Part 117 (1)

2.7K 183 4
                                    

Unicode

Part 157

အခန်း(၁၁၇)(က)

ရှောင်ရှို့က လျိုမင် ကျန်းယွမ်ရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတာကို မမြင်ချင်လို့ လာခဲ့တာဖြစ်တယ်။ သူ့ရဲ့ရင်ထဲမှာ မကျေနပ်မှု အရိပ်အယောင် အမြန်ထွက်ပေါ်လာတယ်။ သူတို့နှစ်ယောက်က လျိုမင်ဘက်ကို လှည့်ကြည့်လိုက်ပြီး လျိုမင်ကရှောင်ရှို့ကို မြင်တဲ့အချိန်မှာ သူကအံ့အားသင့်သွားတယ်။ ဒါပေမဲ့ သူ့လက်က ဆုပ်ကိုင်ထားတာကို မလွှတ်သေးဘူး။ ရှောင်ရှို့က ဒါကိုကြည့်ရင်း သူ့အကြည့်တွေက အေးစက်လာတယ်။ သူကလျိုမင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ကျန်းယွမ်ရဲ့လက်မောင်းကို ဆုပ်ကိုင်ထားတာကို လွှတ်လိုက်တယ်။
ရှောင်ရှို့က ကိုယ်ခံပညာကို ကျင့်ထားတဲ့လူဖြစ်ပြီး လျိုမင်က ဘာလေ့ကျင့်ခန်းမှ လုပ်မထားတဲ့အတွက် သူကအားနည်းတဲ့ ပညာတော်သင် ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ခဏအတွင်းမှာ ရှောင်ရှို့က သူ့လက်ကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူ့မျက်နှာက ဖြူဖျော့သွားတယ်။
“မင်းအဆင်ပြေရဲ့လား။ ”
ရှောင်ရှို့က ကျန်းယွမ်ကိုကြည့်ပြီး သူမကိုတိုက်ရိုက် ပြောလိုက်တယ်။
ကျန်းယွမ်က ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်တယ်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်မအဆင်ပြေပါတယ်။ ”
“ရှောင်လူကြီးမင်း ကျွန်တော်က ကျွမ်းကျူနဲ့ စကားပြောနေတာ။ ”
စိတ်ဆိုးနေတဲ့ လျိုမင်က ဒေါသတကြီး ပြောလိုက်တယ်။ ရှောင်ရှို့က ကလိမ်ကကျစ်အဖြစ်နဲ့ ရုံးတော်ထဲမှာ နာမည်ကျော်ကြားလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြောင့်မတ်တဲ့ အရာရှိဖြစ်တဲ့ လျိုမင်ကသူ့ကို သဘောမကျခဲ့ဘူး။ ကျန်းယွမ်နဲ့ ရှောင်ရှို့ကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကိုကြည့်ပြီး သူကမျက်မှောင်ကြုတ်လိုက်တယ်။ ဘယ်လိုလုပ်ပြီး သူမက ဒီလိုကလိမ်ကကျစ်နဲ့ ဆက်ဆံခဲ့တာလဲ။
ရှောင်ရှို့ကလည်း လျိုမင်ကို အကဲခတ်လိုက်တယ်။ ဒါကဧကရာဇ်ရဲ့ နောက်မှပေါ်တဲ့ ရွှေကြာပင်အသစ်ပဲ ဖြစ်ရမယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ တစ်ချက်တည်းနဲ့ ကျောင်းကွမ်းဖြစ်လာခဲ့တာ။ ရုံးတော်ထဲမှာသူက တည်ငြိမ်စွာနဲ့ ရာထူးတက်လာခဲ့ပြီး အရာရှိ တစ်ယောက်အနေနဲ့ အမြင့်ဆုံးကို ရရှိခဲ့တယ်။ ပြီးတော့အခု အရေးပါတဲ့ အရာရှိတစ်ယောက် ဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ လျိုမင်ကိုကြည့်ရင်း သူကမနာလိုမှုနဲ့ သဘောမကျမှုကို ခံစားမိခဲ့တယ်။ ရှောင်ရှို့က လွန်ခဲ့တဲ့သုံးနှစ်က ကျန်းယွမ်နဲ့လျိုမင် အချင်းချင်းစာပို့ခဲ့ပြီး အင်ပါယာစာမေးပွဲက မေးခွန်ကို ဆွေးနွေးခဲ့တာကို သိခဲ့တယ်။ ပြီးတော့အဲ့ဒါက သူ့စိတ်ထဲမှာ ထင်ထင်ရှားရှား ရှိနေတုန်းပဲ။ ကျန်းယွမ်က ဘယ်လိုလုပ်ပြီး အင်ပါယာမေးခွန်းကို သိခဲ့တာလဲဆိုတဲ့ မေးခွန်းကလွဲပြီး လျိုမင်ကို ကူညီခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်းက ခေါင်းရှုပ်စရာကောင်းပြီး ရဲမက်တွေကို စစ်ဆေးခိုင်ခဲ့တဲ့အထိ ဖြစ်စေခဲ့တယ်။
