part 93(2)

2.1K 285 5
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 110

အခန်း -၉၃ အပိုင်း(၂)

ကျန်းယွမ် ဘောင်ကွမ်းဘုရားကျောင်းက ကောင်မလေးဆိုရင် ဘယ်လိုလုပ်ပြီး သူမရဲ့ ကြင်နာတတ်ပြီးတော့ အပြစ်ကင်းစင်တဲ့ စိတ်ထားကနေ ရန်လိုတတ်ပြီး အန္တရာယ်ပြုမယ့် ပုံစံဖြစ်လာတာလဲ။ ကျေးလက်မှာ နေခဲ့ရတဲ့ ငါးနှစ်က ဖိနှိပ်ချုပ်ချယ်ခံရမှုနဲ့ သူမရဲ့ အဖေနဲ့ မိထွေးတို့က သူမရဲ့ ဘဝကို အရမ်းခက်ခဲအောင် လုပ်ခဲ့လို့ ဒီလို ပြောင်းလဲမှုမျိုးကို ဖြစ်စေခဲ့တာလား။ စိတ်ထား ပြောင်းလဲသွားတာကို ဘေးဖယ်ထားရင်တောင် ဒီလိုမိန်းမပျိုလေးက ဘယ်လိုလုပ်ပြီးတော့ ဒီလို နည်းလမ်းတွေ ရလာတာလဲ။
သူမ နားမှာ နောက်ထပ် ဆန်းကြယ်မှုတစ်ခု ရှိသေးတယ်။ ဟွိုင်ကျွဲ့ရဲ့ ဟောကိန်းတွေက သူမပြောခဲ့တာဖြစ်တယ်။ အစောပိုင်းက မြို့တော်ထဲမှာ ရေကြီးမယ်ဆိုတဲ့ ဟောကိန်းလိုပေါ့။ သူမက ဘယ်သူလဲ။ ရှောင်ရှို့က ကျောက်စိမ်းပယင်းနားကပ်လေးကို သူ့ အင်္ကျီလက်ထဲ ပြန်ထည့်လိုက်ပြီးတော့ သူ့မျက်ဝန်းတွေက ညအမှောင်ယံက ကြယ်တစ်ပွင့်လို တောက်ပနေပြီးတော့ သူက ပါးစပ်ကို စိထားတယ်။
ပယင်းနားကပ်လေးက အတည်ပြုခဲ့မှတော့ သူက သူ့အသက်ကို ကျန်းယွမ် အပေါ် အကြွေးတင်နေပြီးတော့ သူက အနာဂတ်မှာ သူမကို သေချာပေါက် ပြန်ပေးဆပ်မှာ ဖြစ်တယ်။
“ကျေးဇူးအများကြီး တင်ပါတယ်။”
သူက တိုးတိုးလေး ပြောလိုက်တယ်။
* * *
ကျန်းယွမ် အိပ်မက်တစ်ခု မက်ခဲ့တယ်။
အိပ်မက်ထဲက အချိန်ခဏလေးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလိုပဲ ဆိုတော့ သူမက အဲဒါက ဘယ်အချိန်တုန်းကလဲဆိုတာ သေချာမသိပေမဲ့ ကြည့်ရတာ လွန်ခဲ့တဲ့ ငါးနှစ်ကဖြစ်ဖို့ ပိုများတယ်။
လွန်ခဲ့တဲ့ငါးနှစ်က ကျောက်မိန်က ပြင်းထန်တဲ့ အဖျားနဲ့ အိပ်ရာထဲမှာ လဲနေတာဖြစ်တယ်။ သမားတော်တစ်ယောက်က သူမကို လာစစ်ဆေးပေမဲ့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေလို ပြောခဲ့ပြီးတော့ သူမအတွက် နာရေးကိစ္စတွေ စပြင်ဖို့ ဆုံးဖြတ်တာက အကောင်းဆုံးလို့ အကြံပေးခဲ့တယ်။ သူမက အိပ်ရာပေါ်မှာ လဲနေတဲ့ ကျောက်မိန်ရဲ့ ပိန်ချုံးချည့်နဲ့နေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီးတော့ သူမရင်ထဲကနေ အရမ်းဝမ်းနည်းခဲ့တယ်။
