part 103(1)

2K 265 4
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 129

အခန်း - ၁၀၃ အပိုင်း(၁)

ကျန်းယွမ် ပြုံးလိုက်ပြီးတော့ မယ်တော်ယိတျယ်အပေါ်ကို အာရုံစိုက်လိုက်ပေမဲ့ သူမရဲ့ နှလုံးသားက ဗြောင်းဆန်နေတယ်။
သူမ စကားတွေကြောင့် မယ်တော်ယိတျယ်က ကျန်းယွမ် ထွက်သွားသင့်တယ်လို့ ပြောနေတာဖြစ်တယ်။
မယ်တော်ယိတျယ်က တည်ငြိမ်စွာနဲ့ ဆက်ပြောတယ်။
“မင်းက လိမ်မာတဲ့ ကလေးတစ်ယောက်ဆိုတာ ငါသိပါတယ်။ မင်း အဲ့အကြောင်းကို နည်းနည်းတွေးပြီးသွားရင် မင်း ငါ့ကို အဖော်ပြုပေးဖို့ သေချာလာမှာပါ။ ငါ မင်းကို လုံလုံခြုံခြုံထားမှာပါ။ မင်း နန်းတော်ကို သုံးနှစ်ကြာလို့ ပြန်လာရင် မင်းရဲ့ အဆင့်အတန်းက သာမာန်လူတစ်ယောက် မဟုတ်တော့ဘူး။”
သူမက သူမရဲ့ အနီရောင် လက်သည်းကို ကြည့်ပြီး ပြောလိုက်တယ်။
“မင်း ငါ့အသက်ကို ကယ်ခဲ့တယ်။ ငါ အဲဒါကို ဂရုတစိုက် မှတ်ယူပြီးတော့ ဒီဘွဲ့က ငါ့ရဲ့ သဘောကျမှုကို ပြဖို့ အသင့်တော်ဆုံးနည်းလမ်းပဲ။”
ကျန်းယွမ် လန့်သွားတယ်။ သူမက မယ်တော်ယိတျယ် ပြောတဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို နားလည်တယ်။ သူမက ကျန်းယွမ်ကို အခွင့်အရေး တစ်ခုပေးနေတာဖြစ်ပြီးတော့ အရမ်းကောင်းတဲ့ အခွင့်အရေးဖြစ်တယ်။ ဒါပေမဲ့ တကယ်လို့ သူမက ကျန်းအိမ်တော်ကို ဒီအခြေအနေမှာ ထွက်ခွာခဲ့ရင် သူမက ရှယန်နဲ့ တခြားသူတွေလိုလူမျိုးတွေ သူမကို သုံးနှစ်တာ မမြင်ရတော့ဘဲ ဖြစ်သွားမှာ ဖြစ်ပြီးတော့ သူမက မယ်တော်ယိတျယ်ကို တော်ဝင်ဘိုးဘေးဘုရားကျောင်း အဖော်ပြုပေးရင် သူမရဲ့ အဆင့်အတန်းက တကယ်ပဲ ကွဲပြားသွားမှာဖြစ်တယ်။
ဒီနေ့ည သူမက မယ်တော်ယိတျယ်ရဲ့ အသက်ကို ကယ်ခဲ့တဲ့ ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသခင်မလေးပဲ။ မယ်တော်ယိတျယ်က သူမကို သူမရဲ့ ကြင်နာမှုကို ပြသပေမဲ့ အဖြစ်အပျက်ပြီးတော့ ဆုပေးခံရတာက လူတွေ အဖြစ်အပျက်တွေကို တဖြည်းဖြည်း မေ့သွားသလို ပမာဏအများကြီးလည်း မဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ သူမက မယ်တော်ယိတျယ်ကို အဖော်ပြုပေးခဲ့ရင် အကုန်လုံးက စောင့်ကြည့်ကြပြီး သတိထားကြမှာ ဖြစ်တယ်။ သူတို့ ကျန်းယွမ်ကို ကြည့်ရင် သူတို့က သူမကို မယ်တော်ယိတျယ်ရဲ့ အဖော်အဖြစ်နဲ့ တွေးကြမှာဖြစ်တယ်။
မယ်တော်ယိတျယ်ရဲ့ ဆုက မရက်ရောဘူးလို့ ပြောလို့မရဘူး။ သူမက လက်စားချေမှုအပေါ်ကို စိတ်ပါလက်ပါ အားစိုက်ထားပေမဲ့ သူမက ဝမ်းနည်းဘဲ မနေနိုင်ခဲ့ဘူး။ သုံးနှစ်အတွင်း အများကြီး ဖြစ်ပျက်သွားနိုင်တယ်။ ရှယန်က သူမရဲ့ အာဏာကို ပြန်ရနိုင်သလိုပေါ့။ ဒါပေမဲ့ တကယ်လို့ သူမက မယ်တော်ယိတျယ်ကို အဖော်ပြုပေးခဲ့ရင် မယ်တော်ယိတျယ်က သူမဆီကနေ မခွဲနိုင်ဖြစ်မှာဆိုတာကို သူမသေချာသိတယ်။
တစ်ခုခုကို ရဖို့ တစ်ခုခုကို ဆုံးရှုံးရတယ်။ ကျန်းရှင်းကျီက အရာရှိအသိုင်းအဝိုင်းထဲကို စဝင်တုန်းပဲ ရှိပြီးတော့ သူ့ရဲ့ အခြေခံက မတည်ငြိမ်သေးဘူး။ တကယ်လို့ သူက မယ်တော်ယိတျယ်ရဲ့ ထောက်ခံမှုကိုသာ ရခဲ့ရင်…..
