part61

2.7K 306 3
                                    

unicode

Part-51

အခန်း - ၆၁
ကျန်းယွမ်က လှေဦးပိုင်းမှာ နေနေပြီးတော့ သူမက ဒီကမ္ဘာပေါ်မှာ မရှိသလို တိတ်ဆိတ်နေတယ်။ အကုန်လုံးက ခဏလောက် တိတ်ဆိတ်နေပြီးတော့
သူတို့ အမြင်အာရုံတွေ ညှို့ယူဖမ်းစားတာ ခံနေရတယ်။ တစ်ချိန်လုံး သူတို့ မျက်နှာပေါ်မှာ ရူးကြောင်ကြောင် မျက်နှာထားတွေနဲ့ သခင်လေးတွေက တစ်တွတ်တွတ်ပြောနေကြတယ်။
"ဒီလို အရမ်းလှတဲ့ မိန်းကလေးက လူ့ပြည်မှာလည်း ရှိသေးတာပဲလား။ သူမကို ဒီနေ့ ကြည့်လိုက်ရတာ ငါ သေသွားရင်တောင် နောင်တရမှာ မဟုတ်ဘူး။ "
လှေထဲမှာ ထိုင်နေတဲ့ ကျန်းစုစုရဲ့ အသားအရောင်က ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ သူမရဲ့ ပြုံးနေတဲ့ မျက်နှာက ချက်ချင်းပဲ ရက်စက်တဲ့ မျက်နှာထားအဖြစ် ပြောင်းလဲသွားတယ်။ ကျန်းလီက သူမလက်သီးတွေကို ဆုပ်လိုက်ရုံတင်မကဘူး သူမ သွားတွေ ကြေမွသွားလောက်တဲ့ အထိ အံတွေကြိတ်နေတယ်။ မင်းသားငါးက သူရဲ့ မျက်လုံးက လောဘကြီးမှု ဖြတ်သွားတာနဲ့ ပြောဖို့ ပါးစပ်ဟလိုက်တယ်။
"သူမက ကျန်းမိသားစုက ဒုတိယသခင်မလေးနဲ့ တန်းတူပဲ။ "
ရွှမ်းလီရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ မျက်နှားထားကို တွေ့ရတယ်။ တစ်နည်းနည်းနဲ့ သူက သူ့ကို ထူးထူးခြားခြား ဆွဲဆောင်နိုင်တဲ့ ဒီ မိန်းကလေးနဲ့ ပတ်သက်ပြီး အကြောင်းတစ်ခုခုရှိတယ်လို့ သူ ခံစားခဲ့ရတယ်။
လူအုပ်က ဆယ့်ငါးမိနစ်လောက် တိတ်ဆိတ်သွားတယ်။ ဗိုလ်ချုပ်အိမ်တော်က သခင်လေးက စအော်လိုက်တယ်။
"အလှရော အရည်အချင်းရောက မျှော်လင့်ထားတာထက်ကို ပိုတယ်။
မင်းကို မြို့တော်ရဲ့ နံပတ်တစ် အလှလေးလို့ ပြောတာက ချဲ့ကားပြောတာ မဟုတ်ဘူး။ "
ကျန်းယွမ်က လှည့်ကြည့်လိုက်တယ်။ သူမက ပြုံးလိုက်တယ်။ အဲ့အပြုံးက သူ့ကို ကျေးဇူးတင်တဲ့ပုံပဲ။ သခင်လေးရဲ့ မျက်နှာက သူ မိန်းမလှလေးအပေါ်
သူ့ရဲ့ အကြည့်က ရုတ်တရက် စွဲလမ်းသွားတဲ့ အကြည့်မျိုး ဖြစ်နေတယ်။ ကျန်းစုစုရဲ့ မျက်နှာထားက အဲ့မှတ်ချက်ကို ကြားလိုက်တာနဲ့ မသက်မသာဖြစ်သွားတယ်။ သူမက ကျန်းယွမ် ကျေးလက်မှာနေတုန်းက ဆရာခေါ်သင်တယ်လို့ တစ်ခါမှ မကြားဖူးဘူး။ ပြီးတော့ သူမ ကတတ်ပြီး ကောင်းကောင်း ဝီစီမှုတ်တတ်တာကို လည်း မကြားဖူးဘူး။ သူမက
