Part 114 (1)

1.5K 187 3
                                    

Unicode
Part 151

အခန်း - ၁၁၄

ယွမ်ဂျူကို ပြန်လာတော့ ကျန်းယွမ်က အစေခံတွေအကုန်လုံးကို ထွက်သွားခိုင်းလိုက်တယ်။ လန်ချောင်နဲ့ လုကျူးတောင်မှ ဘာဖြစ်ခဲ့လဲ မသိခဲ့ဘူး။ ကျန်းယွမ်နဲ့ ပါသွားတာက ထျန်ကျူးတစ်ယောက်ထဲ ဖြစ်ပြီးတော့ သူမရဲ့ မျက်နှာထားကိုကြည့်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ ခန့်မှန်းဖို့ခက်ခဲတယ်။ သူတို့က နည်းနည်း စိတ်ရှုပ်ထွေး သွားခဲ့ပေမယ့် အစေခံတွေအကုန်လုံးက နာခံစွာနဲ့ အခန်းထဲက ထွက်သွားကြတယ်။ ပြီးတော့ ကျန်းယွမ်က တစ်ယောက်ထဲ ကျန်ခဲ့တယ်။
ကျန်းယွမ်က စာကြည့်စားပွဲရှေ့မှာ ဘာမှမတွေးပဲ ထိုင်နေလိုက်တယ်။ ပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်က မှောင်သွားခဲ့တယ်။ သူမက အနည်းငယ် မှိုင်တွေတွေဖြစ်နေလို့ မတ်တပ်ရပ်ပြီး အပြင်ကို ထွက်လာခဲ့တယ်။ ယွမ်ဂျူရဲ့ခြံက အရမ်းမကြီးလို့ သူမက ခြံရဲ့ နံရံဆီကိုလျှောက်သွားလိုက်ပြီး မှီထိုင် လိုက်တယ်။ နွေရာသီညရဲ့လက ပုလဲလုံးကြီးလို အရမ်းကြီးပြီး ခြံဝန်းတစ်ခုလုံးကို မြင်ရအောင် တောက်ပ နေတယ်။ ရှယန်ရဲ့ စကားတွေကို ရုတ်တရက် ပြန်ကြားယောင်မိလို့ ကျန်းယွမ် သက်ပြင်းချလိုက်တယ်။ အဲ့တာ ကျန်းတန်ပဲ။ ကျန်းတန်က ကျောက်မိန်ကို နေ့တိုင်း အဆိပ်ခတ်ခဲ့တာပဲ။
ကျောက်မိန်မဆုံးခင်က တတိယကိုယ်လုပ်တော်က ကျန်းတန်ကို ကျောက်မိန်ဆီကို အပ်နှံထားခဲ့တယ်။ ကျောက်မိန်က မိသားစုရဲ့ မဏ္ဍိုင်ဖြစ်ပြီး အိမ်ကိစ္စတွေ အကုန်လုံးကို စီမံရတယ်။ ဒါကြောင့် သူမက ကျန်းတန်သူမရဲ့အမေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးခဲ့တာအတွက် စိတ်မကောင်းဖြစ်နေတယ်။ ဒါကြောင့် သူမက ကျန်းတန်ကို သူမရဲ့ သမီးအရင်းလိုမျိုး ချစ်ပေးခဲ့တယ်။ အဲ့တုန်းက ကျန်းချွမ်က ကျောက်မိန်ကို အေးစက်စွာဆက်ဆံပြီး မိသားစုရဲ့ မဏ္ဍိုင်ဖြစ်နေပုံပေါ်ပေမယ့် ကျောက်မိန်က မိသားစုထဲက တခြားဇနီးတွေ၊ ကလေးတွေနဲ့တော့ ရင်းနှီးခင်မင်စွာ နေခဲ့တယ်။