သူမက ခေါင်းမော့လိုက်ပြီးတော့ မယ်တော်ယိတျယ်ကို အပြုံးနဲ့ ကြည့်လိုက်တယ်။
“မယ်တော်ယိတျယ်ရဲ့ ကရုဏာအတွက် ကျေဇူးအများကြီးတင်ပါတယ်။ ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးမက ဒီအထူးအခွင့်အရေးအတွက် အရမ်းဂုဏ်ယူမိပါတယ်။”
သုံးနှစ်။
ဖြစ်ပစေတော့။
ဒီကမ္ဘာပေါ်မှာ စိတ်ဒုက္ခအရောက်ရဆုံး အခြေအနေက တစ်ခုခုကို မပိုင်ဆိုင်ရခင်မှာ ဆုံးရတာမဟုတ်ဘဲ လက်ထဲကနေ တစ်ခြားသူ လုယူသွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေရတာဆိုတာ သိသာတယ်။ မြင့်မြင့်တက်လေလေ ပိုပြင်းပြင်းကျလေလေပဲ။ သူမက အဲ့လူတွေကို သူတို့ ပြုတ်ကျရင် သေနိုင်လောက်မယ့် အမြင့်အထိ သုံးနှစ်တာ တက်စေမှာဖြစ်တယ်။ ဒီတော့မှ သူမက သူတို့ကို ဆိုးရွားတဲ့ သေခြင်းတရားတွေဆီကို လမ်းပြပေးနိုင်မှာဖြစ်တယ်။
မယ်တော်ယိတျယ်က ကျေနပ်တဲ့ အနေနဲ့ ပြုံးလိုက်ပြီးတော့ သူမရဲ့ နီရဲတဲ့ နှုတ်ခမ်းတွေက စကားလုံးလေးလုံး ပြောလိုက်တယ်။
“အရမ်းကောင်းတယ်။”
* * *
ကွမ်လင်းဟန်က ကျန်းရှင်းကျီကို ဧကရာဇ်ရဲ့ အကြံအကြောင်း ပြောပြတဲ့အချိန်မှာ ထင်ထားတဲ့ အတိုင်းပဲ သူက ကျန်းရှင်းကျီ မျက်မှောင်ကြုတ်တာကို တွေ့လိုက်ရတယ်။ ကွမ်လင်းဟန်က သူ့ရဲ့ အဲ့လိုပုံစံကို အသားမကျတော့ သူ့ပခုံးကို ပုတ်ပြီး
“ယောကျာ်းတစ်ယောက်က ရန်သူတွေကို စစ်မြေပြင်မှာ တိုက်သင့်တယ်။ မင်းဒီလောက် တကျည်ကျည်နဲ့ ကြေးများမနေနဲ့။ မင်း အရမ်းအကြောက်ကြီးပြီး သူရဲဘောကြောင်နေတာ မဟုတ်ဘူးလား။”
ကျန်းရှင်းကျီက ဒေါသတကြီး ပြောလိုက်တယ်။
“ကျွန်တော် ကြောက်နေတာမဟုတ်ဘူး။ ကျွန်တော်…..”
သူပြောမယ့်စကားတွေကို သူပြန်မျိုသိပ်လိုက်ပြီးတော့ ပြန်ထိုင်လိုက်တယ်။
ကွမ်လင်းဟန်က သူ့ကို နားလည်သလို ကြည့်လိုက်တယ်။
“မင်းက မင်းညီမနဲ့ ခွဲရမှာကိုပဲ မုန်းတာမလား။ မောင်နှမတွေအနေနဲ့ မင်းက မင်းညီမကို မင်းဘေးက ကောင်မလေးတွေထက်ကို ပိုပြီးတွယ်တာနေတာပဲ။ ပြောပြီးတာတွေက ပြောပြီးသွားပြီ။အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလား။ ဒါ့အပြင် အမှန်အတိုင်းပြောရရင် မင်းညီမက အဲ့လို အခွင့်ကောင်းယူလို့ရသေးတဲ့ ကလေးလည်း မဟုတ်တော့ဘူး။ ဘယ်သူမှ သူမရဲ့ အကြံထဲကို မကျဖို့ပဲ ငါစိုးရိမ်တယ်။”
ကျန်းရှင်းကျီက တည်ငြိမ်စွာနဲ့ မပြောခင် သူနဲ့ ကွမ်လင်းဟန်ကြားက အကွာအဝေးကို ချဲလိုက်တယ်။
“ဒါတွေက ကျန်းမိသားစုရဲ့ ကိစ္စတွေပါ ဗိုလ်ချုပ်က ဒါတွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုပါဘူး။”
ကျန်းယွမ်ကို ထည့်ပြောလိုက်တာနဲ့ ကျန်းရှင်းကျီက အရမ်းကျွဲမြီးတိုတတ်လာတယ်။ ကွမ်လင်းဟန်ကလည်း ဒေါသထွက်လာပြီးတော့ ပြောလိုက်တယ်။
“ဒါဆိုရင် မင်း အဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ အနေရခက်နိုင်တယ်။ ဧကရာဇ်ရဲ့ အမိန့်စာ ရောက်လာရင် မင်းမသွားချင်ရင်တောင် မင်းသွားရမှာပဲ။ မင်း အမိန့်စာကို မဆန့်ကျင်ဘူးဆိုရင်ပေါ့။ ဒါပေမဲ့ မင်း မင်းညီမအကျိုးအတွက် အဲ့လို လုပ်မှာလဲ မဟုတ်ဘူး။”