အဲ့အချိန်တုန်းက ဘောင်ကွမ်းဘုရားကျောင်းကို အမွှေးတိုင်လှူဖို့ သွားဖို့ အကြောင်းဖန်လာတယ်။ ဘောက်ကွမ်းဘုရားကျောင်းက တိုကျိုးအမွှေးတိုင်က အစွမ်းထက်ဆုံး ဖြစ်ခဲ့ပြီးတော့ သူမက သွားပြီးတော့ အမွှေးတိုင်လှူချင်ခဲ့တယ်။ ဒါပေမဲ့ ကျန်းချွမ်က ကျောက်မိန်က စိုးရိမ်ဖွယ်ဖျားနေပြီးတော့ သူမရဲ့ သမီးရင်းတစ်ယောက်အနေနဲ့ သူမနားမှာ နေပြီးတော့ စောင့်ရှောက်သင့်တယ်လို့ ပြောခဲ့တယ်။
အဲ့အချိန်တုန်းက ကျန်းယွမ်က ခံပြင်းပြီးတော့ စိတ်တိုခဲ့ပေမဲ့က ကျန်းချွမ်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြန်လည်း ခံမပြောနိုင်ခဲ့ဘူး။ ဒီတော့ သူမက ရှယန်နဲ့ ကျန်းစုစုတို့ ရထားလုံးနောက်ကနေ ကျန်းအိမ်တော်ရဲ့ အစေခံတစ်ယောက်လို ဝတ်ပြီးတော့ သူတို့နဲ့ ရောပြီးတော့ တိတ်တိတ်လေးလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမ ဘောင်ကွမ်းဘုရားကျောင်းကို ရောက်တာနဲ့ သူမက ကျော်ကမိန်ရဲ့ အဖျား သက်သာဖို့ ကျောင်းတိုင်ဘုန်းကြီးကို သူမကို အမွှေးတိုင်တစ်ချောင်း ပူဇော်ခွင်ပေးဖို့ တောင်းဆိုမှာဖြစ်တယ်။
ဒါ့ကြောင့် သူမက လန်ချောင်ကို သူမနဲ့ လိုက်ပေးဖို့ မေးခဲ့ပြီးတော့ ပိုင်ကျီကို အိမ်တော်ထဲမှာ နေခဲ့ပြီးတော့ သူမ ပုံစံဟန်ဆောင်ဖို့ ထားခဲ့တယ်။ သူမက အစေခံ အဝတ်လဲခဲ့ပြီးတော့ အခြားအစေခံတွေနဲ့ ရောနိုင်ခဲ့ပြီးတော့ သူတို့ ဘောင်ကွမ်းဘုရားကျောင်းကို အတူထွက်လာခဲ့ကြတယ်။
ဒါက သူမလုပ်ဖူးသမျှတွေထဲမှာ အရဲရင့်ဆုံးအရာပဲ။ သူမက အစေခံတစ်အုပ်နဲ့ အောင်မြင်စွာ စိမ့်ဝင်ပြီးတော့ သူမကိုယ်သူမ ဂုဏ်ယူခဲ့တယ်။ ဒါပေမဲ့ သူမ အစေခံတွေထဲ ရောဝင်နိုင်တဲ့ အကြောင်းအရင်းက ရှယန်က သူမ အဲ့မှာ ရှိနေတာကို စောစောကတည်းက သိခဲ့တာကြောင့် ဖြစ်ပြီးတော့ သူမကို လွယ်လွယ်ကူကူနဲ့ ပေးဖြတ်ခွင့်ပေးလိုက်တာဖြစ်တယ်။
