Part 47

2.4K 231 0
                                    

unicode

Part-37
အခန်း - ၄၇
စီးဆင်းနေတဲ့ မြစ်ရေလို တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားတယ်။
ကျန်းလီက သူမရဲ့ ဆရာကြီးလုပ်ပြီး ဗိုလ်ကျတဲ့ အကျင့်ရှိတုန်းပဲ။ ဒါ့ကြောင့်
အချိန်တိုင်း သူက လုံးဝ ရန်စတဲ့ စကားတွေပဲ သုံးပေမဲ့ ကျန်းယွမ်က သူမကို
လျစ်လျူရှူထားခဲ့တယ်။ ဒါပေမဲ့ ကျန်းစုစုနဲ့ သူ့အမေရဲ့ သဘောထားက
သူမအပေါ်မှာ သိမ်မွေ့တဲ့ပုံ ဖြစ်နေတယ်။ အဲဒါက အခုအချိန်မှာ သူမက လူတွေကို
မတူကွဲပြားစွာ ကြည့်လို့လား ဒါမှမဟုတ် ကျန်းစုစုနဲ့ သူမအမေက
နေသားမကျဖြစ်လာပြီး သူတို့ရဲ့ တည်ငြိမ်တဲ့ အမူအရာကို
မထိန်းနိုင်တာကြောင့်လားဆိုတာ သူမ မသိဘူး။ တစ်ခါတစ်လေ သူတို့ သူမကို
ပြောတဲ့ စကားတွေက ဂလဲ့စားပြန်ချေတဲ့ လေသံနဲ့ လက်တုန့်ပြန်တဲ့ပုံစံ
ဖြစ်နေတတ်တယ်။ ပြီးတော့ ကျန်းသခင်မကြီးက ကျန်းယွမ်ကို
ကောင်းကောင်းမဆက်ဆံသလို ဆိုးဆိုးရွားရွားလည်း မဆက်ဆံဘူး။
သူမက ကျန်းယွမ်ကို တမင်သက်သက်လည်း မဖိနှိပ်ဘူး။ ပြီးတော့
တစ်ခဏအတွင်းမှာ ကျန်းချွမ်နဲ့ ကျန်းချောင်တို့ ကျန်းအိမ်တော်ကို
ပြန်ရောက်လာတော့မယ့် အချိန်ဖြစ်တယ်။
နှစ်သစ်ကူးခါနီးပြီဆိုတော့ ဗျူရိုကရက် အရာရှိ အသိုင်းအဝိုင်းမှာ
စေ့စပ်ကြောင်းလမ်းခြင်းတွေ ရှိနေတယ်။ အစက ကျန်းချွမ်က
စောစောပြန်လာမယ်လို့ ပြောခဲ့ပေမဲ့ ရှုပ်ထွေးတဲ့ အခြေအနေ အချို့ ဖြစ်ခဲ့လို့
သူအဲ့နေ့ မတိုင်ခင် ပြန်လာမယ်လို့ ပြောခဲ့တယ်။ ရှယန်က အရမ်းပျော်သွားတယ်။
သူက အကုန်လုံးကို သေသေချာချာ စီစဉ်ဖို့ အမိန့်ပေးပြီး သူတို့ မိသားစု
ပျော်ပျော်ရွှင်ရွှင်နဲ့ ညစာစားသင့်တယ်ဆိုပြီး အများကြီး
ပြင်ဆင်ထားတယ်။ ကျန်းချွမ်က ကျန်းအိမ်တော်အတွက် တစ်နှစ်လုံး
ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရလို့ သူက သေချာပြင်ဆင်ထားတဲ့
ထမင်းဝိုင်းနဲ့ ကြိုဆိုတာ သူ့တွက် သင့်တော်တယ်။
ကျန်းလီနဲ့ ကျန်းစုစုကလည်း အရမ်းပျော်နေတယ်။ ကျန်းစုစုရဲ့
အပြုအမူက တည်ငြိမ်ပြီး အသင့်အတင့် ဖြစ်နေပေမဲ့ သူက ပြုံးနေတာကို
မရပ်နိုင်ခဲ့ဘူး။ ကျန်းချွမ်က သူ့ရဲ့ တရားဝင်သမီးကြီးကို ကြင်နာစွာ
မဆက်ဆံပေမဲ့ သူက ကျန်းစုစုကိုတော့ အရမ်း ကြင်နာတယ်။ သူမရဲ့
အတိတ်ဘဝမှာ သူက ကျန်းစုစုကို ကာကွယ်ဖို့ အတွက်
ဘယ်လောက်တောင်လုပ်လဲဆိုတော့ အရာရှိတွေကို
စိတ်အနှောင့်အယှက်ဖြစ်စေပြီး ဧကရာဇ်နဲ့ လက်ဆက်ပေးဖို့တောင် ဆန္ဒရှိတယ်။
ကျန်းစုစုက သူ့သမီးတွေထဲမှာ ဂုဏ်အယူရဆုံး အခြေအနေမှာရှိတယ်။
နောက်ဆုံးမှာ သူက ကျန်းစုစုအပေါ်မှာ သူ့ရဲ့ မေတ္တာတွေ အကုန်

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now