သူ့အပိုင်းကို ပြောပြီးတော့ သူ ပြန်ပြီးတော့ ဒေါသကို ငြိမ်းသက်လိုက်တယ်။
ကျန်းရှင်းကျီ မတ်တပ်ရပ်လိုက်တယ်။ သူ့ရဲ့ အတွေးတွေနဲ့ ခံစားချက်တွေက လုံးဝရောထွေးနေတယ်။ ဒါပေါ့ သူက ဒါက အခွင့်အရေးကောင်းဆိုတာ သိတယ်။ စစ်မြေပြင်က သူ သူ့ရဲ့ ကိုယ်ခံပညာကို အပြည့်အဝ အကျိုးရှိရှိ အသုံးချလို့ရတဲ့ နေရာဖြစ်တယ်။ တကယ်လို့ သူက တိုက်ပွဲကျသွားရင် သူက သူ့နိုင်ငံတော်အတွက် သူ့အသက်ကို ပေးလိုက်ရတာဖြစ်ပြီးတော့ သူက အောင်နိုင်ခဲ့ရင် အဲ့ဒါက အောင်မြင်မှုနဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးမှာဖြစ်တယ်။ သူက သေရမှာကို မကြောက်သလို ဂုဏ်သတင်းနဲ့ ချမ်းသာမှုကိုလည်း မမက်မောဘူး။ ဒါပေမဲ့ သူ ကျန်းယွမ်ကို ပိုပြီး ကာကွယ်ပေးချင်ရင် သူက တစ်လှမ်းပြီးတစ်လှမ်း မြင့်မြင့် တက်ရုံပဲ။
နန်းတွင်းဂုဏ်ပြုညစာစားပွဲမှာ သူက အကုန်လုံးကို ထင်ထင်ရှားရှားမြင်ခဲ့တယ်။ ကျန်းယွမ်ရဲ့ ထက်မြက်မှုက သူမရဲ့ သက်တူရွယ်တူတွေထက် ကျော်လွန်ပေမဲ့ ကျန်းအိမ်တော်က အရမ်း အန္တရာယ်များလွန်းတယ်။ ကျန်းချွမ်က သူမကို သူ့ရဲ့ ဆန္ဒအတိုင်း စီမံချင်သလို စီမံနိုင်တယ်။ မနေ့ညနေတုန်းက မယ်တော်ယိတျယ် ပြောပေးတာ ကြောင့်သာ မဟုတ်ရင် ကျန်းယွမ်က မင်းသားရှစ်ရဲ့ အိမ်တော်ထဲကို လက်ထပ်လိုက်ရမှာ ဖြစ်တယ်။ တကယ်လို့ သူက အာဏာကြီးမားပြီးတော့ ဩဇာ ရှိရင် သူက လူတွေကို ကျန်းယွမ်ရဲ့ အနာဂတ်ကို ဝင်ရောင်စွပ်ဖက်ခိုင်းမှာ မဟုတ်ဘူး။
ဒါကို တွေးမိပြီးတော့ သူ ထျန်ကျင်းတိုင်းပြည်ကို ဒီတစ်ကြိမ်မှာ တိုက်ဖို့ကို ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ထားတယ်။ သူ ကျန်းယွမ် ကျန်းအိမ်တော်မှာ သုံးနှစ်ကြာတစ်ယောက်တည်း ကျန်ခဲ့မှာကို တွေးမိလိုက်တိုင်း သူ့နှလုံးသားက စိုးရိမ်မှုကြောင့် တင်းမာသွားတယ်။
သူ့မျက်နှာက နည်းနည်းညှိုးငယ်နေတယ်။
ကွမ်အိမ်တော်ကနေ ထွက်လာတော့ ကျန်းရှင်းကျီက ကျန်းအိမ်တော်ကို ပြန်ဖို့ တွေးလိုက်ပြီးတော့ ကျန်းယွမ် ပြန်လာတာကို စောင့်ပြီးတော့ သူတို့ ဒီကိစ္စအကြောင်းကို ဆွေးနွေးလို့ရတယ်။ သူက ကွမ်အိမ်တော်ရဲ့ တံခါးဝကို ရောက်တော့ သူက သိမ်မွေ့ပြီး ရှက်တဲ့ ကောင်မလေးပြောတာကို ကြားလိုက်ရတယ်။
“ကျန်းလူကြီးမင်း။”
ကျန်းရှင်းကျီက ကြောင်သွားတယ်။ သူက အသံလာရာကို ကြည့်လိုက်ပြီးတော့ အနောက်မှာ အစေခံနှစ်ယောက်ရှိတဲ့ လှပတဲ့ မိန်းမပျိုလေးကို တွေ့သွားတယ်။ သူမရဲ့ အသွင်အပြင်ကနေ သူမက ချမ်းသာတဲ့ မိသားစုတွေထဲက တစ်ခုက သခင်မလေးဖြစ်ရမယ်။ သူက သူမကို ရင်းနှီးတယ်လို့ တွေးပြီးတော့ ခဏလောက် စိတ်ရှုပ်သွားတယ်။
မိန်းမပျိုလေးက ကျန်းရှင်းကျီ သူမကို ငေးကြည့်နေတာကို မြင်တော့ သူမရဲ့ ပါးလေးတွေက ချက်ချင်းပဲ နီလာတယ်။ သူမက ခဏလောက် တုံ့ဆိုင်းသွားပြီးတော့ ရှေ့ကို နှစ်လှမ်းတိုးပြီး ပြောလိုက်တယ်။
