part 96(2)

2.1K 233 2
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 116

အခန်း - ၉၆ အပိုင်း(၂)

ကျန်းချောင်ကို နှစ်သိမ့်ပေးပြီး သူ့ကို ခက်ခက်ခဲခဲနဲ့ အိပ်စေနိုင်ခဲ့တယ်။ ရှယန်က သူမရဲ့ အဝတ်တွေကို လဲချင်ခဲ့တယ်။ သူမကိုကြည့်ရတာ တစ်ညတည်းနဲ့ ဆယ်နှစ်စာလောက် အိုစာသွားသလိုပဲ။ သူမရဲ့ အရင်က လှပပြီး သိမ်မွေ့တဲ့ အကြည့်က မရှိတော့ဘူး။ သူမက သူမနဖူးကို သူမလက်နဲ့ ဖိလိုက်ပြီးတော့ သူမကို ကြည့်ရတာ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်လိုပဲ။
လင်းလန်က စိုးရိမ်စွာ ပြောလိုက်တယ်။
“သခင်မ…”
“သူမက ချောင်အာကို ဒီလိုဆက်ဆံဖို့ သတ္တိရှိတယ်ပေါ့။”
ရှယန်ရဲ့ နှလုံးသားက ချောင်အာ အကြောင်းကို စဉ်းစားမိတဲ့ အချိန်မှာ နာကျင်လာတယ်။
“ငါ အဲ့ခွေးမကို အခါတစ်ထောင် ၊ မဟုတ်ဘူး။ အခါ တစ်သောင်းပြန်ခံစားခိုင်းမယ်။”
လီအန်းက အပြစ်တင်ရမယ့် တစ်ယောက်ဆိုတာ သူသိပေမဲ့ သူက အကျဉ်းထောင်ထဲကို ရောက်သွားပြီဆိုတော့ သူမက တာဝန်ရှိမှုတွေ အကုန်လုံးကို ကျန်းရွမ်အပေါ်ပဲ ပုံချလိုက်တယ်။ တကယ်လို့ သူမကြောင့်သာ မဟုတ်ရင် ချောင်အာက ဒီလိုဖြစ်မှာ မဟုတ်ဘူး။”
“သခင်မ ပိုက်ဆံက အသင့်ဖြစ်ပါပြီ။ ဘဏ္ဍာတိုက်ထဲက ငွေစာအုပ်ကိုလည်း ကြည့်သင့်ပါတယ်။”
လင်းလန်က သူမကို သတိပေးလိုက်တယ်။
ရှယန်က ဒီကိစ္စကို ထပ်ပြောလိုက်တော့ သုန်မှုန်သွားတယ်။ အရင်တစ်ခါတုန်းကလည်း ပိုင်ဟွာလိုမှာ ကျန်းချောင်ရဲ့ အကြွေးကို ပေးဖို့အတွက် သူမက အတော်များများ သုံးခဲ့တယ်။ သူမရဲ့ တင်တောင်းတဲ့ဘက်က ပေးရတဲ့ ပစ္စည်းတစ်ဝက်လောက်ဖြစ်တယ်။ ဒီတစ်ကြိမ်မှာလည်း ကျန်းချောင်ကို အကျဉ်းထောင်ထဲကနေ ကယ်ဖို့ လူတော်တော်များများကို လိုက်ပြီး လာ်ထိုးနေရလို့ ပိုက်ဆံတွေ အများကြီး သုံးရတယ်။ သူမရဲ့ ကျန်ရှိတဲ့ တင်တောင်းတဲ့ပစ္စည်းက ကျန်းစုစုရဲ့ အနာဂတ် တင်တောင်းတဲ့ပစ္စည်းအဖြစ် သိမ်းထားတာဖြစ်ပေမဲ့ အိမ်တော်ရဲ့ အသုံးစရိတ်မှာ ကျန်တဲ့ ပိုက်ဆံက သိပ်မကျန်တော့ဘူး။ ဒီတော့ သူမက ကျန်းသခင်မကြီးရဲ့ တင်တောင်းတဲ့ ပစ္စည်းတွေဘက်ကို လှည့်သွားတယ်။ ကျန်းသခင်မကြီးက မြင့်မြတ်တဲ့သူတွေရဲ့ သမီးဖြစ်ပြီးတော့ များပြားတဲ့ တင်တောင်းပစ္စည်းတွေကို ပိုက်ဆိုင်တယ်။ အကုန်လုံးက ကျန်းချွမ်အတွက် ဘေးဖယ်ထားပေမဲ့ သူမက အဲ့အကြောင်းကို မတွေးဘူး။ အခုမတိုင်ခင်အထိပေါ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းချောင်ရဲ့ ကံခေတာကို ကျန်းချွမ်က သူမကို ဒေါသကြောင့် လျစ်လျူရှူထားလို့ သူမက ကျန်းသခင်မကြီးဆီကနေ အကူအညီမတောင်းဘဲ မနေနိုင်ခဲ့ဘူး။ မျှော်လင့်ထားတဲ့ အတိုင်းပဲ သူမရဲ့ တောင်းဆိုချက်ကို နည်းနည်းလေးတောင် တုံ့ဆိုင်းခြင်းမရှိဘဲ တန်းငြင်းလိုက်တယ်။ ပြီးတော့ သူမက ရှချန်းဆီကနေ အကူအညီတောင်းမယ် ဆိုတော့လည်း မကြာသေးခင်က ရှချန်းနဲ့ ကျန်းမိသားစုက မကျေနပ်ချက်တွေရှိနေတယ်။ ရှယန်က အကူအညီမဲ့နေတယ်။ ထင်ထားတဲ့အတိုင်း သူမက ကျန်းသခင်မကြီးဆီကနေ ပိုက်ဆံတောင်းလို့ မရတဲ့အချိန်မှာ ကျေးလက်က ခြံဝင်းတွေနဲ့ လယ်ကွက်တွေက သူမနာမည်နဲ့ ဆိုတော့ သူမဟာတွေပဲပေါ့။ ဒီတော့ ရှယန်က အဲ့ဆိုင်တွေနဲ့ လယ်ကွက်တွေကို ဘယ်သူ့ကိုမှမပြောဘဲနဲ့ ကျန်းချောင်ကို ပိုက်ဆံနဲ့ ပြန်ထုတ်ခဲ့တယ်။
အခု ကျန်းချောင်က ပြန်ရောက်လာပြီဆိုတော့ သူမက ငွေစာအုပ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာရဦးမှာ ဖြစ်တယ်။ သူမက အမြဲတမ်း လောကီရေးရာတွေကို ဂရုမစိုက်တဲ့ပုံ ပေါ်ပေမဲ့ တကယ်တော့ အရမ်း လိမ္မာပါးနပ်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ မကြာခင်မှာ ပြဿနာတွေက တစ်ခုပြီးတစ်ခု တိုးဝင်လာကြပြီးတော့ သူမရဲ့ လိမ္မာပါးနပ်မှုကို နောက်ဆုံးထိ တွန်းပို့ခံခဲ့ရတယ်။
သူမက ခေါင်းခါလိုက်ပြီး လင်းလန်ကို ပြောလိုက်တယ်။
“ငါ့ကို ခြံထဲကို ကူပို့ပေး။”
လင်းလန်က သူမကို ကူလိုက်တယ်။ သူတို့ ခြံဝကို ရောက်တော့ ကျန်းယွမ်နဲ့ လန်ချောင်တို့က ဖြတ်သွားတယ်။ ကျန်းယွမ်က ရှယန်ကို တွေ့တော့ရိုက်လိုက်ပြီး သူမကို ဂါရဝပြုလိုက်တယ်။
“အမေ။”
ရှယန်က အင်တင်တင်နဲ့ ပြုံးလိုက်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။ သူမက သားအမိကြားက ချစ်ခြင်းမေတ္တာတရားတွေကို ပြသဖို့ စိတ်မရှိဘူး။ လက်ရှိမှာ သူမရဲ့ မျက်ဝန်းတွေက အမုန်းတရားကို မကွယ်ဝှက်ထားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျန်းယွမ်က နောက်ကို နည်းနည်းဆုတ်လိုက်ပြီးတော့ အပြုံးနဲ့ ပြောလိုက်တယ်။
“အမေဒီအနံ့က ဘာအနံ့ကြီးလဲ။ အမေပြန်ပြီးတော့ အရင် ရေချိုးသင့်တယ်။ ယွမ်နိုင်လည်း အခု အိမ်တော်ကို ပြန်တော့မယ်။”
ပြောပြီးတော့ သူမက လန်ချောင်နဲ့ အတူ ပြန်သွားတယ်။