အမြဲတမ်း သူမရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတာဖြစ်ပေမဲ့ သူမက ကျန်းယွမ်ရဲ့ အကအရည်အချင်းနဲ့ မယှဉ်နိုင်ဘူးဆိုတာ သိတယ်။ ဒါ့အပြင် သူမက ဘယ်လိုလုပ် တည်တည်ငြိမ်ငြိမ် ကနေနိုင်ပြီးတော့ လှေကယိမ်းနေတဲ့
အချိန်မှာ ရေထဲကို ပြုတ်မကျရတာလဲ။ ကျန်းစုစုက ကျန်းယွမ် နန်းတော်ထဲမှာ နေတုန်း ဘယ်တော့မှ
ဧကရာဇ်ဆီကနေ သဘောကျခြင်း မခံရတာကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။
သူမက မကြာခဏ သဘောကျခြင်းခံရတဲ့ကိုယ်လုပ်တော်တွေ အနိုင်ကျင့်တာ ခံရတယ်။ ပြီးတော့ အင်ပါယာ ကိုယ်လုပ်တော်ရဲ့ မွေးနေ့ပွဲမှာ
ဘယ်လိုကရမလဲဆိုတာကို သင်ကြားခံခဲ့ရတယ်။ သူမက အရမ်း လေ့ကျင့်ခဲ့ရလို့ သူမရဲ့ ခြေဖဝါးတွေက မြေပြင်နဲ့ ထိတာနဲ့ကို နာကျင်ခဲ့တယ်။ ဘဝတစ်ခု ပြီးသွားပေမဲ့ သူမက အဲ့တာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ သူမက တစ်ယောက်ယောက်ရဲ့ လက်ဖဝါးပေါ်မှာတောင် ကနိုင်တယ်။ ယွမ်းထိုးနေတဲ့ လှေကတော့ ထည့်တွက်စရာကို မလိုဘူး။ ။
လူအုပ်က ကောက်ချက်ချကြတယ်။ သူတို့က သူမကို ကျန်းစုစုနဲ့ ယှဉ်ပြီး ချီးမွမ်းကြတယ်။ လူတွေက အမြဲတမ်း အရုပ်သစ်ကိုပဲ သဘောကျကြတယ်။
ကျန်းစုစုက ထူးချွန်တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ သူမက မြို့တော်ရဲ့ အရည်အချင်းအရှိဆုံး အမျိူးသမီးအဖြစ် နှစ်တွေ အများကြီး ဆက်ခံခဲ့
ပြီးပြီးဖြစ်တယ်။ အဲ့တာတင်မကပဲ သူမရဲ့ အသွင်အပြင်ကလည်း ကမ္ဘာပေါ်မှာ မရှိတဲ့ အပြစ်ကင်းစင်တဲ့ နတ်သမီးလေးနဲ့ တူတယ်။
အခု ကျန်းမိသားစုက အကြီးဆုံးမိန်းကလေး ကျန်းယွမ်က လုံးဝကွဲပြားတဲ့ ပြောဆိုပြုမူပုံရှိတယ်။ နည်းနည်း ကြိုးစားရင်တောင်မှ ကျန်းယွမ်က ပိုပြီး ထူးချွန်လာတာနဲ့ လူတွေရဲ့ အာရုံက သူမဆီကို
ဉီးတည်လာမှာ ဖြစ်တယ်။ ယောက်ျားတွေက သူမကို ပိုပြီး မြင့်မြင့် ချီးမွမ်းကြပေမဲ့ မိန်းမတွေရဲ့
မျက်နှာတွေပေါ်မှာ မနာလိုမှုနဲ့ သိမ်ငယ်မှုတွေကို မြင်ရမှာ ဖြစ်တယ်။ နဂိုက ကျန်းမျိုးနွယ်မှာ ကျန်းစုစုပဲ ရှိတာ။ အခု ကျန်းယွမ်က ထွက်ပေါ်လာပြီ။
မြို့တော်က ထူးချွန်တဲ့ ယောက်ျားတွေက ဒီနှစ်ယောက် အကြောင်းနဲ့ ပတ်သက်ပြီး စွဲမက်နေတော့မှာ မဟုတ်ဘူးလား။ ကျန်ယွမ်က သူ့ထိုင်ခုံဆီကို ပြန်ရောက်တော့ လင်ဇီရှန်းက မှတ်ချက်ပေးလိုက်တယ်။
"ဒီတော့ နင်က တကယ်ကနိုင်တာပဲ။ လူတွေက ခု နင့်ကို မလေးစားပဲ မနေနိုင်ကြတော့ဘူး။ "
