part 100(1)

2K 257 2
                                    

Unicode

Part 123

အခန်း - ၁၀၀(က)

လူအုပ်က လုံးဝ ကြောင်သွားကြတယ်။ ဒါက တောင်းဆိုမှုလုပ်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်ပြီးတော့ ကျန်းယွမ်က ဘာလို့ ဒီလိုမျိုး ပြောရတာလဲ။ ရှယန်က သူမရင်ထဲမှာ တိတ်ဆိတ်စွာလှောင်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒါက ကျန်းယွမ် မယ်တော်ယိတျယ်ရဲ့ ကြင်နာမှုကို ရဖို့အတွက် စက်ပုန်းခုတ်တာလို့ သူမက ယုံကြည်တယ်။
ဒီလိုဆိုရင်တောင် ဒီစကားတွေကို ကြားရတဲ့ အရာရှိမိန်းမတွေနဲ့ အမျိုးသမီးတွေက ဘာဆုံးရှုံးမှုမှ မရှိကြတာတောင် သူတို့က ကျန်းယွမ် သူမရဲ့ အမေကို ငယ်ငယ်လေးနဲ့ ဆုံးရှုံးခဲ့တာကို ကြားတော့ သူတို့ သနားသွားကြတယ်။ ဒါ့အပြင် သူမရဲ့ မွေးနေ့က အနားရောင်နေပြီးတော့ သူမရဲ့ ရင်ထဲက လိုချင်မှုက အရိုးရှင်းဆုံးနဲ့ သာမာန် တောင်းဆိုမှုဖြစ်တဲ့ သူမအမေနဲ့ ဇီးပွင့်တွေကို ကြည့်ချင်တာကို မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ဒါက တကယ်ပဲ သနားစရာကောင်းတယ်။
ကျန်းရှင်းကျီကလည်း ကျန်းယွမ် ဒီလိုပြောလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူ့စိတ်က သက်ပြင်းချလိုက်တယ်။ ဘာလို့လဲဆိုတော့ အစ်ကိုတစ်ယောက်အနေနဲ့ သူက သူမအတွက် အကုန်လုံးကို အဆင်သင့်ဖြစ်စေပြီးတော့ အပူအပင်ကင်းတဲ့ ဘဝမျိုးမှာ နေစေချင်ပေမဲ့ အမေတစ်ယောက်က ဘယ်တော့မှ အစားထိုးလို့ရမယ့် အရာမဟုတ်ဘူး။ ရက်တော်တော်များများမှာ သူ့ရဲ့ ညီမလေးက တည်ကြည်တဲ့ ပုံပေါက်ပြီး တကယ်တော့ သူမက သူမ အမေရဲ့ အချစ်လိုအပ်နေတဲ့ သာမာန်သမီးတစ်ယောက်ပါပဲ။
ကျောက်မိသားစုဘက်မှာ ကျောက်ကွမ်း၊ ကျောက်ယွမ်ဂျာ၊ ကျောက်ယွမ်ဖန်းနဲ့ ကျောက်ရီတို့က ပြိုင်တူ အံ့အားသင့်သွားကြပြီးတော့ စုရှီက ရုတ်တရက် မျက်ရည်တွေ ကျလာခဲ့တယ်။ သူမက ဝမ်းနည်းစွာနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
“မိန်အာက ယွမ်အာကို သူမက အရမ်းချစ်စေခဲ့ပြီးမှ ဘာလို့ ဒီလောက်အစောကြီး ထွက်သွားရတာလဲ။ ကလေးတစ်ယောက်ဘေးမှာ အမေ မရှိတာ အရမ်းခက်ခဲမှာပဲ။”