ရှယန်က ကျန်းယွမ် ထွက်သွားတာကို ကြည့်နေတယ်။ ကျန်းချောင် သူမပေါ်ကို အန်ချတာကြောင့် သူမ ဖရိုဖရဲဖြစ်ခဲ့တာကို ပြန်တွေးလိုက်တော့ သူမ သူမရဲ့ သွားတွေကို ကြိတ်လိုက်တယ်။
* * *
ကျန်းရှင်းကျီ ပြန်လာတာနဲ့ သူက ကျန်းယွမ်ရဲ့ ခြံကို အရင်သွားတယ်။ ကျန်းယွမ်က လန်ချောင်နဲ့ ပိုင်ကျီတို့ကို လွန်ခဲ့တဲ့ ရက်တွေကတည်းက မကောင်းတဲ့ ပစ္စည်းတွေကို ပြန်ပြီး အစားထိုးဖို့ ညွှန်ကြားခဲ့တယ်။ ကျန်းယွမ်က ဘေးမှာ ထိုင်နေတဲ့ အချိန်မှာ သူတို့က ကျန်းရှင်းကျီလာတာကို မြင်တော့ လန်ချောင်က အမြန် လက်ဖက်ရည်တစ်ခွက် သွားဖျော်တယ်။
ခဏနားပြီးတော့ ကျန်းရှင်းကျီက လိုရင်းကို တန်းပြောတယ်။
“အားယွမ် မနေ့က လီတုန်နဲ့ သူ့သားနှစ်ယောက် အကျဉ်းထောင်ထဲမှာ သေသွားတယ်။”
ကျန်းယွမ်က မျက်ခုံး အနည်းငယ် ပင့်လိုက်တယ်။
“အိုး ဟုတ်လား။”
“ထောင်မှူးက သူတို့ကို ဒီနေ့မနက် တွေ့ပြီးတော့ သူတို့က အပြစ်ဒဏ်ကို ရှောင်လွှဲဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်။ အရှင်မင်ကြီးက ဒေါသအရမ်းထွက်ပြီးတော့ အလောင်းတွေကို မြင်းငါးကောင်နဲ့ ဆွဲဖြဲဖို့ အမိန့်ပေးခဲ့တယ်။”
ကျန်းရှင်းကျီက ဒေါသထွက်နေတယ်။
“သူတို့ရဲ့ ကောင်းခြင်းဆိုးခြင်းတွေက ကောင်းကင်က ချီးမြှင့်တာခံရတာဖြစ်ပြီးတော့ သူတို့ ဝဋ်လည်တာကလည်း အလားတူပဲ။ ဒါ့ကြောင့် ကိုကြီးတို့က ကလဲ့စား ပြန်မချေချင်တာ မဟုတ်ဘဲ ကိုကြီးတို့ လှုပ်ရှားရမယ့် အချိန်မဟုတ်လို့ပဲ။ အဲ့လိုပဲ သူတို့က ညီမလေးကို သူတို့ မိသားစုထဲ လက်ထပ်စေချင်ပေမဲ့ မမျှော်လင့်စွာနဲ့ သူတို့မှာ ကံကြမ္မာမပါခဲ့သလိုပေါ့။”
ကျန်းယွမ် ပြုံးလိုက်ပြီးတော့ သူမရင်ထဲမှာ တွေးလိုက်တယ်။ လီတုန်နဲ့ သူ့သားတွေက အပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတာက ရှောင်ရှို့လက်ချက်ပဲ ဖြစ်ရမယ်။ သူ ဘာနည်းလမ်းသုံးခဲ့လဲဆိုတာ သူမ မသိပေမဲ့ ကျန်းရှင်းကျီတောင် အဲဒါကို ရှာမတွေ့နိုင်ခဲ့ဘူး။ အဲဒါက အမှားအယွင်းမရှိဘဲ လုပ်ရမှာ ပုံမှန်ပါပဲလေ။ သူမက ခေါင်းငုံ့ပြီး ပြုံးလိုက်ပေမဲ့ ကျန်းရှင်းကျီက လှုပ်လိုက်ရင်းနဲ့ အဲဒါကို တွေ့သွားတယ်။ ညင်သာတဲ့ အသံနဲ့ သူက ပြောလိုက်တယ်။
“နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ အရှင်မင်းကြီးက နန်းတွင်းထဲမှာ ရေကြီးတုန်းက ကူညီခဲ့တဲ့ အရာရှိတွေကို ဂုဏ်ပြုဖို့ ဂုဏ်ပြုညစာစားပွဲ ကျင်းပမှာ။ ညီမလေးက ကိုကြီးရဲ့မိသားစုဝင်ဆိုတော့ ကိုကြီးကို အဖော်ပြုပေးမယ်မလား။ အဲ့အချိန်ကျရင် ကိုကြီး ညီမလေးအတွက် အိမ်ထောင်ပြုဖို့ သင့်တော်တဲ့သူတစ်ယောက် ရှာပေးမယ်။”
ကျန်းယွမ်က သူ ပြောတာကို နားလည်တယ်။ ကျန်းရှင်းကျီက သူမရဲ့ အဆင့်အတန်းကို မြင့်စေချင်လို့ သူ့ရဲ့ ချီးမွမ်းထိုက်တဲ့ အလုပ်နဲ့ လဲလိုက်မှာဖြစ်တယ်။ ဒါမှ ကျန်းမိသားစုက သူမကို ဆက်ပြီး လွယ်လွယ်နဲ့ အနိုင်မကျင့်ရဲမှာဖြစ်တယ်။ ကျန်းရှင်းကျီက ဆက်ပြောတယ်။
“လက်ရှိမှာ ကိုကြီးရဲ့ အောင်မြင်မှုက ပိုကြီးမားလေလေ အရှင်မင်းကြီးက ကိုကြီးကို ပိုသဘောကျလေလေပဲ။ အနောက်တိုင်းဒေသက အရမ်း မငြိမ်းချမ်းဘူး။ ဒီတော့ ကိုကြီး တစ်နေ့ကျ တပ်တွေကို ဦးဆောင်ပြီးတော့ တိုက်ပွဲကို သွားရလိမ့်မယ်။ တကယ်လို့ ညီမလေးမှာ စောင့်ရှောက်သူ ရှိရင်ကောင်းမှာပဲ။”
“စောင့်ရှောက်သူတစ်ယောက်လား။”
ကျန်းယွမ် ပြုံးလိုက်တယ်။
“ကိုကြီး ဒါက ကိုကြီး ညီမလေးကို ကာကွယ်မယ့်ပုံလား။ ညီမလေးကို ပထမတန်းစားမင်းသမီး အဆင့်ပေးပြီးတော့ ကာကွယ်ချင်တာလား။ ဆုပဲဖြစ်ဖြစ် အပြစ်ပဲဖြစ်ဖြစ် အကုန်လုံးက ဧကရာဇ်ရဲ့ မျက်နှာသာ ပေးတာပဲဆိုတာ မမေ့နဲ့ဦး။ အရှင်မင်းကြီးက ကိုကြီးကို သဘောကျတာက ကိုကြီးရဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ ကိုကြီးက အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို လောလောနဲ့ ဒီဖလှယ်တဲ့နေရာမှာ သုံးလိုက်ရင် အဲဒါက အရှင်မင်းကြီးကို မပျော်ရွှင်စေမှာကို ညီမလေး စိုးရိမ်မိတယ်။ ပထမတန်းစား မင်းသမီးအဆင့်ကိုတော့ ညီမလေး ဒါကို တမင်ပြောတာတော့ မဟုတ်ပေမဲ့ ကိုကြီးရဲ့ ချီးမွမ်းထိုက်တဲ့ အလုပ်တွေက မလုံလောက်သေးဘူး။”
ကျန်းရှင်းကျီ ပြောစရာစကား မဲ့သွားတယ်။ သူက ကျန်းယွမ်ပြောတာ အမှန်ဆိုတာကို နားလည်တယ်။ သူ့အတွက်တော့ ချမ်းသာခြင်းနဲ့ ပစ္စည်းဉစ္စာကြွယ်ဝခြင်းတွေက တန်ဖိုးမရှိဘူး။ သူက ကျန်းယွမ် ကောင်းမွန်တဲ့ဘဝရဖို့ပဲ မျှော်လင့်တယ်။ ကျန်းအိမ်တော်လို နေရာမျိုးနဲ့ အဲ့ကလူတွေရဲ့ သဘောထားကို သူထင်ထင်ရှားရှား မြင်နိုင်တယ်။ ကျန်းယွမ်က သူ တိုက်ပွဲဝင်နေရချိန်မှာ နေ့ရက်တွေကို ဖြတ်သန်းရမလဲ ဆိုတာကိုပဲ ကြောက်တာဖြစ်တယ်။ ကျန်းယွမ်ကို ဒီလို စိတ်မချရတဲ့ နေရာမှာ ဘယ်လိုလုပ်ပြီး သူက စိတ်အေးနိုင်မှာလဲ။
