part 100(2)

2K 267 8
                                    

Unicode

Part 124

အပိုင်း ၁၀၀(ခ)

တစ်ခါက ရွှမ်းလီ အဲ့နှစ်က အဖြစ်အပျက်တွေကို တစ်ယောက်ယောက်ကို ဂရုတစိုက်နဲ့ စုံစမ်းခိုင်းခဲ့ဖူးတယ်။ မယ်တော်ယိတျယ်က ဧကရာဇ်ရဲ့ ထီးနန်းအတွက် အများကြီးလုပ်ပေးခဲ့လို့ ရွှမ်းလီက မင်းသမီးရွှမ်ရုံနဲ့ ဆင်တဲ့ မျက်နှာရှိတဲ့ အမျိုးသမီးတစ်ယောက်ကို နန်းတွင်းထဲကို ချမ်းသာတဲ့ မိသားစုက ကလေးတွေကို စာသင်ပေးတဲ့ ပညာတော်သင်တစ်ယောက် အဖြစ်နဲ့ ဝင်စေခဲ့ပြီးတော့ သူမကို အထူးအကျဉ်းချုပ်ပြောပြခဲ့တယ်။ သူမ နန်းတွင်းထဲကို ဝင်ပြီး မကြာသေးခင်မှာပဲ အဲ့အမျိုးသမီးကို မယ်တော်ယိတျယ်က ‘မတော်တဆ’ မြင်မိသွားပြီးတော့ သူမကို စီနင်နန်းတော်ထဲကို စာပို့တဲ့သူအနေနဲ့ ခေါ်ခဲ့တယ်။ နောက်ရက်အနည်းငယ် အကြာမှာ အဲ့အမျိုးသမီးက တတိယတန်းစား မင်းသမီး တစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲ့လိုဖြစ်ပြီး မကြာခင်မှာပဲ မယ်တော်ယိတျာက ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။
သူမရဲ့ အတိတ်ဘဝမှာ ရွှမ်းလီပေးခဲ့တဲ့ ဆင်ခြေက ကျန်းယွမ်က သူ့ရဲ့ အဘွားက သူမရဲ့ နေ့ရက်တိုင်းက သူ့ရဲ့ အဒေါ်ကို လွမ်းနေရင်းနဲ့ ဖြတ်သန်းနေရလို့ သူမက အရမ်းဝမ်းနည်းစွာနဲ့ လေးလေးနက်နက် တွေးနေလို့ သူက မင်းသမီးရွှမ်ရုံနဲ့ တူတဲ့သူ တစ်ယောက်ကို တမင်ရှာပြီးတော့ မယ်တော်ယိတျယ်ကို ပျော်အောင် လုပ်ပေးတာဖြစ်တယ်။ အဲ့အချိန်မှာ ရွှမ်းလီက တကယ်ပဲ တာဝန်ကျေတာပဲလို့ ကျန်းယွမ် တွေးခဲ့တယ်။ ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ မယ်တော်ယိတျယ်ရဲ့ ရုတ်တရက် ကွယ်လွန်သွားတာနဲ့ အဲ့ တတိယတန်းစားမင်းသမီး ဆိုတဲ့သူကြားမှာ ဆက်နွယ်မှုရှိနေရမယ်ဆိုတာ သေချာတယ်။
ဘာပဲဖြစ်ဖြစ် အခု အချိန်တွေက နောက်ပြန်ဆုတ်ကုန်ပြီဖြစ်ပြီးတော့ သူမက ကံကောင်းစွာနဲ့ အခု အဲ့အမျိုးသမီးက နန်းတွင်းထဲကို ရောက်မလာသေးဘူး။ ရွှမ်းလီက မယ်တော်ယိတျယ်ရဲ့ အရင်က ကိစ္စတွေကိုတောင် စုံစမ်းဖို့ မတွေးရသေးဘူး။ ဒီလိုအချိန်မှာ တကယ်လို့ သူမက မယ်တော်ယိတျယ်ရဲ့ ယုံကြည်မှုကို အရယူနိုင်ခဲ့ရင် အဲဒါက တကယ်ပဲ လက်သင့်မခံနိုင်စရာပဲ။
တိတ်ဆိတ်စွာနဲ့ မယ်တော်ယိတျယ်က ကျန်းယွမ်ကို အံ့အားသင့်စွာနဲ့ နွေးထွေးပြီး သိမ်မွေ့တဲ့ အကြည့်နဲ့ ကြည့်နေတယ်။ အကြီးဆုံးကျန်းသခင်မလေးရဲ့ ဝမ်းနည်းစရာ ဘဝအတွေ့အကြုံကြောင့် တည်ကြည်ပြီး ခေါင်းမာတဲ့ မယ်တော်ယိတျယ်က ဝမ်းနည်းသွားတယ်လို့ အကုန်လုံးက ယူဆလိုက်ကြတယ်။ ဒါပေမဲ့ သူမ အဲ့အချိန်မှာ ခံစားလိုက်ရတဲ့ တကယ့် ခံစားချက်ဖြစ်တဲ့ ဗြောင်းဆန်ပြီး အရမ်းအံ့အားသင့်နေတာကို ဘယ်သူမှ မသိဘူး။
ဒါက ကျန်းယွမ် ဘယ်လိုဝတ်စားထားလာတာကြောင့်ဖြစ်ပြီးတော့ သူမရဲ့ အပြုံးနဲ့ သူမရဲ့ စကားတွေကတောင် မင်းသမီးရွှမ်ရုံနဲ့ တစ်ပုံစံတည်းဖြစ်နေတယ်။