ဒါပေမဲ့ လျိုမင်ကဒီနေရာကို သူ့ဘာသာ ရအောင်ယူခဲ့တာဖြစ်တယ်။ ကျန်းယွမ်ကသူနဲ့ အဆက်အသွယ် ဖြတ်ခဲ့ပြီဖြစ်တယ်။ အခုနှစ်ယောက်လုံးက တော်ဝင်ဥယျာဉ်တော်ထဲမှာ လွန်ဆွဲပွဲလို ဖြစ်နေခဲ့ပြီး လျိုမင်ရဲ့အကြည့်တွေက စိတ်အားထက်သန်ပြီး ခံစားချက်တွေနဲ့ တောက်ပနေတယ်။ ပြီးတော့ ပုံမှန်ပညာတော်သင် ကျောင်းသားတစ်ယောက်ရဲ့ ပုံစံက ပျောက်ကွယ်သွားတယ်။ ရှောင်ရှို့က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်။
“ဒီစကားပြောခန်းက ဒီမှာတင် အဆုံးသတ်ပြီ။ ”
အေးစက်တဲ့ အကြည့်တွေက လျိုမင်ရဲ့နှလုံးသားကို ကြက်သီးထသွားစေဖို့ လုံလောက်တယ်။
လျိုကျိုးက လျိုမင်ကိုကြည့်ပြီး ရှောင်ရှို့ကို ထပ်ကြည့်လိုက်တယ်။ သူမက မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ပြီး သူမရင်ထဲမှာ သူတို့ရဲ့သခင်မလေးက တကယ်ကျော်ကြားတယ်လို့ ခံစားမိခဲ့တယ်။ ရှောင်လူကြီးမင်းနဲ့ မဟာနည်းပြ လျိုတို့နှစ်ယောက်လုံးက သူတို့သခင်မလေးရဲ့ ယောက်ကျာ်းဖြစ်ဖို့ တော်တော်ကောင်းတဲ့ ယှဉ်ပြိုင်သူတွေဖြစ်တယ်။ ဒါပေမဲ့ တကယ်လို့သူမက ရွေးချယ်ရမယ်ဆိုရင် လျိုကျိုးက ခဏတွေးလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ ရှောင်လူကြီးမင်းက နည်းနည်းပိုပြီး ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ရှောင်လူကြီးမင်းက အရမ်းကြည့်ကောင်းရုံတင်မကဘူး သူက သူနဲ့ပတ်သတ်ပြီး အံ့သြဖွယ်ကောင်းတဲ့ အမိန့်အာဏာလည်းရှိတယ်။ မဟာနည်းပြလျိုကလည်း ကောင်းတယ်။ သူက ပညာတတ်တစ်ယောက်ဖြစ်တယ်။ စကားပုံ ရှိတယ်မဟုတ်ဘူးလား။
‘အဲ့ဒီတရားမျှတမှုကို လက်ကိုင်ထားတဲ့ လူတွေက မကြာခဏ ခွေးတွေကို မှန်ကန်မှုကို အကြောင်းပြပြီး သတ်လေ့ရှိတယ်။ ပြီးတော့ သူတို့ထဲက အကြင်နာမဲ့တဲ့လူ အများစုက ပုံမှန်ပညာတော်သင် ကျောင်းသားတွေဖြစ်တယ်။ ပြီးတော့ ရှောင်လူကြီးမင်းက ဒီခွေးမျိုးဆက်တွေကို သတ်တဲ့လူတစ်ယောက် မဟုတ်ပေမဲ့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အလေးစားရဆုံးနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူကြီးမင်းဖြစ်တယ်။ ’
ဒီအချိန်မှာ ကျန်းယွမ်ကတော့ လျိုမင်နဲ့ မပတ်သတ်ချင်သေးဘူး။ ဘာလို့လည်းဆိုတော့ တကယ်လို့ဒါကို သူများတွေမြင်ရင် အဲ့ဒါကို သူမကိုဆန့်ကျင်တဲ့အချိန်မှာ အလွယ်တကူနဲ့ အသုံးပြုနိုင်မှာကြောင့် ဖြစ်တယ်။ အခုလျိုမင်က သူနဲ့တူတူ အလုပ်လုပ်ခဲ့တဲ့လူက သူမဆိုတာ သိသွားပြီဆိုတော့ အနာဂတ်မှာ မဟာနည်းပြရဲ့ နာမည်ကို အခြေခံပြီး သူကဘာမှမလုပ်ဘဲ ဒီတိုင်းနေနေမှာ မဟုတ်ဘူးဆိုတာကို သူမယုံကြည်တယ်။ သူမအတွေးက ဒီထိရောက်နေတဲ့အချိန်မှာ ကျန်းယွမ်က လျိုမင်ဘက်ကိုလှည့်ပြီး ပြုံးကာပြောလိုက်တယ်။