ကျောက်ကျင်းကျွမ်းနဲ့ ဝမ်ဖေးဖေးတို့က စိတ်ညစ်နေတဲ့ပုံပဲ။ သူတို့က ပြောလိုက်တယ်။
"နင့် ငါတို့ရဲ့ အကြည့်တွေကို ဖမ်းစားခဲ့တာပဲ။ ဒါပေမဲ့ နင့်ရဲ့ ဝီစီမှုတ်တာက အရမ်းထူးချွန်တာပဲ။ ငါတို့ကို သင်ပေးလို့ ရမလား။ "
"ငါ ကျေးလက်မှာနေတုန်းက တီးစရာ တူရိယာမရှိဘူး။ ဒီတော့ ငါအဲ့တာကို ပျင်းတဲ့အချိန်မှာ မှုတ်တယ်။ "
ကျန်းယွမ်က ဒီလို အကျိုးအကြောင့် သင့်စွာ ရှင်းပြလိုက်တော့ လူတွေက သူမကို ပိုပြီးတော့တောင် သနားလာကြတယ်။ တုန်ရင်းအာက သူမကို
ကြည့်လိုက်တယ်။
"ဒါပေမဲ့ ဘာလို့ 'ကွမ်လင်း ကဗျာ'ကို ရွေးလိုက်တာလဲ။ မြင့်မြတ်တဲ့ အမျိုးသမီး အများစုက ဒီသီချင်းကို ဒီနေ့ည ပြိုင်ပွဲအတွက် ရွေးကြမှာ မဟုတ်ဘူး။ "
ကျန်းယွမ်က ပြုံးလိုက်တယ်။
"ကျွန်မ ဒါကိုပဲ ရလို့ပါ။ "
ရှုရုန်ရှီရဲ့ မျက်နှာက ညှိုးနွမ်းနေပုံပေါ်တယ်။ သူမက စကားမပြောဘဲ ငိုင်နေတယ်။ အကုန်လုံးက သူမ ဝမ်းနည်းနေတာကို သိပြီးတော့ သူမ မရှက်စေဖို့ သူမကို မမြင်ချင်ယောင် ဆောင်နေကြတယ်။
ခဏကြာပြီးတော့ မြင့်မြတ်တဲ့ အမျိုးသမီးငယ်လေးတွေက ဖျောဖြေဖို့ တက်သွားကြပေမဲ့ အဲ့တာက ဘာမှ မထူးခြားဘူး။ ကျန်းယွမ်ရဲ့ ကွမ်လင်း အကပြီးတော့ အဲ့တာက လူအုပ်ကို သူတို့ရဲ့ နှလုံးသားထိ
လှုပ်ခတ်သွားစေခဲ့တယ်။ သူတို့က နောက်လာတဲ့ ဖျော်ဖြေမှုတွေကို စိတ်မဝင်စားကြတော့ဘူး။
ဒီနှစ်မီးပုံးပွဲတော်မှဦ ကျန်းမိသားစုက လူသိနည်းတဲ့သူက ရောက်လာတယ်။ ဒီနှစ်မီးပုံးပွဲတော်က ယုန်မီးအိမ်က ကျန်းယွမ်ရဲ့ လက်ထဲကို ရောက်မှာလို့ သူတို့ကပြောကြတယ်။ ကျင်းဆောင်းလှေပေါ်မှာ လူတွေက ကျန်းစုစုရဲ့ အရင်ရက်တွေနဲ့ ဒီနေ့ရဲ့ ကျန်းယွမ်ကို ယှဉ်နေကြပြီးတော့ ဆွေးနွေးနေကြတယ်။
ဖျော်ဖြေပွဲပြီးတော့ အဲ့တာက လူတိုင်း မီးအိမ်လေးတွေ မြစ်ထဲကို မျှောရမယ့် အချိန်ရောက်လာပြီ ဖြစ်တယ်။ ဒီမျှောရမယ့် မီဂအိမ်တွေက သေချာ ပြုလုပ်ထားတာဖြစ်တယ်။ သခင်လေးတွေနဲ့ သခင်မလေးတွေက စာရွက်တစ်ရွက်ကို မီးအိမ်ထဲထည့်ပြီးတော့ မီးအိမ်လေးကို သေချာတွန်းပြီး
မျှောလိုက်ကြတယ်။ ကျန်းယွမ်ကလည်း လူအုပ်နဲ့လိုက်ပြီးတော့ လှေဦးကို သွားလိုက်တယ်။ သူမရဲ့ အပြုံးက ပေါ်လွင်နေတယ်။
သူမရဲ့ အတိတ်ဘဝမှာ မကောင်းသတင်းက သူမ မီးအိမ်ကို မမျှောခင်မှာတင် ပြန့်နေပြီဖြစ်တယ်။ သူမက လှေထဲမှာ ပုန်းနေတုန်း အအေးဒဏ်ကို ခံစားနေတုန်းမှာ မင်းသားရှစ် ရွှမ်းလီက မီးအိမ်တစ်ခုနဲ့
