Part 16

3.1K 327 0
                                    

အခန်း-၁၆
လူသတ်မှု

ဇာတ်လမ်းက တူညီတဲ့လမ်းကြောင်းပေါ်မှာ အချင်းချင်း ဆက်နွယ်မှု ရှိပေမယ့် နှစ်မျိုးကွဲထွက်နေတယ်။ တစ်ဖက်မှာ ချန်ကျောက်နဲ့ ချန်ဖန်းက သူတို့အောင်မြင်ပြီလို့ ထင်နေသလို ကျန်းယွမ်နဲ့ သူမရဲ့အစေခံတွေက ဒီမနှစ်မြို့စရာကောင်းတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ စီမံနိုင်ခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ဒီအံ့ဖွယ်ပြကွက်ရဲ့ အဓိကဇာတ်ဆောင်တွေက သူတို့ရဲ့ ပျားရည်ဆမ်းကာလအလယ်မှာ ရှိခဲ့တယ်။

အခုတလော မီးခိုးငွေ့တွေလို လွှင့်မျောနေတဲ့ သံလွင်ရောင်ဖျော့ဖျော့ ချည်ထည်က ခေတ်စားနေတယ်။ အဲပစ္စည်းက အလွန် တောက်ပနေပြီး ချောမွတ်နေတယ်။ နေရောင်က အထည်ပေါ်ကျရောက်တဲ့ အချိန်မှာ အလင်းရောင်က ဖျတ်ခနဲ ပေါ်လာတယ်။ ဒီလို အဝတ်အစားမျိုးက ချမ်းသာတဲ့အိမ်တော်က အမျိုးသမီးတွေကြားမှာ ရေပန်းစားနေလို့ သူတို့က အဲဒါနဲ့ချုပ်တဲ့ ဝတ်စုံသစ်တွေ ဝတ်ဆင်ထားတဲ့အခါ တင့်တယ်ပြီး ကျက်သရေ ရှိနေကြတယ်။

အဲအချိန်မှာ အခန်းထဲမှာရှိတဲ့ စားပွဲပေါ်မှာ မီးခိုးရောင်ပိတ်စနှစ်ခု တင်ထားတယ်။ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းမလှက ကြေးနီမှန်တစ်ချပ်ရှေ့မှာ ထိုင်ပြီးတော့ သူမရဲ့ လည်ပင်းပေါ်က ပုလဲလည်ဆွဲကို သေချာကြည့်နေတယ်။ လည်ဆွဲကို တောင်ပိုင်းကပုလဲတွေနဲ့ ပြုလုပ်ထားပြီး ကြီးမားပြီး လုံးဝန်းတဲ့အပြင် အရည်အသွေးကလည်း ကောင်းတယ်။ ပန်းနုရောင်ပြေပြေလေးကြောင့် သူမရဲ့ ဖြူဖျော့တဲ့ လည်တိုင်ကို ထင်ရှားစေတယ်။

အချိန်တစ်ခု ကြာပြီးနောက် ချိုင်ရင်းက သူမလည်ပင်းက လည်ဆွဲကို ချွတ်လိုက်တယ်။ တကယ်တမ်းကျတော့ သူမက ဒီလို လက်ဝတ်တန်ဆာကို လူကြားထဲမှာ ဘယ်တော့မှ ဝတ်ပြနိုင်မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ဒါကို မကောင်းတဲ့နည်းနဲ့ ရထားတာလို့ သံသယ ဖြစ်မိရင် သူမ ဒုက္ခရောက်မှာ ဖြစ်တယ်။ အကြောင်းကတော့ သူမလို အစေခံအဆင့်နဲ့ ဒီလို တန်ဖိုးရှိတဲ့ လက်ဝတ်တန်ဆာမျိုး ပိုင်ဆိုင်ထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူမက အိပ်ရာနားသွားပြီး ကြေးနီသော့လေးနဲ့ သေတ္တာလေးတစ်ခုကို ဖွင့်ပြီး သိမ်းလိုက်တယ်။ အဲသေတ္တာက ပုလဲတွေ၊ ကျောက်စိမ်းတွေ၊ လက်ဝတ်တန်ဆာတွေနဲ့ ပြည့်နေတယ်။ ချိုင်ရင်းက ပုလဲလည်ဆွဲကို ထည့်လိုက်ပြီး သူ့ရဲ့တောက်ပမှုကို စိတ်ကျေနပ်စွာ ကြည့်လိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now