ကျန်းယွမ်က သူ့ကို ပြုံးပြလိုက်တယ်။
“ညီမလေးရဲ့ အဆင့်ကို ပြောင်းတာအပြင် ညီမလေးကို ကာကွယ်ဖို့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်။”
“အဲဒါဘာလဲ။”
ကျန်းရှင်းကျီက မေးလိုက်တယ်။
“အဲဒါ အရမ်းရိုးရှင်းပါတယ်။ ညီမလေးကို အင်အားအရမ်းကြီးတဲ့သူနဲ့ စေ့စပ်ပေးလိုက်။ စေ့စပ်ပြီးတာနဲ့ ညီမလေးက ကျန်းမိသားစုဝင်ရဲ့ တစ်ဝက်ပဲဖြစ်သွားမှာ။ တကယ်လို့ အဲ့ဘက်က ပိုပြီး အင်အားကြီးလေလေ ဒီက လူတွေက ညီမလေးအတွက် ကိစ္စတွေကို ခက်ခဲအောင် မလုပ်ရဲလေလေပဲ။”
ဒါကိုကြားတော့ ကျန်းရှင်းကျီ မတွေးဘဲ တန်းငြင်းလိုက်တယ်။
“မရဘူး။ ညီမလေးက ငယ်သေးတယ်။ ဘယ်လိုလုပ်ပြီး ညီမလေး စေ့စပ်ဖို့ တစ်ယောက်ယောက်ကို အမြန်ရှာချင်ရတာလဲ။”
ကျန်းယွမ်ရဲ့ မွေးရာပါ အရည်အချင်းနဲ့ အချုပ်အနှောင်ကင်းတဲ့ သဘောထားကို မြင်တော့ နည်းနည်းလေးတောင် စိတ်ရှုပ်မသွားဘဲ ကျန်းယွမ်က စေ့စပ်တယ်ဆိုတာ ဘာမှန်း မသိဘူးဆိုတာကို သူသေချာသွားတယ်။ သူက ပြောလိုက်တယ်။
“ဒါ့အပြင် ကျန်းမိသားစုက ရှမိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတဲ့ အချိန်မှာ ရှမိသားစုနဲ့ မင်းသားရှစ်တို့က ရင်းနှီးတယ်။ မင်းသားရှစ်ကို ယှဉ်နိုင်တဲ့သူကို ရှာရတာ မလွယ်ဘူး။”
ပြီးတော့ သူ တစ်ခုခုကို သတိရသွားပုံပဲ။ သူ ရုတ်တရက် ကြက်သေသေနေပြီးတော့ အကြာကြီး ဘာမှမပြောခဲဘူး။
ကျန်းယွမ်က သူ့ကို ကြည့်လိုက်တယ်။
“ကိုကြီး။”
ကျန်းရှင်းကျီက သတိပြန်ဝင်လာပြီး သူမကို ထူးဆန်းစွာ ကြည့်လိုက်တယ်။
“အားယွမ် ရှောင်ရှို့ ဆိုရင်ရော ဘယ်လိုနေလဲ။”
ကျန်းယွမ်
“…”
သူက ဒါကို လေးလေးနက်နက် ပြောနေတော့ သူမ အံ့အားသင့်သွားတယ်။ ကျန်းယွမ် သူ့ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ သူမက သူ့ကို ညင်သာစွာ ပြောလိုက်တယ်။
“ကိုကြီး မေ့သွားပြီလား။ ညီမလေး ကိုကြီးကို အရင်က ပြောဖူးတယ်လေ။ ညီမလေး လက်မထပ်ချင်ပါဘူးဆိုနေ။”
ကျန်းရှင်းကျီ ပြန်မပြောခင်မှာဘဲ သူမက ထပ်ပြောလိုက်တယ်။
“ဒါ့အပြင် ဒီကမ္ဘာပေါ်မှာ အရာရာတိုင်းက မြန်မြန် ပြောင်းလဲကြတယ်။ ယောက္ခမဘက်က လူတွေက ဆာလောင်နေတဲ့ ဝံပုလွေတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်။ ကိုကြီး အမေ့ကို မေ့သွားတာလား။”