ကျန်းတန်အတွက်ကတော့ သူမငယ်ငယ်တုန်းက ကျန်းယွမ်က သူမရဲ့ လေးယောက်မြောက်ညီမလေးက အလွန်ရှက်ရွံ့တယ်လို့ တွေးခဲ့တယ်။ တစ်ခါတစ်လေ ကျန်းတန်က ကျောက်မိန်ဆီကို သွားသွားပြီးကပ်နေလို့ ကျန်းယွမ်က ကြည့်ပြီးတော့ အနည်းငယ် မနာလိုဖြစ်ခဲ့တယ်။ ဒါပေမယ့် သူမက သေသေချာချာ စဉ်းစား ကြည့်လိုက်တော့ အဲ့တာက မိဘမေတ္တာ ငတ်နေတဲ့ကောင်မလေး တစ်ယောက်ပဲဆိုပြီးတော့ သူမက ဘာမှ မပြောခဲ့ဘူး။ ဒါပေမယ့်အခု သူမ အတိတ်ကို ပြန်စဉ်းစားကြည့်လိုက်တော့ ကျောက်မိန်သောက်ခဲ့ရတဲ့ အဆိပ်တွေအကုန်လုံးက ကျန်းတန်လုပ်ခဲ့တာဖြစ်ပြီးတော့ ကျန်းတန်က သူမကိုလည်း အဆိပ်ခတ်ခဲ့တယ်။ ဒီအချိန်မှာ ကျန်းယွမ်က နောက်ဆုံးမှာ ဘာကြောင့် သူ့ခန္ဓာကိုယ်က အမြဲတမ်း အားနည်းနေလဲဆိုတာကို သူမ သဘောပေါက်သွားခဲ့တယ်။ သူမက အဆိပ်ခတ်ထားတဲ့အစာတွေကို မသိပဲနဲ့ စားခဲ့တာပဲ။ ပြန်တွေးကြည့်တော့မှ ကျန်းတန်က ရှက်ရွံ့တာထက် သူတို့ရဲ့နေ့စဉ်ဘဝမှာ သူမရဲ့ စားစရာတွေနဲ့ မုန့်တွေထဲကို အဆိပ်ခတ်ဖို့ အတွက် အခွင့်အရေးရှာနေခဲ့တာပဲ။ နောက်တော့ သူမက ကျေးလက်က အိမ်တော်ကို ‌ရောက်သွားတယ်။ မဟုတ်ရင်သူမလည်း အခုအချိန်ဆို သေနေလောက်ပြီ။
ကျန်းယွမ် တွေးလိုက်ရင်း မျက်နှာပျက်သွားတယ်။ သူမက အိမ်တော်ထဲမှာ နောက်ထပ်ပုန်းကွယ်နေတဲ့ သူတစ်ယောက်ရှိတယ်လို့ သိပေမယ့် အဲ့တာက ကျန်းတန်ဖြစ်ပြီးတော့ ကျန်းတန်က ဒီလောက်ရက်စက်ပြီး ယုတ်မာလိမ့်မယ်လို့ သူမ ထင်မထားဘူး။ သူမအမေရဲ့ဘဝကို ပြန်တွေးကြည့်လိုက်တော့ အဲ့တာက ဟာသ တစ်ခုလိုပဲ။ ကျန်းယွမ်က သူမ ဒေါသထွက်သင့်လား နောင်တရသင့်လားဆိုတာတောင် မဆုံးဖြတ်နိုင် တော့ဘူး။
သူမက ခြံရဲ့ နံရံကို ဘယ်လောက်ကြာကြာ မှီနေခဲ့မိမှန်းတောင် မသိခဲ့ဘူး။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်ပြီးထုံလာတယ်။ ဒါကြောင့်သူမက မတ်တပ်ရပ်ပြီး အခန်းထဲပြန်ဖို့လုပ်ခဲ့ပေမယ့် သူမ လှည့်ကြည့် လိုက်တဲ့အချိန်မှာ သိပ်မဝေးတဲ့ သစ်ပင်အောက်မှာ ဝတ်ရုံအနက်နဲ့ လူငယ်တစ်ယောက်က သူမကို တိတ်တိတ်ကလေး ရပ်ကြည့်နေတာကို သူမ တွေ့လိုက်မိတယ်။ သူက အဲ့နေရာမှာ အချိန်အတော်ကြာ ရပ်နေခဲ့တယ်ဆိုတာ သိသာတယ်။
