part 75(1)

2.5K 258 2
                                    

unicode

အခန်း - ၇၅ အပိုင်း (၁)

အချိန်ကုန်တာ မြန်ပြီးတော့ မကြာခင်မှာပဲ ဆယ်ရက်က ပြီးသွားတယ်။  ဒီအချိန်အတွင်းမှာ ကျန်းအိမ်တော်က အရမ်းငြိမ်သက်အေးချမ်းနေပြီးတော့ အရင်က အဖြစ်အပျက်တွေက ကံဆိုးမှုတွေကြောင့် ဖြစ်ခဲ့သလိုပဲ။  အကျပ်အတည်းတွေ ဖြစ်ပြီးတတော့ အကုန်လုံးက တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်။

တစ်ခုတည်းသော ပြဿနာက အဲ့ကံခေခြင်းတွေက ကျန်းအိမ်တော်ကို အခွင့်အလမ်းတွေ ဆုံးရှုံးစေတာဖြစ်ပြီးတော့ ဘဏ္ဍာရေးကလည်း တင်းကျပ်နေတယ်။  တစ်အိမ်လုံးကို စီမံနေတဲ့ ကျန်းသခင်မ ရှယန်က နေ့စဉ်အသုံးချမှုတွေကို လျှော့ချနေတယ်။  ဒါ့အပြင် အစေခံတွေကို နှစ်သိမ့်ဖို့ အတွက် သူမက တချို့သခင်မလေးတွေရဲ့ လစဉ်ပေးငွေကို တစ်ဝက် လျှော့ချလိုက်တယ်။

ကျန်းစုစုနဲ့ ကျန်းလီက ကျန်းချွမ်ဆီကနေ အပိုငွေတွေ ရတတ်လို့ လစဉ်ငွေအတွက် စိတ်မပူဘူး။  ဒါပေမဲ့ ကျန်းတန်နဲ့ ကျန်းယွမ်တို့ကတော့ သူတို့ကို အပိုပေးတဲ့သူမရှိလို့ သူတို့က သူတို့ရဲ့ အိမ်တော်က အစေခံအိုကြီးတွေကို သူတို့ရဲ့ အိတ်ကပ်ထဲကနေ စိုက်ပေးကြရတယ်။  ဒါ့ကြောင့် သူတို့က ခက်ခဲတဲ့ဘဝကို ကြုံနေရတယ်။

မိုးက ဆက်တိုက်ရွာနေပြီးတော့ ရပ်မသွားဘူး။  ယွမ်ဂျူက အမြန်ဆောက်ခဲ့ရတဲ့ သဲကန္တာရဝင်းဖြစ်ပြီးတော့ နှစ်ပေါင်းများစွာ မပြုပြင်ရသေးလို့ မိုးရေတွေ ယိုနေတယ်။  ရေက ခေါင်မိုးက အပေါက်ကနေ အိမ်ထဲကို စိမ့်ကျလာပြီးတော့ အရမ်းစိုထိုင်းစေတယ်။  ဒါ့ကြောင့် လုကျူးက သံပုံးတစ်ပုံးကို အဲ့အောက်မှာ ခဏခံထားတယ်။  ဒါမှ ရေတွေက နေရာအနှံ့ မပျံ့တော့မှာဖြစ်တယ်။  ဒါပေမဲ့ လေအေးတွေကလည်း အဲ့အပေါက်ကနေ ဝင်နိုင်တာကြောင့် သူတို့ကို အေးစေတယ်။

ပိုင်ကျီက လမ်းလျှောက်လာရင်း ပြောလိုက်တယ်။

“ဒီအစေခံက အစေခံအိုကြီးစုန့်ကို မကြာသေးခင်ကမှ ရှာခဲ့ပြီးတော့ အမိုးကို ပြင်ဖို့ လူတချို့ခေါ်ဖို့ မေးထားတယ်။  ဒါပေမဲ့ အဲ့အစေခံမိန်းမကြီးက အိမ်တော်ကလူတွေက ဒီရက်ပိုင်းမှာ ကျန်းသခင်မကြီးရဲ့ မွေးနေ့ပွဲအတွက် အလုပ်ရှုပ်နေကြတယ်လို့ ပြောတယ်။  ဒီနေ့က မွေးနေ့ပွဲဆိုတော့ ဒီအစေခံက အကုန်လုံးကို ပြင်ဆင်ထားသင့်တယ်လို့ တွေးမိတယ်။  ဒါပေမဲ့ အဲ့အစေခံမကြီးက ငြင်းနေသေးတယ်။ ”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now