part 57

2.6K 290 1
                                    

unicode
Part-47

အခန်း - ၅၇
လင်းလောင်လှေပေါ်က လူတွေက မြင့်မြတ်တဲ့ မိသားစုက အမျိုးသမီးငယ်လေးတွေ ဖြစ်တယ်။ ဒီအရည်အချင်းရှိပြီး ချောမောတဲ့ လူငယ်နှစ်ယောက်ကို ကျင်းဆောင်းလှေပေါ်မှာ မြင်တာနဲ့ အမျိုးသမီးငယ်လေးတွေ အကုန်လုံးက မျက်နှာတွေ နီမြန်းသွားကြပြီး စိတ်လှုပ်ရှားသွားကြတယ်။
"မင်းသားရှစ်နဲ့ ကျင်းရန်ဝမ်တို့က ဘယ်လိုလုပ်ပြီး ဒီနှစ် ဒီမှာ ရှိနေတာလဲ"
ကျောက်ကျင်းကျွမ်းက သံသယဖြစ်တဲ့ အသံနဲ့ မေးလိုက်တယ်။
နှစ်စဉ်မီးပုံးပွဲကျင်းပတိုင်း ကျင်းဆောင်းလှေပေါ်မှာ မင်းသားတွေနဲ့ မြင့်မြတ်တဲ့ လူငယ်တွေ ရှိပေမဲ့ မင်းသားရှစ်နဲ့ ကျင်းရန်ဝမ်က တစ်ခါမှ မလာဖူးဘူး။ ပထမအချက်က သူတို့နှစ်ယောက်က မိန်းမနဲ့ ကိုယ်လုပ်တော် ရှာနေတယ်လို့ တစ်ခါမှ ပြောသံမကြားဖူးဘူး။ ဒုတိယအချက်က သူတို့နှစ်ယောက်လုံးက သူတို့နဲ့ ဆန့်ကျင်ဘက်လိင်အပေါ်မှာ စိတ်ဝင်စားမှု တစ်စုံတစ်ရာ မပြဖူးဘူး။
သူမ ဒီလူနှစ်ယောက်ကို ဖျက်ခနဲ ကြည့်လိုက်ပြီး ကျန်းယွမ် မျက်မှောင်ကြုတ်သွားတယ်။ မင်းသားရှစ်ကို မြင်ရတာနဲ့တင် သူမအတွေးတွေ ရှုပ်ထွေးနေပြီးတော့ ဖော်ပြရခက်နေတုန်းမှာ ဝတ်ရုံနက်လူငယ်ရဲ့ အကြောင်းကို သိလိုက်ရတော့ သူမ အံ့အားသင့်သွားတယ်။
ခရာသံကိုးသံကို ကြားလိုက်ရပြီး ဒဏ္ဍာရီလာ ဖီးနစ်ငှက်ပုံက ထွက်ပေါ်လာတယ်။ လက်ရှိ ကျင်းရင်းဝမ် ရှောင်ရှို့က မြင့်မြတ်တဲ့ ကျင်းနန်းဆက်အတွက် ထူးခြားတဲ့ ဖြစ်တည်မှုပဲ။
သူက ဝမ်ကျူမင်းမျိုးမင်းနွယ်ကနေ မွေးဖွားလာခဲ့တယ်။ သူရဲ့ အဖေက သူ့ရဲ့ တပ်တွေကို တိုင်းပြည်ကို ပုန်ကန်တဲ့နေရာမှာ ခေါင်းဆောင်ခဲ့ပေမဲ့ ဧကရာဇ်က အံ့အားသင့်စွာနဲ့ အဲ့အကြောင်းကို ဘာမှမပြောခဲ့ဘူး။ အဲ့တပ်က ကွပ်မျက်ခံခဲ့ရတယ်။ ရှောင်ရှို့ ဆယ်နှစ်သားမှာ အရင် ကျင်းရင်းဝမ်က ရှီရုန်ကို စစ်ချီတပ်သွားတယ်။ သူက ရန်သူ့တပ်ထဲကို သွားပြီး ရုပ်ဖျက်စုံစမ်းတုန်း မှာသေဆုံးခဲ့တယ်။ ဒါ့ကြောင့် လက်ရှိ ကျင်းရင်ဝမ် မိသားစုထဲမှာ ကျန်ရှိတဲ့ မိသားစုဝင်က ရှောင်ရှို့တစ်ယောက်တည်း ဖြစ်တယ်။