အဲ့အချိန် ဧကရာဇ် နတ်ရွာစံသွားတော့ မယ်တော်တစ်ယောက်အနေနဲ့ သူမရဲ့ နေရာကတောင် မတည်ငြိမ်ခဲ့ဘူး။ ဒါ့အပြင် အိမ်ရှေ့စံ အကြီးဆုံးမင်းသားကလည်း လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြောင့် ဆုံးသွားခဲ့ပြီဖြစ်တယ်။ ဒီတော့ ဒုတိယမင်းသားက ထီးနန်းကို ဆက်ခံခဲ့ပေမဲ့ အုပ်စုတွေက ဂနာမငြိမ်ဖြစ်လာပြီးတော့ သူတို့ရဲ့ အာဏာတွေပြလာကြတယ်။ ဘာရွေးချယ်စရာမှ မရှိတော့ပဲ သူမက မင်းသမီးရွှမ်ရုံကို အသုံးပြုပြီး လက်ထပ်ပြီး မိတ်ဖွဲ့ဖို့ နည်းလမ်းကိုပဲ ကြံနိုင်ခဲ့တယ်။
မင်းသမီးရွှမ်ရုံက နန်းတွင်းမှာပဲ တစ်နှစ်လုံးနီးပါး နေတာဆိုတော့ လူတွေက သူမကို တွေ့ဖို့ အခွင့်အရေး ရခဲတယ်။ အဲ့အချိန်မှာ မင်းသမီးရွှမ်ရုံက မက်မွန်ပန်းရောင်အဝတ်တွေ ဝတ်ရတာကို သဘောကျပြီးတော့ သူမက လက်ထပ်ရမယ့်အရွယ် မိန်းမပျိုတွေထဲမှာမှ အလှဆုံးဆိုတာ သေချာပေမဲ့ သူမက သူမရဲ့ ဆံပင်ကို ဆံထုံးပဲ ထုံးပြီးတော့ နှင်းဆီဆံထိုးလေးတစ်ခုပဲ ထိုးတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမက ဘယ်မိသားစုရဲ့ ပိုးမွေးသလို မွေးတာခံရတဲ့ မိန်းမပျိုလေးဆိုတာ ဘယ်သူမဆို ပြောနိုင်တယ်။ မင်းသမီးရွှမ်ရုံက အကောင်းဆုံးစိတ်ထားကို ပိုင်ဆိုင်ထားပေမဲ့ သူမက ကြင်နာပြီးတော့ အပြစ်ကင်းစင်တယ်။ သူမက အရမ်း စိတ်ခံစားတတ်လွယ်တယ်။ သူမက သူမ လက်ထပ်ရမှာကို သိသွားတော့ သူမက လက်မခံချင်ပေမဲ့ သူမက ကောလဟာလတွေ ထွက်ပေါ်နေသလို ပြင်းပြင်းထန်ထန် ကန့်ကွက်တာ မရှိခဲ့ဘူး။ မယ်တော်ယိတျယ်က အဲ့နေ့ကို မှတ်မိနေတုန်းပဲ။ မင်းသမီးရွှမ်ရုံ မင်္ဂလာဝေါယာဉ်ပေါ်ကို တက်ပြီးတော့ အရိုအသေပေးခဲ့တဲ့အချိန်မှာ သူမက အပြုံးလေးနဲ့ နှုတ်ဆက်သွားတယ်။
“ဒီသမီးတော်က အခု သွားပါတော့မယ်။ ဒီသမီးတော်တို့ကြားက အကွာအဝေးက တောင်တန်းတွေလို မြင့်မားပြီးတော့ မြစ်လို ရှည်လျားသွားပြီ။ ဒီသမီးတော်က အနာဂတ်မှာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကို ပြန်ပြီး ခြေချနိုင်ပါဦးမလားဆိုတာ မသိဘူး။ ပြီးတော့ မယ်တော်နဲ့ နင်ရွှေတောင်ကြားထဲမှာ ဇီးပန်းတွေပွင့်တာကို အခွင့်အရေး ရဦးပါ့မလားဆိုတာ မသိဘူး။”
ဖြည်းညင်းစွာနဲ့ သူမက ပြောလိုက်တယ်။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ မယ်တော်။”
မယ်တော်ယိတျယ်က မင်းသမီးရွှမ်ရုံ နှုတ်ဆက်သွားတုန်းက ပြောတာကို ပြန်သတိရတဲ့အချိန်တိုင်း သူမက သူမရင်ထဲမှာ နှိုင်းယှဉ်လို့ မရအောင် စူးနင့်သွားတာကို ခံစားရတယ်။ နောက်တော့ မင်းသမီးရွှမ်ရုံပြောတဲ့ အတိုင်းပဲ တောင်တန်းက မြင့်မားပြီးတော့ မြစ်က ရှည်လျားပြီး သူမတို့ သားအစ်မိနှစ်ယောက်က တစ်သက်လုံး ကွဲကွာသွားကြပြီးတော့ နင်ရွှေ့တောင်ကြားက ဇီးပန်းတွေ ပွင့်တာကို ကြည့်ခွင့်မရလိုက်ကြဘူး။
ဒီနေ့ ကျန်းယွမ်က မင်းသမီးရွှမ်ရုံနဲ့ တစ်ပုံစံတည်း ဝတ်ခဲ့တယ်။ သူမ သူမကိုယ်သူမ ဝမ်းနည်းစေခဲ့တာကလည်း ရင်းနှီးတဲ့ ခံစားချက်ကို ပေးစွမ်းခဲ့ပြီးတော့ သူမရဲ့ စကားလုံးတွေက မယ်တော်ယိတျယ်ကို သူမ တွေ့ခဲ့တာ ဆယ်စုနှစ်တစ်ခု ကြာပြီဖြစ်ခဲ့တဲ့ မင်းသမီးရွှမ်ရုံရဲ့ အသံနဲ့ အပြုံးကို ပြန်မြင်ယောင်စေခဲ့တယ်။ သူမ ရုတ်တရက် မျက်လုံးမှိတ်လိုက်ပြီးတော့ အသက်ပြင်းပြင်းရှုလိုက်တယ်။
