အပ်ိုင်း၆၀[U]

1.8K 354 35
                                    

一个钢镚儿(A lucky coin)

အပိုင်း၆၀

"မင်းက ယမ့်ဟန်ကို သဘောကျတယ်"

နောက်ဆုံးမှာတော့ ကျိုးချွမ်းရန်က အဓိကအချက်ကို ရှာတွေ့သွားခဲ့သည်။

"....အင်း"

ပြန်ဖြေလိုက်ပြီးနောက်တွင် စိတ်ထဲ လစ်ဟာသွားသလိုမျိုး ချူးယိ ထပ်ပြီး ခံစားလိုက်ရပြန်သည်။တစ်ခြားသူ၏ ပါးစပ်မှ ဒီလိုစကားမျိုး ပြောတာကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။အရမ်းကို စိတ်မလုံခြုံပေ။

"ကြည့်,ကြည့်ရတာ ငါ အ,အရမ်းတော့ မသေချာသေးဘူး...."

"ဒါဆို အရင်ဆုံး မင်းသေချာအောင် လုပ်"

ကျိုးချွမ်းရန်က ပြောလာသည်။

ချူးယိက ကျိုးချွမ်းရန်ကို ကြည့်လိုက်ပြီး :

"အင်း"

"ဒါဆို ဟုတ်လို့ပေါ့"

ကျိုးချွမ်းရန်က ပြောသည်။

"မင်းကဖြင့် ယမ့်ဟန်ကိုတောင် သဘောကျနေပြီပဲ ၊ မင်းက လိင်တူသဘောကျတဲ့သူ မဟုတ်ဘူးလို့ ပြောချင်သေးလို့လား?"

"အာ"

ချူးယိက ကျောက်ခဲလေးကို ဖိနေပြီး ၊ ချက်ချင်းဆိုသလို ဘာပြောရမလဲ မသိ ဖြစ်သွားခဲ့သည်။

"ကိုယ့်ကိုကိုယ် လိင်တူသဘောကျတဲ့သူတစ်ယောက် ဆိုတာကို လက်မခံနိုင်လို့လား?"

ကျိုးချွမ်းရန်က မေးလာသည်။

"မဟုတ်ဘူး"

ချူးယိမှာ နည်းနည်း ရှုပ်ထွေးနေဆဲ ဖြစ်သည်။

"မသိဘူး"

"ဟုတ်ရင် ဟုတ်တယ် ၊ မဟုတ်ရင် မဟုတ်ဘူးပေါ့ ၊ ကြီးကြီးမားမား ပြဿနာ ဘာမှ မရှိပါဘူး"

ကျိုးချွမ်းရန်က ပြောသည်။

"တကယ်လို့ မင်းက လက်မခံနိုင်ဖြစ်နေတာဆိုရင်တော့ ၊ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပေးနိုင်တဲ့စကားတစ်ခွန်း ငါ မင်းကို ပြောပြမယ်"

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now