part80(1)

2.5K 322 6
                                    

unicode

Part 85

အခန်း - ၈၀ အပိုင်း(၁)

ကျောက်မိသားစုရဲ့ သားအဖက တိတ်ဆိတ်သွားတယ်။

ကျောက်မိသားစုရဲ့ မျိုးဆက်သုံးဆက်လုံးက စစ်တပ်မှာ ဗိုလ်ချုပ်တွေ ဖြစ်ပြီးတော့ ကျောက်သခင်မ စုရှိမှာ သားသုံးယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။  ကျောက်မိန်က တတိယမြောက်ကလေးဖြစ်ပြီးတော့ တစ်ဦးတည်းသော သမီးဖြစ်တယ်။  ကျောက်မိသားစု တစ်ခုလုံးက သူမကို အဆုံးမရှိ ချစ်ကြတယ်။  ကျောက်ကွမ်းက စစ်တပ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ အကျင့်တွေက ကြမ်းတမ်းပေမဲ့ သူက ကျောက်မိန်အပေါ်မှာ အရမ်း စိတ်ရှည်တယ်။  အငိုသန်တဲ့ မိန်းကလေးကနေ ယဉ်ကျေးသိမ်မွေ့ပြီး ကြော့ရှင်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သူမကို သူ့ရဲ့ လက်ထဲမှာ ပြုစုပျိုးထောင်ခဲ့တယ်။  ကျောက်မိန်က မြင်းစီးသင်ချင်တဲ့အချိန်မှာ သူက ပိုက်ဆံအမြောက်အများကို အသုံးပြုပြီးတော့ လူယဉ်တဲ့ မြင်းပုလေးတွေ ရှာခဲ့တယ်။ ကျောက်မိန်က လေးအတတ်ကို သင်ချင်တဲ့အချိန်မှာ သူက သူမကို ကိုယ်တိုင်သင်ပေးခဲ့တယ်။  ကျေုာက်ယွမ်ဂျာနဲ့ သူ့အစ်ကိုနှစ်ယောက်က နေ့တိုင်း သူတို့က အဆူခံရပေမဲ့ ကျောက်မိန် အလှည့်ရောက်တော့ ဘယ်သူမှ သူမကို မဆူခဲ့ကြဘူး။

ကျောက်မိသားစုက ဒီသမီးတစ်ယောက်ပဲ ရှိလို့ ကျောက်ကွမ်းက သူမကို အရမ်းချစ်တယ်။  စုရှီနဲ့ ကျောက်သခင်မကြီးက ပိုပြီးတော့တောင် ချစ်ကြသေးတယ်။  ဒီတော့ အစ်ကိုတွေက ကျောက်မိန်ကို နေ့တိုင်းကာကွယ်ကြပြီးတော့ မြို့တော်ထဲက ဘယ်ကလေးကမှ ကျောက်မိန်ကို အနိုင်မကျင့်ရဲကြဘူး။

ဒီလိုအခြေအနေအောက်မှာ ကြီးပြင်းခဲ့ပြီးတော့ သူမက ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ အတိုင်းပဲ။  ကျောက်မိန်က နုံအပြီးတော့ သိမ်မွေ့တဲ့ စိတ်ထားရှိတာကြောင့် သူမက ကျန်းချွမ်လို လူမျိုးနဲ့တွေ့တာ သနားစရာပဲ။

အဲ့အချိန်တုန်းက ကျန်းချွမ်က နောက်မှပေါ်တဲ့ ရွှေကြာပင်ဖြစ်တယ်။  ငယ်ရွယ်တယ်၊ ခန့်ညားတယ် ပြီးတော့ စာပေမိသားစုကနေ ဆင်းသက်လာပြီးတော့ သူက ကြော့ရှင်းတဲ့ ပညာတော်သင်ကျောင်းသားပုံပေါက်တယ်။  သာမာန်စစ်သားယောက်ျားတွေကို မြင်တွေ့နေကြ ဖြစ်တဲ့ ကျောက်မိန်အတွက်တော့ အဲဒါက အရမ်းဆွဲဆောင်မှု ရှိလွန်းတယ်။  သူမက အရမ်းသဘောကျသွားပြီးတော့ သူ့နားကို ကပ်ဖို့ နည်းလမ်းတွေ ရှာခဲ့ပေမဲ့ ကျောက်ကွမ်းက အကုန်လုံးကို တွေ့ရှိခဲ့တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now