“မနေ့ညက လူကြီးမင်း ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တယ်။ ကျွန်မ… ကျွန်မ လူကြီးမင်းကို ကျွန်မ ကျေးဇူးပြန်ဆပ်ချင်ပါတယ်။”
ကျန်းရှင်းကျီက ပြန်တွေးကြည့်တာနဲ့ နည်းနည်းမျက်မှောင်ကြုတ်လိုက်တယ်။ မနေ့ညက သူက ဒီမိန်းမပျိုလေးကို တကယ်ပဲ ဘေးကို ပို့ခဲ့ပေမဲ့ သူက လူတွေ တော်တော်များများကို ကယ်ခဲ့ရပြီးတော့ အကုန်လုံးက ဝရုန်းသုန်းကား ဖြစ်နေတော့ သူက သူမအကြောင်းကို မေ့သွားပြီဖြစ်တယ်။
မိန်းမပျိုလေးက ကျန်းရှင်းကျီ သူမကို မမှတ်မိတာကို သတိပြုမိပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာ ခဏလောက် စိတ်ပျက်မှု အရိပ်အယောင် ဖြတ်သန်းသွားတယ်။ ခဏကြာတော့ သူမက ပြုံးပြီးပြောလိုက်တယ်။
“ကျွန်မရဲ့ အဖေက မြို့တော်ရဲ့ မြို့တော်ဝန်ပါ။ ပြီးတော့ သူက လူကြီးမင်းကို ကျေးဇူးတင်ဖို့ အိမ်တော်ကို ဖိတ်ချင်ပါတယ်တဲ့။”
ကျန်းရှင်းကျီက နည်းနည်းပဲ ပြုံးတယ်။ အခု သူက အရာရှိလောကို ဝင်ခဲ့ပြီးတော့ သူက သူ့ရဲ ဩဇာကို ဘယ်လို မြှင့်တင်ပြီး ဘယ်လို ကျယ်ပြန့်အောင် လုပ်ရမလဲဆိုတာကို သူ့ရဲ့ မျက်လုံးနဲ့ သူမြင်နိုင်ခဲ့တယ်။ အရာရှိ ဘယ်လောက်များများက ဘယ်လောက် ဂနာမငြိမ်ဖြစ်ခဲ့လဲ။ မနေ့ညက ဘေးကနေ ကြည့်ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်ကနေ စလာတာလဲ။ ဒါက သူ့ကို မျှားခေါ်တာလား။ ကျန်းရှင်းကျီက စစ်တပ်အရာရှိဖြစ်ပေမဲ့ သူက မျိုးရိုးအလိုက် လူထုကို အလုပ်အကျွေးပြုခဲ့တာဖြစ်လို့ သူက အရာရှိရုံးတော်ထဲမှာ လူတွေကို ဘယ်လိုခေါ်လဲဆိုတာကို သူ လုံးဝ မသိတာ မဟုတ်ဘူး။ ပြီးတော့ ထက်မြက်တဲ့လူတစ်ယောက်က သူ့ရဲ့ နောက်ကျောကို အမြဲကြည့်သင့်တယ်ဆိုတာကို သူနားလည်တယ်။ လက်ရှိမှာ ရုံးတော်ထဲမှာ သူ့နေရာက မသေချာသေးဘူး။ ပြီးတော့ မင်းသားတွေကြားက ယှဉ်ပြိုင်မှုကလည်း တင်းမာနေတယ်။ သူက သူ့ကိုယ်သူ ဝင်ပါရလောက်အောင် မရူးသေးဘူး။
သူမျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာပြီး သူ့ကို ကြည့်ကောင်းစေခဲ့ပြီးတော့ တုန်ရင်းအာက အဲဒါကို မြင်တော့ သူမ မျက်နှာက ပူသလို ခံစားလိုက်ရတယ်။ ကျန်းရှင်းကျီက ရည်ရည်မွန်မွန်နဲ့ ပြောလိုက်တယ်။
“အဲဒါက နည်းနည်းပဲ အားထုတ်ရတာပါ။ သခင်မလေး အဲ့အပေါ်မှာ အရမ်းကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်တော် ဂရုစိုက်ရမယ့် ကိစ္စနည်းနည်းရှိသေးလို့ ကျွန်တော်အရင် ပြန်နှင့်ပါ့မယ်။”
ဒါကို ပြောပြီးတော့ သူက တုန်ရင်းအာ ပြန်ပြောတာကို မစောင့်တော့ဘဲ အမြန် သူ့မြင်းပေါ်ကို တက်လိုက်ပြီးတော့ ထွက်သွားတယ်။
