Part 36

2.8K 333 1
                                    

အခန်း-၃၆ ထိပ်တိုက်တွေ့ခြင်း။
ကျန်းသခင်မကြီးဘေးမှာ ရပ်နေတဲ့ တုကျွမ်းက ကျန်းယွမ်ကို အံ့သြတကြီး
တိတ်ဆိတ်စွာ ငေးကြည့်လိုက်တယ်။ တစ်ဖက်မှာတော့ ချိုက်ချွဲက‌
တိုးတိုးလေး ပြောလိုက်တယ်။
“သခင်မကြီး အကြီးဆုံးသခင်မလေး ရောက်ပါပြီ”

သူမရဲ့မျက်လုံးတွေကို မဖွင့်သေးဘဲ ကျန်းသခင်မကြီးက မရွေ့ဘဲ နေနေတုန်းပဲ။
လုကျူးက မသက်မသာ ဖြစ်နေပေမဲ့ ကျန်းယွမ်က သူ နေနေတဲ့ နေရာမှာပဲ နေနေတယ်။
တူညီတဲ့ပုံစံနဲ့ ချိုက်ချွဲနဲ့ တုကျွမ်းတို့ကလည်း ဘေးမှာ တိတ်ဆိတ်စွာ
ရပ်စောင့်နေတယ်။ သူတို့က ကျန်းယွမ်ကို စကားလည်းမပြော
နှုတ်လည်းမဆက်ကြဘဲ
သူမကို စောင့်ခိုင်းထားပြီး အေးတိအေးစက် နေနေတယ်။
ကျန်းယွမ်ရဲ့အကြည့်က မှုန်မှိုင်းနေပြီး တိတ်ဆိတ်ငြိမ်သက်နေတယ်။ ပြီးတော့
စကားတစ်ခွန်းမှ မပြောဘဲ သူမက ကျန်းသခင်မကြီးကို အကဲခတ်နေတယ်။
အနီးကပ်ကြည့်လိုက်တော့ သူမရဲ့မှတ်ဉာဏ်ထဲက ကျန်းသခင်မကြီးရဲ့ ကွာဟချက်ကို
သူမကိုယ်တိုင် တွေ့မိတယ်။ အဲ့အချိန်မှာ ကျန်းယွမ် သူမကို ပထမဆုံးတွေ့တုန်းက သူမက
ကျန်းသခင်မကြီးကို တင်းမာတဲ့ အဘွားအနေနဲ့ပဲ ယူဆထားတယ်။ ဒါပေမဲ့
အခုသူမ နောက်တစ်ကြိမ် ထပ်တွေ့တော့ သူမက ချမ်းသာမှု၊
ဂုဏ်ကျက်သရေနဲ့ထည်ဝါမှုတို့နဲ့ လွှမ်းခြုံထားပေမဲ့ သူမက အေးချမ်းတဲ့
အမူအရာ ရှိတယ်။ ဒါ့အပြင် သူမရဲ့မျက်ခုံးမွှေးတွေက သူမ အရိုးကနေ
ထွက်လာတဲ့ အေးစက်ပြီး အာဏာစက်နဲ့ ခက်ထန်တဲ့
အမူအရာတွေနဲ့ ပြည့်နှက်နေတယ်။ အဲဒါက ဒီဘုရားစာဆိုနေတဲ့ သခင်မကြီးရဲ့
နှလုံးသားက မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း
သူမရဲ့လက်ထဲက ကျန်းစာတွေအတိုင်း လောကီတပ်မက်မှုတွေနဲ့
မကင်းသေးဘူးဆိုတာ ထင်ရှားတယ်။ သူမရဲ့လိမ္မာပါးနပ်မှုနဲ့
ဉာဏ်ထက်မြတ်မှုတွေကို သူမကိုယ်သူမပဲ သိနိုင်လိမ့်မယ်။
အချိန်က ဖြည်းဖြည်းချင်း ကုန်သွားပြီး အခန်းက တိတ်ဆိတ်နေတုန်း ဖြစ်တယ်။
ဆံပင်တစ်ချောင်း မြေပေါ်ကျရင်တောင် အသံကို သေချာကြားနိုင်လောက်တယ်လို့
ထင်ရတယ်။ အချိန်အတော်ကြာပြီးတော့ ထိုင်ခုံပေါ်မှာ မှီထိုင်နေတဲ့ သခင်မကြီးက

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now