part 54

2.2K 214 0
                                    

unicode

Part 44

အခန်း - ၅၄
မြင့်မြတ်တဲ့ ကျင်းနန်းဆက်ရဲ့ နှစ်တိုင်းကျင်းပတဲ့ မီးပုံးပွဲတော်က အခုလရဲ့ ဆယ့်လေးရက်မြောက်နေ့မှာ ကျင်းပတာဖြစ်ပြီးတော့ စိတ်ထက်သန်စွာ မျှော်လင့်ထားကြတယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ အရင်ရက်တွေတုန်းက နာ်မည်ကြီးတဲ့ အဝတ်ဆိုင်တွေနဲ့ လက်ဝတ်တန်ဆာဆိုင်တွေ အလှပြင်ပစ္စည်းဆိုင်တွေကလည်း အရမ်း အလုပ်ရှုပ်နေကြတယ်။ အဲ့နေ့ မနက်မှာတောင် မြို့တော်က ငယ်ရွယ်တဲ့ ပညာရှင်တွေက ဝိုင်ရောင်းတဲ့ ဆိုင်တွေမှာ စုကြပြီး ဘယ်သူက လင်းလောင်လှေ ပြိုင်ပွဲမှာ ပထမရမလဲဆိုတာ ဆွေးနွေးနေကြတယ်။
ကျန်းယွမ်က ပိုင်ကျီနဲ့ လန်ချောင်တို့ကြောင့် အစောကြီးနိုးနေတယ်။ သူတို့နှစ်ယောက်က သူမဝတ်ရမယ့် အဝတ်တွေနဲ့ လက်ဝတ်တန်ဆာတွေကို ရွေးနေရင်း အလုပ်ရှုပ်နေကြတယ်။ လုကျူးက သူတို့နဲ့ မသွားရဘူးမို့လို့ ဝမ်းနည်းနေပြီးတော့ မကျေမချမ်းဖြစ်တဲ့ပုံနဲ့ ပြောလိုက်တယ်။
“ဒီနေ့ည သခင်မလေးရဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကြောင့် လူတွေကြားမှာ ထင်ပေါ်နေမှာပဲ။ ဒီအစေခံက အဲ့လို ဝမ်းမြောက်စရာမြင်ကွင်းကို မမြင်နိုင်တာ သနားစရာပဲ။ ကျွန်မတို့ သခင်မလေး ညို့ယူတာ ခံရမယ့်သူ ဘယ်နှယောက်ရှိမလဲ မသိဘူး”
လန်ချောင်က အဲဒါကို ကြားရတော့ ရယ်ပြီး သူမကို ဆူလိုက်တယ်။
“နင် မဟုတ်တာတွေ လျှောက်ပြောမနေနနဲ့။ ငါနင့်ကို ငါ့နေရာပေးပြီး ငါပဲ အိမ်တော်ကို စောင့်နေခဲ့မယ်။ ဟုတ်ပြီလား”
“ကျွန်မ ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နိုင်မှာလဲ”
လုကျူးက နှုတ်ခမ်းလေးစူပြီး ပြောလိုက်တယ်။
“ကျွန်မက သခင်မလေးကို စောင့်ရှောက်ဖို့ ဦးဆောင်ရတဲ့ သူမှမဟုတ်တာ။ ပြီးတော့ အသစ်လာတဲ့ အစေခံတွေက လွယ်တာမဟုတ်ဘူး။ မမက ဒီနေ့ မအားဘူးဆိုတော့ ညီမလေးပဲ ဒီနေ့ သူတို့ကို လေ့လာစရာလေးတွေ သင်ပေးလိုက်မယ်”
“သခင်မလေး လုကျူးက စိတ်လျော့ဖို့ လိုနေပြီ”
ပိုင်ကျီက သူမကို စလိုက်တယ်။
“အဲ့ မိန်းမလှလေးတွေကို ကြောက်အောင် မခြောက်နဲ့ဦးနော်”
“သူတို့တွေ အကုန်လုံးက အစေခံတွေပဲကို သူတို့ကို ‘မိန်းမလှလေး’တွေလို့ ခေါ်တာ ဘာသဘောလဲ”
လုကျူးက အထာင်သေးတဲ့ ပုံနဲ့ ပြောလိုက်တယ်။
