part66 (1)

2.8K 311 2
                                    

unicode
အခန်း - ၆၆

အပိုင်း (၁)

မီးပုံးပွဲတော်က မြင့်မြတ်တဲ့ ကျင်းနန်းဆက်မှာ ဆယ့်လေးနှစ်လုံး ကျင်းပခဲ့ပြီးတော့ ဒီနှစ်က အရင်နှစ်တွေထက် ပိုပြီး စည်ကားတယ်။ တစ်ညထဲနဲ့ ကျန်းယွမ်ရဲ့ နာမည်က မြို့တော်ထဲမှာ တော်တော်ကျော်ကြားသွားခဲ့တယ်။ အချိန်တစ်ခုမှာ မြို့တော်ထဲက လူတွေက ကျန်းအိမ်တော်က အခုမှပြန်ရောက်လာတဲ့ အကြီးဆုံး သခင်မလေးကျန်းယွမ်ရဲ့ ပြောမပြနိုင်လောက်အောင်လှပတယ်၊ အရမ်း အရည်အချင်းရှိတယ်၊ သူမမှာ ယဉ်ကျေးတဲ့ အပြုအမူတွေရှိတဲ့ အကြောင်းကိုပဲ ပြောနေကြတယ်။ တကယ်တော့ သူမက ကျန်းအိမ်တော်ရဲ့ ဒုတိယအမျိုးသမီးကို မကျော်ပါဘူး။

ကျန်းစုစု နောက်နေ့မနက်ကျ နိုးလာတော့ သူမက သေသေချာချာ ပြုလုပ်ထားတဲ့ ယုန်မီးအိမ်လေးကို သူမရဲ့ အိပ်ရာဘေးမှာ တွေ့လိုက်တယ်။ သူမက ရုတ်တရက် စိတ်မတိုခင် အဲ့တာကို ခဏလောက်ငေးကြည့်နေပြီးတော့ သူမက စူးရှတဲ့ အသံနဲ့ အော်လိုက်တယ်။

"အစေခံတွေ။ ကျင်းထန်၊ ဟူတျဲ။ "

ဟူတျဲက အခန်းထဲကို အမြန်ပြေးလာတယ်။

"သခင်မ ဘာဖြစ်တာလဲ။ "

ကျန်းစုစုက ယုန်မီးအိမ်ကို ညွှန်ပြပြီး ပြောလိုက်တယ်။

"ဘယ်သူ အဲ့တာကို ဒီမှာ လာထားတာလဲ။ "

ဟူတျဲကလည်း မီးအိမ်ကို မြင်လိုက်ရတာ လန့်သွားတယ်။

"ကျွန်မ ဒါကို ဒီမနက်တုန်းက မတွေ့မိပါဘူး။ ဘယ်လိုလုပ်ပြီး အဲ့လို ပေါ်လာတာလဲ။ "

ဒါကို ကြားလိုက်ရတော့ နောက်မှာရပ်နေတဲ့ တတိယအဆင့် အစေခံမလေး နျိုနျိုက ရှေ့ကိုလာပြီးတော့ ပြောလိုက်တယ်။

"အဲ့တာက အကြီးဆုံးသခင်မလေးရဲ့ အစေခံ ပိုင်ကျီက ဒီကို ပို့လိုက်တာပါ။ ဒီအစေခံက အဲ့မီးအိမ်ကို လှလို့ဆိုပြီး ဒီမှာထားလိုက်တာပါ။ "

"ပြီးတော့ နင့်ကို ဘယ်သူက ကိုယ့်ဆန္ဒအတိုင်းလုပ်ဖို့ ခွင့်ပြုထားလို့လဲ။ "

ကျန်းစုစုက ဆူလိုက်တယ်။

"သူ့ကို ခေါ်သွားလိုက်စမ်း။ "

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now