part 102(1)

2.1K 264 4
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 127

အခန်း - ၁၀၂ အပိုင်း(၁)

ကျန်းယွမ်က ဓားထိပ်ဖျားကို တည့်တန်းကြီး ခံလိုက်တယ်။ သူမရဲ့ အပြုအမူက အရမ်းပြတ်သားပြီး ရှင်းလင်းလို့ အဲဒါက ရွှမ်းလီကို လန့်သွားပြီး မြေပြင်ပေါ်မှာ ခဏလောက် ကြက်သေသေသွားစေတယ်။ လုပ်ကြံသူက အမည်မသိကောင်မလေးတစ်ယောက်က ရုတ်တရက် ပေါ်လာမယ်လို့ ထင်မထားဘူး။ သူမက မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့ အပြုအမူက စိတ်ထားမပျော့ညံ့ဘူး။ သူမက ကွေးနိုင်တဲ့ ဓားကို ကျန်းယွမ်ရဲ့ ရင်ဘတ်ကို လှမ်းထိုးလိုက်တယ်။ အန္တာရာယ်ကျရောက်ဆဲဆဲမှာပဲ ဓားမြှောင်တစ်ချောင်းက ဓားကို လာရိုက်မိပြီးတော့ နဂိုပစ်မှတ်ကနေ နည်းနည်းစောင်းသွားစေတယ်။ ဓားမှာပါတဲ့ အားက ဟန့်တားခံလိုက်ရပြီးတော့ ကျန်းယွမ်ရဲ့ ရင်ထဲကို ဝင်မသွားပေမဲ့ သူမရဲ့ ပခုံးကနေ ရင်ဘတ်ထိကို ခြစ်သွားပြီးတော့ ချက်ချင်းပဲ သွေးတွေ ပန်းထွက်လာခဲ့ပြီးတော့ သူမရဲ့ အဝတ်တွေကို နီရဲသွားစေတယ်။
ကျန်းယွမ်က အခုတ်ခံလိုက်ရလို့ နောက်ကို လဲကျသွားပေမဲ့ သူမရဲ့ ခန္ဓာကိုယ်က ပေါ့သွားသလို ခံစားလိုက်ရပြီး သူမ ကျယ်ပြန့်ပြီး အေးစက်တဲ့ ပခုံးထဲကို ရောက်သွားသလို ခံစားလိုက်ရတယ်။ သူမ သူမရဲ့ နားထဲမှာ လူတစ်ယောက် အသက်ရှုသံကို ကြားလိုက်ရပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်က ဝါးစိမ်းနံ့ကို ရလိုက်ရတယ်။ ရှောင်ရှို့ သူမကို သူ့ရဲ့ လက်မောင်းထဲမှာ ကာကွယ်ထားပြီးတော့ နောက်ထပ်လုပ်ကြံသူရဲ့ ဓားကို အလွယ်တကူယူလိုက်ပြီး အရှေ့က လုပ်ကြံသူရဲ့ ဓားချက်ကို ကာလိုက်တယ်။ သူက မယ်တော်ယိတျယ်ကို အံ့အားသင့်စွာနဲ့ ပြောလိုက်တယ်။
“ဒီမှာ ဆက်မနေတာ အကောင်းဆုံးပဲ။ မယ်တော် ကျေးဇူးပြုပြီး အရင် ထွက်သွားပါ။”
ကျင်းရီနဲ့ ကျင်းအာတို့က ရှောင်ရှို့ရှေ့မှာ ရုတ်တရက် ပေါ်လာကြပြီးတော့ သူက ကျန်းယွမ်ကို ကျန်းရီဆီမှာ အပ်ထားလိုက်တယ်။ ပြီးတော့ လျှို့ဝှက်အစောင့်နှစ်ယောက်က ကျန်းယွမ်နဲ့ မယ်တော်ယိတျယ်တို့ကို ခေါ်သွားတော့တယ်။
ရွှမ်းလီက ဖြစ်ခဲ့တာတွေ အကုန်လုံးကို မြင်ခဲ့တယ်။ သူက မယ်တော်ယိတျယ်ကို သူကိုယ်တိုင် ကယ်မလို့ပဲ။ ဒါပေမဲ့ ကျန်းယွမ်က ရုတ်တရက် ပြေးဝင်လာလို့ သူ အလန့်တကြားဖြစ်သွားတယ်။ သူမ ဒဏ်ရာရသွားပြီးတော့ ရှောင်ရှို့က သူမကို ထွက်ပြေးဖို့ ကူညီခဲ့တာကို မြင်ပြီးတော့ သူ့ကို အသံတစ်သံက သတိပေးနေသလိုပဲ သူရဲ့ ရင်ထဲမှာ မကျေမနပ်ဖြစ်နေတယ်။ မဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။ ဒီလိုဖြစ်ရမှာ မဟုတ်ဘူး။
ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးက အရမ်းထူးခြားဆန်းကြယ်နေတဲ့အချိန်မှာ ရွှမ်းလီက သူ့ရဲ့ ထူးဆန်းတဲ့ ခံစားချက်တွေရဲ့ ရင်းမြစ်ကို ရှာမတွေ့နိုင်သေးဘူး။ ပြီးတော့ ကျန်းယွမ် ဓားထိပ်ဖျားကို ရင်ဆိုင်တုန်း သူ့ကို လှည့်ကြည့်လိုက်တဲ့အချိန်က အပြုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာလဲ။ အဲ့အပြုံးကို ကြည့်ရတာ နားမလည်နိုင်တဲ့ ခံစားချက်တစ်ခု ပါပုံရပြီးတော့ သူ့နှလုံးသားကို တုန်လှုပ်သွားစေပေမဲ့ သူက အဲ့အဓိပ္ပာယ်အစစ်အမှန်ကို မခန့်မှန်းနိုင်ခဲ့ဘူး။
ရွှမ်းလီက အဖြစ်အပျက် တစ်ခုလုံးကို တွေ့ခဲ့ပေမဲ့ ကြီးမားတဲ့ နန်းတွင်းခန်းမထဲမှာ နောက်ထပ် ကြည့်နေသေးတဲ့ သူတစ်ယောက် ရှိနေသေးတယ်။ အဲ့တစ်ယောက်က မင်းသမီး ဟဲရီပဲ။ ဝရုန်းသုန်းကား ဖြစ်နေတုန်းမှာ အင်ပါယာရဲမက်တွေက သူမကို ကာထားပြီးတော့ သူမက လုပ်ကြံသူတွေ ပစ်မှတ်ထားတာ မခံခဲ့ရဘူး။ သူမက အဲ့လူကို လိုက်ရှာနေပြီးတော့ လှမ်းကြည့်လိုက်တော့ သူမက ရှောင်ရှို့နဲ့ သူ့ရင်ခွင်ထဲက ကျန်းယွမ်ကို တွေ့သွားတယ်။ ချက်ချင်းပဲ သူမရဲ့ ကျက်သရေရှိတဲ့ မျက်နှာလေးက ရှုံမဲ့သွားတယ်။
သူမက ရှောင်ရှို့က ဘယ်လိုလူမျိုးလဲဆိုတာ သိတယ်။ သူက အရမ်း သီးသန့်နေပြီးတော့ ပုံမှန်ဆိုရင် ဘယ်သူ့ကိုမှ အကပ်မခံဘဲ မရင်းနှီးတဲ့ အမျိုးသမီးကိုလည်း တစ်ယောက်တည်း ထားမှာဖြစ်တယ်။ ကျန်းယွမ်က အရာရှိတစ်ယောက်ရဲ့ သမီးတစ်ယောက်ပဲ။ ဒီမှာ ဒဏ်ရာရတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါပေမဲ့‌ ရှောင်ရှို့က ကျန်းယွမ်ကိုပဲ ကယ်ခဲ့တယ်။ ဒါ့အပြင် မင်းသမီးဟဲရီက ရှောင်ရှို့ရဲ့ မျက်ဝန်းထဲမှာ စိတ်ပူနေတာ သေသေချာချာ တွေ့လိုက်ရတယ်။ သူက ကျန်းယွမ်အတွက် စိတ်ပူနေတာ ထင်ရှားတယ်။
မင်းသမီးဟဲရီရဲ့ မျက်နှာက ဖြူဖျော့သွားတယ်။ သူမက သူမရဲ့ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်တယ်။ အစက ရှောင်ရှို့က နှိုင်းယှဉ်လို့ မရအောင် ကြော့ရှင်းပြီး သုန်မှုန်နေတဲ့ လူငယ်ဖြစ်တယ်။ ဒါ့ကြောင့် သူမက သူ့ကို စစမြင်ကတည်းက ချစ်သွားခဲ့တယ်။ ကံမကောင်းစွာနဲ့ သူမက သူမရဲ့ ခံစားချက်တွေကို ဘယ်လောက်ပဲ ဖော်ပြဖော်ပြ ရှောင်ရှို့က သူက ကျောက်ရုပ်ကြီးလိုပဲ အမြဲတမ်းဂရုမစိုက်ဘဲ နေခဲ့တယ်။ ဒီနေ့ ကျန်းယွမ်ရဲ့ အသွင်အပြင်က အရမ်းခမ်းနားပြီးတော့ သူမက မယ်တော်ယိတျယ်ရဲ့ သဘောကျမှုကိုတောင် ခံခဲ့ရတော့ သူမက တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်နေပြီဖြစ်တယ်။ အခု ရှောင်ရှို့က သူမကို အဲ့လို ကာကွယ်နေတာကို မြင်တော့ သူမက အရမ်းမနာလိုဖြစ်သွားပြီးတော့ ကျန်းယွမ် အဲ့ဓားချက်နဲ့ သေဖို့ ဆုတောင်းနေတယ်။