လာပြီး သူမကို စကားလာပြောခဲ့တယ်။
"မင်းဘာကို ဆုတောင်းလိုက်လဲ။ "
သူ့ရဲ့ ခန္ဓာကိုယ်က လူတွေရဲ့ အထင်သေးတဲ့ အကြည့်တွေကို ကွယ်ထားတယ်။ အဲ့အချိန်မှာ သူမက သူမရဲ့ ရှေ့က သူမကို နွေးထွေးမှုတွေ ပေးခဲ့တဲ့ ယောက်ျားကို ချစ်မိသွားတယ်။ သူမရဲ့ မျှော်လင့်ချက်ကို သူ့ဘေးမှာရှိဖို့ပဲ ရင်ဝယ်ပိုက်ထားတော့တယ်။ အလိုလေး သူမရဲ့ ဆုတောင်းက တဖြည်းဖြည်း လျှို့ဝှက်ပူးပေါင်းကြံစည်မှု အဖြစ်ပြောင်းလဲသွားတယ်။ ကျန်းယွမ် မှတ်မိသလောက်ဆိုရင် သူမ အမုန်းဆုံးလူက ရွှမ်းလီမဟုတ်ဘူး။ သူနဲ့စာရင် ကျန်းစုစုက သူမကို ပိုပြီး ဒုက္ခပေးတယ်။ ဒါပေမဲ့ ရွှမ်းလီကလည်း မှားတယ်။ သူ သူမရဲ့ ဘဝကို ကယ်တင်နိုင်မယ်ဆိုတဲ့ တွေးစေခဲ့ပြီးတော့ အခက်အခဲထဲမှာ ကျနေတဲ့ သူမကို မျှော်လင့်ချက် မပေးခဲ့သင့်ဘူး။ လန်ချောင်က စုတ်တံနဲ့ စာရွက်ပေးနေတုန်းမှာ ပိုင်ကျီက မီးပုံးကို ပေးလိုက်တယ်။ကျန်းယွမ် ခတာ တွေးလိုက်တယ်။ သူမက လန်ချောင်ဆီကနေ စာရွက်ကို ယူလိုက်ပြီး ဘာမှမရေးလိုက်ဘူး။ သူမက စာရွက်ကို လိပ်လိုက်ပြီး တော မီးအိမ်ထဲကို ထည့်လိုက်တယ်။ သူမလုပ်နေတာတွေ အကုန်လုံးကို ကြည့်နေတဲ့ ကျန်းစုစုက အနားလာရောက်လာတယ်။ သူမက မေးလိုက်တယ်။
"မမ ဘာလို့ မီးအိမ်ပေါ်မှာ ဘာမှမရေးတာလဲဟင်။ "
ကျန်းစုစုရဲ့ အသံက ကျယ်နေတယ်။ ကျန်းယွမ်က အခု လူတွေ အာရုံစိုက်တာ ခံလိုက်ရပြီ။ ချက်ချင်းပဲ လှေနှစ်စင်းလုံးပေါ်က လူတွေရဲ့ အကြည့်က သူမဆီကို ရောက်လာတယ်။
"အစ်မ ဘာမှ မေးစရာလည်း မရှိဘူး ဒီတော့ ရေးစရာလည်း မရှိဘူး။ "
ကျန်းယွမ်က ဂရုမစိုက်တဲ့ပုံနဲ့ ဖြေလိုက်တယ်။
ကျန်းစုစုက ပြုံးလိုက်တယ်။
"မမက ဘယ်လိုလုပ် မေးစရာ မရှိတာလဲ။ ဉပမာအားဖြင့် အဖေ့ရဲ့ ကျန်းမာရေး ကောင်းဖို့၊ အကိုကြီး စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့၊ ညီမလေးတို့ရဲ့ ကျန်းအိမ်တော်ရဲ့ ကြီးပွားရေး ဒါမှမဟုတ် အမေ့ကို သမီးတို့အတွက် မောင်လေး မွေးပေးနိုင်ဖို့တို့။ ပြောရရင် အစ်မက ဘယ်လိုလုပ် တောင်းဆိုချက် မရှိရတာလဲ။ "
သူမရဲ့ စကားလုံးတွေက ကျန်းယွမ်ကို သစ္စာမရှိခြင်း၊ သားသမီးကျင့်ဝတ် မကျေခြင်း၊ ရက်စက်ခြင်းနဲ့မတရားပြီး ကျန်းအိမ်တော်အတွက် မတွေးပေးတဲ့ ပုံပေါ်စေတယ်။ ဒီလို စွပ်စွဲချက်က ပိုင်ကျီနဲ့
