Chapter - 9 (Part 3)

670 133 0
                                    

Unicode

ငါတို့သုံးယောက် အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ သွားစားလိုက်ကြတယ်။ ငါတို့ထိုင်နေတုန်း, ပရော်ဖက်ဆာလင်းက အံ့သြတကြီးမေးတာကို ငါကြားလိုက်ရတယ်, "အဲ့ဒါ ​ကျောင်းကုန်းဇီမဟုတ်လား?"

တွန်မီက ​ပြောတယ်, "သူ့ဆီ သွားပြီးတော့ ငါတို့နဲ့အတူစားမလားလို့ ​မေးလိုက်​လေ"

ငါ့မှာ ထလိုက်ရုံသာရှိပြီး ကျင်းရှန့်နဲ့ ​ဟောင်တာ့တို့နဲ့အတူ ဖ​ယောင်းတိုင်မီး​​တွေထွန်းကာ ညစာစား​နေတဲ့ ​ကျောင်းကုန်းဇီကိုကြည့်ရင်း အနည်းငယ်ပြုံးပြလိုက်တယ်, "သူ့မှာ အရေးကြီးကိစ္စရှိ​နေပုံရတယ်​ရော်"

ပရော်ဖက်ဆာလင်းက ​ပြောတယ်, "အလုပ်ကိစ္စ​ကြောင့် ​တွေ့တာမဟုတ်​လောက်ဘူး, ငါ သူတို့ကို ဒီကိုလာဖို့ သွားဖိတ်လိုက်မယ်​လေ, ဒါမှမဟုတ်လည်း အနည်းဆုံးတော့ သူတို့ကို သွားနှုတ်ဆက်လိုက်တာ​ပေါ့"

သူ့ရဲ့စကားလုံးတွေ သူ့ပါးစပ်က ထွက်သွား​နေတုန်းပဲရှိတဲ့အချိန်မှာ ဘုရားသခင်ပဲသိမယ့်အရာကို ​တွေး​တော​နေရရင်း အာရုံပျံ့လွင့်စွာနဲ့ စပျစ်ရည်တွေအကုန်လုံးကို ​လောင်းချလိုက်တဲ့ ကျောင်းကုန်းဇီကို ငါတို့ တွေ့လိုက်ရတယ်။ ​ဟောင်တာ့က အရမ်းအံ့အားသင့်သွားပြီး အလျင်အမြန်ထကာ စားပွဲခင်းကို အမြန်ဆွဲထုတ်လိုက်သော်လည်း စားပွဲခင်းတစ်ခုလုံးကို အလျင်အမြန်ဆွဲထုတ်လိုက်တာ​ကြောင့် ပန်းကန်ပြား​တွေအားလုံးက ပြုတ်ကျပြီး​တော့ ရှုပ်ပွသွားလေတယ်။ ကျင်းရှန့်က မတ်တပ်ရပ်ပြီး​တော့ လက်သုတ်ပုဝါကိုယူကာ ​ကျောင်းကုန်းဇီရဲ့ကြယ်သီးတပ်အဖြူ​ရောင်ရှပ်အင်္ကျီပေါ်က ​ပေကျံ​နေတာကို သုတ်ဖို့သွားလိုက်သော်လည်း ​ဘုရားပဲ သိမယ့်အရာကို ​တွေး​တော​နေဆဲဖြစ်တဲ့ ကျောင်းကုန်းဇီရဲ့ တွန်းဖယ်ခြင်းကို ခံလိုက်ရတယ်။ သူ့လက်ထဲက ခက်ရင်းက လွင့်ပျံလာပြီး ငါ့ရှေ့က ဝိုင်ဖန်ခွက်ထဲကို ကျဆင်းသွားကာ ဝိုင်တွေက ငါ့ရဲ့မျက်နှာပေါ်မှာ လွင့်စင်ပြန့်ကျဲ့သွားခဲ့တယ်။

တွန်မီက အလန့်တကြား ထအော်တယ်။

​ကျောင်းကုန်းဇီနဲ့ သူ့တွဲဖက်က တချက်လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတော့ ငါတို့ကို တွေ့သွားကြတယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now