Part 78(2)

2.4K 305 4
                                    

unicode

Part 82

အခန်း - ၇၈ အပိုင်း(၂)

အဲ့နေ့မှာ ဗိုလ်ချုက်အိမ်တော်က ယာဂုတွေ ဝေနေတယ်ဆိုတဲ့ မြို့တော်အနှံ့ကို ပျံ့နှံ့သွားတယ်။  အချိန်တစ်ခု အထိ လမ်းတိုင်းနဲ့ လမ်းကြားတိုင်းက လူတွေက ဒီကိစ္စကို ဆွေးနွေးနေကြလို့ သတင်းက မင်းသားရှစ်ဆီကို ရောက်သွားတယ်။

‘ခွမ်’ဆိုတဲ့ အသံနဲ့ ရွှမ်းလီက သူ့လက်ထဲက တရုတ်ပြည်တွင် ထုတ်လုပ်သည့် ခွက်ကို လွှင့်ပစ်လိုက်တယ်။  သူ့ရဲ့ မျက်နှာက သိမ်မွေ့တဲ့ အပြုံးကို ဆက်ထိန်းထားပေမဲ့ တကယ်လို့ သေချာကြည့်လိုက်ရင် သူ့ပါးစပ်နားက ကြွက်သားတွေက ထောင်တက်နေတာကို သတိထားမိနိုင်တယ်။  သူက ဒေါသထွက်နေတာ သေချာတယ်။

သူက ကြောချမ်းစွာ ပြောလိုက်တယ်။

“အကွက်ကောင်းပဲ ကျောက်ကွမ်း။ ”

သူ့ရဲ့ အကြံပေးတစ်ယောက်က မေးလိုက်တယ်။

“အရှင်မင်းသား ဘယ်လိုလုပ်ပြီး ဒိသတင်းကို ပြန့်သွားတာလဲ။  ကျွန်တော်တို့ထဲမှာ သူလျှိုရှိနေတာလား။ ”

ရွှမ်းလီက အထင်သေးသလို ပြုံးပြီးတော့

“ဘာအကြောင်းပြချက် ရှိသေးလို့လဲ။  ကျောက်ကွမ်း ဒီအကွက်ကပို ရွှေ့လိုက်တာ ငါ့ကို အမြင်ကျယ်သွားစေတာပဲ။ ”

သူက အစက ကျောက်ကွမ်းကို အတင်း စားနပ်ရိက္ခာတွေ ထုတ်ပေးခိုင်းပြီးတော့ သူ့လူတွေကို ပေးပြီး မျှဝေခိုင်းမလို့ဖြစ်တယ်။  နိုင်ငံတော်ပိုင် ဘဏ္ဍာတိုက်က ပြောင်နေပြီဆိုတော့ ဧကရာဇ်က ဒေါသထွက်နေပြီ။  ဧကရာဇ်က ဒီအခြေအနေကို လက်ခံဖို့ အသင့်ဖြစ်နေမှာသေချာတယ်။  ဒါက ကျောက်မိသားစုရဲ့ ဩဇာနဲ့ အာဏာ ကို ယုတ်လျော့သွားစေမှာ ဖြစ်ပြီးတော့ အနာဂတ်မှာ သူတို့ကို လွယ်လွယ်နဲ့ ဖြေရှင်းနိုင်မှာဖြစ်တယ်။  ဒါ့အပြင် သူက အကြံပြုချက် တစ်ခု တင်သွင်းလိုက်ရင် သူက ဧကရာဇ်ရဲ့ သဘောကျမှုကို ရရုံတင်မကဘူး အင်ပါယာရုံးတော်နဲ့ သာမာန်လူတန်းစားတွေ ဆီကနေပါ ကျေးဇူးတင်မှုတွေက သိသိသာသာ များလာမှာဖြစ်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now