“မဟာနည်းပြ တကယ်လို့ ဘာမှပြောစရာ မရှိတော့ရင် ကျွန်မရှောင်လူကြီးမင်းနဲ့ ဆွေးနွေးစရာ ကိစ္စလေး ရှိပါသေးတယ်။ ”
ဒီရင်းနှီးတဲ့ သူမရဲ့စကားတွေရဲ့ အရိပ်အယောင်အောက်မှာ ရှောင်ရှို့ရဲ့ မျက်ဝန်းက ကျေနပ်မှု ဖြတ်သန်းသွားတဲ့အချိန်မှာ လျိုမင်က မျက်နှာဖြူဖျော့သွားတယ်။ ဒါပေမဲ့သူက မောက်မာတဲ့ အရာရှိတစ်ယောက် ဖြစ်နေတုန်းပဲ။ ပြီးတော့သူ့ရဲ့ အခြေအနေအောက်မှာ မသမာတဲ့ အပြုအမူမျိုး တစ်ခါမှမလုပ်ခဲ့ဘူး။ သူကမကျေနပ်ပေမဲ့ အဆုံးမှာသူက ကျန်းယွမ်ကို လေးစားမှုပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ သူကကျန်းယွမ်ကို ဂရုတစိုက်ကြည့်ပြီး ပြောလိုက်တယ်။ အရိုအသေး ပေးလိုက်တယ်။
“ကျွမ်းကျူ ကျွန်တော်တို့ နောက်မှတွေ့ကြတာပေါ့။ ”
ပြောပြီးတော့သူက ရှောင်ရှို့ကိုကြည့်ပြီး ခေါင်းညိတ်ပြီး ထွက်သွားခဲ့တယ်။ သူကရှောင်ရှို့ကို တစ်ခါမှသင့်တော်တဲ့ နှုတ်ဆက်မှုမျိုး မပေးခဲ့ဘူး။ ကြည့်ရတာ လျိုမင်က သူ့ရဲ့နှလုံးသားထဲမှာ လျိုမင်က ရှောင်ရှို့ကို တကယ်ပဲ လူလိမ်လို့ သတ်မှတ်ထားပုံရပြီး ရှောင်ရှို့က လေးစားမှုကို မထိုက်တန်တဲ့လူလို့ သတ်မှတ်ထားပုံရတယ်။
ရှောင်ရှို့က လျိုမင်ထွက်လာတာကို ကြည့်နေတဲ့အချိန်မှာ ကျန်းယွမ်က သူ့ကိုကြည့်လိုက်တယ်။
“ရှင်ကဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ ”
သူက သူမကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။
“မင်းရွမ်းရုံနဲ့ တွေ့ခဲ့တယ်လို့ ငါကြားတယ်။ ”
ကျန်းယွမ်က ဒါရှန်ကျူး ရှောင်ရှို့ကို သတင်းပို့တာပဲလို့ ခန့်မှန်းမိပြီး သူမကဒါကို သူ့ဆီကနေ ဖုံးထားဖို့ မရည်ရွယ်ဘူး။ သူမက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။
“ဟုတ်တယ်။ ”
ရှောင်ရှို့က မျက်မှောင်ကြုတ်လိုက်တယ်။ ရွှမ်းရုံက ဘယ်လိုလူမျိုးလဲဆိုတော့ နန်းတွင်းထဲက ဘယ်မိန်းမလှလေးကိုမဆို သူက ရမက်ကြီးတဲ့အကြည့်နဲ့ သူတို့နောက်ကို လိုက်ကြည့်တယ်။ ကျန်းယွမ်က အရမ်းကြီး ကြည့်မကောင်းဘူး မဟုတ်ပေမဲ့ ဘယ်လိုလုပ်ပြီး ရွှမ်းရုံကသူမကိုဒီတိုင်း လွှတ်ထားမှာလဲ။
ကျန်းယွမ်က ရှောင်ရှို့ရဲ့မျက်ဝန်းထဲမှာ သူမက အရမ်းကြီး ကြည့်မကောင်းဘူး ဆိုရုံလောက်ဘဲဆိုတာကို သူမမသိခဲ့ဘူး။ တကယ်လို့ သူမဒါကို သိခဲ့တယ်ဆိုရင် သူမက လှောင်မှာ သေချာတယ်။ ဒါ့အပြင် ရှောင်ရှို့က သူ့ရဲ့ခန့််ညားမှုရှိပြီး ချေငံတဲ့အကျင့်နဲ့ သူကိုယ်တိုင်က လှပနေလို့ လူတော်တော်များများရဲ့ အသွင်အပြင်ကို သူ့ရှေ့မှာ ထုတ်ပြောဖို့တောင် မသင့်တော်ဘူး။