”ဒါ့အပြင် သူတို့အကုန်လုံးက အကျင့်မကောင်းတဲ့သူတွေပဲ။ ဒီနေ့ ကျွန်မ ရှုရှန်းဆိုတဲ့ ကောင်မလေး အတွင်းထဲက အခန်းမှာ တစ်ခုခုကို ခဏခဏရှာနေတာကို သတိပြုမိတယ်။ ပြီးတော့ သူထွက်သွားတယ်။ ကျွန်မ စစ်ကြည့်လိုက်တော့ ဘာတွေ့လဲ သိလား။ အဲ့ ရှုရှန်းဆိုတဲ့ တစ်ယောက်က သခင်မလေးရဲ့ လက်ကိုင်ပုဝါကို ခိုးသွားတယ်”
“ဘာ”
ကျန်းယွမ်ရဲ့ ဆံပင်ကို ဖီးပေးနေရင်း လန်ချောင်က အော်လိုက်တယ်။ ပြီးတော့ သူမကိုယ်သူမ မအံ့ဩဘဲ မနေနိုင်ခဲ့ဘူး။ သူမက ချက်ချင်း သူလုပ်နေတာကို ရပ်လိုက်ပြီး
“နင်ဘာလို့ သူ့ကို မတားခဲ့တာလဲ”
ကျန်းယွမ်ရဲ့ အကြည့်က လုကျူးဆီကို ဖြည်းဖြည်းချင်း ရောက်သွားတယ်။ ဒါပေမဲ့ သူမက လန်ချောင်ရဲ့ စိတ်မရှည်မှု ကူးစက်သွားပုံမရဘူး။ အဲ့အစား သူမက တည်ငြိမ်ပြီး စိတ်ဝင်တစား နားထောင်နေတယ်။
လုကျူးက ပြောလိုက်တယ်။
“သခင်မလေးက ကျွန်မတို့ကို ဒီအစေခံ အသစ်တွေကို သေသေချာချာ ကြည့်ဖို့ ပြောထားတယ်လေ။ အထူးသဖြင့် ရှုရှန်းကိုပေါ့။ ကျွန်မတို့က သူ ရှယန်အတွက် အလုပ်လုပ်နေသလား ဆိုတာကို စောင့်ကြည့်ပြီး ကျွန်မတို့ရဲ့ အခွင့်အရေးကို စောင့်ရမယ်လေ။ ငယ်ငယ်ကတည်းက ဒီအစေခံက ကုန်ကူးတဲ့ သူတွေနဲ့ လျှောက်ပတ်သွားလာပြီးတော့ အများကြီး တွေ့ခဲ့ရပြီးပြီ။ ရှုရှင်းက ခိုးဖို့ ရည်ရွယ်ချက်ရှိတာပဲ ဆိုရင် အဲဒါက ဘာမှ မဖြစ်ဘူး။ ပြသာနာ အရှိဆုံး အခြေအနေက သူက စက်ဆုပ်စရာကောင်းပြီး စည်ကမ်း မရှိတာပဲ။ ဒီလက်ကိုင်ပုဝါ ခိုးတာက ပြသနာ သေးသေးလေး မဟုတ်ဘူး။ တကယ်လို့ အဲဒါက တစ်ယောက်ယောက်လက်ထဲ ရောက်သွားရင် အဲဒါက အမျိုးသမီးငယ်တစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုကို ညစ်စွန်းသွားစေလိမ့်မယ်။ ပြီးတော့ သူမရဲ့ ဘဝတစ်လျှောက် မှားယွင်းစွာ စွပ်စွဲခံရလိမ့်မယ်။ သခင်မလေးက အဲ့အချိန်တုန်းက အိပ်နေတာ ပြီးတော့ ဒီအစေခံက သခင်မလေးကို အကြောင်းကြားဖို့ စောင့်နေရရင် ကြာနေဦးမှာ။ ဒါ့ကြောင့် ဒီအစေခံက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့တယ်”
ကျန်းယွမ်က သူမကို တည်ငြိမ်စွာ ကြည့်လိုက်တယ်။
“အဲ့တော့ နင် ဘာလုပ်လိုက်တုန်း”
လုကျူးရဲ့ မျက်ဝန်းထဲမှာ ကျေနပ်မှု အရိပ်အယောင် ပေါ်လာတယ်။
“သူထွက်သွားတော့ ကျွန်မ သူ့ခေါင်းအုံးအောက်မှာ ဖွက်ထားတဲ့ သခင်မလေးရဲ့ လက်ကိုင်ပုဝါနဲ့ ဒုတိယသခင်မလေးရဲ့ လက်ကိုင်ပုဝါကို လဲဖို့ အခွင့်အရေးကို အရယူခဲ့တယ်”
ပိုင်ကျီက ကြက်သေသေသွားတယ်။
“နင်ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နိုင်တာလဲ”
လုကျူးက ဂုဏ်ယူစွာနဲ့ ခေါင်းမော့လိုက်တယ်။
