part 59

2.6K 308 1
                                    

unicode

Part-49

အခန်း ၅၉

"ဘာလို့လဲ ဘယ်လိုလုပ်ပြီး ဒုတိယသခင်မလေးကျန်းက ဒီလိုပြောရတာလဲ"မင်းသမီးရုံကြားက ပြုံးနေတုန်းပဲ။
"ညီမလေးရဲ့ ကုချင်းတီးတဲ့ အရည်အချင်းက နှိုင်းယှဉ်လို့ မရဘူးဆိတာ အကုန်လုံးသိပါတယ်။ မမတို့ကို ဒီနေ့ တစ်ခါလောက် တီးမပြချင်ရတာလဲ။
အရင်က ကျန်းအိမ်တော်က ညီမလေးရဲ့ ကုချင်းတီးတာနဲ့ ပတ်သက်ပြီး စကျော်ကြားခဲ့တာလေ။ မမတို့ ဒီအခွင့်အရေးကို မရကြတာသနားစရာကောင်းတာပဲ။ ညီမလေး ဒီနေ့ ကုချင်းတီးတာ မမတို့အတွက် အံ့မခန်းဖွယ်ရာတစ်ခုခုကို မြင်ခွင့်ရတာမလား"
အဲ့အချိန်မှာ ရှယန်က မြို့တော်မှာ အရည်အချင်းအရှိဆုံး မိန်းမပျိုလေးဖြစ်ခဲ့တယ်။ သူမရဲ့ ကုချင်းတီးတာအပေါ်မှာ နားလည်မှုက တကယ်ပြည့်စုံတယ်။ အခု သူမက ဒီကုချင်းကို သူမရဲ့အရည်အချင်းကြောင့် ကျော်ကြားတဲ့ ကျန်းစုစုအပေါ်ကို အပ်နှင်းလိုက်ပြီဖြစ်တယ်။ ဒါက
ပြည့်စုံပြီးသားကို မွမ်းမံလိုက်တယ်ဆိုတာ သေချာတယ်။ မင်းသမီးရုံကြားက ဒါကို အားမကျခဲ့ဘူး။ သူမက အမြဲတမ်း လိမ္မာပါးနပ်တဲ့သူဖြစ်လို့ ယောက်ျားတွေက မိန်းမတွေရဲ့ မနာလိုမှုနဲ့
ပရိယာယ်တွေကို မကြည့်ချင်ကြဘူးဆိုတာ သူမနားလည်ခဲ့တယ်။ ဒီတော့ သူမက သဘောထားကြီးတဲ့ ပုံပေါက်အောင် ဘာလို့ မကြိုးစားရမှာလဲ။
ကျန်းစုစုရဲ့ အရည်အချင်းက တကယ် ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူးဆိုတော့ ဒီနှစ်ရဲ့ ယုန်မီးအိမ်က တည်ငြိမ်စွာနဲ့ မှန်ကန်စွာ သူမလက်ထဲကို ရောက်လာမှာပဲ။သူတို့နားက မြင့်မြတ်တဲ့အမျိုးသမီးတွေက သူမရဲ့ တောင်းဆိုချက်ကို
ဆက်ပြောကြပြီး သူမ တီးပြမှာကို တကယ်စောင့်နေကြတယ်။ ဝမ်ဖေးဖေးက မျက်မှောင်ကြုတ်လိုက်ပြီး
"သူက ကုချင်းကို တကယ်တီးတတ်။ ညီမလေး ယွမ် ညီမလေးရဲ့ ဒုတိယညီမ ကုချင်းတီးတာကို ညီမလေး အရင်က ကြားဖူးလား"
"ညီမလေး မကြားဖူးဘူး"
ကျန်းယွမ်က ပြုံးပြပြီး ဆက်ပြောလိုက်တယ်။
"ဒါပေမဲ့ သူမရဲ့ ကုချင်းတီးသံက နားထောင်လို့ အရမ်းကောင်းလို့ နားထောင်တဲ့သူကို လန်းဆန်းစေပြီး တက်ကြွစေတယ်တဲ့"
လင်ဇီရှန်းက အေးစက်စွာ ငေါ့ပြောလိုက်တယ်။
