Part 78(1)

2.4K 311 5
                                    

unicode
Part 81

အခန်း -၇၈ အပိုင်း(၁)

အချိန်ကုန်တာမြန်ပြီးတော့ ရက်နှစ်ဆယ် ကုန်ဆုံးသွားပြီဖြစ်ပေမဲ့ မြို့တော်ထဲက မိုးက မတိတ်သေးဘူး။

မိုးရွာနေတာကို ကြည့်ပြီးတော့ အကျိးမရှိဘူးလို့ ထင်ရပေမဲ့လည်း နေ့ရောညပါရွာနေတယ်။  မြို့တော်ထဲက မွေးမြူရေးခြံတွေထဲမှာ တိရစ္ဆာန်တွေက အများအပြားသေဆုံးကုန်တယ်။  ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော် တစ်ခုလုံးက သဲသဲမဲမဲ ရေလွှမ်းမိုးခြင်း ခံနေရပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုံးအတွင်းမှာ ရေတွေ မြင့်တက်လာပြီးတော့ ဆည်တွေကို ဖျက်ဆီးသွားပြီးတော့ မြစ်ကမ်းနားမှာ နေတဲ့သူတွေ အများအပြားကို ရေနစ်သေဆုံးစေခဲ့တယ်။  ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူပညီပေးဖို့ အာဏာပိုင်တွေက စေလွှတ်လိုက်တဲ့ လူတွေက လမ်းကြောင်း ပိတ်ဆို့မှုကြောင့် ရေလျှံတဲ့ ကိစ္စကို အရင် ဦးစားပေး ဆောင်ရွက်လာကြတယ်။

အင်ပါယာရုံးတော်က ပိုက်ဆံအမြောက်အများကို ဘေးကပ်ဆိုး ကျရောက်တဲ့ ခရိုင်တွေကို ခွဲဝေပေးခဲ့တယ်။  ကြည့်ရတာ များပြားတဲ့ ပမာဏဖြစ်ပုံရတယ်။  ဒါပေမဲ့ ကံဆိုးစွာနဲ့ ခါတိုင်းလို ကြားကနေ ဖြတ်စားသွားလို့ ဘေးသင့်ခံပြည်သူတွေ ဆီရောက်တော့ အရိုးတွေချည်း ဖြစ်နေတယ်။

ဒီလိုမျိုးနဲ့ ဘေးသင့်ခံ ဒုက္ခသည်တွေ များလာတယ်။  ဒါ့အပြင် ရေကြီးတဲ့ထဲ ပါသွားတဲ့ နေအိမ် အများအပြားကြောင့် ဒုက္ခသည်တွေ ပိုပြီး များလာတယ်။  မကြာခင်မှာပဲ ဒုက္ခသည် အများအပြားက မြို့တော်ထဲကို ဆက်တိုက်ဝင်လာကြတယ်။  ပထမအချက်က မြို့တော်က မြေမြင့်ပေါ်မှာ တည်ထားတာကြောင့် ဘေးကပ်ဆိုးက တခြားခရိုင်တွေထက်စာရင် ခံရနိုင်ခြေ အနည်းဆုံးဖြစ်နေတယ်။  ပြီးတော့ ဒုတိယအချက်က မြို့တော်က ဧကရာဇ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပြီးတော့ အာဏာပိုင်တွေဆီကနေ ပူပူနွေးနွေး အစားအစာကို စားသုံးရဖို့ မျှော်လင့်နေကြတယ်။

ကံမကောင်းစွာနဲ့ မိုးရေက ပိုပြီး များလာပုံရပြီးတော့ ဒုက္ခသည်တွေ ပိုတိုးလာလို့ အာဏာပိုင်တွေက စားနပ်ရိက္ခာ လိုအပ်ချက်တွေကို ဆက်ပြီး မထိန်းနိုင်ကြတော့ဘူး။  ဒါ့ကြောင့် လွန်ခဲ့တဲ့သုံးရက်က အာဏာပိုင်တွေက စားနပ်ရိက္ခာထောက်ပံ့မှုကို ရပ်ဆဲလိုက်ကြတယ်။  နောက်ပိုင်းမှာ ဆာလောင်ကြတဲ့ ဒုက္ခသည်တွေက မြို့တော်ကို ညစ်ညမ်းစေပြီး ချမ်းသာတဲ့ အိမ်တွေကို လုယက်ကြတယ်။  ထုံးစံအတိုင်းမြင့်မြတ်တဲ့ လူတွေက ကိုယ်ပိုင်အစောင့်တွေ ရှိပေမဲ့ သူတို့နဲ မြို့ထဲက ဒုက္ခသည်တွေရဲ့ ရန်လိုမှုတွေက တစ်နေ့နဲ့ တစ်နေ့ ပိုပြီး များလာတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now