part 103(2)

2.1K 269 3
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြိုး

Part 130

အခန်း - ၁၀၃ အပိုင်း(၂)

ရထားလုံးက လမ်းတစ်လျှောက် သွားနေရင်း ရုတ်တရက် ရပ်သွားတယ်။ အံ့အားသင့်စွာနဲ့ လန်ချောင်က ရထားလုံးလိုက်ကာကို မလိုက်တယ်။
“ဘာဖြစ်လို့လဲ။”
ကျန်းယွမ်က သူမ ခေါင်းကို မော့လိုက်ပြီး လိုက်ကာထောင့်ကို လှမ်းကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံကို တွေ့လိုက်တယ်။ သူမရဲ့ စိတ်ထဲကို အတွေးတစ်ခု ဝင်လာပြီးတော့ သူမက ရထားလုံးမောင်းတဲ့သူကို ပြောလိုက်တယ်။
“ခဏလောက် ရပ်ထားလိုက်ဦး။”
သူတို့ ရပ်လိုက်တဲ့နေရာက လမ်းကြားလေးထဲမှာ ဖြစ်နေပြီးတော့ လူသွားလူလာနည်းတယ်။ ပိုင်ကျီက နည်းနည်း စိတ်ပူနေပေမဲ့ ကျန်းယွမ်ကတော့ ရထားလုံးပေါ်ကနေတောင် စဆင်းနေပြီဖြစ်တယ်။
အောက်ကို ရောက်တောနဲ့ သူမရှေ့က အထီးကျန်တဲ့ပုံနဲ့ အနက်ရောင်ဝတ်စုံထဲမှာ ကျက်သရေရှိနေတဲ့ သူကို သူမတွေ့လိုက်ရတယ်။ ဒါပေမဲ့ လမ်းကြားက တစ်နည်းနည်းနဲ့ သူ့ကြောင့် လင်းလာသလိုပဲ။
သူမက‌ ရှောင်ရှို့ကို သွားတွေ့တုန်းမှာ ပိုင်ကျီနဲ့ လန်ချောင်တို့ကို ရထားလုံးထဲမှာပဲ နေခိုင်းခဲ့တယ်။ သူမက သူ့ရှေ့ရောက်တော့ သူမက ပြောလိုက်တယ်။
“ရှောင်လူကြီးမင်း။”
ရှောင်ရှို့က ခေါင်းငုံ့လိုက်ပြီးတော့ သူမကို ကြည့်လိုက်ပြီး ခဏတွေးပြီးတော့ မေးလိုက်တယ်။
“မင်းတကယ်ပဲ မယ်တော်ယိတျယ်နဲ့ အတူ တော်ဝင်ဘိုးဘေးဘုရားကျောင်းကို သွားမလို့လား။”
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။
“အင်း။ ကျွန်မ မယ်တော်ယိတျယ်ကို အဖော်ပြုပေးရတာ ကံကောင်းတာပဲ။”
ခဏရပ်လိုက်ပြီးတော့ သူက ရှောင်ရှို့ကို ကြည့်လိုက်တယ်။
“ဂုဏ်ပြုညစာစားပွဲမှာ ကျွန်မကို ကယ်ပေးတဲ့အတွက် ရှောင်လူကြီးမင်းကို ကျေးဇူးအများကြီး တင်ပါတယ်။”
“မင်းက တမင်ဒဏ်ရာရအောင် လုပ်တာဆိုတော့ ငါလည်း ဓားချီကို ထိန်းပြီးတော့ မင်းကို သိပ်ဒဏ်ရာမရအောင်ပဲ ထိန်းနိုင်ခဲ့တယ်။ အဆုံးမှာ မင်းက ဒဏ်ရာရတုန်းပဲ။ ငါ တောင်းပန်ပါတယ်။”
ရှောင်ရှို့က လေးလေးနက်နက် ပြောလိုက်တယ်။
ကျန်းယွမ်က အံ့အားသင့်သွားတယ်။ သူက ဓားဖျားနဲ့ ထိဖို့ လုပ်တယ်ဆိုတာ သူက တကယ် သတိပြုမိတာပဲ။ ချက်ချင်းပဲ သူမ ရှုပ်ထွေးတဲ့ ခံစားချက်တချို့ကို ခံစားမိသွားတယ်။ ဒါပေမဲ့ သူမက ပြုံးပြီးတော့ ပြောလိုက်တယ်။
“ယွမ်နိုင်နဲ့ ရှောင်လူကြီးမင်းက ကွဲပြားပါတယ်။ ကျွန်မက တစ်ခုခုကို လိုချင်ရင် ကျွန်မက ကျွန်မကိုယ်ကျွန်မ လုပ်နိုင်သမျှ အကုန်လုပ်ရတယ်။ ဘာလို့လဲဆိုတာ့ ဒါမှ ကျွန်မရည်ရွယ်ထားတာကို ရမှာဖြစ်တယ်။ တကယ်လို့ ကျွန်မက ဓားချက်ကို မကာရင် ကျွန်မက ကျွန်မရည်ရွယ်ထားတာ ရမှာမဟုတ်ဘူး။”