ကျောက်မိန်က ဘယ်လောက် အပြစ်ကင်းလိုက်သလဲ ဒါပေမဲ့ ပန်းလေးတစ်ပွင့်လိုပဲ သူမက သူမရဲ့ နုပျိုမှုကို ကျန်းအိမ်တော်မှာ မြှပ်နှံခဲ့ရတယ်။ အဲဒါက ကျန်းချွမ်ရဲ့ ရက်စက်မှုကြောင့်ပဲ မဟုတ်လား။
ပြီးတော့ သူမရဲ့ အတိတ်ဘဝမှာ သူမရဲ့ ဘဝက သေရတာထက် ပိုပြီးတော့ ဆိုးရွားလာပြီးတော့ သူမရဲ့ ဆွေမျိုးတွေက အသတ်ခံလိုက်ရတယ်။ အဲဒါတွေကြောင့် ရွှမ်းလီက သူမရဲ့ ယုံကြည်မှုကို ရပြီးတော့ သိမ်မွေ့တဲ့ ဟန်ဆောင်မှုနဲ့ လှည့်စားခဲ့တာမဟုတ်လား။
နှလုံးသားက ကမ္ဘာပေါ်မှာ အားမကိုးရဆုံး အရာတစ်ခုပဲ။
ဂရုမစိုက်မှုနဲ့ အေးစက်မှုက ကျန်းယွမ်ရဲ့ မျက်ဝန်းထဲမှာ အရမ်းလေးနက်နေလို့ ကျန်းရှင်းကျီက ကြက်သေသေသွားတယ်။ သူက ကျန်းယွမ်ရဲ့ ခေါင်းကို ပွတ်ပေးလိုက်တယ်။
“ညီမလေးက ကလေးပဲ ရှိသေးပါတယ်။ ဘာလို့ လူကြီးတစ်ယောက်လို ပြောနေတာလဲ။”
သူက ပြောလိုက်တယ်။
“ကိုကြီးက ဒီမှာ ရှိနေပြီပဲ။ ညီမလေးကို မတရားတာတွေကို မခံစားစေရဘူး။”
“ကိုကြီး ညီမလေးအတွက် စိတ်မပူပါနဲ့ ညီမလေးက နန်းတွင်းဂုဏ်ပြုထမင်းစားပွဲမှာ ကိုကြီးရဲ့ ဆုတောင်းကို ဖြည့်ဖို့ နည်းလမ်းရှိတယ်။ ဒါပေမဲ့ ကိုကြီး ညီမလေးကို တစ်ခုတော့ ကတိပေးရမယ်။ ကိုကြီးရဲ့ အနာဂတ်ကို ညီမလေးရဲ့ ပျော်ရွှင်မှုအတွက်နဲ့ လောင်းကစား မလုပ်ပစ်ပါနဲ့။ အားယွမ်အတွက် ကိုကြီး ရာထူးမြင့်လေ ပိုပြီး လုံခြုံလေပါပဲ။ အားယွမ်လည်း ပိုပြီး စိတ်ချရမှာ။”
ကျန်းရှင်းကျီ သူမကို ကြည့်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ ကိုကြီး ညီမလေးကို ကတိပေးပါတယ်။”
* * *
မြို့တော်ထဲမှာ မင်းသားရှစ်ရဲ့ အိမ်တော်မှာ ရွှမ်းလီက ဂနာမငြိမ်ဖြစ်နေတယ်။ အမြဲတမ်း သိမ်မွေ့ပြီး ဆွဲဆောင်မှု ရှိပေနေတဲ့ သူ့မျက်လုံးတွေက အခုအချိန်မှာ ဒေါသတွေနဲ့ လွှမ်းမိုးနေတယ်။ လီတုန်နဲ့ သူ့သားနှစ်ယောက်က ပြစ်ဒဏ်ကို ကြောက်လို့ မမျှော်လင့်စွာနဲ့ အကျဉ်းထောင်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။ ဒါပေမဲ့ လီတုန်ရဲ့ စိတ်ထားနဲ့ ဒီလို လုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လက်ရှိမှာ သူ့ရဲ့ အပြုအမူတိုင်းက လိုက်အကြည့်ခံနေရတာဖြစ်တယ်။ မဟာကောင်စီဝင်အိမ်တော်က ဒီကံဆိုးမှုနဲ့ ကြုံတွေခဲ့ရတော့ အင်ပါယာအဖွဲ့ဝင်တိုင်းက သူ့ကို ကျားတစ်ကောင်က သူ့ရဲ့ သားကောင်ကို ကြည့်သလိုမျိုး ကြည့်နေကြတယ်။ သူတို့က သူ အမှားတစ်ခု လုပ်ဖို့ ဆုတောင်းနေကြတယ်။ သူ တိတ်တဆိတ်လွှတ်ထားတဲ့ သူတွေကလည်း အသုံးဝင်တဲ့ အချက်အလက် တစ်ခုမှ မရခဲ့ကြဘူး။ စစ်တုရင်ရုပ်တစ်ခုကို အကြောင်းမရှိဘဲ ဆုံးရှုံးလိုက်ရတာကို တွေးပြီးတော့ ရွှမ်းလီ မခံမရပ်နိုင်ဖြစ်နေတယ်။
