Part 40

3K 321 1
                                    

အခန်း-၄၀ နှစ်သက်ဖွယ် အာရုံစိုက်မှု။
ကျန်းလီက ရယ်လိုက်တယ်။
“ဘယ်လိုလုပ်ပြီး မမက ဒုတိယမမနဲ့ လုံးဝမတူတဲ့ အရောင်ကို ရွေးလိုက်တာလဲ။
မမတို့နှစ်ယောက် အခု အတူတူရပ်နေတာနဲ့တင် တောက်ပနေပြီး
စိတ်ဝင်စားဖို့ ကောင်းနေပြီ”
ကျန်းစုစုက ခဏလန့်သွားပြီးတော့ တခစ်ခစ် ရယ်တယ်။
“မမ အင်္ကျီအနီရောင် ဝတ်ထားရင် စုနင်ထက် ပိုလှမှာ သေချာပြီးတော့ ပိုတောင် အရောင်တောက်နေဦးမှာ”
သူမက ကျန်းယွမ် အနီရောင်ပိတ်စကို ရွေးမယ်ဆိုတာ သိပေမဲ့ ရူရီလိုက အဲ့အဝတ်စကို
ဒီလိုအရမ်းလှတဲ့ အင်္ကျီအဖြစ် ချုပ်ပေးလိုက်မယ်လို့ သူမ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့
ဒါက သူမကို စိတ်သက်သာရာရစေတယ်။ အမျိုးသမီးငယ်လေး တစ်ယောက်က
အရမ်းခမ်းနားပြီး ရှုပ်ထွေးတဲ့ အနီရောင်အဝတ်အစားနဲ့ လိုက်မှာ မဟုတ်ဘူး။
ကျန်းယွမ်မှာ တောက်ပပြီး ခံ့ညားတဲ့ အသွင်အပြင်ရှိရင်တောင် သူမ ဒီအဝတ်တွေကို
ဝတ်ရင် သူမက ဒီအဝတ်တွေရဲ့ တွန်းအားကြောင့် တိမ်မြုပ်သွားမှာ ဖြစ်တယ်။
ဒါတင်မကသေးဘဲ သူမက အတော်ဖိအားဖြစ်ပြီး နေရထိုင်ရ ခက်နေမှာဖြစ်တယ်။
ကျန်းလီလည်း ကျန်စုစုတွေးနေသလို တွေးနေပေမဲ့ သူမက ကျန်းယွမ်ကို
ကံဆိုးနေတဲ့သူကို ကြည့်သလို ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမရဲ့ ပါးစပ်ဖျားကနေ
ထွက်လာတဲ့စကားလုံးတွေက
“ဆိုင်ရှင်လျိုက မမရဲ့အဝတ်အစားတွေကို ဒီလောက် ခမ်းနားအောင်
ချုပ်ပေးထားတာ ဘက်လိုက်တာ မဟုတ်ဘူးလား။ ညီမလေးတို့ အဝတ်တွေက
မမအဝတ်တွေနဲ့ ယှဉ်လို့တောင် မရဘူး။ ဒီလိုပုံစံနဲ့ အဝတ်တွေကို ဝတ်ဖို့ မမပဲ
သတ္တိရှိတယ်”
“မမက ကျန်းအိမ်တော်ရဲ့အကြီးဆုံးသမီးဆိုတော့ ‌သင့်လျော်တဲ့
နည်းလမ်းနဲ့ ကောင်းကောင်းဝတ်ရမယ်လေ”
ကျန်းယွမ် က ပေါ့ပါးစွာရယ်လိုက်တယ်။
“ညီမလေးတို့ ရွေးတဲ့ အဝတ်တွေကလည်း ညီမလေးတို့နဲ့ အရမ်းလိုက်ဖက်ပါတယ်။
ကျန်းအိမ်တော်က မိန်းကလေးတိုင်းက ထူးချွန်ပြီးသားလေ”
