part 87(2)

2.5K 272 10
                                    

unicode
Part 98

အခန်း - ၈၇ အပိုင်း(၂)

ဟွိုင်ကျွဲ့က သူ့ကို ခပ်တည်တည်နဲ့ ကြည့်လိုက်ပေမဲ့ ဘယ်သူမမြင်နိုင်တဲ့ သူ့ရဲ့ သင်္ကန်းအောက်မှာ သူ့ကျောမှာ ချွေးတွေက တစ်ပေါက်ပေါက် ကျနေတယ်။

ဒါပေမဲ့ အဲဒါကို တစ်ညလုံးတွေးပြီးတော့ သူက အရုဏ်တက်မတိုင်ခင်မှာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ခဲ့တယ်။ ကျန်းယွမ် ကမ်းလှမ်းခဲ့တာတွေက အရမ်းဆွဲဆောင်နိုင်လွန်းတယ်။ အကုန်လုံးက အကျိုးအမြတ်တွေပဲ ဖြစ်ပြီးတော့ ကမ္ဘာပေါ်က ဆူဆူညံညံ အရာမှန်သမျှက အကျိုးကျေးဇူးအတွက်ပဲ။ ဒါ့ကြောင့် တကယ်လို့ သူက သူ့သားကို ဒါ့ကြောင့် ကုသနိုင်ရင် အဲဒါက ကြီးမားတဲ့ အကျိုးကျေးဇူးဖြစ်မှာ ဖြစ်တယ်။

သူက ကျန်းယွမ် နောက်မှာ ဘယ်သူလဲဆိုတာ မသိပေမဲ့ အရင်က အဖြစ်အပျက်တွေကနေ ဆုံးဖြတ်ကြည့်ရရင် ဒီမိန်းမပျိုလေးက အရမ်းဩဇာရှိသေးတယ်။ သူမနောက်က လူကလည်း သာမာန်လူ မဟုတ်လောက်ဘူး။ ရန်သူက မင်းသားရှစ်ဆိုရင်တောင် ပိုင်ဆိုင်မှုက အမြဲတမ်း စွန့်စားပြီးမှ ရတာဖြစ်လို့ ဘယ်လောက် ချမ်းသာသွားမလဲဆိုတာကတော့ ပြောစရာကို မလိုဘူး။

ဟွိုင်ကျွဲ့က ယုကျိုးကနေ အင်ပါယာမြို့တော်ကို လာခဲ့ပြီးပြီ။ သူက ဆယ်စုနှစ်ပေါင်းများစွာ လိမ်လည်လှည့်ဖျားခဲ့ပြီးတော့ ဘယ်တုန်းကမှ နမော်နမဲ့ မလုပ်ခဲ့ဖူးဘူး။ ပထမအနေနဲ့ သူက ပါဠိစကား တချို့နားလည်တယ်။ ဒုတိယတစ်ချက်က သူက လှည့်စားတဲ့နေရာမှာ ကျွမ်းကျင်တယ်။ ပိုပြီး အရေးကြီးတာက သူက သတ္တိရှိပြီးတော့ စေ့စပ်တယ်။ အမှန်တရားက အမှားနဲ့ ရောနေပြီးတော့ အမှားက အမှန်ဖြစ်လာတယ်။ ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူတွေတောင် အပြစ်ကို မြင်ဖို့ ခက်ခဲတယ်။

ဒါပေမဲ့ ဒီနေ့ တော်ဝင်မိသားစုကို ရင်ဆိုင်နေရတော့ သူက သက်တောင့်သက်သာ မရှိဘဲ စိတ်ရှုပ်နေတာကို မခံစားရဘဲ မနေနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေနဲ့ နောက်ဆုံးမှာတော့ အဲ့ခံစားချက်တွေက သူ့မျက်နှာပေါ်ကနေ ဘာလမ်းကြောင်းမှ မချန်ခဲ့ဘဲ ပျောက်ကွယ်သွားတယ်။ ဟွိုင်ကျွဲ့က ပိုပြီး မေတ္တာတရားကြီးမားသလို ပြောလေလေ ရွှမ်းလီက အဲ့ဘုန်းကြီးက အငြိုးထားခံရပြီး အတိတ်နိမိတ် မကောင်းဘူးလို့ ပိုပြီး ခံစားရလေလေပဲ။ အဆုံးမှာတော့ ရွှမ်းလီက သူ့ရဲ့ အကြံကို မယူခဲ့လို့ သူ့ရဲ့ ရည်ရွယ်ချက်က အထမြောက်သွားခဲ့ပြီ။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now