“ရှင်ပြန်လာပြီပေါ့။”
ကျန်းယွမ်က ပြောလိုက်တယ်။ ရှောင်ရှို့က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပျောက်ဆုံးသွားခဲ့ပြီး အခု ရုတ်တရက် ပြန်ပေါ်လာပြန်တယ်။ သူမရဲ့ရင်ထဲမှာ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေလို့ သူမ သူ့ကို ညကြီး အချိန်မတော် လာတဲ့အတွက်တောင်မှ မဆူနိုင်ခဲ့ဘူး။
ရှောင်ရှို့က မျက်ခုံးပင့်လိုက်ပြီး သူမဆီကိုလာခဲ့တယ်။
“ဘာဖြစ်လို့လဲ။”
သူပြန်လာတော့ ထျန်ကျူးက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘာဖြစ်ခဲ့လဲဆိုတာ သူ့ကို သတင်းပို့ခဲ့ပြီး သူက ကျန်းယွမ် ခြံနံရံကို စိတ်ရှုပ်ထွေးစွာနဲ့ စိတ်အားငယ်စွာ မှီနေတာကို တိတ်ဆိတ်စွာနဲ့ အကဲခတ်နေတယ်။ အဲ့တာက စိတ်ဓာတ်ကျနေတဲ့ ပုံစံဖြစ်နေလို့ သူက သူမကို သေသေချာချာ အကဲခတ်နေပြီး သူမဘာတွေးနေလဲ ဆိုတာ မသိပေမယ့် သူမက အရမ်း အထီးကျန်နေတယ်ဆိုတာတော့ သူခံစားမိတယ်။
ကျန်းယွမ်က ရှောင်ရှို့ကို ကြည့်လိုက်တဲ့အချိန်မှာ ‌ရှောင်ရှို့က လက်ဆန့်လိုက်ပြီး သူမရဲ့မျက်နှာကို ကြင်နာစွာနဲ့ ထိတော့မလိုပဲ။ ဒါပေမယ့် သူ့လက်က သူမရဲ့ မျက်နှာကို ထိတော့မယ့်အချိန်မှာ ရပ်သွားတယ်။
“ဘယ်လိုလုပ်ပြီး အဲ့ဒါက မသက်သာရသေးတာလဲ။”
သူမရဲ့ မျက်နှာပေါ်မှာ အရိုက်ခံထားရသလိုမျိုး လက်ရာထင်နေတာ ရက်အနည်းငယ် ကြာနေပြီ ဖြစ်ပေမယ့် အဲ့တာက သူမရဲ့မျက်နှာကို လက်ယောင်လိုက်နေတုန်းပဲ။ အနီရောင်သမ်းနေတဲ့ အရာက သူမရဲ့ဖြူဖွေးတဲ့ မျက်နှာပေါ်မှာ ရှိနေသေးတယ်။
ကျန်းယွမ်က အံ့အားသင့်သွားပြီး ရုတ်တရက် မျက်နှာလွှဲလိုက်တယ်။
“မနက်ဖြန် ကျွန်မ နန်းတွင်းထဲကို သွားတော့မှာ။”
ရှောင်ရှို့က ရပ်သွားတယ်။ ပြီးတော့မှ သူမရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး ခဏလောက်တွေးပြီးတော့ သူ့ရဲ့ အင်္ကျီထဲက ချိတ်ပုလင်းလေးကိုထုတ်ပြီး သူမကို ပေးလိုက်တယ်။
