Chapter - 10 (Part 4)

663 125 3
                                    

Unicode

ငါ ​ကျောင်းကုန်းဇီဆီကို လျှောက်သွားပြီး​တော့ ​ပြောလိုက်တယ်, "သခင်ကြီးက မင်းရဲ့ ချောကလက်​တွေကို ပေးဖို့ ပြောလိုက်တယ်"

ကျောင်းကုန်းဇီက အေးစက်စက်ပုံစံနဲ့ပဲ ဆက်ပြီးစား​နေခဲ့တယ်။

ငါ သခင်ကြီး​ကျောင်းစီဆီကို ပြန်သွားပြီး သတင်းပို့လိုက်တယ်, "သူက သဘောမတူဘူး"

"ဒါဆို ငါ မင်းရဲ့ခွေးကို အရင်ရိုက်သတ်လိုက်မယ်, ပြီးရင် မင်းကိုလည်း ​သေ​အောင်ရိုက်မယ်​လေ"

ဟမ်းက အပြစ်ကင်းတယ်။ သူက ဘာမှမသိဘူး​​။ ခင်ဗျား သူ့ကို ​သေ​အောင် ရိုက်သတ်တာနဲ့တင် လုံ​လောက်​နေပါပြီ။ ကျွန်​တော့်ကိုပါ မရိုက်သတ်ပါနဲ့။

ငါ ​ကျောင်းကုန်းဇီဆီ ပြန်သွားပြီး ​ပြောလိုက်တယ်, "သခင်ကြီးက မင်းရဲ့ ချောကလက်​တွေ ငါ့ကိုမပေးဘူးဆိုရင် ဟမ်းကို သေ​အောင်ရိုက်မယ်လို့ ​ပြောတယ်"

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့ကွာ! သတ္တိမရှိလိုက်တာ, သေလိုက်ပါ​တော့! မင်းလုပ်တာမှန်သမျှက ငါ့အ​ပေါ် အမိန့်ပေးတာချည်းပဲ, သေစမ်း! ထွက်သွားလိုက်​တော့!"

ငါ ထွက်သွားလို့မရဘူး။ သခင်ကြီး​ကျောင်းစီက ငါ့ကို စူးစူးစိုက်စိုက်ကြည့်နေတုန်းပဲ။

ငါက ​ပြောလိုက်တယ်, "မင်းက ချောကလက်​တွေကို အရမ်းစားနေတာ​, အဲ့တာ မင်းရဲ့ခန္ဓာကိုယ်အတွက် မကောင်းဘူး​နော်, ပြီး​တော့ အခုလည်း မင်းက ​​တော်​တော်လေးဝနေပြီ, ပါတီပွဲတက်ဖို့ကို ဘာလို့ ​ဖိနပ်ပါးတစ်ရံနဲ့ ချွေးစိုခံ​ဘောင်းဘီပဲ ဝတ်တာလဲ?"

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါလား! အဲ့တာတွေက ​လောင်ဇီ အပြင်သွားရင် ဝတ်တဲ့၀တ်စုံတွေ, ဒါတွေအတွက် ​လောင်ဇီ ယူရိုတစ်ရာလောက်သုံးခဲ့ရတာ, မင်းမရှိတာနဲ့ ​လောင်ဇီက အဝတ်တောင်မဝယ်နိုင်ဘူးလို့ထင်တာလား? မင်းက ဘာကောင်မို့လို့လဲ?"

​သေစမ်း, သူ ထပ်ပြီး​တော့ အညာမိပြန်ပြီ။

"ဟေ့ကောင်, ​လောင်ဇီက ပထမဆုံး​နေရာမှာ ဝတ်စုံတွေ, နက်ခ်တိုင်တွေနဲ့ သားရေဖိနပ်တွေ ဝတ်ရတာမကြိုက်ဘူး"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now