Chapter - 9 (Part 1)

787 146 4
                                    

Unicode

ဇစ်မြစ် (အကြောင်းရင်းများ) ~

မနက်အရုဏ်တက်ချိန်မှာ ကျောင်းကုန်းဇီက ဧည့်ခန်းထဲမှာ ညအိပ်ဝတ်စုံကို ဝတ်ထားရင်း တစ်စုံတစ်ယောက်နဲ့ ဖုန်း​ပြောနေတာကို ငါ ကြားလိုက်ရတယ်, "ဖုန်းချလိုက်​တော့! ခင်ဗျား ဖုန်းမှား​နေတယ်, ခင်ဗျားနဲ့ဘာဆိုင်လို့လဲ?! ခင်ဗျား ဆက်​​ခေါ်ဦးမယ်ဆိုရင်​​တော့ လောင်ဇီက ခင်ဗျားရဲ့​ခေါင်းကို ​သေနတ်နဲ့ပစ်ထည့်လိုက်မှာ!"

သူ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ငါ သူ့ကို လှမ်းဆွဲလိုက်ပြီး ဖုန်းကို လှမ်းကိုင်လိုက်တယ်။ ငါက ​ပြောလိုက်တယ်, "ဟယ်လို, ကျွန်​တော်က ကျူးရိရှင်ပါ"

​ကျောင်းကုန်းဇီက ငါ့ကို ဒေါသတကြီးစိုက်ကြည့်နေတယ်။

ဖုန်းရဲ့တစ်ဖက်ခြမ်းဆီက ရင်းနှီး​နေတဲ့ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့တယ်, "မတွေ့တာကြာပြီ​နော်, ရိရှင်"

မတွေ့တာကြာပြီ ပါမောက္ခလင်း။

​ကျောင်းကုန်းဇီ သူ့ကို တစ်ခါရိုက်ပြီးကတည်းက သူ မြို့ထဲကနေ ပျောက်ကွယ်သွားခဲ့ပြီး ငါ သူ့ကို ထပ်မတွေ့ရတော့ဘူး။

ပါမောက္ခလင်းက ငါ ​ကျောင်းကုန်းဇီရဲ့ ရီပို့ကတ်ကို လဲလှယ်ပြီး​တော့ ရရှိလာခဲ့တဲ့ ငါ့ရဲ့စန္ဒယားဆရာဖြစ်တယ်။ အဲ့အချိန်တုန်းက သူဟာ ဆွဲဆောင်မှုရှိကာ ချစ်စရာကောင်း​နေခဲ့ပြီး ငါကလည်း ငါ့ငယ်ဘဝရဲ့ နွေဦးရာသီမှာ ရှိ​နေခဲ့တယ်။ သူနဲ့ငါ့ကြားမှာ အပြန်အလှန် မရေရာတဲ့ဆွဲဆောင်မှုတစ်ခုထဲမှာ ဖမ်းစားခံရတဲ့ အဆင့်တစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ကာလတစ်ခုရှိခဲ့တယ်။ ငါ သိလိုက်ရတာ​တွေက သူ့မွေးရပ်မြေမှာ ဇနီးတစ်ယောက်ရှိတယ်, ပြီး​တော့ ဒီမြို့မှာလည်း သူက ချစ်သူရှိတယ်, တကယ်တော့ ယောက်ျားတစ်​ယောက်၊ မိန်းမတစ်ယောက်နဲ့ ယောက်ျားမဟုတ်တဲ့ မိန်းမဆိုတာအတည်မပြုနိုင်တဲ့ ယောက်ျားတစ်ယောက်ဆိုတဲ့ ချစ်သူသုံးယောက်ရှိတယ်ဆိုတာပါပဲ။

အင်း။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒါက ပြောရခက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now