“အဲ့တာကို နန်းတွင်းထဲကို သွားတဲ့အခါ ယူသွားပြီးတော့ သုံး။”
ကျန်းယွမ်က ပုလင်းကို ယူလိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
ဒီနေ့ သူမ စိတ်မကြည်မလင်ဖြစ်နေတာကို သာမန်လူတစ်ယောက်ကတောင် ကြည့်တာနဲ့ သိနိုင်တယ်။ ရှောင်ရှို့လို လူတစ်ယောက်ကတော့ ပြောစရာကို မလိုတော့ဘူး။ သူက ကျန်းယွမ်ကိုကြည့်လိုက်ပြီး ရုတ်တရက် သူမရဲ့ ပုခုံးကိုကိုင်လိုက်ပြီး သူမကို မလိုက်တယ်။ ကျန်းယွမ်က သူမ ဘာဖြစ်သွားလဲဆိုတာကို တုံ့ပြန်ချိန်တောင်မရလိုက်ပဲ သူမ မျက်စိဖွင့်လိုက်တဲ့အချိန်မှာ ခြံလည်က သစ်တော်ပင်ပေါ်ကို ရောက်နေတာ တွေ့လိုက်ရတယ်။
“ရှင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”
သစ်ကိုင်းပေါ်မှာ သူမကိုယ်သူမ တည်ငြိမ်အောင် ရှောင်ရှို့ရဲ့လက်ကို လှမ်းပြီးကိုင်လိုက်တယ်။ ဒါပေမယ့် သူမက ယိုင်နေတုန်းဖြစ်ပြီး မမျှော်လင့်စွာနဲ့ ရှောင်ရှို့ရဲ့ခါးကို လှမ်းပြီးတော့ဖက်လိုက်တယ်။
ရှောင်ရှို့က ကျန်းယွမ်ကို ဘာလို့ သစ်ပင်ပေါ်ကို ခေါ်ခဲ့တာလဲဆိုရင် သူ့ရဲ့အတွေ့အကြုံအရ ကျင်းရီ ရဲမက်တွေဖြစ်တဲ့ ကျင်းရီနဲ့ ကျင်းအာက ပုံမှန်ဆိုရင် သစ်ပင်ပေါ်တက်ပြီး ဝိုင်သောက်ပြီး ပျော်ရွှင်နေကြ လို့ဖြစ်တယ်။ ဒါကြောင့် အဲ့မှာ ဝိုင်မရှိလို့ ကျန်းယွမ်က လရောင်အောက်မှာ လှပတဲ့ မြင်ကွင်းကို ခံစားချင်မယ် လို့ထင်တယ်။ အဲ့တာက သူမရဲ့ ဝမ်းနည်းနေတဲ့ စိတ်ကို သက်သာစေမယ်လို့ ထင်ခဲ့တယ်။ သူ မမျှော်လင့်တာ ကျန်းယွမ်က ရုတ်တရက် သူ့ခါးကို ဖက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူ့ခန္ဓာကိုယ်က တောင့်သွားပြီး သူ့နှလုံးသားက စတင်ပြီး ရင်ခုန်သံတွေ မြန်လာခဲ့တယ်။ မိန်းမပျိုလေးရဲ့ ထူးခြားတဲ့ အနံ့အသက်က သူ့နှာခေါင်းဆီရောက်သွားပြီး လရောင်က သူမရဲ့ ကျောက်စိမ်းလို ဖြူဖွေးတဲ့ လက်ကလေးများပေါ်သို့ ကျရောက်လာပြီး အဲ့ဒီလက်ကလေးများက သူ့ရဲ့ အနက်ရောင် ဝတ်ရုံပေါ်မှာ ရှိနေပြီးတော့ ရှောင်ရှို့ရဲ့ နှလုံးသားက အဲ့ဒီလက်ကလေးတွေကို ကြည့်နေရင်း