ရှောင်ရှို့ကိုယ်တိုင်က အရမ်းထူးချွန်တယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ သူက မြင့်မြတ်တဲ့ကျင်းနန်းဆက်က ကျင်းရီရဲမက် သုံးသိန်းကို ဦးဆောင်နိုင်ခဲ့တယ်။ ဧကရာဇ်နဲ့ ဧကရီတို့က သူ့အပေါ်ကို တော်တော်လေး အလိုလိုက်ထားပြီး သူ့ကို သူတို့ရဲ့ အခမ်းအနားနဲ့တောင် ကြေညာထားတယ်။ အစက ဧကရာဇ်က မင်းသားရှစ်ကို အိမ်ရှေ့စံအဖြစ် ပြောင်းပြီး လျာထားပေမဲ့ ရှောင်ရှို့က အင်ပါယာခုံရုံးရှေ့မှာ ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့တယ်။ အရာရှိတွေက အင်ပါယာကိစ္စတွေကို ဆွေးနွေးတဲ့ အချိန်မှာ သူတို့က ဒီအန္တရာယ်များတဲ့ ကိစ္စကို ရှောင်ရှားခဲ့ကြတယ်။ ထူးဆန်းတာက ဧကရာဇ်ကိုယ်တိုင်က ဒီအခြေအနေကို ဘာမှမပြောတာဖြစ်တယ်။ ပြီးတော့ အိမ်ရှေ့မင်းသားကို အခြားတစ်ယောက် ခန့်အပ်ဖို့ ဖြစ်သွားခဲ့တယ်။ လူတွေကြားထဲမှာ ရှောင်ရှို့က ဧကရာဇ်ရှေ့မှာ ဒီလို အရှက်ကင်းမဲ့စွာ ပြုမူနေထိုင်နိုင်ဖို့ သူက ဧကရာဇ်ကို ခြိမ်းခြောက်ထားတယ်လို့ ပြောနေကြတယ်။ ဒါတွေအကုန်လုံးက အရင် ကျင်းရင်းဝမ်က ဧကရာဇ်ကို ပုန်ကန်လို့ဖြစ်တယ်။ ဒါ့ကြောင့် ရှောင်ရှို့က ပုန်ကန်တဲ့လူဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တယ်။
ဒါပေမဲ့ လူတွေ ဘယ်လိုပဲ အတင်းပြောပါစေ။ ပြီးတော့ သူ့ရဲ့ ဂုဏ်သတင်းက ဘယ်လိုပဲဖြစ်နေဖြစ်နေ အင်ပါယာအသိုင်းအဝိုင်းမှာ ရှောင်ရှို့ရဲ့ အဆင့်အတန်းက ရှိန်နေရသေးတုန်းပဲ။ သူက သူ့ကို ထောက်ခံတဲ့လူတွေကို ရှာလည်းမရှာဘူး။ ဘယ်သူ့ကိုမှလည်း မထောက်ခံဘဲနဲ့ တစ်ယောက်တည်း ကွဲထွက်နေသလိုပဲ။ ကျန်းယွမ်ရဲ့ အရင်ဘဝမှာ မင်းသားရှစ်က သူ့အပေါ်ကို ခဏခဏ စေတနာ ထားပေမဲ့ ရှောင်ရှို့ကတော့ သူ့ကို အကြိမ်ကြိမ် ခါးခါးသီးသီး ငြင်းခဲ့တယ်။ ဧကရာဇ်နတ်ရွာစံပြီးတော့ မင်းသားရှစ် ထီးနန်းကို သိမ်းလိုက်တဲ့ အချိန်မှာ ရှောင်ရှို့က သူ့ရဲ့ တပ်တွေနဲ့ ရှီရုန်ကို ရင်ဆိုင်နေရချိန်ဖြစ်တယ်။ ပြီးတော့ သူဘာဖြစ်သွားမှန်း ကျန်းယွမ်လည်း မသိတော့ဘူး.