ဒီအဖြစ်အပျက်ကို သိတဲ့သူတွေ အကုန်လုံးနီးပါးက တော်ဝင်နန်းတော်ထဲမှာ မရှိကြတော့ဘူး။ ပြီးတော့ ဘယ်သူမှ မင်းသမီးရွှမ်ရုံ သူမကို တိုးတိုးလေးပြောခဲ့တဲ့ စကားလုံးတွေကို ကြားမှာလည်း မဟုတ်ဘူး။ လက်ရှိမှာ ကျန်းယွမ်က မင်းသမီးရွှမ်ရုံထက် နည်းနည်းလေးပဲ ကြီးတော့ တစ်ယောက်ယောက် သူမကို ဒီလို ရည်ရွယ်ချက်ချက်ရှိရှိ ပြောတာ မဖြစ်နိုင်ဘူး။ အချိန်တွေက တော်တော်ကြာခဲ့ပြီဖြစ်တယ်။
သူမ ကျန်းယွမ်ကို ကြာကြာကြည့်လေလေ သူမရဲ့ စိတ်ထဲမှာ မင်းသမီးရွှမ်ရုံကို ပြန်ပြီးတော့ သတိရလေလေပဲ။
ကမ္ဘာပေါ်မှာ ပြန်ဝင်စားတာက ဖြစ်နိုင်လို့လား။ တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင် မင်းသမီးရွှမ်ရုံက ကျန်းယွမ် အနေနဲ့ ပြန်ဝင်စားတာလား။
မယ်တော်ယိတျယ်က ကျန်းယွမ်က ပြန်ဝင်စားတာလား ဆိုတာမသိဘူး။ ဒါပေမဲ့ သူမက နိုင်ငံရဲ့ အကျိုးအတွက် သူမကိုယ်သူမ စတေးသွားတဲ့ မင်းသမီးရွှမ်ရုံလောက် မကြင်နာဘူး။ သူမက အားနည်းပြီး မသိနားမလည်တဲ့ ကျန်းယွမ် ပြန်ဝင်စားတာပဲ။ သူမရဲ့ အတိတ်ဘဝမှာ သူမရဲ့ တစ်ကိုယ်လုံး သွေးတွေနဲ့ ပေကျံနေတဲ့အထိ အလှည့်စားခံခဲ့ရပြီးတော့ သူမရဲ့ တစ်ဘဝလုံး မျက်ရည်တွေနဲ့ ပြည့်ခဲ့ရတယ်။ သူမက ဒီဘဝမှာ လူတွေကို ယင်ကောင်တွေလို တိတ်တဆိတ် သတ်နေတဲ့အချိန်မှာ ရွှင်လန်းတက်ကြွစွာနဲ့ ဉာဏ်ရွှင်စွာ ပြောတတ်တဲ့ ကျန်းယွမ်အနေနဲ့ ပြန်ဝင်စားခဲ့တယ်။
ကိုယ်ပြုသမျှ ကိုယ့်ထံပြန်လာပြီးတော့ ဝဋ်လည်တာက တကယ်ရှိတယ်။ ရွှမ်းလီက သူမကို သူမရဲ့ ဘဝမှာ ပြောခဲ့တာတွေက ဒီဘဝမှာ ရွှမ်းလီကို ရင်ဆိုင်ဖို့ အကောင်းဆုံးလက်နက်ဖြစ်လာတယ်။
မယ်တော်ယိတျယ် အချိန်ကြာကြာ တိတ်ဆိတ်နေလေလေ လူတွေက သူမက ကျန်းယွမ် ကြုံတွေခဲ့ရတဲ့ ပူဆွေးမှုကို တုံ့ပြန်နေတယ်လို့ တွေးနေကြတယ်။ ကျန်းအိမ်တော်က ဒီသနားစရာကောင်းတဲ့ မိန်းမပျိုလေးရဲ့ ဘဝက ခက်ခဲမှုတွေနဲ့ ပြည့်နေတာပဲ။ မင်းသမီးဟဲရီက မယ်တော်ယိတျယ်ရဲ့ တုံ့ပြန်မှုကိုတွေ့တော့ သူမရဲ့ မျက်ဝန်းထဲမှာ မကျေနပ်မှုတွေ ပြည့်နေပြီးတော့ သူမက ကျန်းယွမ်ကို အန္တရာယ်ပြုမယ့်ပုံနဲ့ စိုက်ကြည့်နေတယ်။ ကျန်းစုစုရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေတယ်။ သူမက အမြဲတမ်း အသားဖြူနေပေမဲ့ ဒီတစ်ကြိမ်မှာ သူမက စာရွက်ဖြူတစ်ရွက်လိုပဲ ဖြူဖျော့နေပြီးတော့ သူမရဲ့ ပုံမှန် ကြော့ရှင်းပြီး ကြည့်ကောင်းတဲ့ ပုံစံက အရောင်မွဲနေလာပြီးတော့ ဖျော့တော့လာတယ်။ သူမက အဖျားတစ်ခုခုကြောင့် နေမကောင်းဖြစ်နေသလိုပဲ။
တော်ဝင်ကြင်ရာတော်ချန်က ကျန်းယွမ် ထပ်ပြီး ဘာတောင်းဆိုမှုမှ မလုပ်တော့ဘူးဆိုတာကို သတိထားမိတော့ သူမရဲ့ မျက်နှာပေါ်က အပြုံးက ပိုပြီးတော့ သိမ်မွေ့လာပြီးတော့ အဲ့အပြုံးက စာနာမှုနဲ့ နှစ်သိမ့်မှု နှစ်ခုလုံး လွှမ်းခြုံထားတယ်။ သူမက ကျန်းနန်မြစ်ဘေးမှာ လမ်းလျှောက်ရင်း အရမ်းချစ်စရာကောင်းပေမဲ့ ဝမ်းနည်းနေတဲ့ပုံရှိတဲ့ ဒဏ်ရာရနေတဲ့ ယုန်လေးကို အမှတ်တမဲ့ တွေ့မိပြီးတော့ သူမရဲ့ လက်ထဲမှာ ပွေ့ထားနေသလိုပဲ။ သူမက ပြောလိုက်တယ်။
