။အရပ်လေးမျက်နှာက တိတ်ဆိတ်နေပြီး ၊ တစ်ခါတစ်လေ၌ ငှက်သံများ ထွက်ပေါ်လာသည်။အမည်မသိသည့် ပိုးကောင်များ၏ အော်သံများကိုလည်း ကြားနေရသေးသည်။

ထိုအသံများမှလွဲ၍ ၊ ဘာအသံမှ မကြားရပေ။ယမ့်ဟန်၏ ငိုသံကိုပင် မကြားရချေ။

သို့သော်လည်း ယမ့်ဟန်ကျောပေါ် တင်ထားသည့် သူ့လက်ကနေတစ်ဆင့် ခံစားလို့ရနေသည်ပင်။ယမ့်ဟန် ငိုနေသည်။

အသံတစ်စက်မှ ထွက်မလာပေ။

မြေပြင်ပေါ် ထိုင်၍ ဒူးကိုဖက်ထားကာ ၊ မျက်နှာကို လက်မောင်းထဲ မြှုပ်ထားသည်။

ယမ့်ဟန်၏ အခုအချိန် ခံစားနေရမည့် ခံစားချက်ကို ချူးယိ မတွေ့ကြုံဖူးပေ။သူ ခန့်မှန်းကြည့်ရုံသာ တတ်နိုင်သည်။

မိမိနှင့် အဖေမှာ ဒီလို နက်နဲသည့် ခံစားချက်မျိုး မရှိကြပေ။အဖေ အဖမ်းခံလိုက်ရကြောင်း သိလိုက်ရသည့် အချိန်က ၊ သူ နည်းနည်း ငိုချင်မိခဲ့သည်။သို့သော်လည်း ဘာကြောင့်လဲဆိုသည်ကို သိချင်စိတ်က ပိုများနေခဲ့သည်ပင်။

ယမ့်ဟန်ကတော့ မတူပေ။ယမ့်ဟန်နှင့် ဦးလေးယမ့်က အမြဲတမ်း အတူတူ ရှိခဲ့ကြသည်။နေထိုင်ရာ အတည်တကျ မရှိသော်လည်း ၊ ဒဏ္ဍါရီထဲကလို အိမ်တစ်လုံး မရှိသော်လည်း ၊ ယမ့်ဟန် ပြောခဲ့ဖူးသလိုပင်။အိမ်ဆိုသည်မှာ အမည်နာမ သက်သက် မဟုတ်ပဲ လူနှင့် ခံစားချက်များလည်း ပါ၀င်သည်ပင်။သူနှင့် ဦးလေးယမ့် အတူတူရှိနေလျှင် ၊ ထိုနေရာက အိမ်ပင်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now