"အဲဒါဘာမို့လို့လဲ။ ဟန်ဆောင်တာတွေကို"
တုန်ရင်းအာက ကျန်းယွမ်ဘက်ကို လှည့်ပြီး အကူအညီမဲ့စွာ ပြုံးပြလိုက်ပေမဲ့ ကျန်းယွမ်က ဘာမှ ပြန်မပြောခဲ့ဘူး။အခုဖြစ်နေတာက အရင်နှစ်တွေက မီးပုံးပွဲတော်မှာ ဖြစ်ခဲ့ရမှာ။ ကျန်းစုစုရဲ့ ကုချင်း သီချင်းက မောက်မာပြီး၊ ရသကို ခံစားတတ်တဲ့
ခံစားချက်ရှိတယ်။ အဲဒါက အရမ်းထင်းခနဲ မြင်သာစေတယ်။ ဒါ့အပြင် သူမရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ပုံစံနဲ့ အကျင့်က ကျန်းစုစုကို ထောက်ပံ့ပေးတယ်။
ကျန်းမိသားစုက သမီးနှစ်ယောက်ထဲမှာ တစ်ယောက်က အပြစ်ကင်းပြီး နတ်သမီးသမျှ လှပနေတဲ့အချိန်မှာ နောက်တစ်ယောက်က ရွှံ့ရေလို
ညစ်ပတ်နေတယ်။ အဲ့လိုမျိုးနဲ့ ကောလဟာလတွေက မြို့တော်ထဲက မြင့်မြတ်တဲ့ လူတွေကြားမှာ မြန်မြန် ပြန့်သွားတယ်။ဒီအချိန်မှာ ကျန်းစုစုက အဖြူရောင်အင်္ကျီဝတ်ထားပြီးတော့ ရိုးရှင်းတဲ့ အဆင်တန်ဆာတွေ ဝတ်ဆင်ထားတယ်။ ဒါက သူမရဲ့ သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ မျက်နှာကို ပိုပြီးထင်ရှားစေပြီးတော့ နုနယ်သိမ်မွေ့တယ်လို့ ထင်ရစေတယ်။ ဒါ့ကြောင့် အခုရှိနေတဲ့ မိန်းမပျိုလေးကြားထဲမှာ သူမက မွန်မြတ်တဲ့ပုံ ပေါ်စေတယ်။ သူမရဲ့ မျက်နှာက နီမြန်းလာပြီး ပြောလိုက်တယ်။
"အကုန်လုံးက သဘောတူနေမှတော့ ကျွန်မရဲ့ နိမ့်ကျတဲ့ အရည်အချင်းလေးတွေကို ထုတ်ပြပြီးတော့ အကုန်လုံးရဲ့ နားတွေကို နှိပ်စက်သလို မဖြစ်စေဖို့ မျှော်လင့်ပါတယ်"
သူမရဲ့ နှိမ့်ချတဲ့ ပုံစံက အကုန်လုံးဆီကနေ ချက်ချင်း ချီးမွမ်းမှု အကောင်းမြင်မှုကို ရစေတယ်။ ပြီးတာနဲ့ အစေခံ တစ်ယောက်က လက်ရာမြောက်ပြီး တန်ဖိုးကြီးတဲ့ ကုချင်းတစ်လက်ကို သူမကို
ယူလာပေးတယ်။ ကျန်းစုစုက ကုချင်းအရှေ့မှာ ထိုင်ပြီးတော့ မျက်လုံးမှိတ်ပြီး စတီးတော့တယ်။
ကျင်းဆောင်းလှေပေါ်မှာ အကုန်လုံးရဲ့ မျက်လုံးက ဒီ ထူးခြားစွာ လှပတဲ့ အမျိုးသမီး အပေါ်မှာ ကျရောက်နေတယ်။ မော့ချောင်က ရှောင်ရှို့ကို
တံတောင်နဲ့ တွက်လိုက်တယ်။
"အဲ့ဒါက ကျန်းချွမ်ရဲ့ အိမ်တော်က အကြီးဆုံး သမီး ဖြစ်မယ်ထင်တယ်။ အခု တစ်မြို့လုံးမှာ ဘယ်သူကမှ သူမကို ရုပ်ရည်နဲ့ပဲ ဖြစ်ဖြစ် အရည်အချင်းနဲ့ပဲ
