part 66(2)

2.8K 306 7
                                    

unicode
Part 57

အခန်း ၆၆

အပိုင်း (၂)

ကျန်းချောင် သတိပြန်ဝင်လာတယ်။ သူက ဒီအားနည်းတဲ့ပုံစံကို မြင်ရမယ်လို့ စိတ်တောင်မကူးဖူးဘူး။ မောက်မာတဲ့သူက သူ့ရှေ့မှာ တောင်းပန်နေပေမဲ့ သူက သေချာပေါက် ဝမ်းသာမှာ မဟုတ်ဘူး။ လျိုမင်က ဒီစကားလုံးတွေ ပြောခဲ့ပေမဲ့ သူရဲ့ မျက်လုံးထဲမှာ လျိုမင်က အရင်လို မောက်မာနေတုန်းပဲလို့ မြင်နေပြီးတော့ သူ့ရဲ့ အကျင့်ပျက်တဲ့ အမူအရာကို လှောင်နေတယ်လို့ ထင်နေတယ်။ ခဏလောက် သူ့ရဲ့ နှလုံးသားထဲက ဒေါသက ပိုပြီးတော့တောင် ပူလောင်လာတယ်။ သူက ငေါက်လိုက်တယ်။

"ရိုးရိုးလေးတောင်းပန်လိုက်တာက လုံလောက်ပြီလို့ မင်းထင်နေတာလား။ မင်းအဲ့တာတွေကို ဒီနေ့အတွက် သန့်ရှင်းအောင် မလျက်ပေးရင် ဒီအခန်းကနေ ထွက်သွားဖို့ မစဉ်းစားနဲ့။ "

တခြားကျောင်းသားတွေက ဒီတောင်းပန်တဲ့မြင်ကွင်းကို အရင်တုန်းက မြင်ဖူးသလိုမျိုး မရပ်မနား ဆွေးနွေးနေကြတယ်။ သူတို့က လျိုမင်ကို ပုံမှန်ဆိုရင်လည်း အနိုင်ကျင့်ကြပေမဲ့ သူတို့ အကုန်လုံးက ပညာတော်သင်ကျောင်းသားတွေ ဖြစ်ပြီးတော့ အတန်းကျမှာကို စိုးရိမ်လို့ သူတို့က အဲ့အခြေအနေအထိ အနိုင်မကျင့်ခဲ့ဖူးဘူး။ ပြီးတော့ ကျန်းချောင်လို သိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ယောက်က ဒီလိုကြမ်းတမ်းတဲ့ အပြုအမူလုပ်နေတာက သူတို့ကို သူ့အပေါ် အထင်သေးစေတယ်။

ကျန်းချောင်က သူ့ဘေးက ကည့်နေတဲ့သူတွေကို လုံးဝ သတိမပြုမိဘူး။ သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ တစ်ခုတည်းသောအရာက လျိုမင်အတွက် ကိစ္စတွေကို တတ်နိုင်သမျှ ခက်ခဲအောင် လုပ်ဖို့ပဲ။ ဒီတော့မှ သူ့ရှေ့မှာ တောင်းပန်တာ နည်းသွားအောင်လို့ဖြစ်တယ်။ တကယ်လို့ လျိုမင်က ခွင့်လွှတ်ပေးဖို့ မတောင်းပန်ရင် သူ ဒီခြေအနေကနေ ထွက်သွားနိုင်ရင်တောင် သူက အနာဂတ်မှာ ပြသနာတက်အောင် လိုက်လုပ်မှာဖြစ်တယ်။ ပြီးတော့ သူ့မှာ အိပ်ရာထဲလဲနေတဲ့ အမေတစ်ယောက်လည်း ရှိသေးတယ်လေ။

လျိုမင် လက်သီးဆုပ်လိုက်တယ်။ သူ့ရဲ့ သိမ်မွေ့တဲ့ မျက်နှာပေါ်မှာ စိတ်ပျက်တဲ့ အရိပ်အမြွတ်ပေါ်လာပေမဲ့ သူအဲ့တာကို အမြန်ဖုံးကွယ်လိုက်တယ်။ သူက သူ့ရဲ့ အင်္ကျီကို ချွတ်လိုက်ပြီးတော့ ညင်သာစွာ ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now