“သနားစရာကောင်းတဲ့ ကလေးပါလား။ ဒီလူက ဆုံးပါးသွားပြီပဲ အဲ့အစား မင်း အနာဂတ်ကို ကြည့်သင့်တယ်။”
အနာဂတ်လား။ ဒါပေါ့ သူမက အနာဂတ်ကို ကြည့်တာပေါ့။ ကျန်းယွမ်က ခေါင်းနည်းနည်းငုံ့လိုက်တယ်။ အနာဂတ်မှာ သူမက ဒီလူတွေကို နည်းနည်းချင်းစီ ပြိုလဲစေပြီး ဖျက်ဆီးမှာဖြစ်ပြီးတော့ လက်စားချေခြင်းအတွက် အနစ်နာခံမှုတစ်ခု ဖြစ်လာစေမှာဖြစ်တယ်။
“တော်ဝင်ကြင်ရာတော်ရဲ့ ဂရုစိုက်မှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်။”
ကျန်းယွမ်က ပြန်ပြောလိုက်တယ်။
“ဒီကြင်ရာတော်က ကိစ္စတစ်ခုကို ရုတ်တရက် ပြန်တွေးမိတယ်။”
တော်ဝင်ကြင်ရာတော်ချန်က ဧကရာဇ်ကို ပြုံးပြလိုက်တယ်။
“အရှင်မင်းကြီး ဒီကြင်ရာတော်က ဒီအကြီးဆုံးကျန်းသခင်မလေးကို ကြည့်မိတဲ့အချိန်မှာ သူမက သင့်တော်တဲ့ ရည်မွန်မှု ရှိတယ်၊ အရမ်းယဉ်ကျေးလို့ ဒီကြင်ရာတော်က အမြဲတမ်း သူမကို သဘောကျခဲ့ပါတယ်။ အခု သူမရဲ့ စကားတွေကို ကြားပြီးတော့ ကျွန်တော်မျိုးမရဲ့ နှလုံးသားက အရမ်းပူပန်သွားပါတယ်။ ဧကရာဇ် ဒီကြင်ရာတော်အတွက် ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးမယ် မလားဟင်။”
“ကိုယ်တော်ရဲ့ တောင်ဝင်ကြင်ရာတော်လေးက ဘာများလိုချင်တော်မူလို့လဲ။”
ဧကရာဇ်က အမြင့်ဆုံးအဆင့်အတန်းနဲ့ လူဖြစ်ပြီးတော့ သူက သနားညှာတာလိုစိတ် အရမ်းမရှိဘူး။ သူ့အတွက် မင်းသမီးရွှမ်ရုံရဲ့ မှတ်ဉာဏ်တွေက လုံးဝ မှေးမှိန်သွားပြီ ဖြစ်လို့ သူ့အတွက်တော့ ကျန်းယွမ်က ဘာမှ ထူးခြားမှု မရှိဘူး။ တော်ဝင်ကြင်ရာတော်ချန်ဆီကနေ အခု ဒီမေးမြန်းတာကို ကြားတော့ သူက သာမာန်ပဲ ပြန်မေးလိုက်တယ်။
တော်ဝင်ကြင်ရတော်ချန်က ကျန်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်တယ်။
“ဒီလိုလိမ်မာပြီး ချစ်စရာကောင်းတဲ့ကလေးက ဒီကြင်ရာတော်ရဲ့ ချွေးမ ဖြစ်လာမလားဆိုတာ ဒီကြင်ရာတော်လည်း မသိနိုင်ဘူးလေ။”
တိတ်ဆိတ်နေကြတယ်။ ဂုဏ်ပြုညစာစားပွဲက လူတိုင်းက လုံးဝ တိတ်ဆိတ်နေကြတယ်။
တော်ဝင်ကြင်ရာတော်ချန်ရဲ့ စကားတွေကို နားထောင်နေတဲ့ ကျန်းစုစုက အဲ့အချိန်မှာ သူမရဲ့ မျက်နှာထားက လူသေတွေလိုပဲ ဖြူဖျော့နေပြီးတော့ သူမရဲ့ နှုတ်ခမ်းက ဖြူဖပ်ဖြူရော်ဖြစ်နေတယ်။ သူမရဲ့ တစ်ကိုယ်လုံးက ယိုင်တီးယိုင်တိုင်ဖြစ်နေပြီးတော့ သူမက နောက်ကို လန်ကျပြီး မေ့လဲတော့မလိုပဲ။ ကံကောင်းစွာနဲ့ တိတ်တိတ်ကလေး မသိမသာနဲ့ ရှယန်က သူမဘေးကနေ သူမကို တွဲပေးနေတယ်။ မဟုတ်ရင် အဲ့မှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက် ဖြစ်သွားမှာ သေချာတယ်။
ကျောက်မိသားစုကလည်း မျက်နှာတွေ တင်းမာလာကြတယ်။ တော်ဝင်ကြင်ရာတော်ချန်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
“ကိုယ်တော့်ရဲ့ ချစ်ရစွာသော ကြင်ရာတော်လေး ဆိုလိုတာက…..”