တုန်ရင်းအာက ကြောင်သွားပြီးတော့ ‘ညီမလေးယွမ်နဲ့ ကျွန်မက သူငယ်ချင်းကောင်းတွေ’ ဆိုတဲ့ စကားတွေက သူမ လည်ချောင်းထဲမှာ တစ်နေခဲ့တယ်။ ဒါက သူမရဲ့ ဘဝမှာ ယောကျာ်းတစ်ယောက်ရဲ့ ကြည့်ကောင်းတဲ့ ပုံစံကြောင့် အံ့အားသင့်စေခဲ့တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ မနေ့ညက အရမ်း ဝရုန်းသုန်းကား ဖြစ်ခဲ့ပေမဲ့ သူမက ဒီအမည်မသိပေမဲ့ ကြည့်ကောင်းတဲ့ ဗိုလ်ချုပ်ငယ်လေးရဲ့ လက်မောင်းထဲမှာ ငြိမ်းချမ်းတယ်လို့ ခံစားလိုက်ရတယ်။ သူမက ပတ်မေးပြီးတော့ သူက ကျန်းယွမ်ရဲ့ အစ်ကိုဆိုတာကို သိတော့ တုန်ရင်းအာရဲ့ ပျော်ရွှင်မှုက အတိုင်းမသိ ဝမ်းသာသွားတယ်။ အဲဒါနဲ့ သူမက ဒီနေ့ စုံစမ်းပြီးတော့ သူက ကွမ်အိမ်တော်မှာ ရှိနေတာကို သိတော့ သူ့ကို တွေ့ဖို့ တံခါးရှေ့မှာ တမင်ထိုင်စောင့်နေတယ်။
သူမက သူမကိုယ်သူမ မိန်းကလေးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုဆိုတာကို စွန့်လွှတ်ခဲ့ပေမဲ့ ကျန်းရှင်းကျီက သူမကို နည်းန ည်းလေးတောင် သတိမထားခဲ့ဘူး။ တုန်ရင်းအာက ရေရွတ်လိုက်တယ်။
“သူ ငါ့ကို မုန်းလို့လားဟင်။”
“သခင်မလေးက လူကောင်းတစ်ယောက်ပဲကို ဘယ်လိုလုပ်ပြီး လက်ထောက်ဗိုလ်ချုပ်က သခင်မလေးကို မုန်းမှာလဲ။”
သူမဘေးက အစေခံက သူမကို နှစ်သိမ့်လိုက်တယ်။
“သူက အရေးကြီး တက်ရောက်စရာ ရှိလို့နေမှာပါ။ သခင်မလေး စိတ်မကောင်း မဖြစ်ပါနဲ့။”
တုန်ရင်းအာက မြင်းပေါ်က လူရိပ်ရဲ့ ကျောက ဖြည်းညင်းစွာ ပျောက်ကွယ်သွားတာကို ကြည့်ပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာ စိတ်ပျက်မှုနဲ့ အားငယ်မှုက ထွက်ပေါ်လာတယ်။
* * *
ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးတော် ကျန်းယွမ်က အဲ့နေ့ညဂုဏ်ပြုညစာစားပွဲမှာ မယ်တော်ယိတျယ်ကို ဓားချက်ကို ခန္ဓာကိုယ်နဲ့ ကာပြီး ကယ်လိုက်တယ်။ ပြီးတော့ အေးစက်ပြီး တည်ကြည်တဲ့ မယ်တော်ယိတျယ်က ကျန်းယွမ်ကို သူမကိုယ်တိုင် စီနင်နန်းတော်ကို ခေါ်သွားပြီးတော့ သူမကို ကုသဖို့ နန်းတွင်းသမားတော်ကို ခေါ်ခဲ့တယ်ဆိုတာကို အကုန်လုံးက သိတယ်။ အဲ့ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးက ဒီဆိုးရွားတဲ့ အဖြစ်အပျက်ကနေ အကျိုးကျေးဇူး ခံစားရတယ်ဆိုတာ အကုန်လုံး သိတယ်။ မယ်တော်ယိတျယ်ကို ကယ်ခဲ့လို့ သူမက မယ်တော်ယိတျယ်ရဲ့ ကျေးဇူးရှင် ဖြစ်သွားခဲ့ပြီဖြစ်တယ်။ အဲ့မှာ ကျန်းယွမ်က သူမရဲ့ ဘဝကို အနာဂတ်အတွက် လောင်းကြေးထပ်ခဲ့တယ်လို့ ယုံကြည်ပြီးတော့ ဒီကိစ္စထဲကို နှာခေါင်းဝင်ထိုးကြတဲ့ သူတွေလည်းရှိတယ်။
ဒါပေမဲ့ ဘာတွေပဲပြောပြော ကျန်းယွမ်က မယ်တော်ယိတျာ သဘောကျတာ ခံရတယ်ဆိုတာက သံသယရှိဖွယ်ပဲ။
ပြီးတော့‌ နောက်ရက်ကျတော့ အံ့အားသင့်စရာ သတင်းတစ်ပုဒ်ထွက်လာတယ်။ မယ်တော်ယိတျယ်က တော်ဝင်ဂူဗိမာန်ဘေးက တော်ဝင်ဘိုးဘေးဘုရားကျောင်းကို သွားပြီး ဆုတောင်းဖို့ ခရီးထွက်မှာ ဖြစ်ပြီးတော့ နောက်သုံးနှစ်နေမှ ပြန်လာမှာဖြစ်တယ်။ ဒါ့အပြင် သူမက ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးတော်ကို သူမနဲ့ အတူလိုက်ပါလာစေချင်တယ်ဆိုပြီး တော်ဝင်အမိန့်ထုတ်လိုက်တယ်။