ပြီးတော့ သူမက ဘယ်သူမှ သူမကို အာရုံမစိုက်တဲ့ အချိန်မှာ အခွင့်အရေးကို အရယူပြီးတော့ ဆုတောင်းတဲ့ခန်းမထဲမှာ ဝင်ပုန်းခဲ့ပြီးတော့ ထွက်ပြီးလှုပ်ရှားဖို့ အခွင့်အရေးကို စောင့်နေခဲ့တယ်။
သူမက အစေခံတွေနဲ့ ရောနေခဲ့ပေမဲ့ သူမက အစေခံတွေနဲ့ သက်သက်လွတ် မစားနိုင်တာခဲ့သလို အသိမခံရအောင် သူမက ဘုရားကျောင်းရဲ့ မီးဖိုချောင်ထဲကို လျှို့ဝှက်စွာ ဝင်ခဲ့ပြီးတော့ အစားအစာ တချို့ ခိုးယုံပဲ တတ်နိုင်ခဲ့တယ်။ သူမက အမိခံလိုက်ရပြီး ကောင်းကောင်းဆုံးမဖို့ ဆိုပြီးတော့ ကျန်းအိမ်တော်ရဲ့ အစေခံချုပ်ဆီကို အပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။
အဲ့အစေခံအိုကြီးက သူမကို တကယ်ပဲ ကောင်းကောင်းဆုံးမခဲ့တယ်။ သူမကို ညိုအောင်ရိုက်ခဲ့ပေမဲ့ သူမ အကြီးဆုံး ကျန်းသခင်မလေးဆိုတာ ပေါ်သွားမှာစိုးလို့ မအော်ရဲခဲ့ဘူး။ အဲ့အချိန်မှာ သူမရဲ့ ခန္ဓာကိုယ်က ပွန်းရာတွေ ထင်ခဲ့တယ်။ အစားအစာရဖို့ တော်တော်ခက်ခဲတယ်ဆိုတာကို သူမသိခဲ့တယ်။
အခြေအနေက ဒီမှာပဲ အဆုံးမသတ်ခဲ့ဘူး။ နောက်နေ့ရောက်တော့ သူမက တိုကျိုးမွှေးတိုင် လှူခွင့်မရခဲ့ဘူး။ ဘောင်ကွမ်းဘုရားကျောင်းက အရမ်း ကောင်းကောင်း မေတ္တာတရား ကြီးမားတယ်လို့ နာမည်ကြီးပေမဲ့ တကယ်တမ်းတော့ အမွှေးတိုင် ဘယ်လောက်ဝယ်ပြီးတော့ လှူတယ်ဆိုတဲ့ အပေါ်မှာ အကဲဖြတ်ပြီးတော့ ထောက်ခံတာဖြစ်တယ်။ ရှယန်က ဘုရားကျောင်းကို လက်ခံနိုင်လောက်တဲ့ ပိုက်ဆံတွေ လှူထားတာဆိုတော့ သူမက အမွှေးတိုင်တွေကို လှူရတဲ့ တစ်ယောက်ဖြစ်သွားတယ်။
အဲ့အကြောင်းကိုတွေးလိုက်မှပဲ အဲ့အချိန်တုန်းက သူမရဲ့ ရင်ထဲက တောင်းဆိုချက်က ကျောက်မိန်နဲ့ ကျန်းယွမ်ကို ဆိုးရွားတဲ့ သေဆုံးခြင်းနဲ့ သေဆုံးစေချင်ခဲ့တာဖြစ်တယ်။ ကျန်းယွမ်ရဲ့ အရင်ဘဝမှာ အမွှေးတိုင်လှူခဲ့လို့ ဒီတောင်းဆိုမှုက ထိရောက်ခဲ့တယ်။