သူက မဟာကောင်စီဝင်အိမ်တော်ကို စွန့်လွှတ်ဖို့ သူ့စိတ်ကို ပြင်ဆင်ပြီးပြီဖြစ်ပြီးတော့ ဒါက အချိန်ကောင်းမဟုတ်ဘူး။ ရွှမ်းလီက အမြဲတမ်း သူ့လက်ထဲက ဘယ်အရာကိုမဆို အသုံးဝင်မှုကို နောက်ဆုံးတစ်စက်ထိတိုင်အောင် ညှစ်ချလေ့ရှိတယ်။ တကယ်လို့ မဟာကောင်စီဝင်အိမ်တော်က ပျက်စီးသွားရင်တောင် သူ့ရဲ့ လုပ်ငန်းအတွက် လမ်းခင်းပေးဖို့ တန်ဖိုးနည်းနည်းရှိသေးတယ်။ ဒါပေမဲ့ မမျှော်လင့်စွာနဲ့ လီတုန်နဲ့ သူ့သားတွေက အကျဉ်းထောင်ထဲမှာ အကြောင်းမဲ့ သေဆုံးသွားတယ်။ သေဆုံးခြင်းကိုတော့ မမြင်ခဲ့ရဘူး။ အဲ့ သံသယတွေက ဧကရာဇ်ရဲ့ နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာတဲ့ ဆူးပင်တွေဖြစ်လာပြီး ထုတ်ယူဖို့ မဖြစ်နိုင်ဘူး။
ဘယ်လိုလုပ်ပြီးတော့ သူက မခံမရပ်နိုင်မဖြစ်မှာလဲ။
အရှင်မင်းသား အချိန်အတော်ကြာ စုံစမ်းစစ်ဆေးပြီးတော့ အဲ့နေ့မှာ ဒုတိယသခင်လေးလီ စာရင်းသွားရှင်းတာက အကြီးဆုံးသခင်မလေးကျန်း ဖြစ်နေတယ်။ ပြီးတော့ တစ်နည်းနည်းနဲ့ အရာရှိတွေနဲ့ စစ်သားတွေက ပါဝင်လာတယ်။ ချီလဲ့စစ်တပ်က တစ်ရှိန်ထိုး ပျက်သုန်းသွားတယ်။”
ကျန်းယွမ် ထပ်ပြီးတော့ ကျန်းယွမ်ပဲ။
ရွှမ်းလီ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီးတော့ သူ့ရင်ထဲမှာ တောင့်တောင့်တင်းတင်း ခံစားလိုက်ရလို့ ပြန်ထိုင်လိုက်တယ်။ လီအန်းက ချီလဲ့စစ်တပ်ရဲ့ ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားနိုင်လို့ ဆိုပြီး သူက သူ့ဘာသာ ကျေနပ်နေတယ်။ တကယ်တော့ အကုန်လုံးက ရွှမ်းလီရဲ့ ထိန်းချုပ်မှု အောက်မှာပဲ။ သူက တစ်ချိန်ချိန်မှာ သူက ချီလဲ့စစ်တပ်ကို သူ့အတွက် ယူသုံးလိမ့်မယ်လို့ တွေးထားပြီးသားဖြစ်တယ်။ ရုတ်တရက် ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာပြီးတော့ ချီလဲ့စစ်တပ်က နိုင်ငံရေးမှာ အန္တရာယ်ရှိတဲ့ အကျိုးဆက်ရှိလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ချီလဲ့စစ်တပ်ရဲ့ နေရာတချို့က ရုတ်တရက် ဖျက်ဆီးခံရခဲ့တာကို ပြန်သတိရတော့ သူ ကျောက်မိသားစုနဲ့ကွမ်မိသားစုက