part 67(1)

2.7K 311 6
                                    


zawgyi
Part 58

အခန်း - ၆၇

အပိုင်း ( ၁က )

မြို့တော်ထဲက ဆောင်ကြာမြိုင် ဆယ့်နှစ်အိမ်ထဲကမှ ဆွဲဆောင်မှုအရှိဆုံးက ပိုင်ဟွာလိုပဲ။

ခမ်းနားတဲ့ ပိုင်ဟွာလိုက အချမ်းသာဆုံး ရှေ့လမ်းရဲ့ ရုရီလမ်းကြားမှာ ရှိတယ်။ ပိုင်ဟွာလိုမှာ ရှိတဲ့ အမျိုးသမီးတွေ အကုန်လုံးက ယောကျာ်းတွေကို သူတို့ရဲ့ သာယာမှုမှာ မွေ့လျော်ခိုင်းပြီးတော့ သူတို့ မိသားစုကို လျစ်လျူရှုခိုင်းသလိုမျိုး သူတို့ ကျွမ်းကျင်မှုနဲ့ သူတို့ရှိကြတယ်။ သူတို့က နေ့တိုင်း ပိုက်ဆံထောင်ပေါင်းများစွာ ရရှိကြပြီးတော့ အဲဒါက ချဲ့ကားပြောတာ မဟုတ်ပါဘူး။

ပိုင်ဟွာလိုက မိန်းကလေး မုတန်က အဲ့မှာ အကျော်ကြားဆုံးပဲ။ သူမက သိမ်မွေ့ပြီးတော့ မော်ကြွားပြီး အရမ်းဆွဲဆောင်မှုရှိတယ်။ သူမက အနောက်တိုင်းသွေးလည်းပါတော့ သူမရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ အသွင်အပြင်က ထိမိပြီးတော့ သူမရဲ့ ညှို့ယူဖမ်းစားတာပါ ပေါင်းထည့်လိုက်ရင် အသက်ရှုပါမှားစေတယ်။ ဆန့်ကျင်ဘက် အရည်အသွေးအကုန်လုံးက သူမရဲ့ ဆွဲဆောင်မှုကို ပို ကောင်းစေတယ်။ လူတွေအများကြီးက မိန်းမလှလေးရဲ့ နှလုံးသားနဲ့ ခန္ဓာကိုယ်ကို လိုချင်လို့ ပိုက်ဆံအမြောက်အမြား ကမ်းလှမ်းကြတယ်။ ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ မိန်းကလေးမုတန်က ဖျော်ဖြေကပြပြီးတော့ပဲ ပိုက်ဆံရှာပြီးတော့ သူမရဲ့ ခန္ဓာကိုယ်ကို မရောင်းခဲ့ဘူး။ ဒီနေ့ည မတိုင်ခင်ထိပေါ့။ သူမ ပိုင်ဟွာလိုကို ဝင်ရောက်ပြီး သုံးနှစ်အကြာမှာ ပထမဆုံးအကြိမ်အနေနဲ့ သူမက သူမရဲ့ ခန္ဓာကိုယ်ကို ရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်။

အဲ့အချိန်မှာ ပိုင်ဟွာလိုက အရမ်းလူစည်ကားနေပြီးတော့ ပင်မခန်းမကလည်း ပုတီးစေ့တွေ စီခြယ်ထားတဲ့ လိုက်ကာတွေကလည်း ချမ်းသားတဲ့ သခင်လေးတွေနဲ့ ပြည့်နှက်နေတယ်။ လူတိုင်းက မိန်းကလေးမုတန် ဂုဏ်ပြုတာခံရတဲ့ ဧည့်သည်ဖြစ်ချင်နေကြတယ်။

အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတဲ့ ဝတ်ရုံစိမ်းနဲ့ သခင်လေးက အလယ်မှာထိုင်နေတယ်။ သူ့ရဲ့ အသွင်အပြင်က ကြည့်ကောင်းပေမဲ့ သူ့ရဲ့ မျက်လုံးအောက်က အမာရွတ်က လူတွေကို စိတ်ပျက်စေတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒါ အရမ်းကြည့်ရဆိုးတယ်။ သူက သူ့ဘာသာ လက်တစ်ဖက်နဲ့ ယပ်ခပ်နေပြီးတော့ ပရောပရည်လုပ်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now