part 72(1)

2.6K 308 20
                                    

unicode
Part 70

အခန်း - ၇၂

အပိုင်း -၁

ကံကြမ္မာက ပြောင်းသွားတယ်။

ရှချန်းက အခြေအနေမကောင်းတာကို တွေ့တော့ သူက ချက်ချင်းပဲ သမားတော်ကို စိတ်တိုစွာနဲ့ ပြောလိုက်တယ်။

"ကွက် မင်း ငါတို့ကို လိမ်ရဲတယ်ပေါ့။ "

"မဟုတ်ပါဘူး။ သခင်ကြီး"

သမားတော်က နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားတယ်။ သူက မျှော်လင့်ထားတဲ့ မြင်ကွင်းကနေပြီးတော့ ခြားနားနေတယ်။ ရုတ်တရက် သူက ချွေးစေးပျံသွားတယ်။

"ဒေါသထွက်စရာမလိုပါဘူး အထက်မှူးမတ်အဆင့်အရာရှိရှရဲ့။ အကြီးဆုံးသခင်မလေးပြောသလို ဒီအဆိပ်က သူမအပေါ်မှာ သက်ရောက်မှု မရှိတာလည်း ဖြစ်နိုင်တာပဲ။ "

အိမ်ရှေ့စံဘာကိုဆိုလိုတာလဲဆိုတာကို ရှချန်းက နားမလည်ဘူး။ အဲ့တာက လီးလီးလားလားလိုပဲ။ ဒါပေမဲ့ ရှချန်းရဲ့ ကျောမှာ ချွေးစေးတွေက ထွက်နေပြီ။

ဘယ်လောက်ပဲ အိမ်ရှေ့စံက အရည်အချင်းမပြည့်မှီပဲ အကျင့်စာရိတ္တမကောင်းပါစေ သူက တော်ဝင်မိသားစုဝင်ပဲလေ။ သူက ဘယ်လိုလုပ်ပြီး သူ့ရှေ့မှာ လှည့်ကွက်လေးတွေ လုပ်နိုင်မှာလဲ။

ဒီအချိန်မှာ ရွှမ်းလီရဲ့ အသံက ထွက်ပေါ်လာတယ်။

"အဲ့တာက ကွက်ရဲ့ အမှားဆိုတော့ သူ့ကိုပဲ ချုပ်လိုက်ကြရအောင်။ တကယ်လို့ သူတို့က တစ်ယောက်ယောက်ရဲ့ အသက်ကို ဒုက္ခပေးတဲ့သူကို ထပ်ထားထားရင် နောက်လူတွေပါ ဒုက္ခပေးနေဦးမှာ။ "

ပြီးတော့ သူက သမားတော်ကို ချုပ်နှောင်ဖို့ အမိန့်ပေးလိုက်တယ်။ သမားတော်က ရုတ်တရက် ကံဆိုးသွားပြီးတော့ အော်လိုက်တယ်။

"အဲ့တာက ....."

ဒါပေမဲ့ မပြီးသေးခင်မှာပဲ သူ့ကို ဆွဲခေါ်သွားကြတယ်။ "

ကျန်းစုစုက ရွှမ်းလီကို ကျေးဇူးတင်စွာ ကြည့်နေတယ်။ ဒါပေမဲ့ ကျန်းလီရဲ့ မျက်နှာမှာ ဒေါသတွေက ပြည့်နှက်နေတယ်။ ကျန်းယွမ်က ပြုံးလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now