ရှောင်ရှို့က မေးလိုက်တယ်။ “ ဒီတော့အခု မင်းရဲ့အစီအစဉ်က ဘယ်လိုလဲ။ ”
“ဘာအစီအစဉ်လဲ။ ”
ကျန်းယွမ်က သူ့ကိုကြည့်ရင်း အံ့အားသင့်နေတယ်။
“မင်းက လက်ထပ်နိုင်တဲ့ အရွယ်ကိုရောက်နေပြီ။ မင်းကမင်းကို မယ်တော်ကြီးယိကျယ်ကိုယ်တိုင် ကျွမ်းကျူဘွဲ့ကို ပေးခဲ့တာကို ပြောမနေနဲ့။ ကျန်းရှုကျင်ကလည်း ထူးချွန်ပြီးတော့ မရေမတွက်နိုင်တဲ့ အောင်ပွဲတွေကို ဆွတ်ခူးခဲ့တယ်။ နန်းတော်ထဲ အကုန်လုံးက မင်းကိုမျက်စိ ကျနေကြပြီး ကျားတစ်ကောင်က သူ့ရဲ့သားကောင်ကို ကြည့်နေသလိုမျိုး ကြည့်နေကြတယ်။ ပြီးတော့ တော်တော်များများကလည်း မင်းကိုလက်ထပ်နိုင်ဖို့ အကြံတွေ ထုတ်နေကြတယ်။ ”
ရှောင်ရှို့က ပြောလိုက်တယ်။
တကယ်တော့ အဲ့ဒါက သူမမြို့တော်ကို ပြန်လာတဲ့ အချိန်ကတည်းက ဒီလိုမျိုး ဖြစ်နေတာဖြစ်တယ်။ သူမက အချိန်တိုအတွင်း ဒီလိုလူမျိုးတွေနဲ့ တွေ့နေရပြီး သူမကလုဖို့ ဖြစ်နေခဲ့တယ်။
“ရှောင်လူကြီးမင်းက ကျွန်မရင်ခုန်သွားမှာကို စိတ်ပူနေတာ။ ”
“ရှင်ပြောသလိုပဲ ကျွန်မအဲ့လူတွေကို ရှောင်ရှားဖို့ အစီအစဉ်တွေ အကုန်စီစဉ်ပြီးပြီ။ ပြီးတော့ ကျွန်မက လက်ထပ်ဖို့ မတွေးထားဘူး။ ”
လက်ထပ်ဖို့ ဟုတ်လား။ ကျန်တဲ့ဘဝ တစ်သက်စာကို သူစိမ်းတစ်ယောက်နဲ့ အတူကုန်ဆုံးရမှာလား။ ဒီဘဝမှာတော့ သူမက အဲ့အဆင့်ကို တက်လှမ်းဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး။ ပြီးတော့ သူမက သူမရဲ့အရင်ဘဝကလို အဆုံးသတ်မျိုးနဲ့ ကြုံရမှာကို စိုးရိမ်နေတယ်။ ရှောင်ရှို့က ကျန်းယွမ်ရဲ့ မျက်ဝန်းထဲမှာ ဖြတ်သွားတဲ့ အေးစက်မှုကို သတိထားမိသွားပြီး သူ့ရဲ့ရင်ထဲမှာ အနည်းငယ် တုန့်ဆိုင်းသွားတယ်။ သူကရုတ်တရက် သူ့ကို
“ဒါဆိုရင်ရော မင်းင့ါကို ဘယ်လိုထင်လဲ။ ”
သူဒါကို ပြောပြီးတာနဲ့ ရှောင်ရှို့က သူ့ကိုယ်သူနည်းနည်း စိတ်ရှုပ်သွားသလို ခံစားလိုက်ရတယ်။ သူကအမြဲတမ်း တည်ငြိမ်ပြီး ခေါင်အေးအေးထားတတ်တဲ့ အကျင့်နဲ့ သူ့ရဲ့အကျင့်စရိုက်က အထီးကျန်တယ်။ တစ်သီးတစ်သန့် နေတတ်တဲ့ပုံစံ ဖြစ်နေပြီးတော့ သူကခံစားချက်ကို မထည့်သွင်းခဲ့ဘူး။ ဒါပေမဲ့ သူမသိလိုက်ခင်မှာပဲ သူ့ရဲ့နှလုံးသားက စပြီးတော့ ကျန်းယွမ်အပေါ်မှာ စတင်ရင်ခုန်လာပြီဖြစ်ပြီး သူကအဲ့နေရာမှာတင် သာမာန်လူငယ် တစ်ယောက်လို ငေးကြည့်နေခဲ့တယ်။
ရှောင်ရှို့က ငေးနေတာကိုမြင်တော့ ကျန်းယွမ်ကမေးလိုက်တယ်။
“ရှင့်ကို ဘယ်လိုမြင်လဲ ဟုတ်လား။ ”
ရှောင်ရှို့က သတိဝင်လာပြီး ခေါင်းခါပြီး ပြောလိုက်တယ်။
“ဘာမှမဟုတ်တော့ဘူး။ ”
ပြီးတော့သူက သူမရဲ့ မျက်နှာကိုကြည့်ပြီး
“မင်းဆေးကို သုံးရဲ့လား။ ”