အိမ်အပြန်လမ်းမှာ ရှယန်က အမှတ်တမဲ့ သူမက လူအုပ်ထဲမှာ ဆိုတာကို ရှာတွေ့သွားပြီးတော့ သူတို့က အိမ်တော်ကို သူမရဲ့ နာမည်ကို အိမ်တိုင်းက သိပြီးတော့ အုတ်အုတ်ကျက်ကျက် ဖြစ်ပြီးတော့ ပြန်လာခဲ့ရတယ်။ ကျန်းချွမ်က ပိုင်ကျီက အိမ်တော်မှာ သူမ အယောင်ဆောင်ထားတာကို သိသွားတော့ စိတ်အရမ်းတိုပြီးတော့ သူမနဲ့ ပိုင်ကျီကို သူတို့ကို အိမ်တော်ရဲ့ စည်းကမ်းတွေအရ အပြစ်ပေးတဲ့ အနေနဲ့ အိမ်တော်ရဲ့ ပင်မခန်းမထဲမှာ အစေခံတွေ အားလုံးရှေ့မှာ ဒူးထောက်ခိုင်းခဲ့တယ်။
ရှက်ရွံ့မှု၊ မကျေမချမ်းမှု၊ ဒေါသထွက်မှု၊ စိတ်ထိခိုက်မှု- အဲ့အချိန်တုန်းက သူမရဲ့ ခံစားချက်တွေက များခဲ့ပေမဲ့ အဆုံးမှာတော့ အဲဒါတွေက လုံးဝ အသုံးမဝင်တဲ့ မျက်ရည်တွေ အဖြစ်နဲ့ပဲ ဖော်ပြနိုင်ခဲ့တယ်။ ကျန်းရှင်းကျီက သူမကိုယ်စား ကျန်းချွမ်ကို မျက်နှာချင်းဆိုင် သွားပြောခဲ့ပေမဲ့ အဲဒါက သူ့ကို ဘိုးဘေးခန်းမထဲမှာ အပြစ်ပေးခံရမှု အနေနဲ့ သုံးရက်ဒူးထောက်ခဲ့ရတယ်။ ကျောက်မိန်က အဲဒါကို ကြားတော့ သူမရဲ့ အခြေအနေက အရမ်းဆိုးသွားခဲ့ပြီးတော့ သူမ သေခြင်းတရားနဲ့ ပိုပြီးတော့ နီးစေခဲ့တယ်။ အခြေအနေက အရှိန်မြှင့်လာတာနဲ့ ရှယန်နဲ့ ကျန်းစုစုတို့က သူမအတွက် သက်ညှာမှုတောင်းခံခဲ့တယ်။
အဲ့အကြောင်းကို အခု ပြန်တွေးကြည့်မိရင်း သူမက သူတို့နှစ်ယောက်လုံးကို အရှင်လတ်လတ် အရေခွံနွာချင်နေတယ်။
ကြည့်ရတာ အဲ့ကတည်းက အကုန်လုံးက သူမကို ဝိုင်းကြဉ်ပြီးတော့ သူမက အပြင်ကိုတောင် မထွက်ခဲ့တော့ မြို့တော်ထဲက လူတွေကလည်း ကျန်းမိသားစုရဲ့ ဒုတိယသခင်မလေးကိုပဲ သိခဲ့ကြပြီးတော့ ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးက ဘယ်သူမှန်းတောင် မသိကြဘူး။
အဲ့အချိန်ကစပြီးတော့ ဘောင်ကွမ်းဘုရားကျောင်းက သူမရဲ့ အိပ်မက်ဆိုး ဖြစ်လာတယ်။ ဒီဘဝမှာ ရှယန်က သူမကို ဘောင်ကွမ်းဘုရားကျောင်းကို သွားဖို့ ကြံခဲ့သေးပြီးတော့ သူမ သွားဖို့ လက်ခံမယ်လို့ မျှော်လင့်ခဲ့တယ်။ တကယ်လို့ ဘောင်ကွမ်းဘုရားကျောင်းက အတိတ်ဘဝမှာ သူမရဲ့ သေဒဏ်စီရင်တဲ့ ကွင်းဆိုရင် ဒီဘဝမှာ‌တော့ အဲဒါက သူမ ဇာတ်တိုက်ထားတဲ့ အစုတ်လိုက်အပြုံလိုက်သတ်တဲ့ စင်မြင့်ပဲ။ မဟာကောင်စီဝင်အိမ်တော်အတွက် အဲဒါက အစပဲ ရှိသေးတယ်။