ကျင်းဆောင်းလှေပေါ်ကလူတွေ ရှောင်ရှို့နဲ့ ရွှမ်လီရောက်လာတာကို မြင်တော့ နှုတ်ဆက်သံတွေက ထွက်ပေါ်လာတယ်။ ဝတ်ရုံစိမ်းဝတ်ထားတဲ့ လူငယ်က ရှောင်ရှို့ဆီကို လျှောက်လာတယ်။ ပြုံးရင်းနဲ့ သူက ပြောလိုက်တယ်။
"ဒါက ငါမင်းကို မီးပုံးပွဲတော်မှဦ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ မင်း ဘယ်ကောင်မလေးကို စိတ်ဝင်စားနေတာလဲ"
ဒါက မော့ချောင်ပဲ။ ရှောင်ရှို့က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ဘာမှ မပြောဘူး။ ပြတင်းပေါက်ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။
တစ်ဖက်မှာလည်း မင်းသားငါးရဲ့ မျက်လုံးက ရွှမ်လီကို သတိထားမိတာနဲ့ ပြူးသွားတယ်။
"အစ်ကိုကြီး ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
ရွှမ်လီက ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်တယ်။
"ငါတို့ရဲ့ အဖေက ငါ့ကိုအပြင်ထွက်ဖို့ အမိန့်ပေးလိုက်တယ်။ ငါနန်းတော်ထဲမှာ အချိန်ဖြုန်းတာများပြီး မီးပုံးပွဲတော်ကို မလာဖူးတာ သတိထားမိသွားတယ် ထင်တယ်။ ဒါ့ကြောင့် ငါဒီကို ရောက်လာတာ"
ပုံမှန်ဆိုရင် ငါးယောက်မြောက်မင်းသားအတွက် ဒီစကားလုံးတွေက နက်နက်ရှိုင်းရှိုင်း
ငါးယောက်မြောက် မင်းသားရဲ့ အပြုံးမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ပါတယ်။
"အဲဒါ အံ့ဩစရာ ကောင်းတာပဲ။ ဒီနေ့ည မင်း ဘေးကို တစ်ချက် ကြည့်လိုက်ဦး။ မြင့်မြတ်တဲ့ကျန်းနန်းဆက်က အမျိုးသမီးငယ်လေးတွေ တစ်ယောက်ချင်းဆီက ထူးချွန်စွာနဲ့ လှပပြီး ဆွဲဆောင်မှု ရှိတယ်"
ဒါကို ပြောပြီးတော့ သူက ရွှမ်လီကို နွေးထွေးစွာ ပြုံးပြလိုက်တယ်။
အဲ့အချိန်မှာ လင်းလောင်လှေက လှိုင်းထန်နေတယ်။ ဒီနှစ်မှာ မင်းသားရှစ်နဲ့ ကျင်းရင်းဝမ်တို့ ရောက်လာတာက အမျိုးသမီးတွေကို အရမ်း စိတ်လှုပ်ရှားစေပြီးတော့ လင်းလောင်လှေပေါ်မှာ အခြေအနေ‌တွေက မငြိမ်မသက် ဖြစ်ပေါ်လာတယ်။
ဝမ်ဖေးဖေးက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်တယ်။
"တကယ်ကြီးလား အဲဒါ ယောက်ျားနှစ်ယောက်ပဲကို။ ဒီလို ဖြစ်ပျက်နေတာက ပိုလွန်းနေတာ မဟုတ်ဘူးလား"
သူမက မစဉ်းစားပဲ ပြောလိုက်ပေမဲ့ သူမက နောက်ကျမှ ရှုရုန်ရီရဲ့ မျက်နှာ ဖြူဖျော့လာတာကို သတိထားမိသွားတယ်။ ကျောက်ကျင်းက သူမကို ညင်သာစွာ ပွတ်သက်လိုက်ပြီး ပြောလိုက်တယ်။
"ရုန်ရီ ငါ နင့်ကို ပြောတာ မဟုတ်ပါဘူး။ ငါက ဖြစ်ပျက်နေတဲ့ မိန်းကလေးတွေကို ပြောတာပါ"