သူမမယ်တော်ကြီးယိကျယ်ကို နောက်ဆုံးအကြိမ် တွေ့ခဲ့ပြီးကတည်းက ကျန်းယွမ်က ရှောင်ရှို့သူမကို ပေးခဲ့တဲ့ဆေးကို စသုံးနေပြီဖြစ်တယ်။ “အဲ့ဆေးက အံ့အားသင့်ဖွယ်ကောင်းတဲ့ ခယွင်တွေထဲကတစ်ခု သေချာပေါက်ပဲ။ အဲ့ဆေးကို လိမ်းလိုက်တဲ့နေရာက အေးတဲ့ခံစားချက် ရလာပြီး အဲ့နေရာမှာ အမာရွတ်တောင် မကျန်တော့ဘူး။ သူမက မယ်တော်ကြီးယိကျယ်ရှိနေလို့ သူမက အများကြီး မသုံးရဲပေမဲ့ အဲ့ဒါက အမာရွတ် မကျန်နိုင်လောက်အောင်ထိကို ပျောက်ကင်းဖို့လုံလောက်တယ်။ ကျွန်မသုံးပါတယ်။ အဲ့ဒါကတကယ်ပဲ ထိရောက်တဲ့ဆေးပဲ။ ”
ကျန်းယွမ်က ပြောလိုက်တယ်။
“ငါမင်းကိုနောက်ထပ် ထပ်ပို့လိုက်တယ်။ ”
ဒီဆေးက သူ့ဆရာပါကျီကိုယ်တိုင် ဖော်စပ်တဲ့ဆေးဖြစ်တယ်။ အဲ့ဒါက အရမ်းတန်ဖိုး မဖြတ်နို်င်လို့ ရွှေတစ်ထောင်နဲ့တောင် အဖိုးမဖြတ်နိုင်ဘူး။ ဒါပေမဲ့ အဲ့ဒါကိုသူက သူမရဲ့မျက်နှာပေါ်က ရိုက်ရာအတွက် လိမ်းဖို့ သူကပေးခဲ့တယ်။ တကယ်လို့ ဆရာပါကျီသာ ဒါကိုသိရင် သေချာပေါက် သဘာဝကုန်ကြမ်းတွေကို မဆင်မခြင် သုံးလို့ဆိုပြီး ဆူမှာဖြစ်တယ်။
ကျန်းယွမ်က သူတို့နှစ်ယောက်ကြားက လေထုက ထူးဆန်းနေတယ်ဆိုတာ သိသွားပြီး ရှောင်ရှုံးကို မကြည့်ဘဲမနေနိုင်ခဲ့ဘူး။ အဲ့ဒီအချိန်မှာ ရှောင်ရှုံးက ခေါင်းအရမ်းငုံ့လိုက်ပြီး သူမကို ကြည့်လိုက်တယ်။ သူမရဲ့အရပ်က မြင့်တယ်လို့ခေါ်ရ‌ပေမဲ့ သူနဲ့ရင်ဘက်လောက်ပဲ ရှိသေးတယ်။ အဲ့ဒီမြင်ကွင်းကနေ သူမကို ကိုယ်လုံးကိုယ်ပေါက်သေးပြီး ချစ်စရာကောင်းတယ်လို့ ထင်ရစေတယ်။ ရှောင်ရှုံးရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေက ကြယ်တွေလို တောက်ပလာပြီး ထူးဆန်းတဲ့ ခံစားချက်တစ်ချို့ ပါဝင်နေတဲ့ပုံ ပေါ်တယ်။ ကျန်းယွမ်က ရုတ်တရက် သူမရဲ့နှလုံးသားက တစ်ဒုတ်ဒုတ် ခုန်လာလို့ အကြည့်ကိုလွှဲလိုက်တယ်။
သူမက သူမစိတ်ထဲမှာ တိတ်တဆိတ် အပြစ်ပြောလိုက်တယ်။’ ညို့ယူတတ်တဲ့ မကောင်းဆိုးဝါးကောင်’ ဒါပေမဲ့ သူကသူမရဲ့ ရုတ်တရက် တုန့်ပြန်မှုကို သတိထားမိသွားတယ်ဆိုတာကို သူမ မသိလိုက်ဘူး။ ရှောင်ရှို့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
လျိုကျိုးက သူမနောက်မှာ လိုက်ပါလာတာဖြစ်ပြီး သူမက စိုးရိမ်လာတယ်။ ရှောင်ရှို့ကဒီလို မဝံ့မရဲဖြစ်နေပြီး သူမရဲ့ အပေါ်ယံမှာတော့ ညင်သာပြီး သိမ်မွေ့ပေမဲ့ သူမကလည်း အထီးကျန်နေတာ ဖြစ်တယ်။ ဒီတော့ တကယ်လို့ သူတို့နှစ်ယောက်ကို ဆက်ပြီး အတူတကွ ဆက်လျှောက်စေချင်ရင် သူတို့က ဘယ်အချိန်ထိ တုန့်ဆိုင်းနေမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီတော့သူမက ဒီလိုမျိုး ဟာသဉာဏ်ရွှင်ပြီး ချစ်စရာကောင်းတဲ့ အစေခံတစ်ယောက်နဲ့ သူမက သူမသခင်မလေးရဲ့ ပျော်ရွှင်မှုကို သေချာစေမဲ့ အကြံတစ်ချို့ စဉ်းစားခဲ့တယ်။ တိတ်ဆိတ်စွာနဲ့ လျိုကျိုးက လက်သီးဆုပ်လိုက်ပြီး သူမရဲ့စိတ်ထဲမှာ သေချာပေါက် အခွင့်အရေးတစ်ခု ရှာမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အေးစက်တဲ့လူတွေက ချစ်သူမရှာနိုင်ဘူးဆိုပြီး ပြောတဲ့ဘယ်သူကိုမဆို သူမက သူတို့မှားကြောင်း သက်သေပြမှာဖြစ်တယ်။
