Part 23

2.9K 352 0
                                    

အခန်း-၂၃
သူမအပြုံးနောက်မှာ အလှလေးက သေစေလောက်ပြီး အဆိပ်ရှိတဲ့
ပန်းလေးတစ်ပွင့်လိုပဲ။
ချန်ကျောက် တစ်ကိုယ်လုံး ပျော့ခွေသွားတယ်။ ကျန်းယွမ်ရဲ့
သိမ်မွေ့တဲ့ ငြင်းခုံမှုက ထောင်ချောက်တွေ
အများကြီးထဲ ဆွဲခေါ်ခဲ့တယ်ဆိုတဲ့ အတွေးတစ်ခုပဲ ရှိခဲ့တယ်။ အခု
သူပြောသမျှတွေက အမှားတွေအဖြစ် လက်ခံကြလိမ့်မယ်။
အစကတည်းက သူ့မှာ နိုင်ဖို့ အခွင့်အရေး မရှိခဲ့ဘူး။
ချန်းဝမ်လီက ချန်ကျောက်နဲ့ အတူတူပဲ။ ကျန်းယွမ်က ဒီလိုနည်းနဲ့
တရားစီရင်ရေးကို နှောင့်ယှက်လိုက်တော့ စစ်ဆေးတာကို
ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ချန်းဝမ်လီက
ပိုက်ဆံယူထားပြီးသား ဖြစ်လို့ သူက
မျက်နှာမပျက်အောင် ပြင်းပြင်းထန်ထန် အားထုတ်နေတယ်။ ဒါပေမယ့်
ဒီနေ့လို ခက်ခဲတဲ့အခြေအနေက
သူ မျှော်လင့်ထားတာထက်ကို ကျော်လွန်သွားပြီ ဖြစ်တယ်။ တေ
ာ်ဝင်ရုံးတော်လူကြီးမင်းဝမ်လည်း ရှိနေတော့
အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်တွေ့နေတယ်။ သူ
ချန်ကျောက်ကို ခေါင်းမာမာနဲ့ ထောက်ခံခဲ့မယ်ဆိုရင်
လူတွေကို စည်းရုံးဖို့ ခက်လိမ့်မယ်။ ပြီးတော့ ဝမ်လူကြီးမင်းက
ဒီလုပ်ရပ်ကို ဘယ်လိုထင်မလဲဆိုတာ သူ မသိဘူး။ အခြားတစ်ဖက်မှာ သူ
ကျန်းယွမ်ကို ကူမယ်ဆိုရင် သူ ချန်ကျောက်ဆီက ယူထားတဲ့
ပိုက်ဆံကို ပြန်ပေးရမယ်။ သူက ပြန်မပေးချင်ပေမဲ့ ကျန်းချွမ်ဆီက
ပိုက်ဆံအများကြီး တောင်းဖို့လည်း စဉ်းစားထားတယ်။ ဒီတော့
သူက ဒီရွှေတွင်းကြီးကို စွန့်မပစ်နိုင်ဘူး။ သူက ကိတ်မုန့်ကို ယူပြီး
စားနိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့ပဲ လိုတယ်။
ဒါပေမဲ့  လက်တွေ့ဘဝက ချန်းဝမ်လီကို အချိန်အကြာကြီး
မတွေးစေခဲ့ဘူး။ ခဏအကြာမှာ ဗုံတီးသံက လူတွေရဲ့
နားထဲကို ရောက်လာတယ်။ လီမီက
ချန်းဝမ်လီဆီကို မြန်မြန်သွားပြီး ပြောလိုက်တယ်။
“ချန်းလူကြီးမင်း အပြင်မှာ တရားမျှတမှု ဗုံကို တီးနေတဲ့
လူတစ်ယောက်ရှိတယ်”
တရားမျှတမှုဗုံကို ဒီလို အရှေ့လမ်းမှာ ဘယ်သူကမှ မတီးဖူးဘူး။
လူတိုင်းက ဒီအရာရှိရုံးက ဘယ်လိုနေရာမျိုးလဲဆိုတာ သိတယ်။
တစ်ယောက်ယောက်က တကယ် တရားမျှတမှု မရှိတာကို
ခံစားခဲ့ရမယ်ဆိုရင် ပိုက်ဆံထုတ်ပေးလိုက်တာက တရားမျှတမှုဗုံကို
တီးတာထက် ပိုကောင်းတယ်။ သူတို့မှာ ပိုက်ဆံမရှိရင် သူတို့
တစ်နှစ်လောက် တီးရင်တောင် သူတို့ကို ဂရုစိုက်မယ့်သူ ရှိမှာမဟုတ်ဘူး။
ဒါ့အပြင် တီးတဲ့သူက အကျဉ်းချခံရင် ချခံနေရဦးမှာ။
ဒါကို ကြားရတော့ ချန်းဝမ်လီက အံ့အားသင့်သွားတယ်။ “ဘယ်သူက
တရားမျှတမှုဗုံကို တီး‌နေတာလဲ”
သူက ဝမ်လူကြီးမင်း ထိုင်နေတဲ့ ဘေးကို ကြည့်လိုက်ပြီး
သူ့သဘောထားကို မေးလိုက်တယ်။
“လူကြီးမင်း ဘယ်လိုထင်လဲ”
“အဲလူကို ခေါ်လာခဲ့”
ဝမ်လူကြီးမင်းက အေးစက်စွာ ပြောလိုက်တယ်။
သူ့ရဲ့ အသံက ချန်းဝမ်လီရဲ့ နှလုံးသားကို မောင်းတီးနေသလိုပဲ။
ချန်းဝမ်လီ မကြောက်ဘဲ မနေနိုင်ခဲ့ဘူး။