ဧကရာဇ်က မေးလိုက်တယ်။
“သားတော်လေးက အခု လက်ထပ်နိုင်တဲ့ အရွယ်ရောက်ပြီ ဒီအကြီးဆုံးကျန်းသခင်မလေးကပဲ နည်းနည်းငယ်သေးတာ။ သူတို့ကို အရင်စေ့စပ်ထားလို့ရပြီးတော့ သူမ လက်ထပ်လို့ရနိုင်တဲ့ အရွယ်အထိ‌ စောင့်ပြီးတော့မှ သူမက သားတော်လေးရဲ့ အိမ်တော်ကို ဝင်ပြီးတော့ သခင်မဖြစ်လာလို့ရပါတယ်။ မင်းသားရှစ်ရဲ့ ကြင်ရာတော်မင်းသမီး အဖြစ်နဲ့ပေါ့။”
တကယ်လို့ ဆက်ပြီး ငြိမ်သက်နေသေးမယ်ဆိုရင် ဒီအချိန်မှာ သူတို့က အကုန်လုံးက သူတို့ ကျောရိုးတစ်လျှောက် ကြက်သီးထတာကို ခံစားနေရတဲ့ အသံကိုတောင် ကြားနိုင်တယ်။
သူမ ကြင်ရာတော် မင်းသမီးဖြစ်ဖို့ အဆိုပြုတာကို များများတင်သွင်းရမယ်။
ကျန်းချွမ်ရဲ့ အဆင့်အတန်းက မနိမ့်ကျပေမဲ့ ကျန်းယွမ်က မင်းသားရှစ်ရဲ့ ကြင်ရာတော်ဖြစ်ဖို့က တက်လမ်းမှာ နည်းနည်းခက်ခဲမှာ ဖြစ်တယ်။ တကယ်လို့ သူမက ကိုယ်လုပ်တော်ဖြစ်ခဲ့ရင်တော့ အဲဒါက သူမအတွက် ကောင်းသေးတယ်။ တော်ဝင်ကြင်ရာတော်ချန်ရဲ့ ပထမစကားတစ်ခွန်းကို ကြားတဲ့အချိန်မှာ လူတိုင်းက သူမက ကျန်းယွမ်ကို ကိုယ်လုပ်တော်အဖြစ်နဲ့ ခေါ်လာဖို့ မေးတယ်လို့ ယူဆထားကြတာဖြစ်တယ်။ ဒါ့ကြောင့် သူမက ကျန်းယွမ်ကို ကြင်ရာတော်ဖြစ်စေချင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အခု အမျှော်အမြင် ရှိတဲ့ ဘယ်သူမဆို မင်းသားရှစ်က တစ်နေ့နေ့မှာ ထီးနန်းကို ရပြီး ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အနာဂတ်ဧကရာဇ် ဖြစ်လိမ့်မယ်ဆိုတာကို ခန့်မှန်းပြီးကြပြီဖြစ်တယ်။ ဒါဆိုရင် ကျန်းယွမ် ဧကရီ ဖြစ်လာမှာ မဟုတ်ပေဘူးလား။ ဒါက တကယ်ပဲ အရင်းအနှီးသေးသေးလေးကနေ အမြတ်အစွန်း ကြီးကြီးမားမား ရမယ့် ကိစ္စဖြစ်တယ်။
ကျန်းချွမ်ရဲ့ အကြည့်က ရှုပ်ထွေးသွားတယ်။ သူက ရွှမ်းလီနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ခိုင်မြဲစေချင်နေတာ ကြာပြီဖြစ်ပြီးတော့ အဲ့အတွက် အကောင်းဆုံးနည်းလမ်းက သူ့သမီးတစ်ယောက်နဲ့ ရွှမ်းလီကို ပေးစားဖို့ပဲ ဖြစ်တယ်။ အခု တော်ဝင်ကြင်ရာတော်ချန်ရဲ့ စကားတစ်ခွန်းက သူ့ရင်ထဲက ဆုတောင်းကို ဖော်ထုတ်လိုက်သလိုပဲ။ အဲဒါက သူ လုပ်ချင်နေတဲ့ အရာပဲ။ ဒါပေမဲ့ ဘာလို့ ကျန်းယွမ်ဖြစ်နေရတာလဲ။ ဘာလို့ ကျန်းစုစု မဖြစ်ရတာလဲ။
အဲ့အချိန်မှာ ကျန်းရှင်းကျီက သူ့ရဲ့ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီးတော့ သူက သူ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို လက်ရှိအခြေအနေထဲကို သယ်ဆောင်လာမယ်လို့ မတွေးဖူးဘူး။ သူက ရှောင်ရှို့အပေါ်မှာ သိပ်မကြည်ပေမဲ့ သူက ရွှမ်းလီကို ပိုပြီးတော့တောင် မကြိုက်ဘူး။ ဘာပဲပြောပြော ရွှမ်းလီက တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်တယ်။ တော်ဝင်မိသားစုက