ရက်အနည်းငယ်အကြာမှာ နလန်ပြန်ထူလာလို့ ရုံးတော်ကနေ ခွင့်ယူထားတာကို ဖျက်လိုက်ပြီး နောက်ဆုံးမှာ ကျန်းအိမ်တော်ရဲ့ တံခါးဝကို ရောက်လာခဲ့တယ်။ သူကရုံးတော်ကို သွားကတည်းက လမ်းတစ်လျှောက် သူ့နောက်ကွယ်မှာ အတင်းပြောနေကြပြီး ပြန်လာတဲ့အချိန်မှာတောင် သူ့ကို မကောင်းပြောနေကြတယ်။ ကျန်းချွမ်က အမြဲတမ်း သူ့ကိုယ်သူ လေးစားဖွယ်ကောင်းတဲ့ ပုံရိပ်အဖြစ်နဲ့ နေလာတာဖြစ်လို့ အခုဒီလိုမျိုးဖြစ်တာက သူ့မျက်နှာကို ရိုက်ချလိုက်သလို ဖြစ်နေတယ်။ ပြီးတော့အခု ရထားလုံးစီးရင် သူလုပ်နိုင်တာ ရထားလုံးမောင်းသူကို အမြန်မောင်းဖို့ ပြောရုံပဲဖြစ်တယ်။
ရထားလုံးက လမ်းတစ်လျှောက် အချိန်တစ်ခုထိ သွားခဲ့ပြီး ရုတ်တရက် ရပ်သွားတယ်။ ကျန်းချွမ်က သူအိမ်တော်ကို ပြန်ရောက်ပြီလို့ ထင်ခဲ့ပေမဲ့ အိမ်ကိုပြန်တာ ဘာလို့ဒီလောက် မြန်နေလဲလို့ သူကစဉ်းစားနေခဲ့တယ်။ ဒီတော့သူက ရထားလုံးရဲ့ လိုက်ကာကို မလိုက်တဲ့အချိန်မှာ သူကမှင်သက်သွားတယ်။ သူကရင်းနှီးတဲ့အိမ်တော်ကို ရောက်နေတာမဟုတ်ဘဲ တောထဲကို ရောက်နေတာဖြစ်တယ်။
“ရထားလုံးသမား ရထားလုံးသမား ”
သူက စိုးရိမ်စွာနဲ့ အော်လိုက်တယ်။
“ဒါဘယ်နေရာလဲ။ ”
ဒါပေမဲ့ အချိန်တစ်ခုထိ အော်နေပေမဲ့ ဘယ်သူကမှသူ့ကို ပြန်မဖြေခဲ့ဘူး။ ကျန်းချွမ် ကြက်သီးထသွားတယ်။ သူကရထားလုံးထဲကနေ ထွက်လာခဲ့ပြီး သူ့ရဲ့ရထားလုံး မောင်းသမားက သူလုံးဝ မရင်းနှီးတဲ့ မျက်နှာဆိုတာကို သူသတိပြုမိသွားတယ်။ ကျန်းချွမ်က သူ့ရင်ထဲက ကြောက်ရွံ့မှုကို ခက်ခက်ခဲခဲ တိုက်ထုတ်ပြီး သူကမေးလိုက်တယ်။
“မင်းဘယ်သူလဲ ”
အဲ့လူက လှောင်လိုက်ပြီး လက်ခုပ်တီးလိုက်တယ်။ ဘေးကနေ လေက ဖြတ်တိုက်သွားပြီး အံ့အားသင့်စွာနဲ့ နောက်ထပ်လူတစ်ယောက်က သူ့ရှေ့မှာပေါ်လာတယ်။ အဲ့ဒါ အမျိုးသမီးတစ်ယောက်ပဲ။ သူတို့နှစ်ယောက်လုံးက ထူးဆန်းစွာနဲ့ မရင်းနှီးတဲ့ လူတွေပဲ။ ကျန်းချွမ်ကလည်း သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ အဲ့နေရာမှာ လူသူကင်းမဲ့ပြီး သူအကူအညီ အော်တောင်းခံရင်တောင် ဘယ်သူမှသူ့ကို ကြားရမှာမဟုတ်ဘူး။ သူက မေးလိုက်တယ်။
“မင်းတို့က ဘာလုပ်ဖို့ ကြံနေတာလဲ။ တကယ်လို့မင်းတို့ ပိုက်ဆံလိုချင်ရင် ငါတို့သေချာပေါက် ညှိနှိုင်းလို့ရတယ်။ ”
“ဝန်ကြီးချုပ်ကျန်းက ပွင့်ပွင့်လင်းလင်း ပြောတာပဲ။ ”
ကောင်မလေးက ရယ်လိုက်တယ်။
“ဒါပေမဲ့ ကျွန်မတို့က ပိုက်ဆံလိုချင်လို့ မဟုတ်ဘူး။ ”
ပိုက်ဆံလိုချင်လို့ မဟုတ်ရင် သူတို့ကသူ့ရဲ့ အသက်ကို လိုချင်တာလို့ ဆိုလိုတာပဲ။ ကျန်းချွမ် ချွေးစေးတွေ ပြန်လာပြီး သူဘယ်သူ့ကို အကူအညီ တောင်းရမလဲဆိုတာကို ကြံရာမရ ဖြစ်နေတယ်။ သူကပြောလိုက်တယ်။
“အေးအေးဆေးဆေး ပြောကြရအောင် တကယ်လို့ ရုံးတော်က အရာရှိတစ်ယောက်ကိုသတ်ရင် ဒါက ပြင်းထန်တဲ့ ပုန်ကန်မှုပဲ။…. ”