ကျောက်ယုလောင်နဲ့ ကျောက်ဖေးကျိုးတို့ကလည်း သက်ပြင်းချလိုက်တယ်။ ကျောက်ယွမ်ပင်းကတော့ သက်ပြင်းမချခဲ့ဘူး။ သူ့ရဲ့ အကြည့်က နားမလည်တဲ့ပုံ ပေါ်နေတယ်။ သူက ကျန်းယွမ်ရဲ့ ဝမ်းနည်းဖွယ် တမ်းတချက်ကို မယုံကြည်ဘူး။ အမှန်အတိုင်းပြောရရင် ကျောက်ယွမ်ပင်းရဲ့ မျက်လုံးထဲမှာ ကျန်းယွမ်ကအာရုံစိုက်ပြီး သီးခြားရည်မှန်းချက် ရှိတဲ့ လူမျိုးဖြစ်တယ်။ သူမရဲ့ အပြုအမူ အကုန်လုံး နောက်မှာ ယုတ္တိရှိရှိ အကြောင်းတစ်ခု အမြဲရှိတယ်။ ဒါ့အပြင် သူမရဲ့ ရည်မှန်းချက်တွေ အကုန်လုံးက အနာဂတ်ရည်မှန်းချက်တစ်ခုနဲ့ ရှည်လျားတဲ့ အကွာအဝေးဆီကို ထူးဆန်းတဲ့ သဘောထားရှိပုံရတယ်။ ဒီတော့ သူမ ဒီလိုစကားမျိုးတွေ ပြောတာက တကယ်ပဲ မတွေးတတ်အောင် ခက်ခဲနက်နဲတယ်။ ဒါပေမဲ့ ကျန်းယွမ် အတွက်တော့ ဒီလို လုပ်ရတာက ရိုးရှင်းတဲ့ပုံပေါ်ပြီး အဆုံးမှာတော့ အဲဒါက သူမရဲ့ ရည်ရွယ်ချက်ကို ရောက်ဖို့ သူမရဲ့ အစီအစဉ်တစ်ခုလုံးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို သက်သေပြမှာ ဖြစ်တယ်။
ဒါ့အပြင် ကျောက်ယွမ်ပင်းရဲ့ ရင်ထဲမှာ ကျန်းယွမ်က စိတ်မြန်လက်မြန် လုပ်တဲ့သူမဟုတ်ဘူး။ ဒါ့ကြောင့် သူမ ပြောတဲ့ထဲမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တချို့ ရှိရမယ်။ ဒါပေမဲ့ အဲဒါ ဘာများ ဖြစ်နိုင်မလဲ။
ရှမိသားစုက ဒါကိုမြင်တော့ သူမကို သူတို့ရဲ့ ရင်ထဲမှာ မထီမဲ့မြင် ပြုကြတယ်။ ကျန်းယွမ်က လာတဲ့လူတွေရဲ့ ခံစားချက်တွေကို ဘယ်လို မွှေနှောက်ပြီး ခြယ်လှယ်ရမလဲဆိုတာ သိတဲ့ မြေခွေးမလိုပဲလို့ တွေးပြီး အထူးသဖြင့် ရှကျောင်းကျောင်းက ကျန်းယွမ်ကို တိုးတိုးလေး တစ်ပြုံတစ်ပင်ကြီး ကျိန်ဆဲနေတယ်။
အဲ့မှာ မိသားစုနဲ့လာတဲ့ ဆန့်ကျင်ဘက်လိင်ကို ကာကွယ်တတ်ပြီး ကရုဏာထားတတ်တဲ့ လူငယ်တွေက တော်တော်များလို့ ရှမိသားစုက အရမ်းမကျေမနပ်ဖြစ်နေတယ်။ မိန်းမလှလေးတစ်ယောက် ညှိုးငယ်နေတာကို မြင်တော့ သူတို့ရဲ့ ကာကွယ်ပေးချင်တဲ့ဗီဇက ဂယက်ရိုက်သွားကြတယ်။ အထူးပြောရရင် ကျန်းယွမ် မျက်မှောင်ကြုတ်ကို မြင်ပြီးတော့ နှလုံးသားက အရည်ပျော်သွားတော့မလိုဖြစ်နေတဲ့ ကုရီပေါ့။ ဒီအခြေအနေကို မြင်တော့ ကွမ်လင်းဟန်က ရှောင်ရှို့ကို ပြောလိုက်တယ်။