ဖြစ်ဖြစ် မယှဉ်နိုင်ဘူး။ မင်းဘယ်လိုထင်လဲ"
ရှောင်ရှို့က လင်းလောင်လှေပေါ်ကို တစ်ချက်ကြည့်လိုက်ပေမဲ့ သူ့ရဲ့ မျက်နှာထားက တည်ငြိမ်ပြီးတော့ စိတ်မကြည်သလို ဖြစ်နေတုန်းပဲ။ မော့ချောင်က ကျေနပ်စေလောက်တဲ့ တုံ့ပြန်မှုမရလို့ ရှက်သွားပြီးတော့ ကျန်းစုစု ဖျော်ဖြေနေတာကိုပဲ ပြန်လှည့်ကြည့်နေတော့တယ်။
"ကျန်း"
အဲ့အသံတစ်သံတည်းနဲ့ ကုချင်းကနေ ထွက်လာတဲ့ အသံတွေက ဓားထက်ထက်တစ်ချောင်း တိမ်တွေကို ခွင်းပြီး ထွက်သွားသလိုပဲ။ ကျန်းစုစုရဲ့ မျက်လုံးတွေက တဖျပ်ဖျပ် ခတ်ပြီးတော့ သူမရဲ့ သေးသွယ်လှပတဲ့ လက်ချောင်းတွေက ကြိုးတွေ အပေါ်မှာ ပျံသန်းသွားတယ်။ ပြစ်ချက်မရှိဘဲ နှင်းလိုဖြူဖွေးတဲ့ လိပ်ပြာလေးလိုပဲ သူမရဲ့ ကုချင်းကနေထွက်လာတဲ့ အသံတွေက အကုန်လုံးရဲ့ နားတွေထဲကို ဝင်ရောက်သွားတယ်။ သူမတီးနေတာက
'တည်ငြိမ်အေးချမ်းတဲ့ သစ်ခွပင်' ဆိုတဲ့ သီချင်းပဲ။
ကုချင်းကနေ ထွက်လာတဲ့ အသံတွေက သာယာကြည်နူးဖွယ်ကောင်းပြီး ရပ်တန့်ခြင်း မရှိဘဲ ဆက်တိုက် ထွက်ပေါ်လာတယ်။ ဒါ့ကြောင့် သီချင်းက ငြိမ်သက်အေးချမ်းပြီးတော့ ခပ်တန်းတန်းပဲ။ ဒီနေ့ သူမ ဝတ်လာတဲ့ အဖြူရောင်နဲ့ လူအုပ်ရဲ့ စိတ်လှုပ်ရှားနေတဲ့ အကြည့်တွေကြားထဲမှာ သီချင်းသံက စိုးရိမ်စိတ်နဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ဖော်ပြနေတဲ့ လျှိုပေါ်က သစ်ခွပင်လေး ကြော့ရှင်းသန့်စင်တဲ့ တစ်ပင်ကို မြင်လိုက်ရသလို ခံစားရစေတယ်။ အကုန်လုံးရဲ့ စိတ်ထဲမှာ ကြင်နာတဲ့ ခံစားချက်ကို မခံစားရဘဲ မနေနိုင်ခဲ့ဘူး။ ဒီတီးလုံးကို ရွေးချယ်ရတဲ့ ရည်ရွယ်ချက်က တကယ် ပြောင်မြောက်တယ်။
ပထမအချက်က အဲ့သီချင်းက ကျန်းစုစုရဲ့ မြင့်မြတ်ပြီး ခြောက်ပြစ်ကင်းစင်တဲ့ နတ်သမီးနဲ့တူတဲ့ စိတ်ထားကို အဓိကဖော်တယ်။ ဒုတိယအချက်က အဲ့ သီချင်းက လူအုပ်ကို သူမကို စိတ်ဝင်စားသွားစေပြီးတော့ ဘယ်သူကမှ ဒီလို လောကီရေးရာကမ္ဘာထဲက ရုန်းရင်းဆန်ခတ်မှုတွေနဲ့ သွေးဆောင်မှုတွေကနေ မပြောင်းလဲပဲ သန့်ပြန့်နေတဲ့ မိန်းကလေးမျိုးကို မနှစ်သက်ပဲ နေမှာလဲ။ရှုရုန်ရှီက မျက်မှောင်ကြုတ်လိုက်တယ်။ ဒီမှာ ရှိနေတဲ့သူတွေ အကုန်လုံးက