ကျန်တန်က ကျန်းယွမ်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“မမရဲ့အဝတ်အစားတွေက ဆွဲဆောင်မှု အရမ်းရှိတာပဲ။ ညီမလေး အိမ်တော်ထဲမှာ
ဒီလိုဝတ်တာ တစ်ခါမှ မတွေ့ဖူးဘူး။
ထိုင်ခုံပေါ် ထိုင်နေတဲ့ ကျန်းသခင်မကြီးက မျက်မှောင်ကြုတ်လိုက်ပြီး
စကားမပြောခင် အဓိပ္ပာယ်ရှိတဲ့အကြည့်နဲ့ ကျန်းယွမ်ကို ကြည့်လိုက်တယ်။
“အဝတ်အစားတွေက မဆိုးပါဘူး။ အဲ့မှာ တစ်ခုခု လိုနေသလိုပဲ။ အကြီးမလေးက
အပေါ်ဝတ် အင်္ကျီရှည်မရှိဘူး ထင်တယ်။ တုကျွမ်း ကြက်သွေးရောင် ကြိုးကြာ
အပေါ်ဝတ်ကုတ် အင်္ကျီရှည်ကို ငါ့သေတ္တာထဲက ယူပြီး ယွမ်ကျူးကို ပို့လိုက်”
အဲ့အချိန်တုန်းက ကြက်သွေးရောင် ကြိုးကြာအပေါ်ရုံကုတ် အင်္ကျီရှည်က
ကျန်းသခင်မကြီးရဲ့သတို့သမီးဘက်က သတို့သားဘက်ကို ‌ပေးရတဲ့ ပစ္စည်းဖြစ်ပြီး
တန်ဖိုးမဖြတ်နိုင်ဘူး။ ဒါပေမဲ့ ကျန်းစုစုက အေးချမ်းတဲ့ အဖြူရောင်တွေကို
အမြဲသဘောကျခဲ့တယ်။ ဒါ့ကြောင့် သူမက အဲ့အပေါ်ရုံ ကုတ်အင်္ကျီကို မတောင်းခဲ့ဘူး။
ဒါပေမဲ့ အဲဒါက သူမ အဲ့အပေါ်ရုံ ကုတ်အင်္ကျီကို မကြိုက်ဘူးလို့ ဆိုလိုတာမှ မဟုတ်ဘဲ။
အခု ကျန်းသခင်မကြီးက သူမရဲ့ သတို့သမီးဘက်က သတို့သားဘက်ကို ပေးရတဲ့
ပစ္စည်းကို ကျန်းယွမ်ကို ပေးလိုက်တော့ သူမရဲ့ စိတ်ထဲမှာ
အရမ်းအံ့အားသင့်နေတယ်။
ကျန်းလီက အနီရောင်ကို မြင်ကတည်းက ချဉ်သွားပြီး စိမ်းကားတဲ့
စကားပြောလိုက်တယ်။
“အဘွားက ပြန်ရောက်တာမကြာသေးတဲ့ မမကို ရုတ်တရက်
စိတဝင်စားသွားပြီး ဒီလို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေတောင် ပေးနေပြီ”
ကျန်းသခင်မကြီးက သူမကို ကြည့်လိုက်ပြီး ပျော်နေလား ဒါမှမဟုတ်
စိတ်တိုနေလားဆိုတာကို  မခွဲခြားနိုင်တဲ့ လေသံနဲ့။
“မင်းတို့အားလုံး ကျန်းအိမ်တော်ထဲမှာပဲ အတူတူ ကြီးပြင်းလာတာ မင်းတို့
ဝတ်စရာ ဒါမှမဟုတ် သုံးစရာ ပြတ်လပ်တာ ရှိဖူးလား။ အကြီးမလေးက အခုမှ
အိမ်ပြန်ရောက်လာတာ ပြီးတော့ သူက အရင်နှစ်တွေတုန်းက ကျေးလက်မှာ
အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ကြည့်ပါဦး သူ့မှာ
လက်ဝတ်တန်ဆာတောင် မရှိဘူး”
ကျန်းစုစုက ခဏတွေးလိုက်ပြီး ပြောလိုက်တယ်။