နှလုံးခုန် မြန်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျန်းယွမ် ကလည်း သူမက ရှောင်ရှို့ရဲ့ ခါးကို ဖက်ထားမိတာ သတိပြုမိသွားပြီး သူမက လွှတ်ခနဲ လုပ်လိုက်မိတဲ့ အပြုအမူကို စိတ်ပျက်မိသွားတယ်။ ပြီးတော့ ချက်ချင်းပဲ သူမရဲ့လက်တွေကို အမြန်လွှတ်လိုက်တယ်။ သူမက ရှောင်ရှို့ကို မော့ကြည့်လိုက်တဲ့အချိန်မှာ သူက ကြောင်အမ်းအမ်းဖြစ်နေတာကို တွေ့မိသွားတယ်။ သူ့ရဲ့ လှပပြီး ညင်သာတဲ့ ပုံစံနဲ့ သူ့ရဲ့ပုံမှန်အေးစက်တဲ့ ပုံစံက ဒီခပ်ကြောင်ကြောင်ဖြစ်နေတဲ့ အကြည့်ကပုံစံမှာ ပျောက်ကွယ် သွားတယ်။ အဲ့တာက သူ့ကို ချစ်စရာကောင်းသွားစေတယ်။
“ဟေး”
သူမက သူ့ကိုလှမ်းခေါ်လိုက်တယ်။
“ကျွန်မကို အောက်ကို ပြန်ချပေး။”
ရှောင်ရှို့က သတိပြန်ဝင်လာပြီး ပြောလိုက်တယ်။
“ဒီတော့မင်း အခု ပိုပြီး သက်သာလာပြီလား။”
“မသက်သာဘူး။”
ကျန်းယွမ်က အမြန်ပြောလိုက်တယ်။
“နည်းနည်းလေးတောင်မှ သက်သာမလာဘူး။”
ရှောင်ရှို့က သူမ ရှက်ကိုးရှက်ကန်းဖြစ်နေတာကို ကြည့်ပြီး ကျန်းယွမ်က ပုံမှန်ဆို တည်ငြိမ်ပြီး အေးအေး ဆေးဆေးဖြစ်လို့ သူမရဲ့ ရှက်ကိုးရှက်ကန်း အမူအရာလေးကို မြင်ရတာ သူ စိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားမိသွားတယ်။ ဒီတော့ သူက သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်တွေကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ကိုမှီကာ သစ်ကိုင်းပေါ်မှာ မှီနေလိုက်တယ်။
အဝေးကနေ ကျင်းရီနဲ့ ထျန်ကျူးတို့က ကြည့်နေကြတယ်။ ပုံမှန်ဆို တည်ငြိမ်ပြီးအေးစက်တဲ့ နှစ်ယောက်က ဘယ်တုန်းက ဒီလို ရုတ်တရက် ကလေးဆန်သွားတာလဲ။ သူတို့က လမ်းလျှောက်တတ်ခါက ကလေးတွေ နဲ့တောင် တူနေသေးတယ်။
ကျန်းယွမ်က အေးအေးဆေးဆေးနဲ့ လှဲနေတဲ့ ရှောင်ရှို့ကိုကြည့်ပြီးတော့ အရင်က ကိုယ်ခံပညာ မသင်ခဲ့မိလို့ သူ့ကို သစ်ပင်ပေါ်ကနေ မကန်ချနိုင်တာကို မုန်းတီးနေမိတယ်။ အဲ့သစ်ပင်ပေါ်မှာ နွေရာသီရဲ့ ညင်သာတဲ့ လေပြေလေညင်းလေးတွေက သူမရဲ့ မှုန်မှိုင်းနေတဲ့ ခံစားချက်ကို