လန်ချောင်တို့ကို မျက်မှောင်ကြုတ်သွားစေတယ်။ ကျန်းယွမ်က လှောင်တဲ့ အပြုံးနဲ့ နားထောင်လိုက်တယ်။ အဖေ ဟုတ်လား။ ကျန်းချွမ်က ဘယ်လိုလုပ် အဖေ ဖြစ်နိုင်မှာလဲ။ သူက သူသားနဲ့ သမီးကို ကျန်းစုစုအတွက် လမ်းဖောက်ဖို့ ရောင်းခဲ့တယ်။ အမေ ဟုတ်လား။ သူမ အမေရဲ့ အရိုးတွေက ပြာအဖြစ်တောင် ပြောင်းနေပြီးတော့ ဒီကမ္ဘာပေါ်မှာ သူမရဲ့ အမေဆိုတာ နောက်တစ်ယောက် မရှိတော့ဘူး။ အကိုကြီး ဟုတ်လား။ မကြာသေးခင်ကပဲ
သူမက သူ့အကြောင်း မကြားရတော့ဘူး။ သူက သေလား ရှင်လားတောင် မသိရဘူး။ ကျန်းစုစုရဲ့ မှတ်ချက်တွေက အနားပေါ် ဆားသိပ်လိုက်လိုပဲ။
သူမရဲ့ နှုတ်ခမ်းလေးတွေက ဟလာတယ်။
"ကမ္ဘာပေါ်မှာ အရေးကြီးတာ ကိုယ်ကိုယ်တိုင် ကြိုးစားဖို့ပဲ။ ဆန္ဒက အစစ်အမှန်ဖြစ်ရင်လည်း အနာဂတ်မှာ ကိုယ်ကိုယ်တိုင် မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ "
သူမရဲ့ အသံက လွမ်းဆွေးနေပုံပေါ်တယ်။
"အစ်မက ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်၊ ပြီးတော့ အဆုံးမှာ အစ်မရဲ့ အမေက ဆုံးသွားပြီးတော့ အစ်မရဲ့ အစ်ကို အကြောင်းကို မကြားရတော့ဘူး။ ပြောပါဦး အစ်မရဲ့ နှလုံးသားထဲက တောင်းဆိုချက်ကို တကယ်ဖြည့်ဆည်းပေးနိုင်ရဲ့လား။"
ဒါကို ကြားလိုက်ရတော့ လူအုပ်က မှတ်ချက်ချလိုက်တယ်။ မော့ချောင်က ရယ်လိုက်တယ်။ ရှောင်ရှို့ သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတော့ သူက
အမြန်ပြောလိုက်တယ်။
"ငါက ကျန်းမိသားစုက အကြီးဆုံးသခင်မလေးပြောတာကို တကယ်ကောင်းလို့ပါ၊ အဟွတ် ။ ကလေးမွေးတာက သူတို့ ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ "
ကျန်းယွမ်ရဲ့ စကားက တရားဟောစရာမလိုဘဲ တော်တော် ဟာသဉာဏ်မြောက်တယ်။ သူမရဲ့ သနားစရာကောင်းတဲ့ ဘဝကို ကြားရတာ လူတွေက သနားမှုတွေနဲ့ ပြည့်သွားတယ်။ ကျန်းစုစုရဲ့မျက်နှာထားက စိတ်တိုနေတဲ့ ပုံပေါက်နေပေမဲ့ သူမက ပျော်နေပုံ ဟန်ဆောင်နေတယ်။
အကုန်လုံးက သူတို့ရဲ့ မီးအိမ်တွေ ချပြီးတာနဲ့ ကျန်းယွမ်ကလည်း သူမရဲ့ မီးအိမ်လေးကို မြစ်ထဲမှာ ချပြီး မျှောလိုက်တယ်။ သူမ မတ်တပ်ရပ်ခါနီးမှာ
ကျန်းစုစုက သူမရဲ့ မျက်နှာထားကို မပြောင်းသေးဘဲ တိတ်တဆိတ်သူမရဲ့ ခြေထောက်ကို ရှေ့ဆန့်ပြီးတော့ သူမကို ချော်လဲအောင် လုပ်ဖို့ ကြိုးစားလိုက်တယ်။
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now