“မင်း လိုချင်တာ ရခဲ့ရဲ့လား။”
ရှောင်ရှို့က မေးလိုက်တယ်။
ကျန်းယွမ်က အဝေးကို ကြည့်လိုက်ရင်း ပြန်ဖြေလိုက်တယ်။
“မကြာခင်မှာရမှာပါ။”
ရှောင်ရှို့ရဲ့ လှပတဲ့ မျက်ဝန်းတစ်စုံက ခံစားချက်တချို့ ဖြတ်သန်းသွားတယ်။ သူ နှုတ်ခမ်းစိလိုက်ပြီးတော့ သူ့အင်္ကျီထဲက ပစ္စည်းတစ်ခု ထုတ်လိုက်ပြီးတော့ ကျန်းယွမ် လက်ထဲ ထည့်ပေးလိုက်တယ်။
အဲ့ပစ္စည်းက လက်ရာမြောက်ပြီး သပ်ရပ်တဲ့ ဓားမြှောင်တစ်ချောင်းဖြစ်ပြီးတော့ လက်ကိုင်မှာ မြတုံးတစ်တုံး ထည့်ထားတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ အဲဒါက ထူးခြားတဲ့ပစ္စည်းဆိုတာ ပြောနိုင်တယ်။ ကျန်းယွမ်က အဲဒါကို အရင်က မြင်ဖူးတယ်။ ဒါက ရှောင်ရှို့ကိုယ်နဲ့မကွာ အမြဲတမ်း ဆောင်ထားတဲ့ ဓားမြှောင်မလား။ ကြက်သေသေသွားပြီးတော့ သူမက မေးလိုက်တယ်။
“ရှောင်လူကြီးမင်း ဒါက…..”
“တော်ဝင်ဘိုးဘေးဘုရားကျောင်းမှာနေတုန်း မင်း လုံးဝလုံခြုံမှာ မဟုတ်ဘူး။”
ရှောင်ရှို့က ပြန်ပြောလိုက်တယ်။
“အဲဒါက အကူအညီတချို့ ရလောက်တယ်။”
သူက ဆက်ပြောတယ်။
“ငါ မောင်နယ်စပ်ကို ထပ်သွားရဦးမယ်။ မင်းဘေးနားကနေ နောက်ထပ် ရက်အနည်းငယ် ထွက်သွားရမှာဆိုတော့ မင်းကို လာနှုတ်ဆက်တာ။”
ကျန်းယွမ် အံ့အားသင့်သွားတယ်။ ဒီလူက ထူးဆန်းနေတယ်။ ဘာလို့ သူက သူမကို သူ့ခရီးအကြောင်းကို ပြောတာလဲ။ သူမလက်ထဲက ဓားမြှောင်ကို ကိုင်ထားရတာက သူမရဲ့ နှလုံးသားကို တစ်ခုခု လေးလံတာနဲ့ ဖိထားသလို ခံစားရတယ်။ ကျန်းယွမ် ခေါင်းခါလိုက်တယ်။
“ဒါက ရှောင်လူကြီးမင်းအတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုပဲ။ ကျွန်မကို ခွင့်လွှတ်ပါ။ ကျွန်မ ဒါကို မယူနိုင်ဘူး။”
“မင်းရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်ပါ။”
ရှောင်ရှို့က ပြန်ပြောလိုက်တယ်။
“အာ”
ကျန်းယွမ်ထက်ပြီးတော့ ကြောင်သွားတယ်။
ရှောင်ရှို့က ရှင်းပြတယ်။
“ဒီဓားမြှောင်က မင်းအတွက် မွေးနေ့လက်ဆောင်ပါ။”
ဒါကို ပြောပြီးတော့ သူကဆက်ပြောတယ်။
“ပေးပြီးသား ဖြစ်တဲ့အတွက် ငါ ဒါကို ပြန်ယူစရာ အကြောင်း မရှိဘူး။”
အဲ့လိုပြောပြီးတော့ သူက အဲ့ဓားမြှောင်ကို သူဘယ်တော့မှ ပြန်ယူမှာမဟုတ်ဘူးလို့ သန္နိဌာန်ချထားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
သူမရဲ့ ရင်ထဲမှာ သူမက မရယ်ဘဲ မနေနိုင်ခဲ့ဘူး။ ပုံမှန်ဆိုရင် ရှောင်ရှို့က အမြဲတမ်း တည်ကြည်ပြီးတော့ ခံစားချက်မဲ့တဲ့ အသွင်အပြင်ရှိလို့ သူက ဒီလို ကလေးဆန်တဲ့ အပြုအမူကို ဘယ်တော့မှ မပြဘူး။ အဲဒါ အရမ်း အံ့အားသင့်စရာကောင်းတာပဲ။