နောက်ဆုံးမှာတော့ နန်းတော်အပြင်ဘက်က အင်ပါယာရဲမက်တွေ အကုန်လုံးက ပြေးဝင်လာကြပြီးတော့ လုပ်ကြံသူတွေ အကုန်လုံးနဲ့ ရင်ဆိုင်ကြတယ်။ အကုန်လုံးက ထိန်းချုပ်မှုအောက် ရောက်တာနဲ့ ရှောင်ရှို့က နောက်ဆုံးမှာ သူ့ရဲ့ ဓားမြှောင်ကို သိမ်းလိုက်ပြီးတော့ အေးစက်စွာ ပြောလိုက်တယ်။
“သတင်းပေးနိုင်တဲ့သူတွေကို အသက်ရှင်ခွင့်ပေးပြီးတော့ ဒီအဖြစ်အပျက်နောက်ကွယ်က ဘယ်သူလဲဆိုတာကို ဖော်ထုတ်။”
နန်းတွင်းခန်းမက ရှုပ်ပွနေပြီးတော့ အဆက်မပြတ် ငိုကြွေးသံတွေနဲ့ ပြည့်နေတယ်။ အဲ့မှာ အပြစ်ကင်းတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေက အသက်ဆုံးရှုံးခဲ့ရတယ်။ ဘယ်သူကမှ ဒီနေ့ ဒီပုန်ကန်မှုကို ကြိုတင် မမျှော်မှန်းထားဘူး။ ကောင်းမွန်တဲ့ ဂုဏ်ပြုညစာစားပွဲက ရုတ်တရက် သားသတ်ရုံဖြစ်သွားတယ်။ နန်းတွင်းအစေခံတွေက လူသေအလောင်းတွေကို လာပြီး ရှင်းထုတ်ပြီးတော့ အနီးဆုံး အင်ပါယာသမားတော်တွေက အမြန်လာပြီးတော့ လူနာတွေကို ကုသပေးတယ်။
ကွမ်လင်းဟန်က သက်ပြင်းချလိုက်ပြီးတော့ ကျန်းရှင်းကျီရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
“ကောင်လေး မင်းဒီနေ့ အရေးအခင်းကို ကောင်းကောင်းရင်ဆိုင်ခဲ့တာပဲ။ မင်း အန္တရာယ်ကို ရင်ဆိုင်တုန်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ခဲ့တယ်။ အရင်တုန်းက ငါနဲ့ အတူတူပဲ။”
ဒါပေမဲ့ ကျန်းရှင်းကျီရဲ့ စိတ်က ဒီမှာ မဟုတ်ဘူး။ သူက မျက်မှောင်ကြုတ်လိုက်ပြီးတော့ ခန်းမထဲမှာ လိုက်ရှာနေတယ်။ သူက ကျန်းယွမ်ကို ဘယ်မှာမှ မတွေ့တော့ အရမ်းစိုးရိမ်သွားတယ်။ အတွေးတချို့ တွေးပြီးတော့ သူက ရှောင်ရှို့ကို သွားရှာတယ်။
“ရှောင်လူကြီးမင်း ကျွန်တော့်ရဲ့ ညီမလေးကို တွေ့မိသေးလား။”
သူက ကျန်းယွမ်က မယ်တော်ယိတျယ်နဲ့အတူ လျှို့ဝှက်ရဲမက်တွေက စီနင်နန်းတော်ကို လိုက်ပို့ခဲ့တယ်ဘို့ ပြန်ဖြေခဲ့တယ်။
* * *
ကျန်းယွမ်ရဲ့ ဒဏ်ရာက သိပ်မနက်ပေမဲ့ အဲဒါက အရမ်းရှည်တယ်။ သူမက သွေးတော်တော်များများ ဆုံးရှုံးခဲ့တယ်။ သူမရဲ့ အဖြူရောင် အသားအရေက ဖြူဖျော့လာပြီးတော့ သူမရဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးက အရောင်မွဲလာတယ်။ သူမရဲ့ အသွင်အပြင်ကို ကြည့်ပြီးတော့ မယ်တော်ယိတျယ်က နန်းတော်ထဲက အကောင်းဆုံးသမားတော်ကို ခေါ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူမက နန်းတွင်းအစေခံကို ကျန်းယွမ်ကို သူမရဲ့ ကွပ်ပျစ်ပေါ်တင်ဖို့ အမိန့်ပေးခဲ့တယ်။
ကျန်းယွမ်က သတိမမေ့သေးဘူး။ မူးဝေနေတုန်းမှာ သူမက မျက်စိဖွင့်လိုက်ပြီးတော့ ကွပ်ပျစ်ပေါ်ကနေ ထပြီးတော့ အရမ်းကြိုးကြိုးစားစားနဲ့ ပြောလိုက်တယ်။
“မယ်တော်ယိတျာ မယ်တော် ဒီလို မလုပ်သင့်ဘူး။ ကျွန်တော်မျိုးမရဲ့ အဆင့်အတန်းက အရမ်းနိမ့်ကျ….”