ဒီ'တောင်ပေါ်လှိုသစ်ခွ' ကုချင်းတီးလုံးမှာပဲ နစ်မြောနေကြတယ်။ ဒါပေမဲ့ ကျန်းယွမ်ကတော့ ပြတင်းပေါက်ကို မှီပြီး အပြင်က မြစ်ကိုပဲ ငေးကြည့်နေတယ်။တကယ်ပဲ ကျန်းစုစုက သူမအရင်ဘဝက အတိုင်း မြို့တော်တစ်ဝိုက်မှာ သူ့ရဲ့ နာမည်က ကျော်ကြားနေတာပဲ။ ဒါပေမဲ့ သူမက ကျန်းစုစုက ဒီလို အသိအမှတ်ပြုခံရတာကို သူမရဲ့ ပုခုံးပေါ်မှာ ထမ်းထားနိုင်ပါ့မလား။ထင်ထားသလိုပဲ သီချင်းတစ်ပုဒ်ပြီးတာနဲ့ ကျင်းဆောင်းလှေပေါ်က လူကြီးလူကောင်းလေးတွေက ချီးမွမ်းကြတယ်။
"ဒီသီချင်းက ကောင်းကင်ဘုံမှာပဲ ကြားနိုင်တဲ့ သီချင်းပဲ။ အဲဒါကို ကမ္ဘာပေါ်မှာ ကြားရတာ အရမ်းရှားတယ်"
အကုန်လုံးက သဘောတူကြတယ်။ ခဏကြာတော့
လင်းလောင်လှေပေါ်မှာ စကားသံတွေနဲ့ ပြည့်နှက်သွားတယ်။ကျန်းစုစုရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာက ထပ်ပြီး နီမြန်းလာတယ်။ သူမက သူမရဲ့ ခုံမှာ ပြန်ထိုင်လိုက်တယ်။မင်းသားငါးက ကျန်းစုစုကို ကြည့်လိုက်ပြီးတော့ သူရဲ့ မျက်ဝန်းမှာ အလင်းရောင်တချို့ ဖြတ်သွားတယ်။
"ကျန်းမိသားစုက ဒုတိယသမီးက ချောတယ်နော်ပြီးတော့ တော်တော်လေး အရည်အချင်းရှိတယ်"
"တကယ်ပဲ မိန်းကလေးတစ်ယောက်လို သိမ်မွေ့ပြီး သစ်ခွပန်းလေးလို သန့်စင်တယ်"ရွှမ်းလီက ရှားရှားပါးပါး ကောက်ချက်ချလိုက်တယ်။
မင်းသားငါးက သူ့ကို ကြည့်လိုက်ပြီး
"အစ်ကိုကြီး ခင်ဗျားသူ့ကို ကြိုက်ရင် အိမ်ရောက်ရင် ဘာလို့ အဖေ့ကိုပြောပြီး စေ့စပ်ခိုင်းလိုက်ပြီး လက်ထပ်လိုက်လေ"
ရွှမ်းလီက ခေါင်းယမ်းလိုက်တယ်။
"လူတွေက ကြာပန်းတွေကို အဝေးကနေပဲ လှမ်းကြည့်နိုင်ပေမဲ့ သူတို့နဲ့ အချိန်မဆွဲသင့်ဘူး"
"ကျန်းမိသားစုက ဒုတိယသမီးက မြို့တော်မှာ တကယ် အလှဆုံး မိန်းကလေးနော်"
မင်းသားငါးက ပြောလိုက်တယ်။
"အခုလို ငယ်ငယ်ကတည်းက မကြံထားရင် သူကြီးလာလို့ တစ်ယောက်ယောက်ရဲ့ မြင်ကွင်းထဲ ရောက်သွားရင် သူများက အရင် ယူသွားမယ်နော်။ ဒီလို မိန်းကလေးတွေက သူတို့ကို အိမ်မှာ ကြည်ညိုဖို့
ထားထားရင်တောင် ကျေနပ်မှု အပြည့်ရှိစေမှာပါ"
မင်းသမီးရုံကြားက ပြုံးပြီး ပြောလိုက်တယ်။
"ကျန်းမိသားစုက ဒုတိယသခင်မလေးရဲ့ ဒီအရည်အချင်းနဲ့ဆိုရင် မမနဲ့ မမညီမတွေပေါင်းပြီး ယှဉ်ရင်တောင် မယှဉ်နိုင်ဘဲ ကိုယ့်အရည်အချင်းကို
