Part 74(2)

2.6K 311 4
                                    

unicode

အခန်း - ၇၄ အပိုင်း (၂)

လုကျူးက ပြောလိုက်တယ်။

"အဲ့တာတွေ အကုန်လုံးက ငါးယောက်မြောက် ကိုယ်လုပ်တော်ကို ကျေးဇူးတင်ရမှာပဲ။ ဒီရန်ဟွယွမ်က သားအမိက ဒီလိုမျိုး စက်ဆုပ်ဖွယ်ကောင်းတဲ့ ကိစ္စကို စဉ်းစားရအောင် တော်တော်ကို ဆိုးလွန်းတယ်။ "

အရင်က သူတို့ အိမ်တော်ကို ညနေက ပြန်ရောက်လာတုန်းက ဟုန်ရင်းက ယွမ်ဂျူကို အမြန်လာခဲ့ပြီးတော့ ကျန်းချွမ်က တာအိုဆရာတစ်ယောက်ကို ကျန်းသခင်မကြီးရဲ့ မွေးနေ့ကို လာပြီး မကောင်းတဲ့ ဝိညာဉ်တွေနဲ့ မကောင်းတဲ့ စွမ်းအင်တွေကို နှင်ထုတ်ဖို့ အတွက်ခေါ်ထားတာဖြစ်တယ်။ သူမက ဘာကိုမှ ရေရေလည်လည် မရှင်းပြပေမဲ့ တာအိုဆရာက လွန်ခဲ့တဲ့ ငါးနှစ်က ကျန်းယွမ်ရဲ့ အနာဂတ်ကို ဟောခဲ့တဲ့ တာအိုဆရာပဲဖြစ်တယ်။

နောက်ဆုံးမှာ ဟုန်ရင်းက ပြောတယ်။

"သခင်မကြီးရဲ့ မွေးနေ့က ပွဲအကြီးကြီးပဲ ဘာမှ မှားလို့မရဘူး။ အကြီးဆုံးကျန်းသခင်မလေးက ပြင်ဆင်ထားသင့်တယ်။ "

ကျန်းယွမ်က သူမကို အပြုံးလေးနဲ့ ကျေးဇူးတင်လိုက်ပြီးတော့ သူမရဲ့ ကြင်နာမှုကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရှအိမ်တော်နဲ့ ကျန်းအိမ်တော်ကြားက ဆက်ဆံရေးကို မတော်တဆ ပြောမိသွားတယ်။ ကျန်းချွမ်က ရှယန်နဲ့တင် လုံးဝ မကျေနပ်သေးဘူး။ ပြီးတော့ သူ့ကို သက်တောင့်သက်သာရှိစေဖို့ ဟုန်ရင်းကလည်း စောင့်နေတယ်။

ကျန်းယွမ်က နည်းနည်းလေးပြောပေမဲ့ ဟုန်ရင်းက ထက်မြက်တဲ့သူဆိုတော့ အပြုံးလေးနဲ့ သူမကလည်း အခြေအနေကို အခွင့်ကောင်းယူဖို့ နည်းလမ်းတွေကို လွယ်လွယ်နဲ့ စဉ်းစားလို့ရတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က တကယ်တမ်း အဲ့တာက သူမရဲ့ အတိတ်ဘဝမှာ ပြောရမှာဆိုပေမဲ့ ကျန်းယွမ်က ရူးမိုက်ခဲ့လို့ သူမက ရှယန်ရဲ့ လက်ခုပ်ထဲက ရေဖြစ်ခဲ့ပေမဲ့ ရှယန်က အဲ့အချိန်ကအတိုင်း လုပ်ချင်ခဲ့ပေမဲ့ ထပ်ပြီး ရိုးရှင်းတော့မှာမဟုတ်ဘူး။

လုကျူးက ကြည့်လိုက်တယ်။

"သခင်မလေးလင်းရဲ့ ရထားလုံး ရောက်လာပြီ။ "

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now