part64

2.6K 316 6
                                    

unicode
Part 54

အခန်း - ၆၄

ကျိုးတာက ဘယ်တော့မှ ဒါကို ကျန်းရင်းဝမ်က ရောက်လာလိမ့်မယ်လို့ ပြသာနာအလယ်မှာ စဉ်းစားမိမှာ မဟုတ်ဘူး။ ကျင်းရင်းဝမ်က သူဆန့်ကျင်လို့ ရတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ အခုအခြေအနေက ရှေ့ကိုလည်းတိုးလို့ မရ နောက်ကို လည်း ဆုတ်လို့မရဘဲ အလယ်မှာ တန်းလန်းဖြစ်နေတယ်။ ဒါ့ကြောင့် သူက ဘာလုပ်လို့ လုပ်ရမှန်း မသိဘူးဖြစ်နေတယ်။

ရှောင်ရှို့က အဲ့စကားတွေ ပြောပြီးတာနဲ့ ကျန်းစုစုရဲ့ မျက်နှာပေါ်မှာ ပျော်ရွင်မှုတွေ ဖြတ်ပေးသွားတယ်။ မင်းသမီးရုံကြားန့ ရှုရုန်ရှီတို့ရဲ့ မျက်နှာတွေကတော့ ဖြူဖျော့သွားတယ်။ မော့ချောင်က ရှောင်ရှို့ရဲ့ စကားတွေကို အဓိပ္ပာယ်မဖော်နိုင်ဘဲ ရှောင်ရှို့ကို အံ့အားသင့်တဲ့ ပုံနဲ့ ကြည့်လိုက်တယ်။ မင်းသားငါးက မျက်မှောင်ကြုတ်လိုက်တယ်။

"ရှောင်ရှို့က ကျန်းအိမ်တော်ရဲ့ ဒုတိယသခင်မလေးကို သူမရဲ့ ပြသာနာကနေ ကူပြီးတော့ ဆွဲထုတ်ပေးတာ ပုံမှန်တော့မဟုတ်ဘူး။ "

ရွှမ်းလီရဲ့ မျက်ဝန်းက အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတယ်။

"အဲ့တာက တကယ်ပဲ ကျင်းရင်းဝမ်ရဲ့ ကျောက်စိမ်းပုတီးလည်ဆွဲ ဖြစ်နိုင်တယ်။ "

ကျန်းယွမ် သူမရဲ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ချက်ချင်း ကျိုးတာကို အံ့ဩသလိုလို တစ်ခုခုပြောပြီး အာရုံလွှဲလိုက်တယ်။

"ဒီတော့ ဘယ်သူက လိမ်နေတာလဲ။ အဲ့ ကျောက်စိမ်းပုတီးလည်ဆွဲကလည်း ကျင်းရင်းဝမ်ရဲ့ ဟာပဲ။ ဒီတော့ မိန်းကလေး ကျန်းရဲ့ လက်ကိုင်ပုဝါက ဘယ်ကနေ ရောက်လာတာလဲ။ "

ကျန်းယွမ်ရဲ့ စကားတွေကို ကြားလိုက်ရတော့ ကျိုးတာက တစ်ခုခုကို တွေးမိသွားတယ်။ ကျောက်စိမ်းပုတီးလည်ဆွဲက တကယ်ကျင်းရင်းဝမ်ရဲ့ ဟာပဲ။ ဒါပေမဲ့ သူ့ဆီက လက်ကိုင်ပုဝါကလည်း တကယ်ပဲ။ တကယ်လို့ သူဝန်ခံလိုက်ရင် သူက နောက်ဆွဲတွဲ ပြသနာတွေ အများကြီးကို ရင်ဆိုင်ရတော့မှာဖြစ်တယ်။ ဒါပေမဲ့ သူက ဆက်ပြီးတော့ တင်းခံနေပြီးတော့ ဝန်မခံရင် သူက ပြသနာထဲကနေ ထွက်သွားနိုင်လောက်တယ်။ ကျိုးတာက ကိုယ်ကျင့်တရား မရှိတော့မကောင်းတဲ့ လှည့်ကွက်တွေ သုံးတဲ့ နေရာမှာ တော်တယ်။ သူက အေးစက်စွာ ရယ်လိုက်ပြီးတော့ ကျယ်လောင်စွာ ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now