သူမ အိပ်မက်ရဲ့ အဆုံးမှာ လရောင်တောက်ပနေပုံ ရပြီးတော့ ညင်သာတဲ့ ညမှာ အေးစက်နေတဲ ကြယ်တွေလို မျက်လုံးတစ်စုံက သူမကို ခံစားချက်မဲ့စွာ ကြည့်နေတယ်။
အဲဒါ ဘယ်သူလဲ။
အဲ့နေ့ညက အစာခိုးခဲ့ပြီးတော့ နောက်ပိုင်း မှတ်ဉာဏ်တွေ ပျောက်သွားသလိုပဲ။ နောက်ဆုံးမှာ အစာစားခဲ့တဲ့သူက သူမတော့ မဟုတ်ခဲ့ဘူး။ အဲ့ညက ဆုတောင်းခန်းထဲမှာ ထူးခြားတာ တစ်ခုခု ဖြစ်ခဲ့သလိုပဲ။
အချိန်က ရတနာတစ်ခုကို ဖွက်ထားတဲ့ ဟောင်းနွမ်းနေတဲ့ အဝတ်စတစ်ခုလိုပဲ သူမရဲ့ မှတ်ဉာဏ်တွေကို တိတ်ဆိတ်စွာနဲ့ ဖုံးကွယ်ထားတယ်။ တကယ်လို့ တစ်နေ့မှာ နွေဦးလေပြေက အဝတ်စရဲ့ ထောင့်ကို မလိုက်သလိုဖြစ်ခဲ့ရင်။ မှတ်ဉာဏ်တွေက အရင်ကလို သစ်လွင်နေသေးရင်။
သူမဘေးကနေ တည်ငြိမ်ပြီး မဝံ့မရဲ အသံတစ်သံ သူမဘေးမှာ တိုးတိုး ပြောတာကို ကြားလိုက်သလိုပဲ။
“ကျေးဇူးအများကြီး တင်ပါတယ်။”
အဲဒါ ဘယ်သူများလဲ။
* * *
နေရောင်က ထူထပ်တဲ့ ခြုံတွေကို ဖြတ်ပြီးတော့ လှိုဏ်ဂူထဲကို ကျရောင်လာပြီးတော့ အလင်းရောင် မှိန်မှိန်လေး ဖြစ်ပေါ်လာစေတယ်။
အချိန်ကြာမြင့်စွာ ထွက်ပေါ်မလာခဲ့တဲ့ နေရောင်က နွေးထွေးနေပြီးတော့ စိမ်းလန်းစိုပြည်တဲ့ တောတောင်ကို ထက်ဟပ်စေခဲ့တယ်။ ကျေးငှက်တွေရဲ့ ကြည်လင်ပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ သီကြူးသံတွေက တောင်တွေနဲ့ တောင်ကြားတွေမှာ ပြန့်နေတယ်။ ရုတ်တရက် တော်ပံ တဖျပ်ဖျပ် ခတ်သံတွေနဲ့ ငှက်တွေက ပျံလာတယ်။ တည်ငြိမ်နေတဲ့ မြစိမ်းရောင်ကန်ရဲ့ ရေမျက်နှာပြင်ပေါ်ကို လှိုင်းတွန့်လေးတွေ ဖြတ်သွားတယ်။
ရာသီဉတုက ကြည်လင်နေတယ်။
ကျန်းယွမ်က သူမရဲ့ မျက်လုံးလေးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ သူမ မျက်လုံး ဖွင့်လိုက်တဲ့ အချိန်မှာ သူမက နေရောင်က လှိုဏ်ဂူထဲမှာ ဝင်ရောက်နေတာကို တွေ့လိုက်တယ်။ သူမက တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပြီးတော့ သူမက လန်းဆန်းနေတယ်။ သူမ ခေါင်းကို ဟိုဘက် ဒီဘက် စောင်းလိုက်ပြီးတော့ ရုတ်တရက် ကြက်သေသေသွားတယ်။