သူမ‌ ရှေ့က သူကို ကြည့်လိုက်တော့ သူက လှပတ့ အနက်ရောင်ချည်ထိုး အဝတ်အစားကို ဝတ်ဆင်ထားပြီးတော့ သီးသန့်နေတဲ့ စိတ်ထားရှိပုံပေါ်တယ်။ ဒီခန့်ညားတဲ့ သူ့ရဲ့ မျက်နှာက အေးစက်ပြီးတော့ အဖက်မလုပ်ပဲနေတဲ့ပုံပေါ်ပေမဲ့ ရည်မွန်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းထားတဲ့ လေထုရှိတယ်။ ဒါပေမဲ့ အဲ့ နက်နဲပြီး နက်မှောင်တဲ့မျက်လုံးတစ်စုံက ဒီအချိန်မှာ ညကောင်းကင်ယံလို တောက်ပပြီးတော့ သူမအပေါ်မှာ တဇွတ်ထိုးနိုင်တဲ့ အရိပ်အမြွတ်ကို သယ်ဆောင်လာတယ်။
ဒီလိုလူမျိုးနဲ့ သူမရဲ့ ပါးတွေက အဲ့အသေဖြစ်နေပြီးတော့ စိတ်ကူးယဉ်ဆန်တဲ့ အကြည့်တွေအောက်မှာ တစ်နည်းနည်းနဲ့ လောင်လာတော့မယ်လို့ ထင်လိုက်ရတယ်။ ဒါပေမဲ့ သူမ သတိပြန်ဝင်လာတော့ သူမကိုယ်သူမ ပြန်ပြီးကျိန်ဆဲလိုက်တယ်။ သူမက အရမ်းငယ်သေးတယ်။ ရှောင်ရှို့ရဲ့ မျက်စိထဲမှာ သူမကို မိန်းမပျိုလေးအဖြစ်နဲ့ မှတ်ယူမှာ မဟုတ်ဘူး။ ဘာလို့ သူမက ရှက်စရာလိုမှာလဲ။
“ရှောင်လူကြီးမင်းကို ကျေးဇူးအများကြီး တင်ပါတယ်။”
သူမက တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်တယ်။
ရှောင်ရှို့ရဲ့ အကြည့်က ကျန်းယွမ်ရဲ့ လက်ကောက်ဝတ်ကို ရောက်သွားပြီးတော့ သူက ရုတ်တရက် ပြောလိုက်တယ်။
“အဲဒါက မင်းနဲ့ အရမ်းလိုက်တယ်။”
ကျန်းယွမ် သူမရဲ့ လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ သွေးလလက်ကောက်က အပြာရောင်အလင်းထွက်ပေါ်နေတယ်။ ရှောင်ရှို့ကြည့်တာ ခံလိုက်ရတော့ ကျန်းယွမ်က ချက်ချင်းပဲ သူမရဲ့ လက်ကို ပျားတုတ်ခံလိုက်ရသလိုပဲ အောက်ကို နှိမ့်လိုက်ပြီးတော့ သူမရဲ့ အင်္ကျီလက်နဲ့ လက်ကောက်ဝတ်ကို ကာလိုက်တယ်။ သူမက နည်းနည်းစိတ်တိုသွားတယ်။ ဘာလို့ သူ ဒီနေ့ အရမ်းထူးဆန်းနေတာလဲ။ သူတို့နှစ်ယောက်လုံးက မြို့တော်ကနေ ထွက်သွားတာကြောင့် ဖြစ်မှာပါလို့ ယူဆလို့ရတယ်။ ဒီမဟာမိတ်ကနေ ထပ်ပြီးတော့ အကူအညီတောင်းခဲ့ရတယ်။ ဒါပေမဲ့ သူက ဒီလိုတွေ တိတိကျကျလုပ်လို့ နည်းနည်းတော့ ဦးနှောက်ခြောက်ရတယ်။
သူမက ရှောင်ရှို့နဲ့ နည်းနည်းပါးပါး ဆက်ပြောပြီးတော့ သူမက ရထားလုံးဆီကို အမြန်ပြန်သွားလိုက်တယ်။ ရထားလုံးက တကျွီကျွီနဲ့ လမ်းကြားထဲကနေ ထွက်သွားတယ်။ ဝတ်ရုံနက်လူငယ်က သဘာဝအတိုင်း ကျက်သရေရှိပြီးတော့ ထူးကဲတဲ့ ထင်းရှူးပင်တစ်ပင်လို မယိမ်းမယိုင်နဲ့ မတ်တပ်ရပ်နေတယ်။ သူက ရထားလုံး တဖြည်းဖြည်းနဲ့ အဝေးကို ရွေ့သွားတာကို ကြည့်နေပြီးတော့ ပြီးတော့မှပဲ လှည့်ပြီးထွက်သွားတယ်။
ရထားလုံးထဲမှာ ကျန်းယွမ်က အတွေးထဲမှာ နစ်မျောနေတယ်။ သူမရဲ့ အရင်ဘဝမှာ အခုကစပြီး နောက်သုံးနှစ်နေရင် ဘာဖြစ်နေတာပါလိမ့်။
