Part 31

2.9K 324 4
                                    

အခန်း-၃၁ တံခါးနားက တိုက်ပွဲ။
ရထားလုံးထဲကနေ အစေခံတစ်ယောက်က သူမကို
လက်ကမ်းပေးခဲ့တယ်။ ကောလဟာလထဲက ကျန်းမိသားစုရဲ့ သမီးကြီးက
လူအုပ်ရှေ့ကို ထွက်ပေါ်လာပြီ။
ဒါပေမဲ့ ကြောင်ပန်းကိုင်း
သစ်သားဆံထိုးပန်ဆင်ထားပြီးတော့ ဖျော့တော့နေတဲ့ ဝတ်စုံကို ဝတ်ထားတဲ့
ငယ်ရွယ်တဲ့ မိန်းမငယ်လေးကိုပဲ သူတို့က တွေ့လိုက်ရတယ်။ အစိမ်းရင့်ရောင်
အပေါ်ရုံနဲ့ လိုက်ဖက်တဲ့ မီးခိုးရောင်ဂါဝန်ကို ဝတ်ဆင်ထားတယ်။ နားရွက်နားမှာ
ဆံယဉ်စလေးတွေ ချထားပြီးတော့ ဆံနွယ်ရှည်တွေကို သစ်သားဆံထိုးနဲ့
ဘိန်းမုန့်ပုံစံ ထုံးဖွဲ့ထားတယ်။ သူမရဲ့ ဆံနွယ်အနက်ရောင်တွေကြားက
နုနုရွရွ နားရွက်လေးက ကျောက်စိမ်းဖြူလိုမျိုးလေးပဲ။ အဲမြင်ကွင်းက သူမကို
ကြည့်လိုက်ပြီးတာနဲ့ လူတိုင်းကို မျက်စိကျယ်သွားစေတယ်။
သူမက ခေါင်းကို ဖြည်းဖြည်းလေး မော့လိုက်တော့
ဘဲဥပုံမျက်နှာလေးက နူးညံ့သိမ်မွေ့ဟန်လေး ပေါ်လာတယ်။ ကျန်းစုစုရဲ့
အသားအရည်က ဖြူတယ်။ ဒါပေမဲ့ ဒီမိန်းမငယ်လေးက
ကျန်းစုစုထက်ကိုတောင်မှ ဖြူနုနေတာ။ ပြီးတော့
ရလိုမျိုး ကြည်လင်ပြီး စိုပြေသေးတယ်။ အပူပိုင်းဒေသကို ဖြတ်လာခဲ့ရလို့
သူမရဲ့ပါးပြင်လေးတွေက ရဲနေတယ်။ ရွှန်းလဲ့တောက်ပတဲ့ သူမရဲ့မျက်လုံးတွေက
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးတော့ သူမမျက်ဝန်းတွေက ဆွဲဆောင်မှုရှိရှိနဲ့
အနားကလူတွေကို ဆွဲငင်ထားတယ်။ ကျန်းစုစုရဲ့ အဝတ်အစားက
ထင်ထင်ရှားရှားဖြစ်ပြီး နှိုင်းယှဉ်လို့မရအောင် ကြော့ရှင်းပြီး ခံ့ညားပေမဲ့
ဒီကောင်မလေးရဲ့ အဝတ်အစားက ဟောင်းနွမ်းနေတယ်။ ဒါပေမဲ့ သူမသာ
အရောင်တောက်တောက် အင်္ကျီတွေ ဝတ်မယ်ဆိုရင် သူမ
ဘယ်လောက်သားနားသွားမလဲ ဆိုတာ ဘယ်သူသိမလဲ။
ပြောရရင် မိန်းကလေးတွေက ပိုလှပပြီး ကျက်သရေရှိပုံရလေလေ သူမရဲ့အပြုအမူက
ပိုလွန်ကဲပြီးတော့ ပိုအောက်တန်းကျလေလေပဲ။ ပုံမှန်ဆိုရင် ကျန်းစုစုရဲ့ ပြင်ဆင်ပုံ
တစ်ခုတည်းက ကြော့ရှင်းခံ့ညားပြီး အချိန်အတော်ကြာ
ကြက်သေသေသွားစေနိုင်တာ ဖြစ်တယ်။ အခု ဒီကောင်မလေးက ဖျော့တော့တဲ့
အဝတ်အစား၊ ကြောင်ပန်းကိုင်း ဆံထိုးကို ထိုးထားပြီး လှပကျက်သရေရှိတဲ့
ပုံပေါ်နေတယ်။ အဲဒါက သူမကို နူးညံ့သိမ်မွေ့ပြီး စိတ်ခံစားချက်ကို
ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပုံရစေတယ်။ အဲဒီပုံစံလေးက သူမကို ခက်ခဲကြမ်းတမ်း
မလွယ်ကူသော နှစ်တွေကို ဖြတ်ကျော်ခဲ့ရပေမဲ့ ပြောမပြနိုင်လောက်အောင်
တည်ငြိမ်မှုနဲ့ လှပမှုတို့ ရှိနေကြောင်း ထုတ်ဖော်ပြနေတယ်။ သူမက
ငယ်ရွယ်သေးပေမဲ့ အပြုအမူပိုင်းမှာ မြင့်မြတ်တဲ့ ရင့်ကျက်မှု တစ်ခုခု ရှိနေတယ်။
ကျန်းအိမ်တော်ဝင်ပေါက်ဆီ သူမလျှောက်လာတုန်းက
အမြင်အာရုံကောင်းတဲ့သူတွေက သူမဂါဝန်နည်းနည်းတောင်
မလှုပ်သွားတာကို တွေ့ရတယ်။ သူမက ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ
သူမနောက်ကျောက ဖြောင့်စင်းနေပြီး အပြစ်အနာအဆာကို ဘယ်သူကမှ
ရှာမတွေ့ဘူး။ အစက သင်ကြားမှု မခံယူထားရဘဲ ကျေးလက်မှာ နေခဲ့ရတဲ့
ကျန်းအိမ်တော်က တရားဝင်သမီးက
လူကြားထဲမှာ နေပုံထိုင်ပုံတွေ သေချာမသိဘူးလို့
သူတို့က ထင်ခဲ့တယ်။ ဒါပေမဲ့ ဒီမိန်းမငယ်လေးက တရားနည်းလမ်းကျရုံတင်မကဘဲ
ထက်မြက်ပြီးတော့ ထူးချွန်တဲ့ အသွင်အပြင်ရှိပြီး ကျန်းအိမ်တော်ရဲ့ ဒုတိယသမီး
ကျန်းစုစုကိုတောင် ယှဉ်နိုင်တယ်။
ရှယန် ခပ်မြန်မြန် သွားလိုက်တယ်။ ကျန်းယွမ်ရှေ့မှာ ညင်သာစွာရပ်လိုက်ပြီး သူမကို
ဂရုတစိုက် တစ်ချက် ကြည့်လိုက်တယ်။ ပြီးတော့ သူမရဲ့လက်ကို ကိုင်လိုက်ပြီး
နူးနူးညံ့ညံ့ ပြောတယ်။
“လိမ္မာတဲ့ကလေး၊ မင်း ခံစားခဲ့ပြီးပြီ”
ကျန်းယွမ်က သူမကို ပြုံးပြီး ကြည့်လိုက်တယ်။ ရှယန်ရဲ့မျက်လုံးထဲမှာ
မျက်ရည်တွေနဲ့ ပြည့်နေပြီးတော့ အကြည့်က
ရိုးသားခြင်းတွေနဲ့ ပြည့်နေတယ်။ သူမ အတိတ်ဘဝကသာ သင်ခန်းစာမရခဲ့ရင်
ကျန်းယွမ်ကိုယ်တိုင် အခြားသူက သူ့ကို စိတ်ရင်းနဲ့ ဆက်ဆံတယ်လို့
သိမ်းသွင်းခံရဦးမှာ ဖြစ်တယ်။ ဒါပေမဲ့ သူမက ပေါ့ပါးစွာ ပြောလိုက်တယ်။
“ကျန်းယွမ်က သားသမီးတာဝန်မကျေဘဲနဲ့ အမေ့ကို စိတ်ပူစေမိပါတယ်”
ဒီအချိန်မှာ ကျန်းစုစုက ရှေ့ကို  သွားပြီး  ကျန်းယွမ်ကို ရယ်ပြီး ဖက်လိုက်တယ်။
“နောက်ဆုံးတော့ မမ အိမ်ပြန်လာပြီ။ မကြာသေးခင်ကမှ အမေက
မမပြန်လာမှာကို ပြောခဲ့သေးတယ်။ ပြီးတော့ အခု မမကို
ကိုယ်တိုင်တွေ့ရပြီဆိုတော့ အမေလည်း စိတ်အေးနိုင်ပြီ”
ကျန်းယွမ်က ပြုံးရင်းနဲ့ သူမကို ကြည့်လိုက်တယ်။ သူမရဲ့မှတ်ဉာဏ်တွေနဲ့
ယှဉ်ကြည့်လိုက်တော့ ကျန်းစုစုက မပြောင်းလဲသေးဘူး။ ပြစ်ချက်မရှိ

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now