သူမ ခန္ဓာကိုယ်က နွေးထွေးတဲ့ အရာတစ်ခုခုကို တိုက်မိသွားတယ်။ သူမရဲ့ လက်မောင်းတွေက မရင်းနှီးတဲ့ ခါး၊ တောင့်တင်းပြီး အနက်ရောင် ဝတ်စုံကို တင်းကျပ်စွာဖတ်ထားတယ်။ သူမ မော့ကြည့်လိုက်တော့ သူမကို ကြည့်နေတဲ့ လှပတဲ့ မျက်ဝန်းတစ်စုံကို တွေ့လိုက်ရတယ်။
ကျန်းယွမ် အမြန်ဘဲ သူမလက်တွေကို ပြန်သိမ်းလိုက်တယ်။ သူမ တစ်ညလုံး ရှောင်ရှိုကို ဖက်ပြီးတော့ ရှောင်ရှို့ခါးကို ဖက်ထားရင်းနဲ့ အိပ်ခဲ့တာလား။
သူတို့ရဲ့ လက်ရှိ အခြေအနေကို လေ့လာလိုက်တော့ သူမက သူ့ကို အရင် ဖက်ခဲ့လိုက်သလိုပဲ။
ကျန်းယွမ် အသက်ရှုကြပ်သွားတယ်။
ထူးဆန်းစွာနဲ့ ရှောင်ရှို့က သတိထားမိပုံ မပေါ်ဘူး။ သူက သူမ နိုးနေတာကို တွေ့တော့ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ်။
“ငါ အပြင်မှာ အမှတ်အသားလုပ်ခဲ့တယ်။ သူတို့ အဲဒါကို တွေ့တာကို ဒီကို မြန်မြန်လာနိုင်မှာ။”
ကျန်းယွမ်ရဲ့ အဝတ်တွေက ခြောက်သွေ့နေပြီဖြစ်တယ်။ သူမက အနက်ရောင်နဲ့ ရွှေရောင် ကြိုးကြာပုံစံ အပေါ်ဝတ်ရုံကို ရှောင်ရှို့ကို ပြန်ပေးရင်း ပြောလိုက်တယ်။
“ကျေးဇူးအများကြီးတင်ပါတယ်။ ရှောင်လူကြီးမင်း။”
တစ်ခုခုကို သတိရလာသလို ရှောင်ရှို့က သူမဘက် လှည့်ပြီးတော့ ပြောလိုက်တယ်။
“မင်းရဲ ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်။ မင်း အေးစက်မှုဘက်ကို ယိမ်းယိုင်နေတယ်။ အိမ်တော်ထဲမှာ မင်း ဘာစားတယ် ဘာသောက်တယ် ဆိုတဲ့ အပေါ်မှာ မင်း ပိုပြီးဂရုစိုက်သင့်တယ်။”
သူက ဘာမှဆက်မပြောပေမဲ့ ကျန်းယွမ်က သူ့စကားလုံးတွေ နောက်မှာ ဖုံးကွယ်ထားတာ တစ်ခုခု ရှိမယ်လို့ ခံစားနေရတယ်။ တစ်ယောက်ယောက်က သူမကို အဆိပ်ခတ်ခဲ့တာလား။
ရှောင်ရှို့က သူမ မျက်ဝန်းတွေအောက်က မမေးခဲ့တဲ့ မေးခွန်းကို သတိထားမိပြီး ပြောလိုက်တယ်။