သယ်ဆောင်သွားတယ်။ နေ့တိုင်း ကျန်းအိမ်တော်ထဲမှာ ပြဿနာတွေဖြစ်နေပြီး အိမ်တွင်းရေးတွေနဲ့ ပတ်ချာလည်နေပြီး ရှုပ်ထွေးတဲ့ ကိစ္စတွေနဲ့ နောက်ကျောကို ဓါးနဲ့ထိုးတဲ့ ကိစ္စတွေက အမြဲတမ်းရှိနေခဲ့ပြီး သူမကို စိတ်ရှုပ်စေခဲ့တယ်။ ဒီတော့ အခုလိုမျိုး အေးအေးဆေးဆေးနဲ့ နေရတာက မရှိသလောက်ရှားတယ်။ သူမ လှည့်ကြည့်လိုက်တော့ ရှောင်ရှို့က သူမကို ကြည့်နေတာကို သူမတွေ့လိုက်တယ်။ ဒီလူငယ်က မြို့တော်ထဲမှာ ထူးခြားတဲ့ အသွင်အပြင်တွေနဲ့ မွေးဖွား လာခဲ့တာ ဖြစ်တယ်။ ပြီးတော့ မြို့တော်ထဲမှာ ကျန်းမိသားစုရဲ့ သမီးတွေက အကုန်လုံး လှပတယ်လို့ ပြောနေကြပြီး ကျန်းယွမ်က ဒါက ရှောင်ရှို့က မိန်းမတစ်ယောက်မဟုတ်ပဲ ယောက်ျားတစ်ယောက်ဖြစ်လို့လို့ ခံစားမိတယ်။ သူမရှောင်ရှို့ကို ကြည့်လိုက်တယ်။ ရှောင်ရှို့က သူ့ရဲ့ပါးလွှာတဲ့ နှုတ်ခမ်းဖျားလေးတွေကို စေ့ထားပြီး သူ့ရဲ့ ရှည်လျားတဲ့ မျက်တောင်မွှေးတွေက နားသန်မွှေးလေးတွေလိုပဲဖြစ်ပြီးတော့ သူ့ရဲ့နှာခေါင်းက လည်းဖြောင့်တန်းတယ်။ သူ့ရဲ့အသွင်အပြင်တွေက ကျော့ရှင်းပြီး လှပပေမယ့် အဲ့တာမှာယောကျ်ားဆန်တဲ့ အမူအရာရှိနေတယ်။ ဒါပေမယ့် သူ့ရဲ့ အသွင် အပြင်တွေမှာ ဆွဲဆောင်မှုအရှိဆုံးက သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံး တစ်စုံပါပဲ။ လက်ရှိမှာ မှိတ်ထားပေမယ့် ရှည်လျားတဲ့ မျက်တောင်မွှေးတွေက အောက်ကို စိုက်ကျနေတယ်။ ကျန်းယွမ်က ပိုပြီး နီးနီးကပ်ကပ်ကြည့်လေလေ သူမရင်ထဲမှာ ပိုပြီး ထူးခြားလာလေလေပဲ။ ဘာလို့ ယောက်ျား တစ်ယောက်မှာ ဒီလောက်ရှည်လျားတဲ့ မျက်တောင်မွှေးတွေ ရှိနေတာလဲ။ သူမက ကြည့်နေရင်း ကိုင်ကြည့်ချင်စိတ်ပေါက်လာလို့ လက်လှမ်းလိုက်တယ်။ ။
ကျင်းရီက ထျန်ကျူးကို စိတ်လှုပ်ရှားစွာနဲ့ တံတောင်နဲ့ တွတ်လိုက်တယ်။
“သူမက ဘာလုပ်နေတာလဲ။ ငါတို့ရဲ့ သခင်ကို သူမ မြူဆွယ်ဖို့ကြိုးစားနေတာလား။”
“ငါဘယ်လိုလုပ်သိမှာလဲ။”
ထျန်ကျူးက စိတ်ပျက်စွာနဲ့
ပြန်ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now