သူတို့ရဲ့မျက်ဝန်းထဲမှာ အရောင်တောက်ပသွားတယ်။ သူတို့ကသူ့ကို အသုံးမကျတဲ့ ကောင်အဖြစ် သတ်မှတ်ထားပုံပဲ။ ပထမအချက်အနေနဲ့ သူကကြည့်ရတာ ရုပ်ဆိုးတယ်။ ဒုတိယအချက်အနေနဲ့ သူကသူတို့ရဲ့ သခင်မလေးကို ရိုက်ရဲတဲ့ ဆန်ကုန်မြေလေးပဲ။ သခင်က အရမ်းစိတ်တိုသွားတာ မဆန်းပါဘူး။ ပြီးတော့ အဲ့လူရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ ဒါပေမဲ့ ကျန်းချွမ်က မပြောခင်မှာပဲ သူ့ရဲ့ခြေထောက်ကို ကျောက်ခဲတစ်တုံး လာထိတယ်လို့ သူခံစားလိုက်ရတယ်။ သူကဒူးထောက်ရက်သား ဖြစ်သွားတယ်။
“ကျွတ် ဒီလိုအားနည်းတဲ့ အရိုးတွေနဲ့ ”
ကျင်းအားကသူ့ကို အထင်သေးစွာ ကြည့်လိုက်တယ်။ သူ့ဘေးက အမျိုးသမီးက
“နင့်အလှည့်ပဲ ”
“ကျင်းစမ်းက သူမရဲ့ အကီၤျလက်ကို မတင်လိုက်ပြီး ကျန်းချွမ်အနားကို တစ်ခုခုလုပ်တော့မလို အနေနဲ့ ကပ်လိုက်တယ်။ အမျိုးသမီးတွေက ပုံမှန်ဆိုရင် ယောကျာ်းတွေထက် ပိုပြီးအသဲနုလို့ ကျန်းချွမ်က အခြေအနေကို အခွင့်ကောင်းယူပြီး ချက်ချင်းပဲစပြီးတော့ ပြောလိုက်တယ်။ ”
“မိန်းမပျိုလေး မိန်းမပျိုလေး ငါ့အသက်ကို ချမ်းသာပေးပါ။ ငါမှာမင်းတို့ကိုပေးဖို့ ပိုက်ဆံရှိပါတယ်။ ငါ့ကိုသတ်ဖို့ မင်းတို့ကို ဘယ်သူပို့လိုက်တာလဲ။ ”
“ဘာလို့ဝန်ကြီးချုပ်ကျန်းက အရမ်းစိုးရိမ်နေရတာလဲ။ ကျွန်မကဒီကို ရှင့်ကိုသတ်ဖို့ လာခဲ့တာမဟုတ်ဘူး။ ”
ကျင်းစမ်းက ပြုံးပြီးပြောလိုက်တယ်။ ”
“ကျွန်မရှင့်ကိုကြည့်ရတာ မသက်မသာဖြစ်လို့ပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝန်ကြီးချုပ်ကျန်းက ရှင့်ရဲ့မိန်းမ ဖောက်ပြန်တာကို မသိဘဲနဲ့ ရှင့်ရဲ့သမီးကြီးကို ပြင်းထန်စွာ ရိုက်ခဲ့တယ်ဆို ကျွန်မတို့ ကျန်းဟုလူတွေက မကောင်းတာလုပ်တာကို အရမ်းမုန်းတယ်။ ပြီးတော့ အဲ့မိန်းမပျိုလေးရဲ့ မတရားမှုကို ကျွန်မတို့ကလာပြီး တရားမျှတအောင် လာပြီးလုပ်ဆောင်ပေးတာပဲ။ ”
ကျန်းချွမ်က မတုန့်ပြန်ခင်မှာပဲ ကျင်းစမ်းရဲ့ အမူအရာက ပြောင်းလဲသွားတယ်။
“သူမအတွက် တရားမျှတမှု ရှာပေးလိုက်ရအောင်။ ”
“ဖောင်းဖောင်းဖောင်းဖောင်းဖောင်းဖောင်းဖောင်း ”
လျှင်မြန်တဲ့ လှုပ်ရှားမှုတွေနဲ့ ကျယ်လောင်စွာနဲ့ ပြင်းထန်စွာ ရိုက်ခတ်သံက တောထဲမှာ ကြားလိုက်ရတယ်။ အဲ့ဒီအသံက ကြားလိုက်ရတာနဲ့ ကြက်သီးထသွားစေတယ်။ ရိုက်ပြီးတော့ ကျင်းစမ်းက သူမရဲ့လက်ကို အသာလေးမှုတ်လိုက်တယ်။
“ဒါတော်တော် နာမှာပဲ။ ”
ဘယ်လိုလုပ်ပြီး သူက ကျင်းရီရဲမက်တွေကို အထင်သေးနိုင်မှာလဲ။ ကျင်းစမ်းက အားနည်းတဲ့ အမျိုးသမီးတစ်ယောက်လို့ ထင်ရပေမဲ့ သူမပေးတဲ့ ထိုးချက်တွေက အဲ့နေ့က ကျန်းယွမ်ကိုရိုက်တဲ့ ရိုက်ချက်ထက် ပိုပြီးတော့ပြင်းတယ်။ ရိုက်ချက်တိုင်းက ကျန်းချွမ်ကို ကြယ်တွေလတွေ မြင်သွားစေခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့ရဲ့မျက်နှာက ဝက်ခေါင်းလို ဖူးယောင်ကိုင်းလာတယ်။ ကျင်းစမ်းက အရမ်းပြင်းထန်စွာ ရိုက်ခဲ့ရင်း သူမရဲ့လက်သည်းက သူ့ရဲ့မျက်နှာကို ကုပ်မိသွားပြီး သူ့ရဲ့မျက်နှာပေါ်မှာ ကုပ်ရာတွေ ကျန်ခဲ့တယ်။