“ဒီအေးစက်တဲ့ တည်ရှိပုံ သားအိမ်ထဲကနေ စတင်တာဖြစ်ပြီးတော့ တဖြည်းဖြည်း ပိုပိုပြီး ဆိုးလာတယ်။ အဲဒါ နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တယ်။”
ကျန်းယွမ် အောက်ကို ကြည့်လိုက်တယ်။ ဒီတော့ အဲ့မှာလည်း ဒီလို အခြေအနေ ရှိသေးတာပဲ။
သူမရဲ့ အတိတ်ဘဝမှာ ကျန်းချွမ်နဲ့ ရွှမ်းလီက ဒါကို သိပြီးသားဖြစ်လို့ သူမကို ကျန်းစုစုအစား နန်းတွင်းထဲကို ဝင်ဖို့ သဘောတူခဲ့တာဖြစ်တယ်။ ဒါမှ ကျန်းမိသားစုရဲ့ ကျန်းမာပြီး ပြီးပြည့်စုံတဲ့ သမီးကို ဧကရာဇ်အသစ်အတွက် သိမ်းထားလို့ရမှာဖြစ်တယ်။ သူ့ရဲ့ ဧကရီဖြစ်ဖို့ပေါ့။
မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး။ တကယ်လို့ သူမက ဒီတည်ငြိမ်တဲ့ အခြေအနေ မရှိရင် ကျန်းချွမ်က သူမကို နန်းတော်ထဲမှာ ဆက်ထားမှာ မဟုတ်ဘူး။ ကျန်းချွမ်နဲ့ ရွှမ်းလီက သူမကို အစကတည်းက စတေးခံအဖြစ် ရွေးချယ်ခဲ့မှာ မဟုတ်ဘူး။
ဒါပေမဲ့ ရှောင်ရှို့က သူမကို ဒါကို ပြောပြခဲ့တယ်။
သူ သူမကို ဒီနည်းနဲ့ ကယ်နေတာက ကျန်းယွမ်ကို မနေ့ညက သူ့စကားတွေကို ပြန်မြင်ယောင်လာစေတယ်။ သူမအပေါ် သူအသက်ကြွေးရှိတယ်တဲ့လား။
သူမက သူ့ကို သူပြောတာကို ရှင်းအောင် မေးမယ့်အချိန်မှာ သူမ အနောက်က လှိုဏ်ဂူအပြင်ဘက်ကနေ မြင်းခွာသံတွေကို ကြားလိုက်ရတယ်။ ရှောင်ရှို့က လှိုဏ်ဂူဝက ခြုံပင်တွေကို ဖယ်လိုက်ပြီးတော့ အပြင်ကနေ အံ့အားသင့်တဲ့ အသံတစ်ခု ထွက်လာတယ်။
“ဝမ်လူကြီးမင်း။”
ကျန်းယွမ်ကလည်း ထွက်လာတယ်။ အပြင်မှာ နေက တောက်ပစွာ ပွင့်နေတယ်။ တောထဲမှာ မြင်းတစ်အုပ်နဲ့ တပ်တစ်တပ်က သူတို့ကို တွေ့တော့ သူတို့ဆီကို ဦးတည်ပြီး အမြန် စီးလာကြတယ်။
သူတို့ထဲမှာ ကွမ်လင်းဟန်နဲ့ ကျန်းရှင်းကျီတို့ ပါလာတယ်။
“အားယွမ်”
“တတိယအစ်ကို”
တစ်ညလုံး ရှာပြီးတော့ ကွမ်လင်းဟန်နဲ့ ကျန်းရှင်းကျီတို့က အရမ်း စိုးရိမ်သွားတယ်။ အထူးသဖြင့် တောင်တစ်တောင်လုံးကို မရှာဖွေနိုင်ခဲ့လို့ သူ့ကိုယ်သူ မုန်းနေခဲ့တဲ့ ကျန်းရှင်းကျီက ပိုပြီး စိုးရိမ်နေတယ်။ သူ့လက်တွေက ချက်ချင်း တုန်ယင်လာတယ်။ အခု ကျန်းယွမ် လုံခြုံနေတာကို မြင်တော့ သူ သက်ပြင်း အရှည်ကြီး ချလိုက်တယ်။ သူမရဲ့ နာမည်ကို ခေါ်လိုက်ရင်း သူမဘက်ကို သူ မြင်းစီးလာတယ်။
