Part 32

3K 318 2
                                    

အခန်း-၃၂ အိမ်တော်အတွင်း

သေတ္တာက မြေပြင်ပေါ်ကို ကျသွားတဲ့ အချိန်မှာ
အဝါရောင်သစ်တော်သားဆီကနေ အရမ်းမွှေးတဲ့ အနံ့အသက်က

ထွက်ပေါ်လာတယ်။ သေတ္တာထဲကနေ ထွက်ကျလာတဲ့ ပစ္စည်းတွေက စာအုပ်တွေ
အများကြီး ဖြစ်တယ်။ သေတ္တာထဲက စာအုပ်တွေကို သေချာထိန်းသိမ်းထားတ
ယ်ဆိုတာ တွေ့နိုင်တယ်။ အဲ့စာအုပ်တွေက ပိုင်ရှင် ဂရုစိုက်တာ ခံရတယ်ဆိုတာ
သိသာတယ်။
မြင့်မြတ်တဲ့ မိသားစုက သခင်မလေးက စာအုပ်သေတ္တာတစ်ခု သယ်လာတယ်ဆိုတာ
မမျှော်လင့်ထားကြဘူး။ ဒါပေမဲ့ ပိုပြီး မမျှော်လင့်ထားတာက
ရထားလုံးထဲမှာ အဲ့စာအုပ်သေတ္တာပဲ ရှိပြီး အခြားသေတ္တာမရှိတာပဲ။
ကျန်းအိမ်တော်က လူတွေ အံ့အားမသင့်ခင် ကြည့်နေတဲ့ လူတစ်ယောက်ချင်းစီက
အံ့အားသင့်သွားကြတယ်။ ကျန်းယွမ် တစ်ယောက်တည်း
မပြောင်းလဲတာ ဖြစ်ပြီး သူမက ပြောခဲ့တယ်။
“လန်ချောင် အဲမှာတုန်လှုပ်နေတဲ့အကြည့်နဲ့ ဘာရပ်လုပ်နေတာလဲ”
ဒါကို မြင်လိုက်ရတော့ ကျန်းစုစုက သဘောပေါက်သွားပြီး ပြုံးလိုက်တယ်။
“မမက စာဖတ်ရတာ ကြိုက်တာပဲ။ စာအုပ်တွေအပြည့်နဲ့ သေတ္တာတစ်လုံး၊ အဲဒါ
ညီမလေးကို အားကျစေတယ်။ မနေ့ကတင် ညီမလေး အဖေ့ကို ကျောင်းကျင်းရဲ့
ကဗျာစာစုစာအုပ် ရှာပေးဖို့ တောင်းဆိုထားသေးတယ်။ ဒါပေမဲ့ အဖေက
မိတ္တူကူးထားတာတွေ ရှာမတွေ့ဘူး။ ဒါပေမဲ့ မမဆီမှာ တစ်အုပ်ရှိမယ် ထင်တယ်”
သူမက အဲဒီလို အပြစ်ကင်းပြီး ရိုးစင်းတဲ့ လေသံနဲ့ ပြောနေတာက
စာအုပ်တစ်အုပ်တောင်းနေတဲ့ ကလေးမလေးတစ်ယောက်လိုပဲ။
ကျန်းယွမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်တယ်။
“အဲဒါ စာအုပ်တစ်အုပ်ပဲ။ ပြီးတော့ ညီမလေးနဲ့ မမတို့က ညီအမတွေလေ မမလုကျူးကို
စာအုပ်တွေကို ပြန်စုခိုင်းထားပြီး နောက်ကျ
အဲ့စာအုပ်ကို ညီမလေးကို လက်ဆောင်အနေနဲ့ ပေးမယ်။ ဒီသေတ္တာထဲက စာအုပ်တွေက
မမအမေ မမအတွက် ချန်ခဲ့ပေးတာ။ ဒါ့ကြောင့် မမ အစွမ်းကုန် ထိန်းသိမ်းနေပြီး
အဲ့စာအုပ်တွေကို ကောင်းကောင်းထားတာ”
သူမရဲ့စကားတွေကနေ ကောက်ချက်ချဖို့ ကြည့်နေတဲ့သူတွေအတွက် မခက်ခဲပါဘူး။
သူမ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအတွက် သုံးတဲ့ အစွမ်းကုန် ကြိုးစားတယ်ဆိုတဲ့ စကားလုံး သုံးခဲ့တဲ့အတွက် ကျန်းအိမ်တော်ရဲ့ တရားဝင်သမီးကြီးကို