ဒါက အရင်ညက သတင်းထက် ပိုပြီးတော့တောင် အံ့အားသင့်စရာကောင်းတယ်။ အရာရှိတစ်ယောက်ရဲ့ သမီးကျန်းယွမ်က ဒီလို ဆက်ဆံခံရတယ်။ မယ်တော်ယိတျယ်က သူ့ရဲ့ မြေးကိုတောင် ဒီလို မဆက်ဆံဖူးဘူး။ အကုန်လုံးက ကျန်းယွမ်က မယ်တော်ယိတျယ်ရဲ့ အထူးသဘောကျတာ ခံရတယ်လို့ ပြောကြပြီးတော့ အရင်က အချစ်မခံရတဲ့ ဒီကျန်းမိသားစုရဲ့ အကြီးဆုံးသမီးက သူမအပေါ်မှာ ဘယ်လို ကံကောင်းမှုမျိုး ကျရောက်လာလဲဆိုတာ တကယ်မသိဘူးလို့ ပြောနေကြတယ်။
ဒီအံ့ဩဖွယ်ရာ အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု အမြန်ရောက်လာတယ်။ ဒုတိယနေ့မှာ နိုင်ငံတော်ကို သိသိသာသာ ထောက်ပံ့နေတဲ့ ကြီးမြတ်တဲ့ ဗိုလ်ချုပ်ကျောက်ကွမ်းက သူကိုယ်တိုင်နန်းတွင်းကို လာပြီးတော့ အသနားခံစာလာတင်တယ်။ ကျန်းယွမ်က ကျောက်မိသားစုရဲ့ အသွေးအသားဖြစ်ကြောင်းနဲ့ ကျောက်မိသားစုက နဂိုကတည်းက သူတို့ရဲ့ နှလုံးသားတွေကို ကျောက်မိန်အပေါ်မှာ တင်းမာခဲ့ပြီးတော့ နှောင်ကြိုးတွေ ဖြတ်ခဲ့ကြပေမဲ့ သူတို့က ဘာမှ မတောင်းဆိုတော့ပဲ ဧကရာဇ်ကို သူတို့က ကရုဏာနဲ့ တစ်ခုချီးမြှင့်ဖို့ တောင်းဆိုခဲ့တယ်။ ကျန်းယွမ်က အနာဂတ်မှာ သူမရဲ့ လက်ထပ်မှုကို သူမကိုယ်တိုင်ရွေးချယ်နိုင်ဖို့ပဲ။
ဒီကြီးမြတ်တဲ့ ဗိုလ်ချုပ်က သူ့တစ်သက်လုံး သူ့နိုင်ငံတော်နဲ့ လူမျိုးကိုပဲ အလုပ်အကျွေးပြုပြီးတော့ ဘာတောင်းဆိုမှုကိုမှ မပြုလုပ်ခဲ့ဘူး။ လူထုနဲ့ စစ်တပ်အရာရှိတွေ ရှိနေတာက ဧကရာဇ်ကို ဒီလိုသာမာန် အသနားခံခြင်းကို မငြင်းစေနိုင်ခဲ့ဘူး။ ဒါ့ကြောင့် သူက သူ့လက်ကို ယမ်းပြရင်း ချီးမြှင့်ပေးခဲ့ရတယ်။
ကျန်းယွမ်ရဲ့ ဂုဏ်သတင်းက ဟိုးလေးတကျော်ကျော်ပဲ။
လန်ချောင်နဲ့ ပိုင်ကျီတို့က ကျန်းယွမ်ကို အိမ်တော်ပြန်ဖို့ လာခေါ်တော့ သူတို့က လမ်းပေါ်မှာ မနာလိုတဲ့ အကြည့်တွေ အများကြီးကို တွေ့ခဲ့ရတယ်။ ပိုင်ကျီက စိတ်ပူစွာနဲ့ ပြောလိုက်တယ်။
“သခင်မလေး ဘယ်နား နာနေသေးလဲဟင်။ ကျွန်မတို့ အစေခံတွေက အရမ်းစိတ်ပူသွားတာပဲ။ ဒါပေမဲ့ ကျွန်မတို့က နန်းတွင်းကို ဝင်ခွင့်မရကြဘူး။ ပြီးတော့ ဘာဖြစ်နေမှန်းလဲ မသိရဘူး။”
“ဘာမှမဟုတ်ပါဘူး။ ဒဏ်ရာ အသေးစားလေးပါ။”
ကျန်းယွမ်က လက်ဟန်ချေဟန်ပြရင်း ပြောလိုက်တယ်။
“အခု အိမ်တော်ထဲမှာ ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ။”
လန်ချောင်က ပြောလိုက်တယ်။
“ကျွန်မတို့ အဲ့ညက ပြန်လာတော့ သခင်ကြီးနဲ့ သခင်မက စာကြည့်ခန်းထဲကို ဝင်သွားကြပြီးတော့ သူတို့ ဘာအကြောင်းတွေ ပြောလဲဆိုတာတော့ ကျွန်မတို့လည်း မသိရဘူး။ ဒုတိယသခင်မလေးက ဒီလို လန့်သွားပြီးတော့ သူမက မအိပ်ခင်မှာ စိတ်လျှော့ပေးဖို့ဆေးအတွက် သမားတော်ဆီကနေ တောင်းရတယ်။ ဒုတိယသခင်လေးက အကြီးဆုံးသခင်လေး ဆုချခံရတယ်ဆိုတာကို ကြားတော့ အရမ်းစိတ်တိုသွားပြီးတော့ သွားသောက်တယ်။”
အထေ့အေထ့အငေါ့ငေါ့တွေနဲ့ သူမက ဆက်ပြောတယ်။
“ပြီးတော့ နောက်ရက်ကျတော့ အရက်မူးမူးနဲ့ ပြန်သယ်လာခံရတယ်။”
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။
“လေးယောက်မြောက်ညီမလေးကရော။”
“လေးယောက်မြောက်သခင်မလေး….”