အဲလူက မြန်မြန် ခေါ်လာခံခဲ့ရတယ်။ အဲဒါ အစေခံလို ဝတ်ဆင်ထားတဲ့ မိန်
းကလေးတစ်ယောက်ပဲ။ သူမ ခန်းမထဲကို ဝင်လိုက်တာနဲ့
ဒူးထောက်လိုက်တယ်။
“မင်းဘယ်သူလဲ။ မင်း ဘယ်လို တရားမျှတမှု မရှိတာကို
ကြုံတွေ့ခဲ့ရတာလဲ”
ချန်းဝမ်လီ ပြောတာကို မစောင့်ဘဲ ဝမ်လူကြီးမင်းက
အရင်ပြောလိုက်တယ်။ ချန်းဝမ်လီက သူ့ကို မတားရဲဘဲ သူ့စိတ်ထဲမှာပဲ
ညည်းညူနိုင်တယ်။ ဝမ်လူကြီးမင်းက ဒီကိစ္စထဲမှာ ဝင်ရောက်စွပ်ဖက်ဖို့
စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ဒါပေမဲ့ ချန်းဝမ်လီ
သူ့ရဲ့ဝင်ရောက်စွပ်ဖက်မှုကို မငြင်းဆန်နိုင်ဘူး။ ဒီတော်ဝင်ရုံးတော်
လူကြီးမင်းဝမ်က ဧကရာဇ် သဘောအကျဆုံးဖြစ်ပြီး ပုံမှန်ဆိုရင် သူက
ဘယ်သူ့ကိုမှ အရှုံးမပေးဘူး။ ဒီလူက ကျောက်တုံးလို ခေါင်းမာပြီး
အလျှော့မပေးဘူး။ အရာရှိတော်တော်များများနဲ့ မတူဘဲ
သူ့ရဲ့လက်အောက်မှာ ရှိတဲ့သူတွေက အဆုံးသတ်လှမှာ မဟုတ်ဘူး။
ဒါကြောင့် မကောင်းဆိုးဝါး စကားပြောတဲ့အခါ သူက သူ့ကို
မကြည့်ရဲဘူး။ ပိုက်ဆံက ကောင်းပေမဲ့ သူ သူ့ရဲ့အရာရှိဦးထုပ်ကို
သူ့ခေါင်းပေါ်မှာပဲ ထားချင်သေးတာ။ ချန်းဝမ်လီ ဆုံးဖြတ်ချက်
ချလိုက်တယ်။ သူ ချန်ကျောက်ရဲ့ပိုက်ဆံကို သိမ်းထားရတာ ကိစ္စမရှိဘူး။
ကျန်းချွမ်နဲ့ ပတ်သတ်ပြီးတော့ သူက
ဒီအကြောင်းကိုလည်း မေ့လိုက်မယ်။ တော်ဝင်ရုံးတော်လူကြီးမင်း
ဝမ် ရှိနေလို့ သူက တရားမျှတမှုရှိတဲ့ အရာရှိပုံရိပ်ကို
လူအများကို ပြသရတယ်။
သူ့စိတ်ကို သူပြန်ထိန်းလိုက်ပြီး ချန်းဝမ်လီက ပြောလိုက်တယ်။
“ကောင်းပြီ မင်း ဘာမကျေနပ်ချက်ရှိလဲ။ မင်း
အမှန်အတိုင်း ပြောမယ်ဆိုရင် ဒီအရာရှိ ငါကိုယ်တိုင်ရယ်
ဒီကလူကြီးမင်းရယ်က မင်းကို တရားမျှတအောင် ဆောင်ရွက်ပေးမယ်။
အပြင်မှာ ရပ်နေတဲ့လူတွေက ရယ်ကြတယ်။ ချန်းဝမ်လီရဲ့ စကားတွေက
သူတို့ကို ရယ်စေခဲ့တယ်။ အကျင့်ပျက်ခြစားတဲ့ အရာရှိတစ်ယောက်က
တစ်စုံတစ်ယောက်ကို တရားမျှတမှုပေးမယ်လို့ ကတိပေးတဲ့အခါ
ဒါက လုပ်ကြံပြောတာလို့ လူတွေကို ထင်စေခဲ့တယ်။ ချန်ကျောက်က
ချန်းဝမ်လီကို လှမ်းကြည့်လိုက်တယ်။ ရုတ်တရက် သူ ထိတ်လန့်လာတယ်။
ကိစ္စတွေက သူမျှော်လင့်ထားသလို ဖြစ်မလာဘူး။ အခု ချန်းဝမ်လီရဲ့
သဘောထားက မပြတ်မသား ဖြစ်လာတယ်။ ဒီအရေးကြီးတဲ့
အခြေအနေမှာ သူ ဘက်ပြောင်းသွားရင်
ချန်ကျောက်အတွက် မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး။
ကောင်မလေးက ရှေ့မှာထိုင်နေတဲ့ အရာရှိတွေကို အလျင်အမြန်
အရိုအသေ ပေးလိုက်တယ်။
“ဒီအစေခံက အကူအညီအတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီအစေခံက
ကိုယ့်ကိုယ်ကိုယ်အတွက် ဗုံကိုတီးခဲ့တာ မဟုတ်ပါဘူး။
သခင်မလေးကျန်းအတွက် တီးခဲ့တာပါ။ ဒီအစေခံက ကျန်းမိသားစု
အိမ်တော်က အစေခံပါ။ ဒီအစေခံက သခင်မလေးကျန်းအတွက်
အာမခံနိုင်ပါတယ်။ ချိုက်ရင်းကို သတ်ခဲ့တာ သခင်မလေးကျန်း မဟုတ်ပါဘူး။
ချန်ကျောက်က သတ်ခဲ့တာပါ”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now