အရာရှိတွေနဲ့ စစ်သားတွေကို စပြီးတော့ သံသယရှိတော့တယ်။ ကွမ်မိသားစုကိုတော့ ပြောစရာကို မလိုပေမဲ့ ကျောက်မိသားစုရဲ့ ပါဝင်ပတ်သက်မှုက အရမ်း မတော်တဆ တိုက်ဆိုင်တာ ဖြစ်လွန်းနေတယ်။ သူက သူ့ရဲ့ လက်အောက်ငယ်သားဆီကနေ ကြားခဲ့တယ်။ အစက လီအန်းက ကျန်းယွမ်နဲ့ စာရင်းရှင်းချင်ပေမဲ့ အလင်းရောင်က သူ့အပေါ် ကျရောက်လာတယ်။
တကယ်လို့ ဖြစ်ခဲ့တာတွေက ကျန်းယွမ် လုပ်တာဆိုရင် သူမက တကယ်ကြောက်စရာကောင်းတာပဲ။
သူက လီအန်း အဖမ်းမခံရခင်က သူတို့ စကားပြောနေတာကို သတိရသွားတယ်။ လီအန်း တစ်ခါက ပြောတယ်။
“အကြီးဆုံးသခင်မလေးကျန်းရဲ့ ထက်မြက်မှုက ပြိုင်ဘက်ကင်းတယ်။ တကယ်လို့ အခွင့်အရေးရှိရင် အရှင်မင်းသား သူမကို အရှင့်အတွက် အသုံးချပါ။ အသုံးမချနိုင်ရင် သူမကို သတ်ရပါမယ်။ မဟုတ်ရင် သူမက အနာဂတ်မှာ ကြီးမားတဲ့ အန္တရာယ်ဖြစ်လာပါလိမ့်မယ်။”
သူက အဲဒါကို အစက လှောင်နေပေမဲ့ အခုတော့ သူ့မျက်နှာက လေးနက်သွားတယ်။ လီအန်း သွယ်ဝိုက်ပြောတဲ့ အရာက ဘာလဲ။ ဒီတစ်ကြိမ်မှာ တကယ်လို့ လီအန်းက ကျန်းယွမ်ရဲ့ လက်ထဲရောက်သွားရင် သူက ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးကို ဂရုတစိုက်နဲ့ လေ့လာရတော့မှာ ဖြစ်တယ်။
တကယ်လို့ လီအန်းက ကျန်းယွမ်ကို အရည်အချင်းနဲ့ ထက်မြက်မှုမှာ မယှဉ်နိုင်ရင် သူမက တကယ်ပဲ အကူအညီဖြစ်စေမှာပဲ။ ဘာပဲဖြစ်ဖြစ် သူက ကျန်းမိသားစုနဲ့ ရှမိသားစုကို သူ့ဘေးမှာ ထားချင်နေတာပဲ။ သူ ကျန်းယွမ်ကိုပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျန်းစုစုကိုပဲဖြစ်ဖြစ် လက်ထပ်တာက ဘာကွာခြားချက်မှ မရှိဘူး။ ကျန်းစုစုက လက်ရှိမှာ နာမည်ပျက်နေတဲ့ အချိန်မှာ ကျန်းယွမ်က အရမ်းလည်တယ်။ သူက ကျန်းယွမ်ရဲ့ ငယ်ရွယ်ပြီး ဆွဲဆောင်မှု ရှိတဲ့ မျက်နှာကို တွေးမိတိုင်း သူ့နှလုံးသားက လှုပ်ယမ်းသွားပြီးတော့ သူရုတ်တရက် သက်ပြင်းချလိုက်တယ်။
တကယ်လို့ သူမကို သူ့ရဲ့ ကောင်းကျိုးအတွက် အသုံးပြုနိုင်ရင် သူ အသုံးပြုနိုင်ခဲ့ရင်….။ သူ ရုတ်တရက်ကြီး ပြုံးလိုက်တယ်။ ခုနက မှန်မှိုင်းနေတာတွေ အကုန်လုံးက လွှင့်ပြယ်သွားတယ်။
“အဆင်သင့်ပြင်ထား။ ငါ မယ်တော့်ကို တွေ့ဖို့ နန်းတော်ထဲကို သွားမယ်။”
နောက်ဆုံးမှာ ဘယ်သူက အနိုင်ရမလဲဆိုတာ တွေ့ကြတာပေါ့။
Zawgyi

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now