စစ်သားတွေက အမြန် ပြေးလာကြတယ်။ လှိုဏ်ဂူရှေ့မှာ ဝတ်ရုံနက်လူငယ်နဲ့ ရိုးရှင်းတဲ့ အဝတ်နဲ့ မိန်းမပျိုလေးတို့က နေရောင်အောင်မှာ ရပ်နေပြီးတော့ အဝေးတစ်နေရာကို ကြည့်နေကြပြီးတော့ ရင်ထဲမှာ နွေးထွေးသွားနိုင်တဲ့ ခံစားချက် ရနိုင်တဲ့ မြင်ကွင်းကို ပြသနေတယ်။ ကျန်းရှင်းကျီ အနားကို ရောက်လာတော့ သူ့မျက်နှာပေါ်က မျက်နှာထားက ပိုပြီးတော့တောင် ရှုပ်ထွေးသွားတယ်။
ကျန်းယွမ်ရဲ့ ဆံပင်တွေက ရှုပ်ပွနေပြီးတော့ သူမရဲ့ အဝတ်တွေက နည်းနည်း လျှောကျနေပြီး ယောက်ျားတစ်ယောက်ရဲ့ အနက်ရောင်နဲ့ ရွှေရောင် မိုးကာ ကြိုးကြာ ပုံစံဝတ်ရုံက သူမရဲ့လက်ထဲမှာ ရှိသေးတယ်။ သူမက မကြာသေးခင်ကမှ နိုးလာခဲ့တဲ့ပုံ ပေါ်နေပြီးတော့ သူမရဲ့ မျက်နှာက နေထွက်ချိန်မှာ ရှိတဲ့ အလှဆုံး နှင်းဆီရောင်တိမ်တိုက်တွေလို ပန်းနုရောင် သန်းနေပြီးတော့ အရမ်း ကျက်သရေရှိတယ်။
တစ်ဖက်မှာလည်း ရှောင်ရှို့က တည်ငြိမ်ပြီး သီးသန့်နေတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ သူမက တစ်ခုခုကို တွေးနေပုံပေါ်ပြီးတော့ သူ့မျက်ဝန်းတွေက ပိုပြီး ပျော့ပျောင်းပြီး သိမ်မွေ့လာသလိုပဲ။ ဒီလို မြင်ကွင်းက လူတိုင်းရဲ့ မျက်လုံးတွေ ရှေ့မှာ ပေါ်လာပြီးတော့ ချက်ချင်းပဲ မရေမတွက်နိုင်တဲ့ အတွေးတွေ ထွက်ပေါ်လာကြတယ်။ ဒီနှစ်ယောက်က နဂိုကတည်းက လှပလို့ တကယ် ရှားပါးပြီးတော့ သူတို့ အခုလေးတင် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့တောင် သူတို့က လှပနေသေးပြီး တောက်ပနေတုန်းပဲ။ ဒါ့အပြင် သူတို့ မျက်နှာပေါ်က အပြုံးတွေက အဲ့မှာရှိတဲ့ လူတိုင်းကို အတွေးတစ်ခုတည်းကို တွေးစေတယ်။
အဲဒါ တကယ်ပဲ….. အရမ်းလိုက်ဖက်တာပဲ။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now