“အရမ်းအရေးကြီးနေတယ်။”
မယ်တော်ယိတျာက အမြန်ပြောလိုက်တယ်။
“မင်း ငါ့ကို ကယ်ဖို့ ချီးမွမ်းထိုက်တဲ့ အပြုအမူကို လုပ်ခဲ့တာပဲ။ ငါ မင်းကို အိပ်ရာပေါ်မှာ လှဲနေဖို့ပြောတာ ဘာဖြစ်လို့လဲ။”
ကျန်းယွမ်က စကားပြောဖို့ ကြိုးစားနေသေးပေမဲ့ သူမရဲ့ မျက်နှာက ဖြူဖျော့လာပြီးတော့ သူမရဲ့ အသံက ပြာလာတယ်။ သူမကို ကြည့်ရတာ အရမ်းမောနေသလိုပဲ။ သူမက သူမရဲ့ မျက်နှာကို စောင်းလိုက်တယ်။ သူမမှာ စကားပြောဖို့ အားတောင် မရှိတော့ဘူး။
ဒါကိုမြင်တော့ မယ်တော်ယိတျာရဲ့ မျက်နှာက ညှိုးငယ်သွားပြီးတော့ သူမက စိတ်တိုစွာနဲ့ ပြောလိုက်တယ်။
“ဘာလို့ နန်းတွင်းသမားတော်က ရောက်မလာသေးတာလဲ။ တကယ်လို့ သူမလာရင် ငါ သူ့ခေါင်းကို ဖြတ်ပစ်မယ်။”
မယ်တော်ယိတျယ်ဘေးက အလုပ်အကျွေးပြုနေတဲ့ အစေခံအိုတစ်ယောက်က လန့်သွားတယ်။ ဒီနှစ်တွေ အတွင်းမှာ မယ်တော်ယိတျယ်ရဲ့ စိတ်ထားက အေးစက်သွားပေမဲ့ ဒီနေ့မှာတော့ သူမက ဒီမရင်းနှီးတဲ့ ကောင်မလေးအပေါ်ကို ထူးဆန်းတဲ့ စိတ်ထားတွေ ပြသနေတယ်။ အဲဒါ အရမ်းထူးဆန်းတာပဲ။
နန်းတွင်းရဲ့ အမြင့်ဆုံး အလေးစားရဆုံး သမားတော်က အမြန်ပြေးလာတယ်။ သူက မယ်တော်ယိတျယ်ရဲ့ နန်းတွင်းအမိန့်ကို ကြားတော့ စိတ်ရှုပ်သွားတယ်။ သူက မယ်တော်ယိတျယ်ရဲ့ အိပ်ရာပေါ်မှာ လဲနေတဲ့ မရင်းနှီးတဲ့ ကောင်မလေးကို မြင်တော့ ပိုပြီးတော့တောင် အံ့အားသင့်သွားတယ်။ သူက ဒီကောင်မလေးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ သူမက မင်းသမီးဟဲရီလည်း မဟုတ်ဘူး။ ဒါ့ကြောင့် ဘာလို့ မယ်တော်ယိတျယ်က အရမ်း စိုးရိမ်နေတာလဲ။ မယ်တော်ယိတျယ် သူမနဲ့ ရင်းနှီးတာများလား။
သူက စိတ်ရှုပ်နေပေမဲ့ နန်းတွင်းသမားတော်က ဘာမှသိပ်မပြောဘူး။ ကျန်းယွမ်ရဲ့ သွေးကြောကို စစ်ပြီးတော့ သူက မတ်တပ်ရပ်ပြီး ပြောလိုက်တယ်။
“ဒီမိန်းမပျိုလေးက သွေးတော်တော်များများ ဆုံးရှုံးထားတယ်။ သူမက ဓားထိုးခံထားရပေမဲ့ ကံကောင်းစွာနဲ့ ဒဏ်ရာက သိပ်မနက်ဘူး။ တကယ်လို့ ဒီထက်ပိုနက်ရင် ဒါမှမဟုတ် နည်းနည်းပဲဖြစ်ဖြစ် စောင်းခဲ့ရင် သူမရဲ့ အသက်က တကယ်ပဲ အန္တရာယ်များမှာကို စိုးရိမ်မိတယ်။”
မယ်တော်ယိတျယ်က သက်ပြင်းချလိုက်တယ်။ နန်းတွင်းသမားတော်က ထပ်ပြောတယ်။
“ကျွန်တော်မျိုး ဆေးစာနှစ်ခု ရေးခဲ့ပေးပါမယ်။ တစ်ခုက မိန်းမပျိုလေးသောက်ဖို့နဲ့ နောက်တစ်ခုက အနာပေါ်ကို ဆေးစည်းပေးဖို့ပါ။ သူမက အစားအစာတချို့ကို နောက်ထပ်ရက်နည်းနည်းလောက် ရှောင်ဖို့ကို အာရုံစိုက်ဖို့လိုပြီးတယ်။ မဟုတ်ရင် အနာ ပြန်ကျက်ဖို့ ခက်ခဲလိမ့်မယ်။”
“အဲဒါက အမာရွတ်ကျန်ခဲ့မှာလား။”
