Part 18

2.9K 305 1
                                    

အခန်း-၁၈ ကျဆုံးပြီးတဲ့အစီအစဉ်ကို ထုတ်ဖော်ခြင်း။

နောက်တစ်နေ့မှာ ကျန်းယွမ်က နိုးလာတယ်။ ပိုင်ကျီက မနက်စာအတွက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ ပြောင်းဖူးယာဂုကို ရရှိခဲ့တယ်။ ပြောင်းဖူးကို သေသေချာချာ ထောင်းထားပြီး ပျော့အိနေအောင် မွှေထားတယ်။ ပန်းကန်ထဲက မွှေးပျံ့တဲ့ရနံ့က သင်းပျံ့လာတယ်။ အဲ့ဒါက လန်ချောင်ရဲ့ စပ်စုချင်စိတ်ကို ပြင်းပြစေခဲ့ပြီး။

“မီးဖိုချောင်က ဒီနေ့ ငါတို့ကို ကောင်းကောင်း ကျွေးနေတယ်။ ငါတို့ ဘာလို့ ပြောင်းဖူးယာဂု ရနေတာလဲ။”

အိမ်ရဲ့ ပုံမှန်မနက်စာက ကိုယ်ပိုင်ပုံရိပ်ကိုတောင် ပြန်မြင်ရတော့မဲ့အထိ ရေကျဲနေတဲ့ အညိုရောင် ထမင်းရည်ကျဲနဲ့ ဆားရည်စိမ်ထားတဲ့ အသီးအရွက်တွေပဲ ဖြစ်တယ်။ ပြောင်းဖူးယာဂု မစားခဲ့ရဖူးဘူး။ ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေက ဈေးကြီးလို့ မဟုတ်ပဲ မီးဖိုချောင်က သူတို့ရဲ့ အစားအသောက်တွေကို လုံးဝ မပြင်ဆင်ပေးချင်လို့ ဖြစ်တယ်။ သူတို့ အိမ်ကို စရောက်ရောက်ချင်းမှာ ပိုင်ကျီနဲ့ လန်ချောင်က မီးဖိုချောင်က အစေခံတွေနဲ့ ခဏခဏ စကားများခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ဘာမှပြောင်းလဲ မသွားခဲ့ဘူး။ မြို့တော်မှာ ရှိတဲ့သူတွေက ကျန်းယွမ်ကို စိုးရိမ်တဲ့ အရိပ်အယောင် မပြကြတဲ့အတွက် ဘယ်သူကမှ ကျန်းယွမ်ကို အထောက်အပံ့ မပေးချင်ခဲ့ကြဘူး။ အဲဒါကြောင့် ကျန်းယွမ်က နေသားကျလာခဲ့တယ်။

ပိုင်ကျီက ပြုံးလိုက်တယ်။ “ရှောင်ယွမ်က ပို့ပေးလိုက်တာ”

အရင်ရက်တချို့တုန်းက ပိုင်ကျီက ရှောင်ယွမ်ကို အဝတ်အစားတချို့ ကူညီဖာထေးပြီးကတည်းက ရှောင်ယွမ်က သူတို့ရဲ့ ကြင်နာမှုကို သူမရဲ့ကြင်နာမှုနဲ့ ဘယ်လို ပြန်ပေးဆပ်ရမလဲဆိုတာကို အတော်လေး တွေးတောတတ်လာတယ်။ ပြီးတော့ သူမက သူတို့ဆီကိုလည်း မကြာခဏ လာလည်တတ်တယ်။

လန်ချောင်က အံ့အားသင့်သွားတယ်။ “သူမက အကျင့်ကောင်းတာပဲ”

သူမ ပြောပြီးတာနဲ့ ပန်းကန်ကို မလိုက်တယ်။ “သခင်မလေး.. သခင်မလေး နည်းနည်း ထပ်သောက်သင့်တယ်။ အဲဒါက သခင်မလေးရဲ့ ခန္ဓာကိုယ်အတွက် ကောင်းတယ်”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now