သူမက စစ်တပ် မိသားစုက ဆိုတော့ သူမ ဘယ်လို ပြန်ရှင်းပြရမလဲဆိုတာ မသိဘူး။ ပြီးတော့ သူမရဲ့ မျက်နှာထားက ကသိကအောက် ဖြစ်နေတယ်။ ရုန်ရီရဲ့ မျက်နှာပိုပြီးတော့တောင် ဖြူဖျော့လာတယ်။
တုန်ရင်းအာက ကူညီရာမဲ့တယ်လို့ ခံစားနေရတဲ့ အချိန်မှာ ကျန်းယွမ်က ပြုံးပြီး ပြောလိုက်တယ်။
"မမပြောတာ မှန်ပေမဲ့ ဒီနေ့ အခြေအနေက အခြေအနေ တစ်မျိုးဖြစ်နေတယ်လေ။ ကျန်းရင်းဝမ်နဲ့ မင်းသားရှစ်တို့ နှစ်ယောက်လုံးက အရည်အချင်းရှိတဲ့ လူတွေပဲ။ သူတို့ရဲ့ မြင့်မြတ်တဲ့ မျက်နှာတွေကို မြင်ရဖို့က တကယ့် ကောင်းချီးပဲလေ။ ဒီတော့ သူတို့ကို ရူးတယ်ပဲပြောပြော မပြောပြော ဘာမှမဖြစ်ဘူး။
သူမက အင်ပါယာ အိမ်တော်က လူငယ်တွေကို လေးစားတာနဲ့ တန်းတူထားထားတယ်။ ဒီတော့ ရှုရီရဲ့ မျက်နှာက ပြန်ပြီး အရောင်ပြည့်လာတယ်။ ဝမ်ဖေးဖေးက ကျန်းယွမ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပေမဲ့ ကျန်းယွမ်က နည်းနည်း ငေးစိုက်ကြည့်နေတယ်။ လက်ရှိအခြေအနေက ရှုရုန်ရှီက ရှောင်ရှို့ကို သဘောကျနေသလိုမျိုးပဲ။ ဒါပေမဲ့ သူမရဲ့ အတိတ်ဘဝမှာ သူမ ရှောင်ရှို့ သဘောကျတဲ့ ကောင်မလေးအကြောင်း ကောလဟာလကို တစ်ခါမှ မကြားဖူးဘူး။ ဒါ့ကြောင့် သူမ ရှုရုန်ရှီရဲ့ ကြင်နာတဲ့ နှလုံးသားလေးက ယုံစားမိမှာ စိုးတယ်။
တစ်ချိန်တည်းမှာပဲ သူမက နည်းနည်း သံသယရှိမိတယ်။ သူမရဲ့ အတိတ်ဘဝမှာ သူမက ရှောင်ရှို့ကို မီးပုံးပွဲတော်မှဦ တစ်ခါမှ မတွေ့ဖူးဘူး။ ဒီဘဝမှာ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ။
သူမက နဂိုအချိန်ထက် နည်းနည်း စောနေလို့ ဒီလိုဖြစ်နေတာများလား"
သူမ ဒီကိစ္စကို တွေးနေတုန်းမှာ ကျင်းဆောင်းလှေပေါ်နဲ့ လင်းလောင်လှေပေါ်ကို လူတိုင်းက တက်ပြီးပြီဖြစ်တယ်။ လှေသမားက အော်ပြောလိုက်ပြီး လှေကထွက်ခွာလာပြီးတော့ နှေးကွေးစွာနဲ့ ကန်အလယ်ကို ရွေ့နေတယ်။
ရေက လှေပေါ်က မရေမတွက်နိုင်တဲ့ မီးအိမ်တွေရဲ့ အလင်းကို ရောင်ပြန်ဟပ်နေတယ်။ မီးအိမ်တွေက ကောင်းကင်ဘုံနဲ့ လူ့ဘုံကြားမှာ ထူးချွန်ပြောင်မြောက်တဲ့ အလင်းနဲ့ ထွန်းညှိနေပြီး အချိန်အကြာကြီး ပြီးဆုံးသွားသလို ခံစားရစေတယ်။ လှေနှစ်စင်းလုံးက ကပ်ရပ် လှော်လာတာဖြစ်လို့ ကျန်းယွမ်က လင်းလောင်လှေပေါ်က သူမရဲ့ နေရာကနေ ကျင်းဆောင်းလှေပေါ်က လူတွေကို ကောင်းကောင်းမြင်ရတယ်။