လန်ချောင်က နည်းနည်းထူးခြားတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“ကျိုးလန်ကျောင်းအိမ်တော်က အဲ့လူက မကြာခဏလာပြီးတော့ လူကောင်းဖြစ်ပုံရတယ်။ သူက လေးယောက်မြောက်သခင်မလေးအတွက် သေချာပေါက် တာဝန်ယူချင်တယ်တဲ့။ ပြီးတော့ သူက နောက်ထပ် ရက်နည်းနည်းကြာရင် ဖိတ်စာပို့လိုက်မယ်လို့ ပြောပေမဲ့….”
ကျန်းယွမ် မျက်ခုံးပင့်လိုက်ပြီး သူမဆက်ပြောမှာကို စောင့်နေတယ်။ ထင်ထားတဲ့အတိုင်းပဲ လန်ချောင်က ပြောခဲ့တယ်။
“တတိယသခင်မလေးက ဒီအကြောင်းကို သိသွားတော့ သူမက ဒုတိယကိုယ်လုပ်တော်ကို သွားပြောခိုင်းတယ်။ ဒုတိယကိုယ်လုပ်တော်က သခင်ကြီးကို သွားရှာပြီး နောက်တော့ သခင်ကြီးက လေးယောက်မြောက်သခင်လေးကို သူ့စာကြည့်ခန်းထဲခေါ်ပြီး သူမနဲ့ ခဏလောက် စကားပြောခဲ့တယ်။ လေးယောက်မြောက်သခင်မလေး စာကြည့်ခန်းထဲကနေ ထွက်လာတော့ သူမရဲ့ မျက်နှာက မြေဖြူလို ဖြူဖွေးနေတယ်။ ပြီးတော့ လုကျူးက ပတ်ပြီး မေးကြည့်တော့ ဘာဖြစ်တယ်ထင်လဲ သခင်မလေး။”
ကျန်းယွမ် ပြုံးပြီး ပြောလိုက်တယ်။
“တတိယညီမလေးက လေးယောက်မြောက်ညီမလေးအတွက် အစားထိုးချင်တာလား။”
“ဘယ်လိုလုပ်ပြီး သခင်မလေးက သိတာလဲ။”
လန်ချောင်က အံ့အားသင့်စွာ ပြောလိုက်တယ်။ သူမက ဆက်ပြောတယ်။
“အဲဒါက တကယ်ဖြစ်တာပဲ။ ဒုတိယကိုယ်လုပ်တော်က သခင်ကြီးကို ဘာပြောခဲ့သလဲဆိုတာ မသေချာပေမဲ့ သခင်ကြီးက စိတ်ပြောင်းသွားပြီးတော့ အဲဒါက လေးယောက်မြောက်သခင်မလေးအတွက် ဖိတ်စာဖြစ်ရမှာဆိုပေမဲ့ အခု တတိယမြောက်သခင်မလေးအတွက် ဖြစ်သွားပြီ။”
“ကျိုးလန်ကျောင်းက ဒါကို သဘောတူလား။”
ကျန်းယွမ်က ရထားလုံးရဲ့ ပျော့ပြောင်းတဲ့ အကာကို မှီပြီးတော့ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်လိုက်တယ်။
“ကျိုးလန်ကျောင်းက ဒီအခြေအနေကို မသိဘူး။ ဒုတိယကိုယ်လုပ်တော်ရဲ့ ရည်ရွယ်ချက်အရဆိုရင် လက်ထပ်ပွဲကို စီစဉ်ပြီးတော့ ဘိုးဘေးတွေကို ကန်တော့ပြီးတာနဲ့ ကျိုးလန်ကျောင်းက ဘာမှမလုပ်နိုင်တော့ဘူး။ အဲ့အချိန်ကျရင် သခင်ကြီးက ကျိုးလန်ကျောင်းကို ကိုယ်တိုင်သွားပြောမှာ ဖြစ်ပြီးတော့ ကိစ္စကလည်း ပြီးသွားလောက်တယ်။”
ပိုင်ကျီက ပြောလိုက်တယ်။
“လေးယောက်မြောက်သခင်မလေးက အရမ်းသနားဖို့ ကောင်းတာပဲ။”