“တကယ်လို့ သူမက သခင်မလေးကို ဒုက္ခပေးချင်ရင် ကျွန်မတို့ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး။ တကယ်လို့ သူတို့က သခင်မလေးကို ဒုက္ခပေးဖို့ အကွက်‌ရွှေ့ရင် ခံစားရမှာက ဒုတိယသခင်မလေးပဲ။ ဒါက ဝဋ်လည်တာပဲ”
ကျန်းယွမ် ပေါ့ပါးစွာ ပြုံးလိုက်တယ်။ သူမက ပြောလိုက်တယ်။
“မင်းကောင်းကောင်း လုပ်လိုက်တာပဲ”
ပြီးတော့ လုကျူးကို ကြည့်လိုက်တယ်။ အစက သူမက ဒီအစေခံမလေးက သူမ ကျေးလက်မှာ နေခဲ့တုန်းက သူမကိုယ်စား ပြောခဲ့ပေးလို့ သူမ အရမ်း ကျေနပ်ခဲ့တယ်။ နောက်ကျ သူမက အဲ့ လုကျူးက သူမ ခရီးတွေ အများကြီး ထွက်ပြီး ဒီလောက် အသိပညာ ကြွယ်ဝလာပြီးတော့ သူမကို နည်းလမ်းတွေ အများကြီးနဲ့ ကူညီနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါ့ကြောင့် အဲ့အချိန်ပြီးတော့ နေ့တိုင်း လုကျူးက သူမကိုယ်သူမ အိမ်တော်ထဲမှာ သတင်းစုဆောင်းပြီး သက်သေပြခဲ့တယ်။ ဒီနေ့ သူမက သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ ရှုရှန်းကို ရင်ဆိုင်ခဲ့တယ်။ သဘောကျတာနဲ့ သဘောမကျတာကို ကောင်းကောင်း သတ်မှတ်ထားတာက သူမရဲ့ ပင်ကိုယ်စရိုက်ဖြစ်တယ်။
လန်ချောင်က အသက်ပြင်းပြင်း ရှုလိုက်တယ်။
“ရန်ဟွားယွမ်က လူတွေက အကျင့်ကောင်းတာ ဟုတ်ဘူး။ လုကျူး ငါတို့ မင်းကို အထင်လွဲမိတယ် ထင်တယ်။ မင်းက ငါတို့ကို ဒီလို ရလာဒ်မျိုးကို ပြန်ပြောနိုင်သားပဲ”
“ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒုတိယသခင်မလေးရဲ့ လက်ကိုင်ပုဝါကို ရလာတာလဲ”
ပိုင်ကျီက မေးလိုက်တယ်။
“ပြီးခဲ့တဲ့ရက်က ကျွန်မ သခင်မလေးဆီကို ဉယျာဉ်ကို ဖြတ်ပြီး အစာကြေဆေးတွေ ပို့တုန်းက ဒုတိယသခင်မလေးက လက်ကိုင်ပုဝါကို ဂရုမစိုက်မိဘဲ ချမိခဲ့တာကို ကျွန်မတွေ့ခဲ့တယ်။ အစက ကျွန်မ အဲဒါကို ကျွန်မအားတဲ့ အချိန်ကျမှ သူ့ကို ပြန်ပေးမယ်လို့ တွေးထားတာ ဒီနေ့ မှာ အသုံးဝင်လာမယ်လို့ ဘယ်သူက သိမှာလဲ။ ဒါက ဉပမာပဲ”
လန်ချောင်က ငေါ့လိုက်ပြီး ပိုင်ကျီက ရယ်လိုက်တယ်။ ဒါကို မြင်ရတော့ လုကျူး ကလည်း ရယ်လိုက်တယ်။ ကျန်းယွမ်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ရှိနေပေမဲ့ သူမရဲ့ စိတ်ထဲမှာ အခြေအနေက ပြောင်းပြန်ဖြစ်နေတယ်။ ရှယန်က တကယ်ပဲ သူမရဲ့ နာမည်ကို အောက်ဆုံးထိ ဆွဲချချင်နေတာပဲ။ နောက်ဆုံးမှာ သိက္ခာကျမယ့်သူက ငါမဟုတ်ဘဲ ကျန်းစုစု ဖြစ်မယ်ဆိုတာ သူသိသွားရင် သူ့ရဲ့ မျက်နှာက ဘဘ်လိုဖြစ်သွားမလဲ မသိဘူး။