* * *
အဲ့အချိန်မှာ ကျန်းအိမ်တော်ထဲမှာ ဝရုန်းသုန်းကား ဖြစ်နေတယ်။
ရှယန်က ကျန်းယွမ် မယ်တော်ယိတျယ် တော်ဝင်ဘိုးဘေးဘုရားကျောင်းကို အဖော်ပြုပေးမယ့် အကြောင်းကိုပဲ တွေးစရာရှိပြီးတော့ တစ်ယောက်ယောက်က သူမရဲ့ နှလုံးသားကို ဓားနဲ့ ထိုးနေသလို ခံစားနေရတယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလို အခွင့်အရေးမျိုးက ကျန်းယွမ်လို ကောင်မမျိုးလက်ထဲ ရောက်သွားရတာလဲ။
ကျန်းစုစုက အရင်ရက်တွေမှာ ဖြူဖျော့နေပြီးတော့ လူမမာရုပ်ပေါက်နေပြီးတော့ အဲ့နေညက ဂုဏ်ပြုညစာစားပွဲမှာ ရွှမ်းလီပြောခဲ့တဲ့ စကားတွေက သူမရဲ့ နှလုံးသားကို ဓားနဲ့ထိုးလိုက်သလိုပဲ။ သူမက အဲဒါကို လက်မခံနိုင်ခဲ့ဘူး။ မမျှော်လင့်စွာနဲ့ ဒီလို တက်ကြွပြီး ခန့်ညားတဲ့ လူငယ်တစ်ယောက် ကြိုက်တဲ့သူက ကျန်းယွမ် ဖြစ်နေရတယ်လို့။ အဲဒါကြောင့် ကျန်းယွမ် ထွက်သွားတော့မယ် ဆိုတဲ့ သတင်းကို ကြားတော့ သူမက ရယ်လိုက်ပြီး ပြောလိုက်တယ်။
“ကောင်းပြီလေ နင်ထွက်သွားတာကောင်းတယ်။ ပြီးတော့ တော်ဝင်ဘိုးဘေးဘုရားကျောင်းမှာ နင်သေသွားရင် ပိုပြီးတော့တောင် ကောင်းဦးမှာ။”
သူမက ရှယန်ကို ကြည့်ပြီးတော့ ပြောလိုက်တယ်။
“အမေ သမီးလည်း မိသားစုဘိုးဘေးဘုရားကျောင်းကို သွားချင်တယ်။”
“သမီး ရူးများသွားပြီလား။”
ရှယန်က အလန့်တကြားပြောလိုက်တယ်။
“မိသားစုဘိုးဘေးဘုရားကျောင်းကို သွားမလို့လား။ သမီး မိသားစုဘိုးဘေးဘုရားကျောင်းကို သွားတာက သမီးရဲ့ ဘဝကို ဖျက်ဆီးတာနဲ့ အတူတူပဲဆိုတာကို မသိဘူးလား။”
ကျန်းစုစုက ပုံမှန်လို မတက်ကြွတော့ဘူးဖြစ်တယ်။ သူမရဲ ဖြူဖျော့တဲ့ မျက်နှာပေါ်မှာ တည်ငြိမ်တဲ့ မျက်နှာနဲ့ သူမက ပြန်ပြောလိုက်တယ်။
“အမေ သမီးအဲဒါကို တွေးပြီးပြီ။ သမီး မိသားစုဘိုးဘေး ဘုရားကျောင်းကို သွားချင်တယ်။ သမီးအဖေ့ကိုလည်း မေးပြီးပြီ။ ပြီးတော့ သူကလည်း လက်ခံပြီးပြီ။”
“စုအာ သမီးဘာဖြစ်နေတာလဲ။”
ရှယန်က ထိတ်လန့်တကြားပြောလိုက်တယ်။
သူမက ကျန်းစုစု ဒီလို ပြုမူနေတာကို မြင်တော့ မသက်မသာ မဖြစ်ဘဲ မနေနိုင်ခဲ့ဘူး။
“ဘာမှ မဖြစ်ပါဘူး။”
ကျန်းစုစုက ဆက်ပြီးတော့ စကားမပြောချင်တော့သလို တခြားဘက်ကို လှည့်လိုက်တယ်။
“သမီးက အိမ်တော်ထဲမှာ နေရတဲ့ ရိုးရှင်းတဲ့ဘဝကို ငြီးငွေ့လာပြီ။ မိသားစုဘိုးဘေးဘုရားကျောင်းကို သွားပြးတော့ ငြိမ်းချမ်းတဲ့စိတ်ထားကို ခံစားချင်တယ်။ ကျန်းယွမ်ကလည်း တော်ဝင်ဘိုးဘေးဘုရားကျောင်းကို သွားမှာ မဟုတ်ဘူးလား။ ဘာလို့ သမီးကလည်း အတူတူမလုပ်နိုင်ရမှာလဲ။ ဒါက ကောင်းတဲ့ဂုဏ်သတင်း ရမယ့်ကိစ္စပဲ မဟုတ်ဘူးလား။ သူမက ဒါကို အားထားပြီးတော့ ဒီလောက် လာနိုင်တာမလား။ နောက်သုံးနှစ်ကြာရင် သမီးလည်း အတူတူလုပ်နိုင်ရမှာပေါ့။”