“ဘွားဘွားပြောတာ မှန်တယ်။ မမ ညီမလေးဆီမှာ လက်ဝတ်တန်ဆာတွေ
အများကြီးရှိတယ်။ သမီးနဲ့အတူ သမီးအိမ်ဆီလိုက်ခဲ့ပြီး တော့ လက်ဝတ်တန်ဆာ
အချို့ လိုက်ရွေးပါ့လား။ ညီမလေးရဲ့ လက်ဝတ်တန်ဆာတွေက ရိုးရှင်းတော့ မမ
ကြိုက်ပါ့မလား မသိဘူး”
ကျန်းလီက ကျန်းစုစုလို မရက်ရောနိုင်ခဲ့ဘူး။ သူမကိုယ်တိုင်လည်း အဲ့လိုမလုပ်နိုင်လို့
သူမက ဘေးကို ကြည့်လိုက်ပြီး မကြားချင်ယောင်ဆောင်ခဲ့တယ်။
ကျန်းတန်က ခေါင်းကို ငုံ့ထားပြီး သူမရဲ့အဝတ်စကို တင်းတင်းဆုပ်ထားတယ်။
သူမမှာ သူမရဲ့မမတွေလို လက်ဝတ်တန်ဆာ‌တွေ အများကြီးမရှိဘူး။ သူမရဲ့
လက်ဝတ်တန်ဆာ အများစုက အဘွားက နှစ်သစ်ကူးမှာ ချီးမြှင့်ခဲ့တာတွေပဲ
ရှိတယ်။ ဒါပေမဲ့ သူမ စုဆောင်းထားမှသာ တစ်နေ့နေ့မှာ အရေးတကြီး
လိုအပ်လာရင် အဲဒါတွေကို ပေါင်နှံနိုင်မှာ ဖြစ်တယ်။
“ညီမလေးရဲ့ပစ္စည်းတွေကို မမဘယ်ယူရက်ပါ့မလဲ”
ကျန်းယွမ်က ပြန်ပြောလိုက်တယ်။
“အဲဒါ အဆင်ပြေသွားမှာပါ။ အမေက မမအတွက် ပြင်ဆင်ထားတာ သေချာပေါက် ရှိလိမ့်မယ်”
ကျန်းသခင်မကြီးက ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်တယ်။
“ထားလိုက်တော့ မင်းတို့အကုန်လုံး မင်းတို့အဝတ်တွေ ရကြပြီပဲ။
လက်ထောက်ဝန်ကြီးရှန်းရဲ့ အိမ်တော်ကို မနက်ဖြန် မင်းတို့ သွားကြရမှာ
ဆိုတော့ မင်းတို့ကိုယ်မင်းတို့ သင့်တောင့်တင့်တယ် ဝတ်ကြရမယ်။
ငါ့ရဲ့ကျန်းအိမ်တော်က သမီးတွေ အကုန်လုံးက မျိုးကောင်းမျိုးသန့်တွေ ဖြစ်ပြီး
ဂုဏ်သရေရှိတဲ့ မိသားစုက အမျိုးသမီးလေးတွေ ဖြစ်တယ်။ ဒုတိယကောင်မလေး
မင်းရဲ့မမက မြို့တော်ကို အခုမှ ရောက်လာတာဆိုတော့ မြို့တော်က လူတွေနဲ့
မရင်းနှီးသေးဘူး။ မနက်ဖြန်ကျရင် မင်း သူ့ကို လိုက်ပြီး မိတ်ဆက်ပေးလိုက်။
မင်းတို့ အကုန်လုံးက အပြင်ရောက်ရင် ကျန်းအိမ်တော်ကို ကိုယ်စားပြုရမယ့်
သူတွေပဲ။ အဲ့အချိန်ကျရင် မင်းတို့က အချင်းချင်း ကူညီကြရမယ်”
ကျန်းစုစုက ခေါင်းညိတ်လိုက်တယ်။
“ဘွားဘွားပြောတာ ပြောတာကို စုနင် နားလည်ပါတယ်”
ကျန်းယွမ်လည်း သဘောပေါက်တဲ့ အနေနဲ့ ခေါင်းညိတ်လိုက်တယ်။
စကား ခဏပြောပြီးတော့ ကျန်းသခင်မကြီးက တရားထိုင်ဖို့ ထွက်သွားတယ်။