မယ်တော်ယိတျယ် မျက်မှောင်ကြုတ်လိုက်တယ်။ အနာက ပခုံးကနေ ရင်ဘတ်ထိဖြစ်တယ်။ ပြီးတော့ သူမက လက်မထပ်ရသေးတဲ့ ကောင်မလေးဖြစ်တယ်။ တကယ်လို့ အမာရွတ်ကျန်ခဲ့ရင် သူမရဲ့ အနာဂတ် လက်ထပ်မှုကို ထိခိုက်မှာဖြစ်တယ်။ ကျန်းယွမ်ရဲ့ အသားအရေက နှင်းလို ဖြူဖွေးနေလို့ တကယ်လို့ အမာရွတ်ကျန်ရင် အဲဒါအရမ်း သနားစရာကောင်းမှာ ဖြစ်တယ်။ သူမရဲ့ အပြုအမူက မင်းသမီးရွှမ်ရုံနဲ့ တူပြီးတော့ မယ်တော်ယိတျယ်ရဲ့ မေးခွန်းက တကယ်ပဲစိတ်ရောကိုယ်ပါ ဖြစ်နေတယ်။
နန်းတွင်းသမားတော်က သူ့နဖူးက ချွေးကို သုတ်လိုက်တယ်။
“တကယ်လို့ အနာကို သေသေချာချာ ဂရုစိုက်ရင်တော့ အမာရွတ် မကျန်ခဲ့သင့်ဘူး။”
ဆိုလိုရင်းက အမာရွတ်ကျန်ခဲ့နိုင်ချေ ရှိသေးတယ်ဆိုတဲ့ သဘောပဲ။ မယ်တော်ယိတျယ်ရဲ့ မျက်ဝန်းတွေက မှုန်မှိုင်းသွားပြီးတော့ သူမရဲ့ လေသံက စူးရှသွားတယ်။
“အင်း။ ရှင် သွားလို့ရပြီ။ တစ်ယောက်ယောက်ကို ဆေးယူဖို့ ခေါ်သွားလိုက်။”
ပြီးတော့ နန်းတွင်းသမားတော်က ဆေးသေတ္တာကို ယူပြီးတော့ အခန်းထဲကနေ နန်းတွင်း အစေခံတစ်ယောက်နဲ့ ထွက်သွားတယ်။
မယ်တော်ယိတျယ်က လှပတဲ့ မျက်လုံးလေးတွေ မှိတ်ထားပြီး အိပ်ရာထဲမှာ လှဲနေတဲ့ ကျန်းယွမ်ကို ကြည့်လိုက်တယ်။ သူမရဲ့ နှုတ်ခမ်းရောင်နဲ့ မျက်နှာက ဖြူဖျော့နေတယ်၊ သူမက ကြီးမားတဲ့ နာကျင်မှုကို ခံနေရပုံပဲ။ ဒါပေမဲ့ သူမရဲ့ မျက်နှာပေါ်မှာ မျက်မှောင်ကြုတ်မှုကိုတောင် မဖော်ပြခဲ့ဘူး။ ဆန့်ကြင်ဘက်အနေဲ့ ကျန်းယွမ်က သူမကို နှစ်သိမ့်နေသလိုပဲ ပြုံးနေတုန်းပဲ။ စောစောတုန်းက ခန်းမထဲမှာ သူမရဲ့ တည်ငြိမ်တဲ့ ဆွဲဆောင်မှုရှိတဲ့ပုံနဲ့ ယှဉ်ရင် သူမရဲ့ အပြင်ရုံမပါတော့ သူမက ငယ်ရွယ်ပြီးတော့ ကြင်နာတဲ့ပုံပေါ်တယ်။ သူမရဲ့ အပြုံးက အရမ်းသင့်တင့်လို့ လူတွေကို ဝမ်းနည်းစေတယ်။ မယ်တော်ယိတျာက ရုတ်တရက် မင်းသမီးရွှမ်ရုံအကြောင်းကို တွေးမိသွားတယ်။ အရွယ်နဲ့မလိုက်အောင် ထက်မြက်ပြီးတော့ စဉ်းစားတတ်တဲ့ မင်းသမီးရွှမ်ရုံက သူမဖျားတိုင်း မယ်တော်ယိတျာစိတ်မပူအောင် သူမကို ဘယ်တော့မှ မျက်မှောင်ကြုတ် မပြဘဲ ပြုံးပြခဲ့တယ်။
သူမကို ဒီလိုမျိုးမြင်ရတော့ မယ်တော်ယိတျယ်ရဲ့ နှလုံးသား ပျော့ပျောင်းသွားပြီးတော့ သူမရဲ့ လေသံက ညင်သာတယ်။
“မင်းဘာလို့ ငါ့အတွက် ဓားချက်ကို ခံခဲ့တာလဲ။”
ကျန်းယွမ်က သူမကို ရှက်ရွံ့တဲ့ အပြုံးတစ်ခုပြုံးပြလိုက်ပြီးတော့ သိမ်မွေ့စွာ ပြုံးလိုက်တယ်။
“ဘာလို့လဲဆိုတာတော့ ကျွန်တော်မျိုးမ မသိပါဘူး။ ကျွန်တော်မျိုးမလည်း တိတိကျကျ မသိဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးမ မယ်တော်ယိတျယ်ကို တွေ့တော့ ကျွန်တော်မျိုးမ နှီးနွှယ်မှုလိုမျိုး တစ်ခုခုကို ခံစားမိခဲ့တယ်။ ကျွန်တော်မျိုးမ မယ်တော်ယိတျယ်ကို အရင်က တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ။ ပြီးတော့ ကျွန်တော်မျိုးမ သိပ်မတွေးတော့ဘဲ ပြုမူမိလိုက်တာပါ။”