ရှယန်က သူမကို ထပ်ပြီးတော့ စည်းရုံးချင်ပေမဲ့ ကျန်းစုစုက ပြောလိုက်တယ်။
“အမေ ထပ်ပြီးတော့ ပြောစရာ မလိုတော့ပါဘူး။ သမီး စိတ်ကို သတ်မှတ်ပြီးပြီ နောက်ထပ် ရက်နည်းနည်းကြာရင် သမီးထွက်သွားတော့မယ်။”
ကျန်းအိမ်တော်မှာ ကျန်းယွမ်က မယ်တော်ယိတျယ်ကို အဖော်ပြုမှာကို မနာလိုဖြစ်နေတဲ့ နောက်ထပ် တစ်ယောက်ရှိသေးတယ်။ အဲဒီလူက ကျန်းလီဖြစ်တယ်ဆိုတာ ပြောစရာမလိုဘူး။ ကောင်းတာဖြစ်နေတဲ့သူမှန်သမျှကို သူမက မနာလိုဖြစ်နေတာဖြစ်တယ်။ သူမက ကျိုးလန်ကျောင်းနဲ့ လက်ထပ်ရတော့မှာ ဆိုပေမဲ့ ကျန်းယွမ်က သူမကိုယ်သူမ တော်ဝင်မိသားစုထဲကို တိုးဝင်နိုင်တာကို တွေးမိတော့ သူမက မနာလိုဖြစ်နေတယ်။
ကျန်းတန်ရဲ့ ခြံဝန်းထဲမှာတော့ ကျန်းတန်က သူမရဲ့ အိပ်ရာထဲမှာ လှဲနေပြီးတော့ နုံးခွေနေပြီးတော့ လူမမာရုပ်ပေါက်နေတယ်။
အစေခံတစ်ယောက်က ငိုရင်းနဲ့ ပြောလိုက်တယ်။
“သခင်မလေး ဒီလိုတွေ ဖြစ်ခဲ့ပေမဲ့ ကျေးဇူးပြုပြီး တစ်ခုခုတော့ စားပါဦး။ တကယ်လို့ ဒီလိုဆက်နေနေရင် သခင်မလေး အားပြတ်သွားလိမ့်မယ်။”
“ငါဒါကို မကျေအေးနိုင်ဘူး။”
ကျန်းတန်က အက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်တယ်။
“ငါ အမြန် ငါ့ရဲ့ အနာဂတ်ကို စိတ်ချရအောင် အမြန်လုပ်ခဲ့ပေမဲ့ ဒီလိုအဆုံးသတ်ပဲ ရခဲ့တယ်။ ကျန်းလီက ငါ့ရဲ့ လက်ထပ်ပွဲကို လုယူသွားတယ်။ ကျန်းစုစုက အဖေ ကာပေးတာ ခံထားရပြီးတော့ ကျန်းယွမ်တောင်မှ…. ။ ငါက သူမရဲ့ အခြေအနေက ငါ့ထက် မသာဘူးလို့ တွေးထားတာ။ အခုတော့ သူမက လွန်လွန်ကဲကဲ မြှောက်စားတာတောင် ခံနေရပြီး စိန်နားကပ်ရောင်နဲ ပါးပြောင်နေတယ်။ ဒါပေမဲ့ ငါကျ ဘာရလိုက်လဲ။”
သူမရဲ့ မျက်ဝန်းတွေက ခဏလောက် မှောင်မိုက်သွားပြီးတော့ သူမက သိမ်မွေ့စွာ ဆက်ပြောတယ်။
“ငါ ဒါကို မကျေအေးနိုင်ဘူး။ ငါ သူတို့ အားလုံးထက် သာတဲ့ ဘဝမှာ နေရတဲ့ နေ့ရှိလာမှာ။ ပြီးတော့ သူတို့အားလုံးက ငါ့ကို မော်ကြည့်နေရမှာ။”
ကြည့်ရတာ ကျန်းအိမ်တော်ထဲမှာ အပျော်ဆုံးလူက ကျန်းသခင်မကြီးပဲ ထင်တယ်။ ပြီးတော့ ကျန်းယွမ်ရဲ့ မိသားစုနာမည်က ‘ကျန်း’ ဆိုတော့ သူမက ကျန်းမိသားစုရဲ့ မိသားစုဝင်ဖြစ်ပြီးတော့ တခြားသူတေွ ဘာပဲတွေးတွေး အပြင်လူတွေက ကျန်းယွမ်အကြောင်းပြောရင် သူတို့က သူမက ကျန်းအိမ်တော်က မိန်းမပျိုလေးဆိုတာ သိမှာဖြစ်တယ်။ ဧကရာဇ် ကျန်းယွမ်အပေါ်ကို သဘောကျတာက ကျန်းအိမ်တော်အပေါ်ကို သဘောကျတာနဲ့ အတူတူပဲ။ သူမက ဒီအကြောင်းကို တွေးမိတော့ ကျန်းယွမ်နဲ့ သူမအစ်ကိုက သူမရဲ့ မျက်လုံးထဲမှာ ပိုပြီးတော့ ကျေနပ်စေတယ်လို့ သူမ ခံစားလိုက်ရတယ်။