ဒါ့ကြောင့် အမျိုးသမီးငယ်လေးတွေက သူတို့ရဲ့အဝတ်တွေကို ယူပြီး ကိုယ့်ခြံကို
ကိုယ်ပြန်သွားကြတယ်။ ဒါပေမဲ့ ကျန်းယွမ်က ကျန်းစုစုဆီကို လက်ဝတ်တန်ဆာ
အချို့ ရွေးဖို့ မသွားခဲ့ဘူး။ ဒါပေမဲ့ ကျန်းလီကတော့ လက်ကောက်နဲ့ဆံထိုးအချို့
သွားငှားတယ်လို့ သူမ ကြားခဲ့ရတယ်။ ကျန်းစုစုက ကျန်းချွမ်က
အမြဲလက်ဝတ်တန်ဆာတွေကို ဝယ်ပေးနေတာဖြစ်လို့ ကျန်းလီကို ကပ်စေမနဲဘဲ
လက်ဝတ်တန်ဆာအချို့နဲ့ တန်ဖိုးကြီးတဲ့ကျောက်အချို့ငှားပေးခဲ့တယ်။
ထင်တဲ့အတိုင်းပဲ ညနေခင်းကျတော့ ကျန်းသခင်မကြီးရဲ့ အိမ်တော်က ချိုက်ချွဲက
ကြက်သွေးရောင်ကြိုးကြာ အပေါ်ဝတ်ရုံရှည်ကို လာပေးခဲ့တယ်။ သူမက
ကျန်းသခင်မကြီး ကျန်းယွမ်ကို ပေးတဲ့ လက်ဝတ်တန်ဆာတွေ
ထည့်ထားတဲ့ သေတ္တာလေးတစ်ဘူးကို လည်းယူလာတယ်။
ပြီးတော့ နောက်နေ့ကျတော့ သူမက ကျန်းယွမ်ကို ကိုယ့်ကိုယ်ကို အလှပြင်ဖို့
အလေးအနက် တိုက်တွန်းခဲ့တယ်။ ကျန်းယွမ်က မငြင်းခဲ့ဘူး။ သူမက
ရိုးရှင်းစွာ ပြုံးလိုက်ပြီး သေတ္တာသေးသေးလေးထဲက
သာမာန်အရည်အသွေးရှိတဲ့ ငွေရောင်ဆံညှပ်တစ်ချောင်းကို ရွေးပြီး
သူမ ဒီကို လာဖို့ ဒုက္ခပေးခဲ့ရတဲ့ အတွက် ချုက်ချွဲကို ပေးလိုက်တယ်။ အစကတော့
ချိုက်ချွဲက လက်မခံချင်ပေမဲ့ နောက်ဆုံးမှာတော့ သူမက ပြုံးပြီး လက်ခံခဲ့တယ်။
ချိုက်ချွဲ ထွက်သွားတာနဲ့ လန်ချောင်က ပြောလိုက်တယ်။
“အခု ကျန်းသခင်မကြီးက သခင်မလေးကို ကောင်းကောင်း ဆက်ဆံနေတယ်။
သခင်မလေးရဲ့ဘဝထဲက ခက်ခဲတဲ့ အချိန်တွေကုန် သွားပြီလို့ ယူဆလို့ရပြီး
အချိန်ကောင်းတွေက စတင်နေပြီ”
“ဒီကြက်သွေးရောင်ကြိုးကြာ အပေါ်ဝတ်ရုံရှည်က အရမ်းတန်ဖိုးရှိပြီး
သခင်မလေးကို ဒီလို ပေးလိုက်တာ ကျန်းသခင်မကြီးရဲ့ နှလုံးသားထဲမှာ
ငါတို့ရဲ့သခင်မလေးကို ချစ်သေးလို့ပဲဆိုတာ သေချာတယ်”
ပိုင်ကျီကလည်း ပျော်ရွှင်နေပြီး အပေါ်ဝတ်ရုံရှည်ကို ခေါက်ပြီး သိုးမွှေးထည်ကို
တစ်ခါတည်း စစ်ဆေးလိုက်တယ်။
လုကျူးက ခေါင်းယမ်းလိုက်တယ်။
“ကျွန်မ တွေ့ခဲ့ရတာတော့ ဒါက ပုံမှန်မဟုတ်သလိုပဲ။ သခင်မလေးက အိမ်တော်ကို