ကိုယ်အရှက်ခွဲသလို ဖြစ်နေမှာသေချာတယ်"
"မမက ညီမလေးကို စနေပြပြီ"
ကျန်းစုစုက ပြောလိုက်တယ်။
"မမတို့က ညီမလေးက ငယ်သေးလို့ ကြင်နာနေကြပြီးတော့ ညီမလေးကို ကိုယ့်ကိုယ်ကို ရှက်ခွင့်တောင် မပေးတော့ပဲ ချီးမွမ်းနေပါပြီ"
"ကြည့်ပါဦး ကြည့်ပါဦး"
မင်းသမီးရုံကြားက ပါးစပ်ကို ကာလိုက်ပြီး တခစ်ခစ်ရယ်လိုက်တယ်။
"ညီမလေးရဲ့ ဒီပါးစပ်လေးက အရမ်း စကားတတ်တာပဲ။ ဒါပေမဲ့ မမတို့က ညီမလေးကို ဦးစားပေးတာ မဟုတ်ပါဘူး။ ဉီမလေးက တကယ် ကောင်းကောင်း ဖျော်ဖြေသွားတာပါ။ ဒါပေမဲ့ ညီမလေးရဲ့ ကုချင်းတီးတဲ့ အရည်အချင်းနဲ့ ဆိုရင် နောက်ထွက်မယ့်သူက တော်တော် အခွင့်မသာတာပဲ။ နောက်တစ်ယောက် ဘယ်သူ ထွက်ချင်သေးလဲ"
လင်းလောင်လှေပေါ်က အမျိုးသမီးတွေက အချင်းချင်း ကြည့်နေကြပြီး စကားတစ်လုံးမှ မပြောကြဘူး။ ဒီအခြေအနေမှာ ကျန်းစုစု ကျန်းယွမ်ကို ကြည့်ပြီး ပြောလိုက်တယ်။
"မမ မမက ကပြမှာ မလား။ ဒီနေ့က မမ မြို့တော်ကို
ပြန်ရောက်ရောက်ချင်း မီးပုံးပွဲတော်ကို ပထမဆုံး လာတာဆိုမလား။ ဘာလို့ လူတိုင်းကို မမရဲ့ အက အရည်အချင်းကို မပြတာလဲ။ ဘယ်လိုလဲ"
အကုန်လုံးက ကျန်းစုစုကို လှည့်ကြည့်ကြတယ်။ ပြီးတော့ ရုတ်တရက် ကျန်းယွမ်ဘက်ကို လှည့်ကြည့်ကြတယ်။ကျင်းဆောင်းလှေပေါ်မှာ မော့ချောင်က သံသယရှိစွာ ပြောလိုက်တယ်။
"ဟူး၊ ဘယ်လိုလုပ်ပြီး ကျန်းမိသားစုက ဒုတိယမိန်းကလေးက ကျေးလက်ကနေ အခုမှ မြို့တော်ကို ပြန်ရောက်လာတဲ့ သူ့ရဲ့ မမကို ကခိုင်းရတာလဲ။ သူမကိုယ်သူမ အရူးလုပ်နေတာ မဟုတ်ဘူးလား။ သူမမှာ ကောင်းတဲ့ မိသားစု နောက်ခံရှိပေမဲ့ သူမက အနုပညာလေးမျိုးကို အရင်က သင်ဖူးမှာ မဟုတ်ဘူး"
ကျန်းယွမ်က ပေါ့ပါးစွာ ပြုံးပြီး ဘေးကို လှည့်လိုက်တယ်။ သူမက ကျန်းစုစုရဲ့ မျက်လုံးထဲကို ကြည့်ပြီး ပြောလိုက်တယ်။
"ကရမယ် ဟုတ်လား"
ဒါပေါ့ လှေနှစ်စင်းက မြစ်တစ်လျှောက် လှော်လာတာဖြစ်ပြီးတော့ တိုက်မိဆောင့်မိတာတွေ ရှိတယ်။ သင်္ဘောကိုယ်ထည်က ကျယ်ဝန်းပေမဲ့ တစ်ယောက်ယောက်က လှေပေါ်မှာကရင် လှေက ယိမ်းထိုးတာလောက်ပဲ ဖြစ်မှာဆိုပေမဲ့ ကတဲ့သူက ရေထဲ ပြုတ်ကျမှာဖြစ်တယ်။