သူမက လေးလေးနက်နက် ဖြစ်မယ့်အရာ ဒါမှမဟုတ် ထိတ်လန့်ဖွယ်အရာကို မပြောခဲ့ဘူး။ ဒါပေမဲ့ ‘ကျွန်တော်မျိုးမ မယ်တော်ကို တစ်နေရာရာမှာ မြင်ဖူးသလို’ဆိုတဲ့ စာကြောင်းက မယ်တော်ယိတျယ်ရဲ့ မျက်နှာထားကို သိသိသာသာ ပြောင်းလဲစေခဲ့တယ်။ သူမစိတ်ထဲမှာ ကျန်းယွမ်က မင်းသမီးရွှမ်ရုံနဲ့ ပတ်သက်တယ်ဆိုတဲ့ အကြံက ပိုပိုပြီး ခိုင်ခံ့လာတယ်။ သူမက ဖြည်းညင်းစွာ ပြောလိုက်တယ်။
“မင်း ငါ့ကို ကယ်ခဲ့ပြီးတော့ ချီးမွမ်းထိုက်တဲ့ အလုပ်ကို လုပ်ခဲ့တယ်။ ငါမင်းကို ဒီဓားရာကို ခံစားခဲ့ရတာ အချည်းနှီး မဖြစ်စေရပါဘူး။”
ကျန်းယွမ် ပြုံးလိုက်တယ်။
“ကျွန်တော်မျိုးမ မယ်တော်ယိတျယ်ကို တစ်ယောက်ယောက်ကို ကျွန်တော်မျိုးမရဲ့ အစ်ကိုကို သတင်းပို့ပေးဖို့ တောင်းဆိုလို့ ရမလား။ သူက ကျွန်တော်မျိုးမကို မရှာနိုင်ရင် စိုးရိမ်နေမှာ မို့လို့ပါ။”
“မပူပါနဲ့။ ငါ တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ သူ့ကို အသိပေးပြီးပြီ။”
မယ်တော်ယိတျယ်က နည်းနည်း မျက်မှောင်ကြုတ်သွားတယ်။ ကျန်းယွမ်က ကျန်းရှင်းကျီ အကြောင်းကိုပဲ ပြောပြီးတော့ ကျန်းချွမ်နဲ့ ရှယန် အကြောင်းကို မပြောခဲ့ဘူး။ ဒီလိုမျိုးဖြစ်ခဲ့တာတောင် သမီးတစ်ယောက် သူ့အဖေကို မေးရမှာ မဟုတ်ဘူးလား။ ဒါပေမဲ့ သူမက ကျန်းရှင်းကျီအတွက်ကို ပိုစိတ်ပူပြီးတော့ ကျန်းချွမ်ကို‌တောင် မမေးခဲ့ဘူး။ ကျန်းမိသားစုရဲ့ အကြီးဆုံးမိန်းမကနေ မွေးခဲ့တဲ့ မောင်နှမက ဆက်ဆံရေး ကောင်းမွန်ပုံပေါ်ပေမဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တစ်ခုခုက သံသယရှိစရာ ဖြစ်နေတယ်။ အစောတုန်းက နန်းတော်ထဲကလိုပဲ။ ကျန်းယွမ်ရဲ့ လက်ထပ်မှု အကြောင်းကို ပြောခဲ့တော့ ကျန်းချွမ်ရဲ့ မျက်နှာထားက သိပ်မပြောင်းလဲဘူး။ သူက အဖေတစ်ယောက်လို မပြုမူခဲ့ဘူး။
မယ်တော်ယိတျယ်က အိပ်ရာရဲ့ အစွန်းကို သူမရဲ့ လက်သည်းချွန်နဲ့ ခြစ်လိုက်တယ်။ တောက်ပတဲ့ အနီရောင် အလင်းရောင်က ထွက်ပေါ်လာတယ်။
ကျန်းယွမ် မျက်စိမှိတ်လိုက်ပြီးတော့ နည်းနည်းပြုံးလိုက်တယ်။ တချို့အရာတွေက ထင်ရှားတဲ့ ဖြေရှင်းချက် မလိုအပ်ဘူး။ အထူးသဖြင့် ထက်မြက်တဲ့သူတွေ အတွက်ပေါ့။ ခဏကြာပြီးတော့ သူမက အဲဒါကို ဒီတိုင်းထားလိုက်တယ်။ ကျန်တာကို ကျန်းချွမ်ဘာသာ ဖြေရှင်းလိမ့်မယ်။