ရန်ဟွားယွမ်မှာ ကျန်းစုစုက ထိုင်ခုံပေါ်မှာ ထိုင်ပြီးတော့ ကြာစေ့နဲ့ အနီရောင် ရက်စွဲလက်ဖက်ရည်ကို သောက်နေတယ်။ ပြီးတော့ သူမရဲ့ မျက်နှာပေါ်က အပြုံးက သိမ်မွေ့နူးညံ့တဲ့ နတ်သမီးလေးလိုပဲ အပြစ်ကင်းစင်တယ်။
ရှယန်က သူမရဲ့ သမီးကို ကျေနပ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး
“မကြာခင်မှာ သမီးက သူများတွေထက်ပိုဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းပြီးတော့ ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်တော့မှာ။ ဘယ်ထူးချွန်တဲ့ ကောင်လေးက အမေ့ရဲ့ စုအာလေးကို လက်ထပ်ဖို့ ကောင်းချီးရမလဲ မသိဘူး”
ကျန်းစုစုက မကျေနပ်တဲ့ပုံနဲ့ သက်ပြင်းချလိုက်တယ်။
“အမေ ဘာတွေပြောနေတာလဲ။ သမီးက ငယ်သေးတယ်။ ပြီးတော့ ဒီနေ့ည လင်းလောင်လှေပြိုင်ပွဲက မြင့်မြတ်တဲ့ကောင်လေးကို ရှာဖို့မှမဟုတ်တာ။ သမီး ကုချင်းကို တစ်လနီးပါး လေ့ကျင့်နေတာ ပြီးတော့ ဒီနေ့ညက သမီး ကြိုးစားမှုရဲ့ အကျိုးကျေးဇူးကို ခံစားရမယ့်ညပဲ”
“သမီးတီးတာ အရမ်းကောင်းပါတယ်။ တကယ်လို့ အမေက သမီးနဲ့ နေရာချင်းလဲပြီး တီးရင်တောင် အမေရဲ့ အဆင့် နဲ့ မညီပါဘူး”
သူမရဲ့ အသံမှာ ဂုဏ်ယူမှုတွေနဲ့ ရှယန်က ဆက်ပြောလိုက်တယ်။
“အချိန်ကျရင် အမေ သမီးကို သင်ပေးထားတဲ့ ကဗျာကို ပြန်ရွတ်လိုက်နော်။ လှေပေါ်က ဘယ်သူကမှ သမီးကို ယှဉ်လို့ မရတာ သေချာတယ်”
ကျန်းစုစုက ပြုံးလိုက်တယ်။
“အဲဒါ ကောင်းတာပေါ့”
သူမက ပြောလိုက်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်တယ်။
“ဒါက မမ မြို့တော်ကို ပြန်ရောက်တာနဲ့ လင်းလောင်လှေပြိုင်ပွဲကို ပထမဆုံး ပြိုင်တာပဲ။ ပြီးတော့ သူရဲ့ နဂိုအလှက လူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ”
သူမက သူမရဲ့ ခံစားချက်တွေကို ချုပ်တည်းဖို့ အကောင်းဆုံး ကြိးစားပေမဲ့ သူမရဲ့ မနာလိုမှုက ထွက်ပေါ်လာတယ်။ ရှယန်က သူမ အံကြိတ်နေတာကို သတိထားမိပြီး ပြောလိုက်တယ်။
“သမီး သူမကို စိတ်ပူစာရာ မလိုပါဘူး။ သူမက နိမိတ်မကောင်းတဲ့ ကောင်မလေး တစ်ယောက်ထက် မပိုပါဘူး။ သမီးအဖေ သူမကို ကျန်းအိမ်တော်မှာ ဆက်ဆံတဲ့ပုံကိုပဲ ကြည့်လိုက်လေ။ သူမက သမီးကို ကျော်နိုင်စရာ အကြောင်းမရှိဘူး။ ဒါ့ကြောင့်အမေတို့ အဓိကအကြောင်းကိုပဲ ပြန်သွားလိုက်ရအောင်။ ဒီနေ့ည သူမ သမီးရဲ့ ကျော်ကြားမှုကို ခိုးမှာကို စိတ်ပူစဟရာ မလိုပါဘူး။ အမေ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီးပြီ။
“စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီးပြီ ဟုတ်လား”
ကျန်းစုစုက မရယ်ခင် ခဏ ကြောင်သွားတယ်။
“အမေက သမီးကို အချစ်ဆုံးဆိုတာ သမီးသိပါတယ်”
ရှယန်က သူမရဲ့ နဖူးကို ဖွဖွလေး နမ်းလိုက်တယ်။
“ဒီအိမ်တော်မှာ တစ်ယောက်ယောက်က သမီးအတွက် အကူအညီမပေးနိုင်ရင် အဲ့လူက ဒီအိမ်တော်မှာ ရှိနေစရာ အကြောင်းမရှိဘူး။ မဟုတ်ရင် နောက်ကျ အမေတို့ နောက်ကျောကို ဓားနဲ့ ထိုးခံရနိုင်တယ်။ ကျန်းယွမ်ရဲ့ အသွင်အပြင်က အသက်ရှုမှားလောက်အောင် လှတယ်။ အမေ သူမကို ဒီရက်ပိုင်းအတွင်း အကဲခတ်နေတာ သူမက မတုံးယုံတင်မကဘဲ သူမက နက်နက်နဲနဲ တွေးတတ်တယ်။ သူမ ချန်ကျောက်မိသားစုနဲ့ ရင်ဆိုင်ခဲ့တာကို ကြည့်ရရင် သူမက မတုံးဘူးဆိုတာ သိသာတယ်။ ဒါပေမဲ့ ဘာလို့မှန်းမသိဘူး သူက အမေ့ကို အမြဲ မကောင်းတဲ့ ခံစားချက် ပေးတယ်။ သူမကို ချန်ထားတာက ကပ်ဘေးကို ဖြတ်စေလိမ့်မယ်။ ဒီတော့ သူ့ကို စောစော ရှင်းသင့်တယ်”
“အမေက သူ့ကို သတ်ချင်တာလား”
ကျန်းစုစုက မေးလိုက်တယ်။
“သူမကို ဘာလို့ သတ်မှာလဲ။ သူမက အခုမှ မြို့တော်ကို ပြန်ရောက်ခါစပဲ ရှိသေးတာကို။ ဒီတော့ သူမ ဘာမှ လုပ်နိုင်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ ဒီနေ့ည ပြီးရင်တော့ သူမက မြို့တော်ထဲမှာ သူ တစ်ခုခုလုပ်ချင်တာတောင် လုပ်နိုင်မှာ မဟုတ်ဘူး”
အဲ့အချိန်မှာ ရှယန်ရဲ့ မျက်နှာထားက သူမပြောလိုပဲ သူမရဲ့ ပုံမှန်ညင်သာတဲ့ မျက်နှထား မဟုတ်တော့ပဲ ရက်စက်နေတယ်။
“အမေ သမီးကို အမေ့ရဲ့ အစီအစဉ်အကြောင်း ပြောပြပါ”
ကျန်းစုစုက တည့်တိုး မေးလိုက်တယ်။
“သမီး သူအရှက်ရဖို့ကို အမြဲတမ်း မျှော်လင့်နေတာ”
နတ်သမီးနဲ့တူတဲ့ မိန်းကလေးရဲ့ မျက်ဝန်းထဲမှာ မနာလိုမှုတွေနဲ့ ပြည့်နှက်နေတယ်။
ရှယန်က သူမရဲ့ သမီးအပြစ်တင်နေတာကို ကြည့်လိုက်တယ်။
“အမေ သမီးကို အကြံအကြောင်းပြောပြတာ အကြောင်းမဟုတ်ပေမဲ့ သမီးမှတ်မိရမှာက ဒီနေ့ပြီးရင် သူမက မြို့တော်က လူတွေက အပြစ်တင် ရှုံ့ချလိမ့်မယ်။ အဲဒါက သမီး ပတ်သက်ရမယ့် အရာ မဟုတ်ဘူး။ သမီး သွား ပတ်သက်ရင် သမီးရဲ့ အဆင့်အတန်း နိမ့်ကျသွားလိမ့်မယ်”
ကျန်းစုစုက ခေါင်းညိတ်လိုက်တယ်။
ရှယန်က ပြီးတော့ အစေခံတချို့ကိုပဲ ချန်ပြီးတော့ ဘေးကအစေခံတွေကို လွှတ်လိုက်တယ်။ ပြီးတော့ ကျန်းစုစုကို သေသေချာချာ ရှင်းပြနေတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now