ဘာလဲဆိုရင် မိန်းမတွေအများကြီးနဲ့ ကိုယ်လုပ်တော်တွေ အများကြီးက နန်းတွင်းမှာ အချင်းချင်း ရန်ဖြစ် စကားများနေကြပြီးတော့ အရာရှိရုံးတော်ထက် ပိုပြီးတော့တောင် စိတ်မချရဘူး။ ဘယ်လိုလုပ် သူက ကျန်းယွမ်ကို ဒီလိုနေရာမျိုးကို သွားခွင့်ပေးနိုင်မှာလဲ။ ဘာလို့ တော်ဝင်ကြင်ရာတော်ချန်က ကျန်းယွမ်ကို ဒီရွှံ့ရေတွေထဲကို ဆွဲထည့်နေတာလဲ။ တကယ်လို့ အဲဒါက ကျန်းစုစုဆိုရင် ပိုမကောင်းပေဘူးလား။ အဲ့လိုဆို ကျန်းချွမ်က ပျော်မှာဖြစ်ပြီးတော့ နှစ်ဦးနှစ်ဖက်အတွက် ကောင်းမှာဖြစ်တယ်။ ဘာလို့ ကျန်းယွမ်ဖြစ်ရတာလဲ။ ဒါ့ကြောင့် သူ့ရင်ထဲမှာ ကျန်းရှင်းကျီ ဆုံးဖြတ်ချက်ချလိုက်တယ်။ တကယ်လို့ ဧကရာဇ်က လက်ခံရင်တောင် သူက တော်ဝင်အမိန့်ကို ဖီဆန်မှာဖြစ်တယ်။ ဒါ့အပြင် သူ့ရဲ့ ဂုဏ်သတင်းတွေ အကုန်လုံးကိုတောင် အဆုံးရှုံးခံပြီးတော့ သူက ကျန်းယွမ်ရဲ့ လွတ်လပ်မှုကို လဲလှယ်မှာဖြစ်တယ်။
ရှောင်ရှို့က တော်ဝင်ကြင်ရာတော်ချန်ရဲ့ တောင်းဆိုမှုကို ကြားတဲ့အချိန်မှာ သူက မျက်မှောင်ကြုတ်လိုက်ပြီးတော့ အဲ့လှပတဲ့ မျက်ဝန်းတွေက အေးစက်လာပြီးတော့ သူတို့က သူတို့ရဲ့ တောက်ပတဲ့ အရောင်တွေနဲ့ အရည်အသွေးကောင်းတဲ့ ကျောက်နက်တွေလိုပဲ။ ဒါပေမဲ့ အဲ့ရှည်လျားတဲ့ မျက်တောင်တွေက သူ့အကြည့်ထဲက ခံစားချက်တွေကို ဖုံးကွယ်ထားတယ်။ အဲ့နားက ပိုအေးစက်လာပြီးတော့ စိမ်းကားလာလို့ သူ့ရဲ့ စိတ်ထားက ပြောင်းလဲသွားတယ်လို့ပဲ ပြောနိုင်တယ်။
သူ ကျမ်းယွမ်ကို ကြည့်လိုက်တာနဲ့ သူက ခေါင်းငုံ့ထားတာဖြစ်ပြီးတော့ သူမရဲ့ မျက်နှာပေါ်က မျက်နှာထားကို သေသေချာချာ မမြင်ရဘူး။ ရှောင်ရှို့ရဲ့ နှလုံးသားက ဂယက်ထသွားတယ်။ ပြောပြီးတာတွေက ပြောပြီးသွားပြီပဲ။ ကျန်းယွမ်က သူမရဲ့ ဆယ်ကျော်သက်မှာပဲ ရှိသေးပြီးတော့ ကောင်မလေးတစ်ယောက်ပဲ ရှိသေးတယ်။ သူမက ရွှမ်းလီကို ဘယ်လောက်တောင် မုန်းတာလဲ။ သူက ဘာလို့လဲ ဆိုတာကို မသိပေမဲ့ သူမက သေချာပေါက် ရွှမ်းလီကို လက်ထပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တော်ဝင်ကြင်ရာတော်ချန်က ဧကရာဇ်ရဲ့ အချစ်ခံရဆုံး ကြင်ရာတော်ဖြစ်ပြီးတော့ ဧကရာဇ်က သူမရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ရင် ကျန်းယွမ်က သူ့ရဲ့ တော်ဝင်အမိန့်ကို ငြင်းနိုင်မှာ မဟုတ်ဘူး။
သူ့ရဲ့ သူရဲကောင်းဆန်တဲ့ မျက်ခုံးက တင်းကျပ်စွာ မျက်မှောင်ကြုတ်သွားတယ်။ တကယ်တော့ အဲဒါက လွတ်လမ်းမရှိတာ မဟုတ်ဘူး။ တကယ်လို့ သူက ဧကရာဇ်ရှေ့ကို ထွက်လာပြီး သူက ကျန်းယွမ်ကို လက်ထပ်ချင်တယ်လို့ ပြောလိုက်ရင် သူမက ရွှမ်းလီကို လက်ထပ်ရမှာကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ကျန်းယွမ်က သူ့ကို လက်ထပ်ချင်မှာ မဟုတ်ဘူး။ ရှောင်ရှို့က ကျင်းရီရဲမက်တွေကို တာဝန်ယူထားရပြီးတော့ တစ်နှစ်လုံးနီးပါး အပြင်မှာ ရောက်နေမှာ ဖြစ်တယ်။ ဒါ့ကြောင့် သူက ကျန်းဟူမှာ သွားလာလှုပ်ရှားနေကြတဲ့သူတွေရဲ့ အကျင့်တချို့ ကူးတာခံရပြီးပြီဖြစ်တယ်။ ဒါပေမဲ့ သူက မြို့တော်ထဲက ငယ်ရွယ်တဲ့ မင်းမျိုးမင်းနွယ် ညီအစ်ကိုတွေရဲ့ ဝတ်စုံတွေကို နားလည်သေးတယ်။ သူက မိန်းမတစ်ယောက်ကို သူ့ရဲ့ စိတ်ထားမျိုးနဲ့ လက်ထပ်တာက ဘယ်လိုသဘောဆောင်လဲဆိုတာကို နားလည်ပြီးတော့ ဒီတစ်သက် လက်ထပ်မယ့် ရည်ရွယ်ချက်မရှိဘူး။ ကျန်းယွမ်က သူ့အသက်ကို ကယ်ခဲ့တဲ့ သူ့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်။ တကယ်လို့ ဒီကျေးဇူးရှင်က ဆယ်ကျော်သက်ပဲ ရှိသေးလို့ သူမက အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရင် သူက သူ့ကတိကို ပြန်ကြားပြီးတော့ သူမကို ကူညီဖို့ ဘာစွန့်စားမှုကို မဆို ယူမှာဖြစ်တယ်။
သူမကို မင်းသားရှစ်ရဲ့ အိမ်တော်ကနေ ကျင်းရင်းဝမ်ရဲ့ အိမ်တော်ကို ပြောင်းဖို့ ကျန်းယွမ်က တကယ်ပဲ လက်ခံချင်ပါ့မလား။
“ဖွတ်”
တော်ဝင်ကြင်ရာတော်ရှုက ရုတ်တရက် ရယ်လိုက်တယ်။
“ဘာလို့ မမက မဆင်မခြင်နဲ့ ဒီလို တွဲရတာလဲ။ အဲဒါကို ထားပါဦး။ မင်းသားရှစ်ကရော ဒီကိစ္စကို သိရဲ့လား။ အကြီးဆုံးကျန်းသခင်မလေးကလည်း ဝန်ကြီးချုပ်ကျန်းရဲ့ သမီးဖြစ်ပြီးတော့ သူ့မျက်ဝန်းထဲက ပုလဲလေးဆိုတာ ပြောဖို့တောင် မလိုဘူး။ ဒါ့ကြောင့် မမ ဘာလို့ အကြီးဆုံးကျန်းသခင်မလေးကို မင်းသားရှစ်ကို လက်ထက်ချင်လား ဆိုတာကို ဘာလို့ အရင် မမေးတာလဲ။”
ဒီပါးကိုက်နားကိုက်အတွက် ဒီတွက်ချက်မှုနဲ့ သူမ ကျန်းယွမ်ကို ကြည့်လိုက်တာနဲ့ တော်ဝင်ကြင်ရာတော်ချန်ရဲ့ မျက်ခုံးတွေက ပင့်သွားတယ်။ သူမရဲ့ လေသံက ပိုညင်သာပြီးတော့ ကြင်နာတယ်။
“ဒီကြင်ရာတော်က ဒီအချက်ကို လျစ်လျူရှူထားတယ်။ သခင်မလေးကျန်း မင်း ဒီကြင်ရာတော် မိသားစုရဲ့ သားတော်လေးကို သဘောကျလား။”
ဒီမေးခွန်းက ကြင်နာစွာနဲ့ ဆွဲဆောင်မှုရှိစွာ မေးခဲ့တာဖြစ်ပြီးတော့ သာမာန်မိသားစုက သခင်မရဲ့ အပျော်စသလိုမျိုး ဖြစ်နေပေမဲ့ ကျန်းယွမ်က သူမရဲ့ ရင်ထဲမှာ တိတ်ဆိတ်စွာ လှောင်လိုက်တယ်။ တော်ဝင်ကြင်ရာတော်ချန်ရဲ့ ဒီမေးခွန်းက သေချာပေါက် တကယ်ကောင်းတဲ့ မေးခွန်းပဲ သူမ ဘာပြောနိုင်မှာလဲ။ တကယ်လို့ သူမက လက်မထက်နိုင်ဘူးလို့‌ ဖြေလိုက်ရင် သူမက ရွှမ်းလီကို သဘောမကျဘူးလို့ သွယ်ဝိုက်ညွှန်းဆိုနေသလိုပဲ။ တကယ်လို့ ဒါကို အခု ရှိနေတဲ့သူတွေ အကုန်လုံးရဲ့ ရှေ့မှာ ပြောလိုက်ရင် သူမကို ဒီတိုင်းလွှတ်ပေးမှာ မဟုတ်တဲ့သူက ဧကရာဇ်ပဲ။ ဒါပေမဲ့ သူမက သူ့ကို သဘောကျတယ်လို့ ပြောလိုက်ရင်လည်း သူမက တစ်ယောက်ယောက် သူမအတွက် တူးပေးခဲ့တဲ့ မီးတွင်းထဲကို တိုက်ရိုက် ခုန်ချလိုက်သလို ဖြစ်နေမှာဖြစ်တယ်။
