part 82

2.4K 310 8
                                    

unicode
Part 89

အခန်း - ၈၂

နွေဦးမိုးက အဆက်မပြတ် ရွာသွန်းနေပေမဲ့ ဒီနွေဦးမှာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က နွေဦးမိုး သယ်ဆောင်လာတဲ့ အားမာန်တက်ကြွတဲ့ ဘဝကို မကြုံတွေ့ခဲ့ကြရဘူး။  အဲ့အစား မှုန်မှုန်မှိုင်းမှိုင်းနဲ ဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ကြရတယ်။  ကံကောင်းစွာနဲ့ မြို့တော်မှာ ယာဂုဝေတာက မပြတ်လတ်ဘဲ တချို့ ကြင်နာတဲ့ ချမ်းသာတဲ့ ကုန်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ဒီယာဂုဝေတဲ့ အဖွဲ့မှာ ပါဝင်လာတယ်။  ယာဂုဝေတဲ့ အဖွဲ့က နှစ်ဆဖြစ်သွားပြီးတော့ ဒုက္ခသည်တွေက တစ်စတစ်စ လျော့နည်းသွားတယ်။  နေ့စဉ်နေထိုင်မှုကို ဆက်ပြီး စိန်ခေါ်နေတဲ့သူတွေကလွဲပြီး တခြားကဏ္ဍတွေမှာ ရေလွှမ်းမိုးမှု အကျပ်အတည်းတွေနဲ့ လက်ရှိကာလကြား ကွာခြားမှုတွေ အများကြီး မရှိဘူး။ 

မြို့သူမြို့သားတွေက စားစရာအစားအစာ အလုံအလောက်မရှိတာ ဒါမှမဟုတ် နွေးနွေးထွေးထွေးနေဖို့ အဝတ်အစား အလုံအလောက် မရှိတာ မဟုတ်တာဘူး။  ပြီးတော့ သူတို့က အင်ပါယာရုံးတော်က ကိစ္စတွေကို စိတ်မဝင်စားကြဘူး။  ဒီတော့ ဗိုလ်ချုပ်ကွမ်ရဲ့ အောင်ပွဲနဲ့ ပြန်လာတာက လက်တလောမှာ မြို့တော်ထဲမှာ အပြောဆုံးသတင်းဖြစ်နေတယ်။  သတ္တိရှိပြီးတော့ ကျွမ်းကျင်တဲ့ စစ်တပ်ကို ဦးဆောင်လာတဲ့ ကွမ်လင်းဟန်က အဲ့နေ့ညလောက်မှာ မြို့တော်ကို ပြန်ရောက်လိမ့်မယ်။

ဒါပေမဲ့ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပြောနေတဲ့ ကွမ်လင်းဟန်က တုန်ဖန်းလိုမှာ ထိုင်နေပြီးတော့ လက်ရှိမှာထုတ်လုပ်ထားတဲ့ ကွမ်ရှန်းပုလဲဝိုင်ကို သောက်နေတယ်။  သူ့ဘေးက မော့ချောင်က ပြောလိုက်တယ်။

“ဒုတိယအစ်ကို တစ်မြို့လုံးက အစ်ကို ဒီနေ့ညပြန်လာမယ်ဆိုတာ သိတယ်။  အစ်ကို ဟိတ်ဟန် မထုတ်တော့ဘူးလား။ ”

“အယောင်ဆောင်တွေ။ ”

ကွမ်လင်းဟန်က လှောင်သလို ပြောလိုက်တယ်။

“ငါ မြို့တော်ကို စောစောတုန်းက ရောက်ခဲ့သေးတယ်။  ဘာလိူ့ ဟိတ်ဟန်ထုတ်ရမှာလဲ။  တကယ်လို့ ငါတို့ အဲ့အကြောင်းကို ဆက်ပြောနေရင် ညဘက်ပဲ ဖြစ်နေလိမ့်မယ်။  ပြီးတော့ ဘယ်သူက ဒီလို အရာမျိုးကို စိတ်ဝင်စားမှာလဲ။  ငတုံးတွေပဲ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်နေမှာ။ ”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now