သူမရဲ့ အတိတ်ဘဝမှာ ကျန်းစုစုက ကျန်းယွမ် ကဖို့အတွက် အကြံပေးခဲ့တယ်။ ဒါပေမဲ့ သူမက မြို့တော်ရဲ့ စည်းကမ်းတွေမသိဘဲ ကျေးလက်က အကတွေကို ပြသလို့ ရတယ်လို့ တကယ်တွေးခဲ့တာ သနားစရာပဲ။ ဒီတော့ သူမက လူတိုင်းရဲ့ ရှေ့မှာ သီချင်းဆိုပြီး ကပြခဲ့တယ်။ လှေက
ယိုင်းယိုင်သွားတယ်။ သူမရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အကကို ဘယ်သူကမှ မကြည့်နိုင်ကြဘူး။ အဲဒါက ကြည့်တဲ့သူတွေကို မရပ်မနား ရယ်စေတယ်။
အဲ့နေ့ပြီးခါနီးမှာ တစ်ယောက်ယောက်က သူမရဲ့ ဂါဝန်ကို တက်နင်းမိပြီး သူမက ရေထဲကို ပြုတ်ကျသွားတယ်။ အဲ့ မတော်တဆက အကုန်လုံးအတွက်
လှောင်ပြောင်စရာနဲ့ ရယ်စရာကြီး တစ်ခုဖြစ်လာတယ်။ အဲဒါအပြင် သူမ ရေထဲကနေ အဆယ်ခံရတဲ့ အချိန်မှာ သူမက ရွှဲရွှဲစိုနေပြီးတော့ အဲ့အချိန်မှာပဲ
ယောက်ျားတစ်ယောက်ရဲ့ ချစ်ရေးဆိုထားတဲ့ ကဗျာပါတဲ့ လက်ကိုင်ပုဝါက သူမရဲ့ အဝတ်ထဲကနေ ထွက်ကျလာတယ်။
တစ်ဆင့်ပြီးတစ်ဆင့် အဲဒါက တကယ့် ရယ်စရာ ဖြစ်သွားတယ်။အခု ကျန်းစုစုက သူမကို ဒီလို လှောင်ပြောင်မှုမျိုး ထပ်လုပ်ဖို့ စီစဉ်ထားတယ်မလား။ကျန်းစုစုက သူမကို ကျန်းယွမ်က ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတစ်စုံနဲ့ စိုက်ကြည့်နေတယ်ဆိုတာ ခံစားနိုင်တယ်။ သူမက သူမ မမရဲ့ မသိနိုင်တဲ့
ရည်ရွယ်ချက်တွေကို ခံစားနေရတယ်။ နောက်ကို နည်းနည်း ပြန်ဆုတ်လိုက်ပြီး
"မမ"
နောက်တစ်စက္ကန့်မှာပဲ ကျန်းယွမ်က ပြုံးပြလိုက်ပြီး ဆန့်ကျင်ဘက် ဖြေလိုက်တယ်။
"မမရဲ့ အကက သိပ်မကောင်းပေမဲ့ ညီမလေးက မြင်ချင်နေမှတော့ မမက ညီမလေးအတွက် ကပြရတော့မှာပေါ့။ အဲဒါ မကောင်းပေဘူးလား"
သူမရဲ့ ဒီစကားကို ကြားလိုက်ရတာက တော်တော်
ခေါင်းခြောက်စေတယ်။ သူမကို အံ့အားသင့်စေပြီး သူမရဲ့ ရည်ရွယ်ချက်က ယုတ်ညံ့လွန်းပြီး သူမကို သနားတဲ့ ခံစားချက်ဖြစ်အောင် လှုံ့ဆော်ပေးတဲ့
ကျန်းစုစုနဲ့ ယှဉ်ရင် ကျန်းယွမ်ရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်က မဟာဆန်တယ်။
လူတွေအများကြီးရဲ့ အကြည့်တွေက သူမရဲ့ ကိုယ်နေဟန်ထား အပေါ်ကို အာရုံစိုက်လာကြတယ်။ ကျင်းဆောင်းလှေပေါ်မှာ ရှောင်ရှို့က သူမရဲ့ အသံကို ကြားတဲ့အချိန်မှာ သူက သူကို ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now