“ကုမိသားစုက ကောင်က ဘာဖြစ်နေတာလဲ။ သူ့ကို ကြည့်ရတာ သူကလည်း အဲ့ကောင်မလေးကို သဘောကျနေတဲ့ပုံပဲ။”
မော့ချောင်က စိတ်ဝင်တစားပြောလိုက်တယ်။
“တကယ်လို့ မိသားစုထဲမှာ လှပတဲ့မိန်းကလေးတစ်ယောက်ရှိရင် မရေမတွက်နိုင်တဲ့ မိသားစုတွေက သူမကို သွားပြီး လက်ထပ်ဖို့ မေးကြမှာပဲမလား။ လက်ထောက်ဗိုလ်ချုပ်ကျန်းက မကြာသေးခင်ကမှ အရှိန်အဝါ အများအပြား ရထားတာဖြစ်ပြီးတော့ အစက သာမာန်ထက် ဘာမှမဟုတ်ခဲ့တဲ့ ဒီအကြီးဆုံးကျန်းသခင်မလေးကလည်း ဒီရေကြောင့် မြင့်တက်လာတဲ့ လှေလိုပဲ မြင့်တက်လာတယ်။ ဒါက တကယ်ကောင်းတဲ့ အရာပဲမလား။”
သူက အဲ့လိုပြောပြီးတော့ သူ့ဘေးက လျိုမင်ကို မေးလိုက်တယ်။
“လျိုလူကြီးမင်းရော ကျွန်တော်နဲ့အတူ ထောက်ခံတယ်မလား။”
လျိုမင်က စကားတချို့ ပြန်ပြောပေမဲ့ သူ့ကြည့်ရတာ စိတ်မပါသလိုပဲ။ ဧကရာဇ်က သူ့ကို ကျောင်းယွမ်အဖြစ် ချီးမြှင့်ပြီးကတည်းက ဧကရာဇ်က သူ့ကို အရမ်းယုံကြည်ခဲ့တယ်။ သူ တတိယတန်းစားအရာရှိဖြစ်ဖို့ သိပ်အားထုတ်စရာ မလိုတဲ့ပုံပဲ။ တကယ်လို့ ကျန်းရှင်းကျီက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အမြန်ဆုံးရာထူးအတိုးခံရတဲ့ စစ်တပ်အရာရှိဖြစ်ခဲ့ရင် သူက ရာထူးအမြန်အတိုးခံရဆုံး လူထုအရာရှိဖြစ်မှာဖြစ်တယ်။ ဒါပေမဲ့ သူ နန်းတွင်းထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တိုးဝင်လေလေ သူဖြေရှင်းဖို့ ပိုခက်လေလေပဲ။ မနာလိုတဲ့သူ‌တွေ အများကြီးက သူ့ကို ထောင်ချောက်ဆင်ကြပြီးတော့ သူ့ကို မမှန်မကန် ထောင်ချောက်ဆင်ကြတယ်။ နေ့တိုင်း သူက လူထုကို မျက်နှာဖုံးတစ်ခုနဲ့ ရင်ဆိုင်ရတယ်။ ဒါက လျိုမင်လိုချင်တဲ့ အလုပ်မျိုး မဟုတ်ဘူး။
ဒီအဆင့်မှာ တစ်ခါတစ်လေ သူက အင်ပါရာကျောင်းတော်မှာ သူ စာတွေနဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့ သူစိမ်းကို ပြန်တွေးမိတယ်။ အဲ့လူက သူ့ကို အရာရှိတစ်ယောက် အကြောင်းပြောခဲ့ပေမဲ့ အဲ့တုန်းက တစ်ဖက်လူက ချိုသာပြီးတော့ လှည့်ဖြားတတ်ပြီး၊ အဲ့လောက် မမှန်ကန်ဘဲနဲ့ မရိုးသားဘူးလို့ပဲ သူခံစားခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ သူက ဒီလူက ထက်မြက်ပြီးတော့ အလားအလာကို ကြိုမြင်တယ်လို့ ခံစားလိုက်ရတယ်။
ဒါပေမဲ့ အဲ့လူက နောက်ထပ် ပေါ်မလာတော့ဘူး။
