အပိုင်း၆၁[U]

1.7K 341 17
                                    

一个钢镚儿(A lucky coin)

အပိုင်း၆၁

ချူးယိ၏ အံ့သြတကြီး ဖြစ်နေသည့် အမူအရာက ယမ့်ဟန်အား ရုတ်တရက်ဆိုသလို အနေရခက်သွားစေခဲ့သည်။ကလေးအား မကောင်းသည့်ကိစ္စ လုပ်ရန် သင်ပေးနေစဥ် ၊ ရိုးသားဖြူစင်သည့် ကောင်ကလေးက သံသယဖြင့် မေးချင်နေသလို ပုံစံမျိုးပင်။

"....ငါကြည့်ကြည့်မယ်"

ယမ့်ဟန်က လက်ကိုဆန့်တန်း၍ ပြောလိုက်သည်။

"သြော"

ချူးယိက ဖုန်းကို ယမ့်ဟန်ဆီ ပေးလိုက်သည်။

ယမ့်ဟန်က ၀ီချက်ကို ဖွင့်၍ ကြည့်လိုက်သည်။သူငယ်ချင်းအဖြစ် လက်ခံရန် စောင့်ဆိုင်းနေသည့် တောင်းဆိုမှု 4ခု ၊ ဖွင့်မဖတ်ရသေးသည့် စာက 17 စောင်။

သူ ချူးယိကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

ချူးယိက ဘာခံစားချက်မှ မရှိသည့် ပုံစံဖြင့် ခေါင်းငုံ့ကာ ထမင်းဆက်စားနေပြီဖြစ်သည်။

မိမ်ိအား သတိထားကြည့်သည့်နေပုံစံ နည်းနည်းလေးမှ ရှိမနေသည့် ဒီခွေးအလေးကို ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ၊ ဒီ 17+4 ခုစာ မဖြေရှင်းရသေးသည့် စာများကို ​တစ်ခုခုလုပ်ရန်အတွက် ယမ့်ဟန် ချူးယိအပေါ် အားနာသွားမိသည်။

နောက်ဆုံးမှာတော့ သူ စာများကိုသာ နှိပ်၍ ဖတ်ကြည့်လိုက်သည်။

အကုန်လုံးက မိန်းကလေးတွေ ဖြစ်သည်။

ဖတ်ထားပြီးပြီ ဖြစ်သည့် စာများအပါအ၀င် ၊ စာအများအပြား ၀င်နေသည်။

ယမ့်ဟန်က အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ရာ ၊ အသစ်လက်ခံထားသည့် ကောင်မလေးများမှာ ၊ အနည်းဆုံး 15 အထက် ရှိသည်ပင်။

အံ့သြစရာပဲ ၊ ကုန်ကော။

"ဟူပြောင်းက မင်းရဲ့မန်နေဂျာလား?ဒါမှမဟုတ် မင်းနံပါတ်ကိုယူပြီး ပိုက်ဆံရအောင် ရောင်းစားလိုက်တာလား?"

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now