Chapter - 8 (Part 2)

770 146 2
                                    

Unicode

တိုက်ခန်းကို ပြန်ရောက်​တော့ ​ငါ ချက်ပြုတ်ဖို့ ပြင်ဆင်​နေတဲ့အချိန်မှာ ကျောင်းကုန်းဇီက ငါ့ကို တားတယ်။

သူ ဒီနေ့ ချောကလက်တွေ အများကြီးစားထားပြီး သူ့နှုတ်ခမ်းနဲ့ ခံတွင်းနံ့​တွေမှာ ​ချောကလက်ရဲ့အရိပ်အ​​​ယောင်​တွေ ကျန်ရှိနေတယ်။

အိပ်ယာပေါ်မှာ လဲလျောင်းရင်း ဆေးလိပ်မသောက်ဖို့ကို ငါ ထပ်ခါတလဲလဲ ပြောခဲ့ပေမယ့် ​ကျောင်းကုန်းဇီက ငါ့စကားကို လုံးဝနားမထောင်ဘဲ ခေါင်းအုံးဘေးမှာ ဆေးလိပ်သောက်နေပြန်တယ်။

ငါ အကြာကြီး နှုတ်ဆိတ်နေပြီး​တဲ့နောက် ​ပြောလိုက်တယ်, "မင်းရဲ့အဝတ်အစားတွေကို ငါမကြိုက်ဘူး"

​ကျောင်းကုန်းဇီက ဘာမှပြန်မပြောဘူး။

"ကြမ်းက မင်းတိုက်ရမှာ​နော်, အိမ်ထဲမှာ ဆေးလိပ်မသောက်နဲ့, ငါ့ကိုလည်း ထပ်ပြီးကျိန်ဆဲမနေနဲ့ဦး"

​ကျောင်းကုန်းဇီက ဘာမှပြန်မပြောသေးဘူး။

"မင်း ဒီအခြေအနေလေးခုကို လက်ခံမယ်ဆိုရင် ငါထွက်မသွားဘူး"

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "​​သေစမ်း, မြန်မြန်ထပြီး ထွက်သွားလိုက်​တော့"

ငါ သူ့ကို ဂရုမစိုက်​တော့ဘဲ အိပ်ပျော်သွားတယ်။ မနက်ဖြန်မနက် ငါ အလုပ်သွားရမယ်။ ပြီးရင် အစ်ကို(၃)ကို ထောက်ခံစာ ပေးရမယ်။ ဟုတ်တယ်, ဒီစာကို အစ်ကို(၃)ကိုပေးဖို့အတွက် အစ်ကို(၅)က ငါ့ဆီ ပေးခဲ့တာ။ ဒါပေမယ့် ဒီည အစ်ကို(၃)မှာ လုပ်စရာတွေရှိတဲ့အတွက် အိမ်မှာမရှိဘူး​လေ။ ပြီး​တော့ အစ်ကို(၅)က ညသန်းခေါင်မှာ ပြန်ပြီးပျောက်ကွယ်သွားနိုင်တယ်။

ဒါပေမယ့် ငါ ​ကျောင်းကုန်းဇီကို ဒီကိစ္စ မပြောပြသေးဘူး။ ဘာလို့လဲဆိုတော့ ဟမ်းရဲ့ အမွေးတွေ စီးကရက်​ကြောင့် ​လောင်ကျွမ်းသွားမှာကို ငါ တကယ်မုန်းတယ်။ ပြီး​တော့ ငါ ကြမ်းမတိုက်ချင်ဘူး။

ငါ အလုပ်က ပြန်လာ​တော့ ခြေထောက်သက်သာသွားပြီဖြစ်တဲ့ အစ်ကို(၃)ကို ကော်ဖီဆိုင်ကို ဖိတ်ပြီး စာပေးလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now