ရွှမ်လီက တစ်ကိုယ်လုံး အဖြူတွေဝတ်ထားပြီး နှင်းလိုပဲ။ အချိန်က ကျန်းယွမ်အတွက် နောက်ဆုတ်ခဲ့သလိုပဲ။ သူမရဲ့ အတိတ်ဘဝမှာ ဒီလှေက သူမ ဒီကျောက်စိမ်းလို နွေးထွေး၊ ညင်သာပြီး ဣန္ဒြေရတဲ့ လူကြီးလူကောင်းကို တွေ့ခဲ့ရတာဖြစ်ပြီးတော့ သူမရဲ့ ဘဝကို သူ့ကို ပုံအပ်ခဲ့တာ ဖြစ်တယ်။
ရွှမ်လီက အခု ထိုင်ပြီး လက်ဖက်ရည်သောက်နေပြီးတော့ သူ့အပေါ်ကို အေးစက်တဲ့ အကြည့်ကျရောက်နေတာကို ခံစားနေရတယ်။ သူ လင်းလောင်လှေဘက်ကို လှည့်ကြည့်လိုက်တော့ လှေပေါ်က အမျိုးသမီးငယ်လေးတွေ အကုန်လုံးက စကားပြောနေကြပြီး ညင်သာစွာ ရယ်နေကြတယ်။ လေးစားတဲ့ အကြည့်အနည်းငယ်က သူ့အကြည့်ကို တွေ့ရပေမဲ့ ဘယ်ခုနက ခံစားခဲ့ရသလိုမျိုး မခံစားရဘူး။
သူခေါင်းယမ်းလိုက်ပြီး သူ့ကိုယ်သူ အ‌တွေးလွန်နေတယ်ဆိုပြီး တိတ်ဆိတ်စွာပဲ အသက်ရှူလိုက်တယ်။ ဒါပေမဲ့ သူက ပြတင်းပေါက်နားမှာ အင်္ကျီအနီရောင်နဲ့ ကောင်မလေးက သူမရဲ့ မျက်ဝန်းလေး တောက်ပသွားတာကို ဖုံးကွယ်ဖို့ ခေါင်းငုံ့နေတာကိုတော့ သူ မတွေ့ခဲ့ဘူး။
မြင့်မြတ်တဲ့ မိန်းမပျိုလေး တစ်‌ယောက်က အကြံပေးလိုက်တယ်။
"ဒီနှစ်က အရင်နှစ်နဲ့ အတူတူပဲ။ ငါတို့ မြစ်ရဲ့အလယ်ကို ရောက်လာပြီဆိုတော့ ပြိုင်ပွဲကို စလိုက်ရအောင်။ နိုင်တဲ့သူက လှေပေါ်က အလှဆုံးမီးပုံးကို ရမယ်"
သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံက ကျင်းဆောင်လှေပေါ်က လူတွေရဲ့ အာရုံစိုက်မှုကို ရသွားပေမဲ့ သူမရဲ့ နက်နဲတဲ့ စကားလုံးတွေ နောက်ကွယ်က အဓိပ္ပာယ်က သိသာတယ်။
ကျန်းယွမ်က ပေါ့ပါးစွာ ပြုံးလိုက်တယ်။ သူမက ဘေးမှာ ထိုင်နေတဲ့ ကျန်းစုစုကိုလည်း အကဲခတ်လိုက်တယ်။ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ရှိနေတယ်။
ကျန်းစုစုက ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ အထူးသဖြင့် မင်းသားရှစ်နဲ့ ကျင်းရင်းဝမ်တို့ရှိနေတဲ့ အဲ့ညကိုပေါ့။ သူမရဲ့ မျက်လုံးထဲမှာ သရော်တဲ့ အရိပ်အမြွတ်က ဖြတ်သွားတယ်။ အစကတည်းက သူက သူမနဲ့ ကျန်းစုစုတို့က ကျန်းအိမ်တော်ရဲ့ သမီးကြီးတွေလို သဘော မထားခဲ့ဖူးဘူး။ ဒါ့နဲ့ ရွှမ်လီက သူမ တစ်ယောက်တည်း ကို သတိထားမိပြီးတော့ သူမရဲ့ နာမည်ဆိုးနဲ့ အရမ်းလှတဲ့ ကျန်းစုစုကို ဘာလို့ လုံးဝလျစ်လျူရှူခဲ့တာလဲ။
အဲ့အကြောင်းကို အခုတွေးကြည့်လိုက်တော့ အဲဒါက တကယ့်ဟာသပဲ။ ပြီးတော့ သူက လုံးဝ လက်ဖျားခါလောက်တယ်။
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now