ဒီအချိန် ယွမ်ဂျူထဲမှာ ကျန်းရှင်းကျီက ကျန်းယွမ်ကို စကားပြောနေတယ်။ ကျန်းယွမ်က သူ ထျန်ကျင်းနိုင်ငံတော်ကို သိမ်းပိုက်တဲ့ စစ်မြေပြင်ကို သွားမယ့်သတင်းကို ရပြီးသားဖြစ်တယ်။ သူမရဲ့ အရင်ဘဝမှာ ထျန်ကျင်းနိုင်ငံနဲ့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ကြားက စစ်ပွဲက ငါးနှစ်ထက် မကြာပေမဲ့ အဲ့အချိန်တုန်းက ကျန်းရှင်းကျီက မရှိတော့ဘူးဖြစ်တယ်။ အခုဒီအဖြစ်အပျက်က ဒီဘဝမှာ ထပ်ဖြစ်ပြီးတော့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်က ဒီတိုက်ပွဲကနေ နိုင်လာမှာဆိုပေမဲ့ အဲဒါက ဝမ်းနည်းစရာ အောင်မြင်မှုဖြစ်လာနိုင်တယ်။ ထျန်ကျင်းနိုင်ငံတော်က အရမ်းအထင်ကြီးရလောက်တဲ့ စစ်တပ်အကြံပေးရှိပြီးတော့ ဒီကောက်ကျစ်တဲ့ အကြံပေးနဲ့ သစ္စာမဲ့တဲ့ လက်နက်တွေ ရှိတာကြောင့် ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်က လူအရေအတွက် များပေမဲ့ သူတို့က မရှုံးရုံတမယ်ပဲ။
တကယ်တော့ ကျန်းရှင်းကျီက ဆုံးဖြတ်ချက်အခိုင်အမာ ချပြီးပြီဖြစ်ပေမဲ့ ကျန်းယွမ်အတွက် စိတ်ပူနေတာဖြစ်တယ်။ ကံကောင်းစွာနဲ့ သူ အိမ်တော်ကို ပြန်ရောက်တာနဲ့ သူကြားရတဲ့သတင်းက မယ်တော်ယိတျယ်က ကျန်းယွမ်ကို သူမနဲ့အတူ ခေါ်သွားချင်တဲ့သတင်းဖြစ်တယ်။ သူက သူ့နှလုံးသားပေါ်က ကျောက်တုံးကြီးက အဖယ်ခံလိုက်ရသလို ခံစားလိုက်တယ်။ ဒါပေမဲ့ သူက နည်းနည်း သံသယရှိနေသေး ပြီးတော့ ပြောလိုက်တယ်။ “မယ်တော်ယိတျယ်က ညီမလေးကို သူမနဲ့ ဘာကြောင့်ခေါ်သွားချင်လဲဆိုတာကို ကိုကြီးမသိပေမဲ့ ဩဇာရှိတဲ့သူတွေနဲ့ နီးနီးကပ်ကပ်နေတာက ကျားနဲ့ နီးနီးကပ်ကပ်နေသလိုပဲ။ မယ်တော်ယိတျယ်ကလည်း ခြွင်းချက်မဟုတ်ဘူး။ အားယွမ် ညီမလေး ညီမလေးရဲ့ လိမ္မာပါးနပ်မှုကို အသုံးချပြီးတော့ နားနဲ့ သေချာနားထောင်ပြီးတော့ ညီမလေး ဘယ်တော့မှ မလိုအပ်ဘဲ မစွန့်စားရဘူး။”
ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“ကိုကြီး ညီမလေးအတွက် စိုးရိမ်စရာ မလိုပါဘူး။ ညီမလေးမှာလည်း ညီမလေးကိုယ်ပိုင် အကြံတွေ ရှိပါတယ်။”
သူမက ကျန်းရှင်းကျီက သူမကြောင့် စစ်မြေပြင်ကို သွားမှာဆိုတာကို သိတယ်။ တကယ်လို့ သူက သူမကို ဂရုတစိုက်နဲ့ပိုပြီး ကာကွယ်ချင်တာကြောင့်သာမဟုတ်ရင် ကျန်းရှင်းကျီက ဘာလို့ ဒီလိုရက်စက်ပြီး သွေးသံရဲရဲ လှုပ်ရှားမှုမှာ ပါဝင်ပါ့မလဲ။ သူမရဲ့ အတိတ်ဘဝမှာ သူက လူထုအရာရှိ မိသားစုက စာပေတတ်မြောက်ပြီးတော့ ချောမောတဲ့ သခင်လေးဖြစ်ပြီးတော့ အရင်က စုတ်တံပဲ ကိုင်တဲ့သူ့ရဲ့ လက်တွေက အခု ဓားကိုင်နေရပြီးတော့ သူ့ရဲ့ သန့်ရှင်းသန့်ပြန့်တဲ့ အဖြူရောင်ဝတ်စုံကလည်း တိုက်ပွဲ ချပ်ဝတ်အဖြစ် ပြောင်းသွားခဲ့ပြီဖြစ်တယ်။