အခုမှ ပြန်ရောက်လာပြီးတော့ ကျန်းသခင်မကြီးက သခင်မလေးကို
လက်ထောက်ဝန်ကြီးရှန်းရဲ့ အိမ်တော်ကို တင့်တင့်တယ်တယ် ဝတ်ပြီး
တက်စေချင်တယ်။ မနက်ဖြန်သွားရမယ့် မွေးနေ့ပွဲကို မြို့တော်က မြင့်မြတ်တဲ့
အမျိုးသမီးငယ်လေးတွေလည်း လာမှာပဲ။ ပြီးတော့ ကျွန်မတို့ရဲ့သခင်မလေးက
မြို့တော်ကို ပြန်မလာတာ ငါးနှစ်ရှိသွားပြီမလား။ တစ်ချက် ကြည့်လိုက်တာနဲ့
ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသခင်မလေးက ဂုဏ်သရေရှိမိသားစုက အရမ်းလှတဲ့
အမျိုးသမီးလေးလို့ လူတိုင်းကို သိစေချင်တာ အဓိကအချက်ပဲ။ ကျန်းသခင်မကြီးမှာ
ဒီလို ရည်ရွယ်ချက်ရှိတာ သေချာတယ်”
ကျန်းယွမ်က မီးခွက်ကို မီးညှိလိုက်တယ်။
“လုကျူးပြောတာ မှန်တယ်။ ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသခင်မလေး
နာမည်အပေါ်ကို သက်ရောက်မှု အများကြီးရှိမှာ မဟုတ်ဘူး။
အဲ့သေတ္တာကို သေချာသိမ်းထား။ မနက်ဖြန် အဲ့လောက် စိတ်ပြေလက်ပျောက်
မဖြစ်မှာစိုးတယ်”
* * *
ကွေးလန်ယွမ်မှာ ကျန်းမားမားက အနီရောင်ရက်စွဲနဲ့ ကြာစေ့လက်ဖက်ရည်ကို
ကျန်းသခင်မကြီးအတွက် ငှဲ့လိုက်တယ်။ ကျန်းသခင်မကြီးက လက်ဖက်ရည်ခွက်ကို
ယူလိုက်ပေမဲ့ မသောက်ဘဲနဲ့ မြင့်ချည်နိမ့်ခြည်ဖြစ်နေတဲ့ လက်ဖက်ရည်ခွက်ထဲက
လက်ဖက်ရည်ကို ကြည့်ရင်း တွေးနေတယ်။
“ကျန်းမားမား မင်းအကြီးမလေးကို ဘယ်လိုထင်လဲ”
ကျန်းမားမားက ရယ်လိုက်တယ်။
“အကြီးဆုံးသခင်မလေးက လှတာထက်ကို ပိုတယ်။ သူ့ကို ကြည့်ရတာ သူ့ရဲ့စကားပြောဆိုပုံ အမူအရာတွေက သိမ်မွေ့နူးညံ့တယ်။ သခင်မက
ဆုံးသွားတာ ကြာပြီဆိုတော့ သူ့ရဲ့ဘဝက အဲ့အချိန်ကတည်းက
အခက်အခဲတွေနဲ့ ပြည့်နေခဲ့တာ”
“သူက ထက်မြတ်တဲ့ ကလေးမပဲ”
ကျန်းသခင်မကြီးက ချီးမွှမ်းလိုက်တယ်။
“သူ ငါ့ကို အိမ်တော်ကို ပြန်ရောက်တော့ လာတွေ့တဲ့ အချိန်က နင် သူ့ကို
မတွေ့လိုက်ရဘူး။ ဒါပေမဲ့ ဒီကောင်မလေးရဲ့အကျင့်တွေက နန်းတော်က
အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ တူတယ်။ အရင်က ငါ သူ့ကို သိတုန်းက သူက ရှက်ပြီး
သည်းခံပေမဲ့ အခု သူ့ရဲ့စိတ်ထားက ပြောင်းသွားပြီ။ သူ့အမေနဲ့ မတူသလိုပဲ။