ရှောင်ရှို့က ကျန်းယွမ်ရဲ့ အပြုအမူတိုင်းကို ဂရုတစိုက် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ပြီးတော့ သူက မယ်တော်ယိတျယ်ရဲ့ စိတ်မချမ်းမြေ့မူကိုလည်း ကြည့်ခဲ့တယ်။ သူကလည်း သူ့ရင်ထဲမှာ သံသယရှိခဲ့ပေမဲ့ အဲ့သဘောထားကို သူ့မျက်နှာပေါ်မှာ မဖော်ပြခဲ့ဘူး။ အဲ့အစား သူက သူ့လက်ဖက်ရည်ကို သောက်လိုက်ပြီးတော့ ဂရုမစိုက်သလို နေနေတယ်။ ဒါ့ကြောင့် သူ့ကို ကြည့်နေတဲ့ အမျိုးသမီးအုပ်ကို အရူးအမူးစွဲလန်းသွားစေတယ်။
မယ်တော်ယိတျယ်နောက်ဆုံးမှာ သတိပြန်ဝင်လာပြီးတော့ ပြောလိုက်တယ်။
“ဒါက ဘယ်လိုဆုတောင်းမျိုးလဲ။ မယ်တော် မင်းဒီလို ဆုတောင်းရတဲ့ ရည်ရွယ်ချက်ကို သိချင်တယ်။”
“ဒီကမ္ဘာပေါ်က အရာတွေ အများကြီးထဲမှာ မင်းချစ်ရတဲ့ မိသားစုက မင်းဘေးမှာ ပျော်ရွှင်စွာနေနေတာထက် ဘယ်အရာကမှ မသာလွန်ဘူး။”
ကျန်းယွမ်က ခပ်ယဲ့ယဲ့ပြုံးလိုက်တယ်။
“ဒါပေမဲ့ ကျွန်တော်မျိုးမနဲ့ ကျွန်တော်မျိုးမရဲ့ မိခင်က ထာဝရကွဲကွာခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီးတော့ နင်ရွှေ့တောင်ကြားက မက်မွန်ပန်းတွေကို ဒီတစ်သက် အတူတူ ကြည့်နိုင်မယ့် အခွင့်အရေး မရှိတော့ပါဘူး။ ယွမ်နိုင်က အမေ ရှိတုန်းက သူမနဲ့အတူ သွားမကြည့်ခဲ့တာကို နောင်တရနေတာပါ။ ဒီတစ်သက်တာနောင်တကို ဖြည့်ဆည်းပေးနိုင်တဲ့ အရာမရှိပါဘူး။”
သူမရဲ့ စကားလုံးတိုင်းက မယ်တော်ယိတျာကို ဖြောင့်ဖြောင့်ထိုင်စေခဲ့ပြီးတော့ သူမက သူမရဲ့ မျက်နှာပေါ်မှာ ခံစားချက် အရိပ်အယောင်တွေကို မဖော်ပြခဲ့ဘူး။ ဒါပေမဲ့ မယ်တော်ယိတျယ်က သူမရဲ့ စကားတွေကို စူးစူးစိုက်စိုက် နားထောင်နေတယ်ဆိုတာ ကျန်းယွမ်သိတယ်။
တကယ်တော့ မယ်တော်ယိတျယ်က ရက်စက်တယ်ဆိုတာကို အကုန်လုံးသိကြပြီးတော့ သူမရဲ့ သားနဲ့ သမီးကတောင် သူမ အသုံးချတာခံခဲ့ရတယ်။ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်အတွက် အကျိူးရှိသရွေ့ အကုန်လုံးနဲ့ အရာရာတိုင်းကို စွန့်လွှတ်နိုင်တယ်။ အဲ့အချိန်တုန်းက မင်းသမီးရွှမ်းရုံ သူမရဲ့ ငယ်ရွယ်မှုရဲ့ အကောင်းဆုံးအချိန် ဖြစ်ပြီးတော့ သူမမှာ ချစ်သူရှိနေပြီဖြစ်တယ်။ ဒါ့ကြောင့် သူမက တိုင်းတစ်ပါးထဲကို လက်မထပ်ချင်ခဲ့ဘူး။ ဒါနဲ့ မယ်တော်ယိတျယ်က သူမကို နန်းတွင်းထဲမှာ အကျယ်ချုပ်ချုပ်ထားခဲ့ပြီးတော့ မင်းသမီးရွှမ်ရုံက မယ်တော်ယိတျယ်ကို အသနားခံခဲ့တာတောင်မှ မယ်တော်ယိတျယ်က တစ်စက်ကလေးမှ မပျော့ခဲ့ဘူး။ အဆုံးမှာတော့ မင်းသမီးရွှမ်ရုံက ရွေးချယ်စရာမရှိခဲ့ပဲ တိုင်းတစ်ပါးထဲကို လက်ထပ်ခဲ့ရတယ်။ ဒါပေမဲ့ လက်ထပ်ပြီး သုံးနှစ်အတွင်းမှာ သူမက အရမ်းစိတ်ဖိစီးပြီး ဆုံးသွားခဲ့တယ်။ ဒါပေမဲ့ မယ်တော်ယိတျယ်က မင်းသမီးရွှမ်ရုံရဲ့ ရုပ်အလောင်းကို ပြန်တောင် မသယ်ခိုင်းခဲ့ဘူး။ ဒါ့ကြောင့် မင်းသမီးရွှမ်ရုံက တိုင်းတစ်ပါးက မြေပေါ်မှာပဲ တစ်သက်လုံး အနားယူခဲ့ရတယ်။
ဒီအခြေအနေကို သိတဲ့သူတိုင်းက အဲ့အချိန်တုန်းက မယ်တော်ယိတျယ်က အရမ်းရက်စက်တယ်ဆိုပြီး မှတ်ယူလိုက်ကြပြီးတော့ သူမက သူမရဲ့ သွေးသားဖြစ်တဲ့ သမီးရင်းကိုတောင် ဒီလိုရက်ရက်စက်စက် ဆက်ဆံတယ်ဆိုပြီးတော့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ သူမရဲ့ အရင်ဘဝမှာ ကျန်းယွမ်က ရွှမ်းလီကိုယ်တိုင် ပြောတာ ကြားခဲ့ရတယ်။ မယ်တော်ယိတျယ်က ဒီလိုမျိုး အရမ်းရက်စက်တဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးလို့။ တကယ်တော့ သူမက သူမရဲ့ ကလေးသုံးယောက်လုံးကို အရမ်းအရေးပါတဲ့သူတွေလို မှတ်ယူတယ်တဲ့။ အဲ့အချိန်တုန်းက အကြီးဆုံးမင်းသားက ဆူပူမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီးတော့ ဆုံးသွားပြီးတော့ သူမက မင်းသမီးရွှမ်ရုံရဲ့ လက်ထပ်မှုနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ဖို့ကို အာဏာမဲ့နေခဲ့တယ်။ လက်ထပ်တဲ့နေ့မှာ မယ်တော်ယိတျယ်က တစ်လလုံး စီနင်နန်းတော်မှာ ငိုကြွေးခဲ့တယ်။ မင်းသမီးရွှမ်ရုံရဲ့ သေဆုံးတဲ့ သတင်းကို ကြားတော့ မယ်တော်ယိတျယ်က သူမနဲ့အတူတောင် လိုက်သေချင်ခဲ့တယ်။ ဧကရာဇ်က သူ့ထီးနန်းကို သိမ်းပိုက်ပြီးတော့ အားနည်းနေပြီး သူက သူမရဲ့ ထောက်ခံမှုကို လိုနေသေးတဲ့ အချက်ကြောင့်မဟုတ်ရင် မယ်တော်ယိတျယ်က ဘာတွေပဲဖြစ်ဖြစ် အခုအချိန်ထိ ရှိနေမှာ မဟုတ်ဘူး။ မယ်တော်ယိတျယ်ရဲ့ အချစ်ဆုံးနဲ့ သူမရဲ့ အကြီးမားဆုံး နောင်တက မင်းသမီးရွှမ်ရုံပဲ။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now