သူမက ပြောတယ်။
“ကျေးဇူးတင်ပါတယ် ကိုကြီး။”
ကျန်းရှင်းကျီက သူမရဲ့ ခေါင်းကို ဖွဖွပုတ်ပြီးတော့ ဘာမှမပြောခဲ့ဘူး။
* * *
မယ်တော်ယိတျယ် မြို့တော်ကနေ ထွက်ခွာတဲ့နေ့မှာ အဲ့မှာ ဝေါယာဉ်သုံးဆယ့်ခြောက်ခုရှိပြီး လက်ရွေးစင်တော်ဝင် သက်တော်စောင့်တွေရှိပြီးတော့ နှစ်ဖက်လှ ပုံဖော်ရက်လုပ်ထားတဲ့ ပိုးထည်ချည်ထည်ပါတဲ့ ရထားလုံး ရှစ်ဆယ့်ငါးစီးနဲ့ ကျောက်စိမ်းပါတဲ့ ရထားလုံး ရှစ်ဆယ့်ငါးစီးရှိတယ်။ အဲ့ရထားလုံးတွေ ရွှေ့တာနဲ့ ယာဉ်တန်းကြီးက ခမ်းနားပြီးတော့ ခံ့ညားထည်ဝါတဲ့ မြင်ကွင်းပဲ။ ဧကရာဇ်က နန်းတွင်းတံတိုင်းရဲ့ ထိပ်မှာ မတ်တပ်ရပ်နေပြီးတော့ ယာဉ်တန်းကြီး ရွေ့သွားတာကို ကြည့်နေတယ်။
ကျန်းရှင်းကျီရဲ့ မျက်လုံးတွေက သူ့ရဲ့ အင်တင်တင်ဖြစ်နေတာကို ပြနေတုန်းပဲ။ ကျန်းယွမ်က သူမရဲ့ လက်ထဲက စာရွက်ကို သူ့အင်္ကျီထဲကို လျှို့ဝှက်စွာ ထည့်ပေးလိုက်တယ်။ ကျန်းရှင်းကျီက ကြောင်သွားပေမဲ့ ကျန်းယွမ်က ပြုံးပြီးတော့ တိုးတိုးလေးပြောလိုက်တယ်။
“စာတစ်စောင်က ကိုကြီးအတွက်။ နောက်တစ်စောင်က မြို့တော်ရဲ့ မဟာဘုန်းတော်ကြီး ဟွိုင်ကျွဲ့အတွက်။ ကိုကြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်။”
အဲ့စာတွေက တစ်ညလုံးရေးထားတာဖြစ်ပြီးတော့ သူမရဲ့ မှတ်ဉာဏ်ထဲက အရာတွေ ရေးထားတာဖြစ်တယ်။ သူမရဲ့ အရင်ဘဝတုန်းက နန်းတွင်းထဲမှာ သူမက ထျန်ကျင်းနိုင်ငံနဲ့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်တို့ကြားက တိုက်ပွဲကို ကြားခဲ့ရတယ်။ နှစ်ဖက်လုံးရဲ့ တပ်တွေကြားထဲက တိုက်ပွဲတော်တော်များများက အထူးသဖြင့် အရမ်းကြောချမ်းစရာ ကောင်းပြီးတော့ နန်းတော်ထဲမှာ လူတွေက အသေးစိတ်နဲ့ ပြောကြတယ်။ သူမက သူမရဲ့ စိတ်ထဲမှာ လှန်လှောရှာပြီးတော့ သူမ အဲ့တိုက်ပွဲတွေ အကြောင်းကို မှတ်မိသလောက် အကုန်လုံးကို ကျန်းရှင်းကျီကို ပေးလိုက်တဲ့ စာရွက်ထဲမှာ ရေးထားတယ်။ တကယ်လို့ ကျန်းရှင်းကျီက သူမကို သံသယရှိမှာကို ဂရုမစိုက်ဘဲ သူမက ကျန်းရှင်းကျီရဲ့ လုံခြုံမှုကိုပဲ သေချာချင်တာဖြစ်တယ်။ လက်ရှိမှာ သူမက အချက်အလက်တွေကို အသေးစိတ်မှတ်မိဖို့ပဲ ဆုတောင်းပြီးတော့ အကုန်လုံးကို သူမ ဂရုတစိုက်နဲ့ နားမထောင်ခဲ့လို့ သူမကိုယ်သူမ ဒေါသထွက်နေခဲ့တယ်။ တကယ်လို့ သူမက နားထောင်ခဲ့ရင် ကျန်းရှင်းကျီရဲ့ ရှင်သန်နိုင်မှုက ပိုပြီး တိုးလာမှာဖြစ်တယ်။