ကျင်းစမ်းက ရယ်လိုက်ပြီး
“အား ငါချော်သွားပြီ ”
ကျန်းချွမ်က ဒေါသကြောင့် သွေးအန်ချင်ခဲ့ပေမဲ့ ဘာအကြောင်းမှန်းမသိ ဘယ်လိုလုပ်ပြီးသူက ဒီလိုမျိုး တွေ့ခဲ့ရတာလဲ။ ပြောရရင် အဲ့ဒါက ကျန်းယွမ်ပဲ။ ထပ်ပြီးတော့ ဒီတစ်ခါလည်း ကျန်းယွမ်ပဲ။ ကျန်းယွမ်ကသူ့ကို ကံဆိုးမှုတွေ ယူဆောင်လာပေးဖို့ မွေးဖွားလာတာလား။ အခုလည်း ကျန်းယွမ်ကြောင့် သူကဒီလိုမျိုး ဖြစ်ခဲ့ရတာ။ ဘယ်လိုလုပ်ပြီး ဒီသမီးကသူ့အတွက် ကောင်းကျိုးတွေ ရစေနိုင်မှာလဲ။ သူ့အတွက် မကောင်းမှုတွေဖြစ်ဖို့ ဆုတောင်းနေတဲ့ မကောင်းဆိုးဝါးမဆိုတာ သေချာနေတာပဲကို။ ကျန်းချွမ်က အမြဲတမ်း သူ့သွေးသားအဖြစ် သတ်မှတ်ထားတာ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူကတစ်ခါမှ သူ သူမအပေါ် လုပ်ခဲ့တာတွေကို မတွေးခဲ့ဘူး။ ဘယ်လိုလုပ်ပြီး အဖေတစ်ယောက်က သမီးအပေါ် လုပ်ခဲ့တာတွေကို မတွေးနိုင်ခဲ့တာလဲ။ ဒီကမ္ဘာပေါ်မှာ သူတို့ရဲ့အမှားကို သတိမပြုမိဘဲ သူများတွေက သူတို့ကို ပြောချင်တယ်လို့ ခံစားတဲ့လူတွေက ရှိနေသေးတာလား။
ကျင်းအာနဲ့ကျင်းစမ်းတို့က ကျန်းယွမ်အတွက် သူတို့ရဲ့ဒေါသကို ပုံချပြီးတော့ ကျန်းချွမ်ကို ဆက်ပြီးတော့ မကြည့်ချင်တော့ဘူး။ ဒါကြောင့်သူတို့က သူ့ကိုတောထဲမှာ ထားခဲ့တယ်။ တကယ်လို့ ကျန်းချွမ်က ကျန်းအိမ်တော်ကို ပြန်ချင်ရင် သူကဒီလောက်တော့ ကြိုးစားရမှာပဲဖြစ်တယ်။ သူတို့နှစ်ယောက်က ထွက်လာရင်း ကျင်းစမ်းကမေးလိုက်တယ်။
“သခင်ကငါတို့ကို သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်ပြီးပေးဆပ်ခိုင်းတာ။ မကောင်းတာကို ဒီလိုမျိုးပြန်ပေးဆပ်လို့ ကောင်းပါ့မလား။ ”
“မဆိုးပါဘူး။ ငါတို့က ပြန်ပေးဆပ်ရတာနဲ့ တန်တယ်။ ”
ကျင်းအာက တုန့်ပြန်လိုက်တယ်။
“ဒီလိုမျိုး ကြိုးစားမှုနဲ့ဆိုရင် အနာဂတ်မှာငါတို့က သခင်မလေးရှေ့မှာ မျက်နှာသာရနိုင်တယ်။ ”
အဲ့နေ့မှာ ကျန်းချွမ်က ယောင်ကိုင်းနေတဲ့ မျက်နှာပေါ်မှာ လက်ရာဆယ်ချက်နဲ့ သူကကျန်းအိမ်တော်ကို သူကိုယ်တိုင် ရထားလုံး မောင်းလာခဲ့တယ်။ ဒီမြို့တော်ထဲမှာ သူကအမြဲတမ်း သူ့ရဲ့ပညာရှိဆန်တဲ့ ရုပ်ရည်ကြောင့် လူသိများခဲ့ရပြီး အခုကျန်းချွမ်ရဲ့ သနားဖွယ်ရာ အသွင့်အပြင်ကို လူတွေကကြည့်ပြီး ပြောနေကြတယ်။ သူ့ရဲ့မျက်နှာပေါ်က လက်ရာကိုကြည့်ပြီး လူတွေက အဲ့ဒါက ဆောင်ကြာမြိုင်က မိန်းမပျိုလေး သူ့ကိုရိုက်ခဲ့တာလို့ ပြောနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မျက်နှာပေါ်က လက်ရာက ယောကျာ်းလေးတစ်ယောက်ရဲ့ လက်ရာမဟုတ်လို့ပဲ။ ပြီးတော့အဲ့မှာ လက်သည်းရာတွေလည်း ရှိနေသေးတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now