ဆန့်ကျင်ဘက်အနေနဲ့ ကျန်းယွမ်က ကျန်းတန်ကို သနားစရာကောင်းတဲ့သူ တစ်ယောက်လို့ မသတ်မှတ်ဘူး။ မနေ့ညကတည်းက ကျန်းတန်က ကျိုးလန်ကျောင်းနဲ့ ပတ်သက်တဲ့ အကြံကို စိတ်ထဲမှာ ကြံပြီးပြီဖြစ်တယ်။ သူမက သူမရဲ့ အကြံကို အစောကတည်းက ကြံထားတာဖြစ်နိုင်တယ်။ နှစ်ယောက်လုံးက ကိုယ်လုပ်တော်တွေကနေ မွေးဖွားခဲ့တာဆိုပေမဲ့ ကျန်းလီက ကျန်းတန်က ကောင်းကောင်း လက်ထပ်သွားတာကို လက်မခံနိုင်ခဲ့ဘူး။ ဒါ့အပြင် ကျန်းလီနဲ့ ကျန်းတန်ကြားမှာ ကျန်းချွမ်က ကျန်းလီကို ပိုပြီး ဘက်လိုက်တယ်။ နောက်ဆုံးမှာတော့ ဒုတိယကိုယ်လုပ်တော်နဲ့ ကျန်းချွမ်နဲ့ ဘာတွေဆွေးနွေးခဲ့လဲဆိုတာ မသိရပေမဲ့ ရလာဒ်ကတော့ ကျန်းချွမ်အတွက် အကျိုးအမြတ်တချို့ ရှိမှာဖြစ်တယ်။
လန်ချောင်ကလည်း ပြောလိုက်တယ်။
“ဘယ်လိုလုပ်ပြီး လေးယောက်မြောက်သခင်မလေးရဲ့ လက်ထပ်ပွဲကို ဒီလိုနည်းနဲ့ ခိုးနိုင်ရတာလဲ။ ကြည့်ရတာ မရိုးသားပေမဲ့ ကျိုးလန်ကျောင်းရဲ့ မိသားစုက အရမ်းကောင်းမွန်တယ်။ ဒါ့ကြောင့် အနာဂတ်မှာ သူမက လေးယောက်မြောက်သခင်မလေးထက် ပိုပြီးကောင်းကောင်း နေနိုင်မှာ သေချာတယ်။ လေးယောက်မြောက်သခင်မလေးက သခင်ကြီး ချွေးသိပ်တာကို ခံရပေမဲ့ သူမက စိတ်ပျက်နေသလို ခံစားနေရဦးမှာ စိုးတယ်။”
ကျန်းယွမ်က ခေါင်းရမ်းလိုက်တယ်။
“မှားတယ်။ အဆုံးမှာ ကျန်းလီက ကျန်းတန်ထက် ပိုကောင်းကောင်း နေရမှာ မဟုတ်ဘူး။”
ပိုင်ကျီက စိတ်ရှုပ်သွားတယ်။
“ဘာလို့ ဒီလိုပြောတာလဲ သခင်မလေး။”
“စောင့်ကြည့်ထားလိုက်ပါ။ နောက်ထပ် နှစ်နည်းနည်းကြာရင် နင်တို့ နားလည်လိမ့်မယ်။”
ကျန်းတန်က ဘယ်သူလဲ။ ကျန်းတန်က အမှားလုပ်ပြီးတော့ တိတ်ဆိတ်စွာနဲ့ မျိုသိပ်မထားတဲ့သူ။ တကယ်လို့ ကျန်းတန်ကို သူ့ရဲ့ လက်ခုပ်ထဲမှာ ကျွမ်းကျင်စွာ ကြိုးကိုင်နိုင်ပြီလို့ ကျန်းချွမ်က တွေးမိရင် သူက တကယ်ပဲ အမှားကြီးမှားပြီပဲ။ ကျန်းလီက ကျန်းတန်ရဲ့ နှလုံးသားထဲမှာ မုန်းတီးတဲ့ အရိပ်တစ်ခု အဖြစ်နဲ့ မြှုပ်နှံခံရပြီးပြီဆိုတာ ငြင်းလို့မရဘူး။ ဒါ့ကြောင့် သူမက အမှောင်ထဲမှာ ပုန်းနေတဲ့ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုဖြစ်လာပြီး သူမက သူမရဲ့ ရန်သူတွေကို တုံ့ဆိုင်းမှုမရှိဘဲနဲ့ ကြင်နာမှု မပြဘဲ သူမရဲ့ အဆိပ်ပြင်းတဲ့ အဆိပ်နဲ့ သတ်ဖို့ အခွင့်အရေးကို စောင့်နေသလိုပဲ။
သူမထက်အရင် ကျန်းလီက စမ်းသပ်မှုတွေနဲ့ လက်စားချေမှုတွေကို ခံစားရမှာကို စိုးရိမ်မိတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now