မဟာဘုန်းတော်ကြီးဟွိုင်ကျွဲ့ရဲ့ စာအတွက်ကတော့ အဲဒါက သူမ မြို့တော်မှာ မရှိတဲ့ သုံးနှစ်တာကို ဖုံးကွယ်ထားတယ်။ သူမ က သူမရဲ့ အတိတ်ဘဝမှာ သူတို့ လုပ်ခဲ့တဲ့ ကိစ္စတွေ တော်တော်များများ ပါတာတော့ သေချာတယ်။
ကျန်းရှီကျီက ပြုံးလိုက်ပြီး လှည့်ထွက်မသွားခင် ပြောလိုက်တယ်။
“အားယွမ် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။”
လုကျူးက ရထားလုံးရဲ့ လိုက်ကာကို မလိုက်ပြီးတော့ အပြင်ကို ကြည့်ရင်းပြောလိုက်တယ်။
“အကုန်လုံးက အရမ်းအထင်ကြီးစရာ ကောင်းတာပဲ။ သခင်မလေးက မကြာသေးခင်ကမှ မြို့တော်ကို ပြန်ရောက်လာပြီးတော့ အခု ပြန်ထွက်သွားတာကပဲ ဝမ်းနည်းစရာကောင်းတာ။”
“ညီမလေး ဝမ်းမနည်းပါဘူး။”
ကျန်းယွမ်က ပြုံးပြပြီး ပြောလိုက်တယ်။ သူမက အပြင်ကို ကြည့်လိုက်တော့ ကျန်းရှင်းကျီရဲ့ အပေါ်ရုံက လေထဲမှာ လွင့်နေတာကို မြင်နိုင်သေးတယ်။ ပြီးတော့ ဘာဖြစ်လာမလဲဆိုတာကို မသိရဘူး။ နောက်သုံးနှစ်ကြာလို့ အနာဂတ်က သူမက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ ဘာဖြစ်မလဲဆိုတာကို မသိဘူး။ ဒီဗိုလ်ချုပ်ငယ်လေးက တိုက်ပွဲကို ချီတက်တော့မှာဖြစ်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ မောက်မာမှုနဲ့ ဂုဏ်ကျက်သရေကို သူရရှိမှာဖြစ်တယ်။
‘ကိုကြီး ညီမလေးတို့က အခု ကွဲကွာနေကြပြီ။ ညီမလေးတို့နှစ်ယောက် နောက်သုံးနှစ်ကြာရင် အတူပြန်ဆုံရမယ့် ကံပါပြီးတော့ နှစ်ယောက်လုံးတခြားသူတွေရဲ့ အထက်မှာ ရပ်တည်နိုင်ပြီးတော့ မြင့်မြတ်တဲ့သူတွေကြားထဲက မြင့်မြတ်တဲ့သူတွေ ဖြစ်လာဖို့ ညီမလေး မျှော်လင့်ပါတယ်။’
သူတို့နှစ်ယောက် လှည့်ကြည့်လိုက်ပြီးတော့ နှစ်ယောက်လုံး နောက်ကို လှည့်မကြည့်ကြဘူး။ နှစ်တွေ အများကြီးကြာပြီးတော့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ကြီးက ကြီးပွားချမ်းသာပြီး မျက်စိပသာဒဖြစ်တဲ့ ကျန်းရှန်မြစ်ရဲ့ ပန်းချီကားလို လှပလာတဲ့အချိန်မှာ ဒီမြင်ကွင်းက လူတွေအများကြီး စိတ်ပါလက်ပါ ဆွေးနွေးကြတဲ့ မြင်ကွင်းဖြစ်မှာဖြစ်တယ်။ မြို့တော်တံခါးဝမှာ နှုတ်ဆက်နေကြတဲ့ ဒီဒဏ္ဍာရီလာ မောင်နှမနှစ်ယောက်က ဒီဘဝမှာ သူတို့ရဲ့ စစ်မှန်တဲ့ အောင်မြင်မှုရဲ့ အစဖြစ်လာမှာဖြစ်တယ်။
သူတို့ ခွာတွေကို ပေါက်နေရင်း မြင်းတွေက ဟီလိုက်တယ်။ နေမင်းက ထွက်ပေါ်လာပြီးတော့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ဆီကို အလင်းရောင်က ကျရောက်လာတယ်။ တောက်ပတဲ့ အနီရောင်တိမ်တိုက်တွေက လက်ရွေးစက်တပ်တွေ အပေါ်ကျရောက်လာပြီးတော့ တော်ဝင်ရထားလုံးက ထွက်လာပြီး ထည်ဝါ နွေးထွေးစွာနဲ့ ယာဉ်တန်းကြီး ရွှေ့သွားတာကို ညင်သာစွာ ကြည့်နေတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now