အရင်နှစ်တွေတုန်းက သူက ကျေးလက်က အိမ်တော်မှာပဲ နေခဲ့ရတာ။ ရှယန်လုပ်ခဲ့တဲ့
အရာတွေကို မင်းလည်း သတိထားမိမှာပါ။ အဲဒါက အကြီးမလေးအတွက်
ဘယ်လိုလုပ် သတင်းကောင်း ဖြစ်သွားတာလဲ။ ဒါ့အပြင် အမှိုက်အဖြစ်နဲ့
ကြီးလာပေမဲ့ မဆိုးဘူး။ သူက ရိုးရှင်းပြီး
နုံအတဲ့အတိတ်ကနေ မြင့်မြတ်တဲ့ပုဂ္ဂိုလ်အဖြစ်ပြောင်းလဲဖို့ ဘယ်လို စီစဉ်လိုက်တာလဲ”
“ဒါမှမဟုတ် သူက သခင်မကြီးဆီကနေ အမွေရတာနေမှာ”
ဘေးကနေ နားထောင်နေတဲ့ ချိုက်ချွဲက အပြုံးနဲ့ ဖြေလိုက်တယ်။
“ပြီးတော့ သူက သခင်မကြီးဆီက ဆင်းသက်လာတာပဲ မလား။ အရင်တုန်းက
သခင်မကြီးက မြို့တော်က အကောင်းဆုံး အမျိုးသမီးတွေထဲက
တစ်ယောက်ပဲလေ။ သခင်မကြီးရဲ့နာမည်ကို ကြားတဲ့သူတိုင်းက သခင်မကြီးရဲ့
အကျင့်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ အသွင်အပြင်က ထူးထူးကဲကဲ
ပြိုင်ဘက်ကင်းတယ်လို့  ပြောကြတယ်။ အခု အကြီးဆုံးသခင်မလေးကို
ကြည့်ရတာ သူက ပြတ်သားပြီး ပွင့်လင်းတယ်။ ကျေးလက်က အိမ်တော်မှာ
ကြီးပြင်းလာခဲ့ပေမဲ့ သူမက နန်းတော်မှာ ကြီးပြင်းလာရသလို
အမူအကျင့်ရှိနေတယ်”
“မင်းရဲ့အပြောချိုချိုလေးတွေကို ကြည့်ပါဦး”
ကျန်းသခင်မကြီးက အပြုံးနဲ့ ဆူလိုက်တယ်။
“အဲ့ကောင်မလေးက သူ့ကောင်းကြောင်းကို ဒီလိုပြောပေးရင် မင်းကို
ဘာတွေပေးမယ်လို့ ကတိပေးထားလဲတော့ ငါမသိဘူး”
“ကျွန်မက အကြီးဆုံးသခင်မလေးကို ဖားနေတာမဟုတ်ပါဘူး သခင်မကြီးကိုပဲ
ဖားနေတာပါ့”
ချိုက်ချွဲက ပြောလိုက်တယ်။
ကျန်းမားမားက ရယ်လိုက်တယ်။
“ကျန်းသခင်မကြီး အဲ့လောက် စိုးရိမ်စရာ မလိုပါဘူး။ အကြီးဆုံးသခင်မလေးက
အများကြီး နားလည်ထားတာ ‌ကောင်းပါတယ်။
ကျွန်မ တွေ့ရသလောက်ဆိုရင် အကြီးဆုံး သခင်မလေးက မြို့တော်က ဂုဏ်သရေရှိ
မိသားစုတွေထဲက အတော်ဆုံးအမျိုးသမီးငယ်လေးတွေထဲက တစ်ယောက်ပဲ။ ဒီလို
လူတစ်ယောက် ကျန်းအိမ်တော်ကို ရောက်လာတာ ဂုဏ်ယူစရာ
အရမ်းကောင်းတယ်”
ကျန်းသခင်မကြီးက ခေါင်းညိတ်လိုက်တယ်။
“မနက်ဖြန် အကုန် အဆင်ပြေပါစေလို့ပဲ ငါ မျှော်လင့်တယ်”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now