part 86(2)

2.5K 311 27
                                    

unicode

Part 96

အပိုင်း ၈၆ (ခ)

လီရန်က နေရာမှာပဲ ကြက်သေသေသွားတယ်။ လီအန်းထွက်သွားတော့မှ သူက ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်ပြီးတော့ ဒေါသတွေကို ထုတ်ဖော်ပြောဆိုလိုက်တယ်။ သူက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီးတော့ သူ့ရဲ့မျက်နှာထားက ပြောင်းသွားပြီးတော့ သူက မမျှော်လင့်စွာနဲ့ ရယ်လိုက်တယ်။

ကြမ်းပြင်တစ်ခုလုံး သွေးတွေနဲ့ ပြန့်နေတဲ့ အစေခံမလေးက နဂိုနေရာမှာပဲ ရပ်နေပြီးတော့ ကြောက်လန့်စွာနဲ့ တုန်လှုပ်နေတယ်။ လီရန်ရဲ့ အပြုံးက အရမ်းကြောက်စရာကောင်းတယ်ဆိုတာကိုပဲ သူမ ခံစားနေရတယ်။

ဒါပေမဲ့ လီအန်းက သူ့ရဲ့ အိပ်ရာလွှမ်းကို ဖွင့်လိုက်ပြီးတော့

“ငါ့ကို ကူဦး ငါ အဖေ့ကို တွေ့ချင်တယ်။”

* * *

ကျန်းယွမ်က အိမ်တော်ကို ပြန်ရောက်လာပြီးတော့ သူမရဲ့ ခြံတန်းဆီကို သွားတော့မလို့ပဲ။ ဒါပေမဲ့ သူမက ခန်းမနားကို ဖြတ်သွားတာနဲ့ မမျှော်လင့်စွာနဲ့ ကျန်းစုစုနဲ့ ကျန်းချောင်တို့နဲ့ တိုးမိသွားတယ်။ ကျန်းစုစုက ကျန်းချောင်နဲ့ စကားပြောနေပေမဲ့ ကျန်းယွမ်ကို မြင်တော့ သူမက ပြုံးပြီးတော့

“မမ”

‘ဟန်ဆောင်နေတုန်းပဲ’ ကျန်းယွမ်က တွေးလိုက်တယ်။ ကျန်းယွမ်က သူမကို အေးစက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ သူမက ပင်ပန်းနေပြီးတော့ သူမနဲ့ ညီအစ်မ သံယောစဉ် ဇာတ်လမ်းကို ဟန်မဆောင်နိုင်တော့ဘူး။ ဒါ့ကြောင့် သူမက သူမကို မကြည့်ဘဲနဲ့ ထွက်သွားချင်နေပြီဖြစ်တယ်။

ကျန်းစုစုက နောက်ကို ဆုတ်လိုက်ပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာ မကျေချမ်းမှု အရိပ်အယောင်ကို တွေ့ရတယ်။

“မမ စုနိုင် ဘာအမှားလုပ်မိလို့လဲ။”

ကျန်းယွမ်က သူမကို ဆက်ပြီး လျစ်ချူရှူနေတုန်းမှာ ပိုင်ကျီနဲ့ လန်ချောင်ရဲ့ အကြည့်တွေက အထင်သေးတဲ့ ပုံဖြစ်နေတယ်။ မြို့တော်ရဲ့ ရေကြီးတဲ့ ကပ်ဘေးကြောင့် ကျန်းစုစုက ကပ်ဘေးကနေ အကျိူးရနေတာ ဖြစ်ပြီးတော့ ဘိုးဘေးဘုရားကျောင်းကို သွားရမယ့် ကိစ္စကလည်း ရပ်ဆိုင်းထားရတာဖြစ်တယ်။ လက်ရှိမှာ သူမက အရမ်း ကျိုးနွံနေပြီးတော့ ကောင်းကောင်းပြုမူနေတယ်။ သူမက အရာရာတိုင်းကို ပိုပြီး ဂရုတစိုက် လုပ်နေပြီးတော့ သူမက ကျန်းသခင်မကြီးကိုလည်း ခဏခဏ ပြုစုပေးနေတယ်။ ကျန်းချွမ်ရဲ့ ရှေ့မှာတောင် သူမက အရမ်း ဂရုစိုက်နေတယ်။ ကျန်းချွမ်က အစကတည်းက ဒီသမီးကို အရမ်းချစ်တာ ဒါ့ကြောင့် ကျန်းစုစုကို ဒီလိုမြင်ရတော့ သူက ပိုပြီးတော့တောင် ခေါင်းကိုက်သွားပြီးတော့ သူ့ရဲ့ နဂို ဆုံးဖြတ်ချက်ကို တစ်နည်းနည်းနဲ့ စပြီးတော့ ချီတုံချီတုံဖြစ်နေပြီဖြစ်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now