သူမက ဒီနေ့ လုပ်ကြံတဲ့ ဖြစ်ရပ်ဖြစ်မယ်ဆိုတာကို သိတယ်။ သူမရဲ့ အတိတ်ဘဝမှာ ဧကရာဇ်က ရေကြီးမှုအပြီးမှာ ဂုဏ်ပြုညစာစားပွဲတစ်ခု ကျင်းပခဲ့တယ်။ လုပ်ကြံသူတွေက နန်းတွင်းဂုဏ်ပြုညစာစားပွဲ ကျင်းပနေချိန်မှာ နှောက်ယှက်ခဲ့ပြီးတော့ အဲ့အချိန်မှာ မယ်တော်ယိတျယ်ရဲ့ အသက်ကို ကယ်ခဲ့တဲ့သူက ရွှမ်းလီဖြစ်တယ်။ ရွှမ်းလီက ဓားကို သူ့ခန္ဓာကိုယ်နဲ့ ကာခဲ့ပြီးတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်။ အဲ့အချိန်တုန်းက လုပ်ကြံတဲ့သူတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူက မသိရဘူးဖြစ်ပြီးတော့ ဧကရာဇ်က မင်းသားတိုင်းကို သံသယရှိခဲ့တယ်။ နန်းတွင်းမှာ ညလုံးပေါက် စစ်ဆေးမေးမြန်းခဲ့တယ်။ အဲ့နေ့မှာ နေမကောင်းလို့ မလာတဲ့ မင်းသားကတောင် အစွပ်စွဲခံရတယ်။ မင်းသားရှစ်ရွှမ်းလီတစ်ယောက်တည်း ရှင်းလင်းတယ်လို့ ကြေညာခံခဲ့ရတယ်။ ပြီးတော့ အဲဒါက သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့တော့ အဲ့အပြူအမူက လွန်လွန်ကဲကဲ ဖြစ်သွားတယ်။
ရလာဒ်အနေနဲ့ ရွှမ်းလီက မယ်တော်ယိတျယ်ရဲ့ သဘောကျမှုကို ရခဲ့သလို ဧကရာဇ်ရဲ့ ယုံကြည်မှုကိုလည်း ရခဲ့တယ်။ သူက သစ္စာရှိမှုအတွက် ဂုဏ်သတင်းကောင်းရခဲ့ပြီးတော့ ယုံကြည်ရလောက်တယ်။ သူမ အရင်ဘဝမှာ နန်းတွင်းထဲကို ဝင်ခဲ့တော့ ကျန်းယွမ်က ဒါကို စကားပြောနေကြတုန်းမှာ ကြားခဲ့ရတယ်။ သူမက ရွှမ်းလီရဲ့ အခြေအနေကို ကြားခဲ့တော့ အရမ်းစိုးရိမ်သွားတယ်။ အခု သူမ အဲဒါကို ပြန်သတိရတော့ အဲ့မှာ သံသယဖြစ်စရာ အကြောင်း မပါဘူး။ မယ်တော်ယိတျယ်အတွက် ဓားကို ကာခဲ့တာက ဟာသတစ်ခုထက် မပိုခဲ့ဘူး။ တကယ်လို့ ရွှမ်းလီက ကောလဟာလတွေထဲကလို တကယ်ပဲ သံယောစဉ်တွယ်ပြီးတော့ ဖြောင့်မတ်တဲ့ဖြစ်ရင် သူက ဒီလောက်လူတွေ အများကြီးကို ကိုယ်တိုင်သတ်နိုင်မှာ မဟုတ်ဘူး။ လူတွေက ရွှမ်းလီက သူ့ကိုယ်သူ ရက်စက်တဲ့လူအဖြစ် ပြုမူမှာ မဟုတ်ဘူးလို့ တွေးကြတယ်။ ဒါပေမဲ့ ကျန်းယွမ်က ဘယ်သူ့ထက်မဆို ရွှမ်းလီကို ပိုသိပြီးတော့ ရွှမ်းလီက သူ့ရဲ့ ခွန်အားတွေကို ဖုံးကွယ်ထားပြီးတော့ အခွင့်ကောင်းကို စောင့်နေတဲ့သူ ဆိုတာကိုလည်း သူမသိတယ်။ သူက သူ့ကိုယ်သူ အမိန့်ပေးတဲ့နေရာမှာ အရမ်းရက်စက်တယ်။
ဒီဘဝမှာတော့ သူမက သူ့အကြံကို အချည်းနှီးဖြစ်အောင် သေချာပေါက် လုပ်မှာဖြစ်တယ်။ မယ်တော်ယိတျယ်က အကယ်ခံရမှ ဖြစ်မယ်။ ဒါပေမဲ့ သူမကို ကယ်တဲ့သူက ရွှမ်းလီ မဖြစ်ရဘူး။ ဒီနေ့ ကျန်းယွမ်က အကုန်လုံးကို ပုံအောလိုက်ပြီ ဖြစ်တယ်။ ဒီနေ့ တကယ်လို့ သူမက မင်းသမီးရွှမ်ရုံလို ဟန်ဆောင်ပြီးတော့ မယ်တော်ယိတျယ်ရဲ့ အသက်ကို တစ်ပုံစံတည်းနဲ့ ကယ်ခဲ့ရင် သူမက ဒီလို ချီးမွမ်းထိုက်တဲ့ အလုပ်ကို လုပ်နိုင်ရင် သူမက တစ်ယောက်ယောက်ကို ဒုက္ခပေးနိုင်ရုံတင်မကဘဲ နန်းတော်ကနေတောင် ဆုချခံရနိုင်သေးတယ်။ သူမက ဘာကို ဆုချမလဲဆိုတာတော့ မသိသေးဘူး။ ဒါပေမဲ့ အဲဒါက မင်းသားရှစ်နဲ့ ရှမိသားစုကို တန်းပြီး အလျင်စလိုတော့ မပြုမူနိုင်စေလောက်ဘူး။