ရှိနေတဲ့သူတွေ အကုန်လုံးက အသက်ရှုရပ်ထားကြပြီးတော့ ကျန်းယွမ်ရဲ့ ပြန်ဖြေတာကို စောင့်နေကြတယ်။ မိန်းမတွေ အကုန်လုံးက မခံမရပ်နိုင်ဖြစ်နေကြတယ်။ ယောကျာ်းတွေထဲမှာ ဒီလူကြီးမင်းတွေက: ကုရီ၊ ကျန်းရှင်းကျီနဲ့ တခြား မုန်းတဲ့သူတွေက ရှေ့ကို အမြန်သွားပြီးတော့ ချက်ချင်းပဲ ကျန်းယွမ်ကို ဒီဒုက္ခထဲကနေ မခေါ်လာနိုင်ဘူး ဖြစ်နေတယ်။ တုန်ရင်းအာနဲ့ ကျောက်ရင်းက ကျန်းယွမ်ရဲ့ကိုယ်စား ချွေးစေးတွေ ပျံလာပြီးတော့ စိတ်ထဲမှာ ကြက်သီးထသွားတယ်။ တကယ်လို့ သူတို့ရဲ့ စကားတွေကို ပြန်တွေးကြည့်ရင် ကျန်းယွမ်က တော်ဝင်မိသားစုထဲကို လက်ထပ်ချင်စိတ်မရှိမှန်း သိကြတယ်။ ကျောက်ကွမ်းက လန့်သွားတယ်။ သူတို့က ဒီမြေးမလေးကို မှတ်မိရုံပဲ ရှိသေးတယ်။ သူမက ဒီတရားဝင် မိန်းမနေရာအတွက် ရုန်းကန် ယှဉ်ပြိုင်ရတဲ့ထဲကို ဆွဲသွင်းခံနေရပြီ။ ကျောက်ကွမ်းအတွက် ပထမဆုံးအကြိမ် အကူအညီမဲ့သလို ခံစားလိုက်ရတယ်။ သူက ဗိုလ်ချုပ်အိမ်တော်တစ်ခုလုံးကို ကျန်းယွမ်ကို ကူပြီး နန်းတွင်းကို ငြင်းဆိုဖို့ မလောင်းရဲဘူး။ ဒီအချိန်မှာ သူ့နှလုံးသားက သွေးထွက်နေတာတောင် သူက မလုပ်နိုင်ဘူး။ မိသားစုနောက်ကနေ လိုက်ခဲ့ပြီးတော့ အမျိုးသမီးတွေ ထိုင်တဲ့ နေရာမှာ ထိုင်နေတဲ့ စုရှီက သူမ လက်ထဲက လက်ကိုင်ပုဝါကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လိမ်ဆွဲနေပြီးတော့ သူမရဲ့ မျက်ဝန်းထဲမှာလည်း နာကြည်းမှုတွေနဲ့ ပြည့်နေတယ်။
ကျန်းယွမ်က အရမ်းရှက်နေပုံပေါက်ပြီးတော့ ချက်ချင်း မတုံ့ပြန်ခဲ့ဘူး။
“ဒါက…”
သူမက ခေါင်းကို ပိုငုံ့လိုက်ပေမဲ့ သူမရဲ့ ရင်ထဲမှာ တိတ်ဆိတ်စွာနဲ့ ရေတွက်နေတယ်။
ကြင်ရာတော်ချန်ရဲ့ အပြုံးက ပိုပြီးတော့ နက်ရှိုင်းလာတယ်။
“သူမက ရှက်တတ်တဲ့ကလေးဖြစ်ပြီးတော့ ဒီကြင်ရာတော်က ဒါက အရမ်းကောင်းတဲ့ လက်ထပ်မှုလို့ မြင်လို့ ဧကရာဇ်ကရော ဒီလက်ထပ်မှုကို ပေးသနားချင်ပါသလား။”
ဧကရာဇ်က အကုန်လုံးကို ကျေနပ်နေတဲ့ မျက်နှာထားနဲ့ ကြည့်နေတယ်။ သူက ဘာမှကန့်ကွက်စရာ မရှိသလိုပဲ။
ရှောင်ရှို့ရဲ့ မျက်နှာထားက အေးစက်ပြီးတော့ အဖက်မလုပ်သလိုပဲ။ ခဏလောက် တွေးပြီးတော့ သူက သူ့လက်ထဲမှာ လက်ဖက်ရည်ခွက် ကိုင်ထားပြီး ထပြီးတော့ ဧကရာဇ်ဆီကနေ လက်ထပ်ဖို့ တောင်းဆိုတော့မလို့ပဲဖြစ်တယ်။ သူ ထတော့မယ့်အချိန်မှာ သူက အေးစက်ပြီး ခက်ထန်တဲ့ အသံကို ကြားလိုက်ရတယ်။
“မယ်တော် လက်မခံဘူး။”
ကျန်းယွမ်က သူမရင်ထဲမှာ သုံးအထိ ရေလိုက်ပြီးတော့ အဲ့စကားတွေကြားတော့ သူမက ပြုံးလိုက်တယ်။ ပြီးတော့ သူမက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီးတော့ အဲ့လူရဲ့ လေသံနဲ့ တစ်ထပ်ထဲ ကျအောင် ပြောလိုက်တယ်။
“တော်ဝင်ကြင်ရာတော်ချန်ကို ဖြေရရင် ယွမ်နိုင် ကန့်ကွက်ချင်ပါတယ်။”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now