ဝိုင်းကြည့်ကြတယ်။ အဲဒါက သူမကိုယ်ပေါ်က နွေးထွေးတဲ့ အဝတ်တွေကလွဲပြီး
သူမမှာ အခြားသေတ္တာ မရှိတော့ဘူး ဆိုတာ သိသာပါတယ်။ ဖြစ်နိုင်တာကတော့
သူမ ဒီနှစ်တွေကို ခိုကိုးရာမဲ့ဘဝနဲ့ ဖြတ်သန်းခဲ့ရတာပဲ။ အကုန်လုံးက
ခက်ခဲတဲ့အခြေအနေမှာ ငါးမျှားတဲ့အကြံကို နားလည်ကြတယ်။ သူမလို
ငယ်ရွယ်တဲ့သူအတွက် ဒီလို ခက်ခဲတဲ့ အခြေအနေကို ဖြတ်ကျော်ခဲ့ရတာ ရှားပါးတယ်။
ကံမကောင်းစွာနဲ့ သူမက သူမအမေပေးခဲ့တဲ့ ပစ္စည်းလေးတွေကို
ကာကွယ်နေတုန်းမှာ သူမပိုင်ဆိုင်တဲ့ အခြားအရာတွေက သူများ
ခိုးသွားတာခံခဲ့ရတယ်။
သူမကို ပြုံးပြီးကြည့်ရင်း ရှယန်က အင်္ကျီလက်ထဲ ထည့်ထားတဲ့
လက်တွေကို ပြန်ထုတ်လိုက်တယ်။ သူမရဲ့မျက်နှာပေါ်က ကြင်နာတဲ့ မျက်နှာထားက
ပိုပြီး ပေါ်ပေါက်လာတယ်။
“သမီးက စာဖတ်ရတာ ကြိုက်တဲ့ကလေးဆိုတာ အမေသိပါတယ်။ ပြီးတော့ အမေတို့
စုအာနဲ့အတူ အထဲကို တူတူသွားကြတော့မှာဆိုတော့ သမီးတို့နှစ်ယောက်
အကြိုက်တူကြတာ ဝမ်းမြောက်စရာပဲ”
သူမ နှဖူးမှာ ကျနေတဲ့ ဆံပင်လေးတွေကို သပ်ရင်း
ကျန်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
“ညီမလေးနဲ့ မမက စိတ်ချင်းတူတာပဲ။ ပြီးတော့ သွေးကရေထက် ပိုပျစ်တယ်ဆိုတော့
မမတို့ အကြိုက်တူတာ မဆန်းပါဘူး”
သူတို့က အကြိုက်မတူရင် ဘယ်လိုလုပ် ယောကျာ်းတစ်ယောက်ကို အတူတူ ချစ်မိပါ့မလဲ။
သူတို့က အကြိုက်မတူရင် ကျန်းအိမ်တော်က တရားဝင်သမီးအနေနဲ့
သူမရဲ့အခြေအနေနဲ့ သူတို့က ဘယ်လိုလုပ်ရန်ဖြစ်နေမလဲ။
ပိုင်ကျီနဲ့လန်ချောင်တို့က မြေပေါ်ကျနေတဲ့ စာအုပ်တွေကို ပြန်စုပြီး
ကျန်းအိမ်တော်ထဲကို သယ်ဖို့ လုပ်နေကြတယ်။ ရှယန်က သူတို့က
အိမ်တော်ထဲကို ခေါ်သွားတယ်။ ကျန်းအိမ်တော်က တံခါးတွေ ပိတ်သွားတာနဲ့
အိမ်နားက လာကြည့်တဲ့သူတွေက လူစုကွဲသွားကြတယ်။
အဲ့အချိန်မှာ သူမက ကျန်းအိမ်တော်ရဲ့ တံခါးဝကို ရောက်သွားပြီဖြစ်တယ်။ လုကျူးက
ကျန်းယွမ်ကို လက်ကမ်းလိုက်တယ်။
“သခင်မလေး ဖြည်းဖြည်းဆင်း.. လဲမကျအောင် ဂရုစိုက်”
ကျန်းယွမ် အပြုံးတစ်ပွင့်နဲ့ တည်ငြိမ်စွာ လျှောက်လာတယ်။ အဲ့အချိန်မှာ သူမရဲ့
စိတ်ထဲမှာ တိုးတိုးလေးရယ်ပြီး ပြောလိုက်တယ်။ အမေ၊ အစ်ကို၊ ဖေးအာ

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now