ရွှမ်းလီက သူမ နန်းတွင်းထဲကို ဝင်လိုက်တာနဲ့ သူမကို လပ်ထက်ချင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ အဲဒါက သူမ မျှော်လင့်ထားတဲ့ အရာမဟုတ်ဘူး။ ပြီးတော့ အဲဒါက သူမရဲ့ အရင်ဘဝမှာ မဖြစ်ခဲ့ဘူး။ အခု သူမက မယ်တော်ယိတျယ်ကို ကယ်ခဲ့ပြီဖြစ်ပြီးတော့ မယ်တော်ယိတျယ်ရဲ့ သူမအပေါ် သဘောကျမှုက ပိုတိုးမြင့်လာလောက်ပြီဖြစ်တယ်။ ဒီတစ်ကြိမ်မှာ တကယ်လို့ တော်ဝင်ကြင်ရာတော်ချန်က နောက်ကျ မယ်တော်ယိတျယ်ကို လိုက်လျောစေဖို့ နည်းလမ်းတစ်ခု သုံးရင်တောင် ဧကရာဇ်က သူမအတွက် လက်ထပ်မှုကို စီစဉ်ပေးမှာ မဟုတ်ဘူး။ သူမက နည်းနည်းလေးဖြစ်ဖြစ် သဘောမတူတာကို ပြလိုက်ရင် မယ်တော်ယိတျယ်က အဲဒါကို သဘောတူမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မယ်တော်ယိတျယ်က သူမကို မင်းသမီးရွှမ်ရုံနဲ့ တူလုနီးပါးလို့ မှတ်ယူလိုက်ပြီးပြီဖြစ်လို့ဖြစ်တယ်။
ဒါ့အပြင် သူမက မယ်တော်ယိတျယ်ရဲ့ အသက်ကို ကယ်ခဲ့ပြီးတော့ ချီးမွန်းထိုက်တဲ့ အလုပ်ကို လုပ်ဆောင်ခဲ့တယ်။ အခုကစပြီးတော့ တော်ဝင်ကြင်ရာတော်ချန်က ဘာမှပြောနိုင်မှာ မဟုတ်တော့ဘူး။ ဒါကတော်တော်ကောင်းတဲ့အရာပဲ။
ဒါပေမဲ့ ဘာဆုံးရှုံးမှုမှ မရှိဘဲ သေချာပေါက် အနိုင်ရဖို့ဆိုတာက မသေချာဘူး။ အခုတင်ကို အရမ်းအန္တရာယ်များနေပြီဖြစ်တယ်။ အခု သူမက အဲ့အကြောင်းကို ပြန်စဉ်းစားမိတော့ ကြောက်လန့်မှုတချို့က စွဲကျန်နေသေးတယ်။ သူမက လေလာရာနောက်ကို လိုက်ပြီးတော့ အဲ့အချိန်မှာ သွေးသံရဲရဲ ပြုမူဖို့ အဆင်သင့်ဖြစ်နေပေမဲ့ သူမက လုပ်ကြံသူရဲ့ စူးရှတဲ့ ဓားချက်ကို ကြိုတင်မမျှော်မှန်းခဲ့ဘူး။ အရင်တုန်းက ရွှမ်းလီ ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာ မဆန်းဘူး။ ဒီနေ့ တကယ်လို့ ရှောင်ရှို့က လုပ်ကြံသူရဲ့ ဓားချက်ကိုသာ သူ့ဓားမြှောင်နဲ့ မကာခဲ့ရင် သူမ အခုအချိန်မှာ စိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ဘူး။ သူမက သေရမှာကို မကြောက်ပေမဲ့ သူမရဲ့ ကလဲ့စားချေမှု မပြီးခင်အထိ သူမ သေလို့မဖြစ်သေးဘူး။
သူမ သူ့အပေါ် အကြွေးတင်သွားပြီ။
ကျန်းယွမ်မျက်စိမှိတ်လိုက်တယ်။ ပြောရရင် ဒီနေ့ရဲ့ အောင်မြင်မှုက သူမ မျှော်လင့်ထားတာထက် ပိုကောင်းတယ်။
Zawgyi

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now